ကိုယ်ပိုင်ဆိုင် ကို ဦးစီး လုပ်ကိုင် သလို အသွင် ဖမ်း လှည့်ဖျား ပြီး ဝန်ထမ်း၊ အလုပ်သမား ထက်တောင် ပြန်ကျစ်ယူ ပြီး ပိုဆိုး တဲ့ ငွေညစ် လှည့်ဖျား မှု တွေ ကြောင့် ကာလီဖိုးနီးယား ပြည်နယ်၊ ဆန်ဒီယေးဂိုး ခရိုင် နဲ့ ပလေဆာ ခရိုင် တွေ ရှေ့နေ တွေ က ပြည်နယ် ကိုယ်စား တရားစွဲ ဆိုလိုက်ပါတယ်။
Ace Sushi Franchise Corp၊ Management Group၊ Advanced Fresh Concepts Franchise (AFC)၊ Fujisan Franchising နဲ့ Fuji Food Products တွေ ကို အလုပ်သမားအခွင့် အရေး ချိုးဖောက်မှု ၊ မညှာမတာ ခိုင်းစေမှု၊ ဗဟိုအစိုးရ အလုပ်သမား ရပိုင်ခွင့် ကို ချိုး ဖောက်မှု တွေ နဲ့ တရား စွဲ ဆိုထား ပါတယ်။
လွန်ခဲ့ တဲ့ ငါးနှစ် လောက်က ဆိုရင် ကာလီဖိုးနီးယား၊ နယူးယောက် နဲ့ ဖလော်ရီဒါ ပြည်နယ် တွေ မှာ ဆူရှီ ကုမ္ပဏီ တွေ ကို ဆူရှီလိပ် ဝန်ထမ်း မညှာမတာ ခိုင်း စေ မှု နဲ့ တရား စွဲ ဆို ခဲ့ ပြီး ဒေါ်လာ သိန်း နဲ့ ချီ ဒဏ်ရိုက် ခဲ့ ရာ ကနေ ဆူရှီ လုပ်ငန်း တွေ ဟာ
ဖရန့်ချိုင့် (Franchise) လို့ ခေါ်တဲ့ ဆိုင်ရှင် သဘော သဖွယ် ကိုယ်လိပ်၊ ကိုယ်ရ စနစ် ကို စတင် ပြောင်း လည်း ခဲ့ ပါတယ်။
ဒါပေမယ့် ဒါဟာ ဟန်ပြ သက်သက်သာ ဖြစ်ပြီး ကုမ္ပဏီ တွေ ကနေ ဆိုင်ရှင် ဟန် အသွင် ပြောင်း ထား သူ တွေ ကို အလွန်ဆိုးရွား တဲ့ နည်းလမ်း မျိုးစုံ သုံး ပြီး ပြန်လည် ချုပ်ကိုင် ထား တာ ကို ခရိုင် အလုပ်သမား ရုံး၊ ပြည်နယ် အလုပ်သမား အခွင့် အရေး အဖွဲ့၊ ဝန်ထမ်းများ နစ်နာမှု ဆိုင်ရာ စောင့်ကြည့် ရေး အဖွဲ့ (Watchdog Group) တွေ က နှစ် နဲ့ ချီ စောင့်ကြည့် တာတွေ၊ ဆူရှီ လိပ်သူ တွေ ကို လျှို့ဝှက် တွေ့ ဆုံ မေးမြန်း ပြီး အချက်အလက် ရယူ စုဆောင်း ပြီး တရား မှ တရားစွဲ ဆို တာ ဖြစ်ကြောင်း NBC နဲ့ CBS ရုပ်သံ ဌာန ကြီး တွေ က ယနေ့ ညနေ မှာ ထုတ်လွှင့် သွား တာ ကို Freedom News Group က သိရပါတယ်။
ဆူရှီ ကုမ္မဏီ တွေ က အကုန်ပြန်ချုပ် ကိုင်ထားတယ်၊ ဆိုင်အတွက် လိုအပ် တာ တွေ အကုန်ပြန်ဝယ် ရတယ်၊ တစ်နာရီ ကို ဘယ်နှစ် ဗူး ပြီး သလဲ ဓာတ်ပုံ ရိုက်ပြီး ပေး နေရတယ်၊ နားရက် မရ ဘူးလို့ ဆာခရင်မန်တို က အမည် မဖော်လို သူ ဆူရှီ ပညာရှင် တစ်ဦး က FNG ကို ပြောပါတယ်။
ပလောဆာ ခရိုင် နဲ့ နယူးယေက် ခရိုင် တရား စွဲ ဆို မှု တွေ ဟာ ကိုယ်ပိုင်လုပ်ငန်း ကို ကန်ထရိုက် ( Independent Contractor) သို့မဟုတ် သတ်မှတ်စံ နဲ့ ဦးစီးလုပ်ဆောင် (Franchise) ပုံစံ မျိုး မဟုတ် ဘဲ ဝန်ထမ်း သဖွယ် ပြန် ကြိုးကိုင် နေတာ လို့ ဖော်ပြထား ပါတယ်။
ကာလီဖိုးနီးယား ပြည်နယ် က တရား စွဲဆိုမှု တွေ မှာ တော့ အလုပ်သမား တွေ ရဲ့ အခြေခံ ရပိုင်ခွင့် ကို ချိုးဖောက်မှု၊ နေ့စဉ် ခိုင်းစေမှု၊ လူမှုဖူလုံ၊ အသက်၊ ထိခိုက်ဒဏ်ရာ နဲ့ ကျန်းမာရေး ခံစား ခွင့် တွေ ကို စီစဉ် ပေး ထား တာ မရှိ သလို ရောင်းရ ကော်မရှင် ရငွေ ကို ပြန်ပြီး နည်းမျိုးစုံ ကျစ်ယူမှု (Manipulation)တွေ နဲ့ တရား စွဲ ဆိုထားပါတယ်။
