အမေရိကန် စာနယ်ဇင်းဆရာ တစ်ဦးလာရောက်ပို့ ချဦးမည်

၂၃  ဇွန် ရန်ကုန်၊                  ၊တင်ကျော်ကျော်စိုး

American Journalist  Instructs  in Myanmar

မေလ က တိုင်းပြည်မှ နှင်ထုတ်ခံရသူ စာရေးဆရာမ ကာရင်းကုတ်
မေလ က တိုင်းပြည်မှ နှင်ထုတ်ခံရသူ စာရေးဆရာမ ကာရင်းကုတ်

မြန်မာ နိုင်ငံစာပေ နှင့် စာနယ်ဇင်း မှ သြဂုတ်လဆန်းတွင်စတင်ဖွင့်လှစ်မည့် စာနယ်ဇင်းပညာသင်တန်း အမှတ် ၂ အတွက် ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးမှ ကူညီပေးမှု ဖြင့် အမေရိကန် ကော်လိုရာဒိုတက္ကသို လ် မှ နည်းပြဆရာ တစ်ဦးဖြစ်သူ မစ္စတာ ဒေါက် ကော့ စပါးမှ လာရောက် ပို့ ချပေးမည် ဟုသိရသည်။

နှစ်ပတ်ကြာမြင့်မည့် ထိုသင်တန်းကို ဇွန်လ ၃၀ ရက်နေ့ မှ သြဂုတ် လ ၁၄ ရက်နေ့ ထိ ဖွင့်လှစ်မည်
ဖြစ်ပြီး ရန်ကုန် မြို့ ကုန်သည် လမ်းရှိ စာပေဗိမာန် တွင် ပို့ ချမည် ဖြစ်သည်။အမေရိကန် သတင်းစာဆရာ နှင့် အတူ ဂျာမနီ သတင်းစာ ဆရာ ဗျော့ ရသ်ချတ် ဆိုသူလည်း ပူးတွဲ သင်ကြားမည် ဖြစ်သည်။ Continue reading “အမေရိကန် စာနယ်ဇင်းဆရာ တစ်ဦးလာရောက်ပို့ ချဦးမည်”

မန္တလေး ဂျွတ်ဂျွတ်အိတ် အော်ပရေးရှင်း ကြောင့် စားသုံးသူများအခက် တွေ့ နေ

၁၉ ဇွန် မန္တလေး၊                   ၊ညွန့် သက်ထားဦး

Operation of Plastic Bag Free Zone in Second Largest City

ပလတ်စတစ် အိတ်မသုံးစွဲရစီမံချက်ကြောင့် လက်ဖက်ရည်ဆိုင်များက ပါဆယ်သယ်လို သူများ ထည့်စရာယူလာပါရန် ပန်ကြားထားပုံ
ပလတ်စတစ် အိတ်မသုံးစွဲရစီမံချက်ကြောင့် လက်ဖက်ရည်ဆိုင်များက ပါဆယ်သယ်လို သူများ ထည့်စရာယူလာပါရန် ပန်ကြားထားပုံ

မန္တလေးမြို့ တော်ဝန်က ထုတ်ပြန်ထားသည့် ဇွန်လ ၂၁ ရက်နေ့ နောက်ပိုင်း ပလတ်စတစ် အိတ် မ
သုံးစွဲရ စီမံချက်ကြောင့်မြို့ သူ မြို့ သားတို့ မှာ နေ့ စဉ် လူမှု ဘ၀များတွင် အခက်အခဲ များ နှင့် ကြုံတွေ့ 
နေရ ကြောင်းသတင်းရရှိသည်။

ပလတ်စတစ် မသုံးစွဲ ရစီမံ ချက်ကြောင့် အခက်အခဲ တွေ့ နေသောအိမ်ရှင် မတစ်ဦးက “ကန်စွန်း
ရွက် လို ဟာမျိုးကျတော့ ဈေးခြင်းထဲ ထည့် လာလို့ ရတာပေါ့ အသားငါး ၀ယ်ပြီးတဲအခါကျ
တော့ အခုလို ဆိုင်တွေက ကျွတ်ကျွတ် အိတ်ထည့်မပေးတော့ အိမ်က ဗူးတွေ ခွက်တွေ ထည့်လာရတော့ အတော် ဒုက္ခရောက် တာပေါ့ ”ဟု Freedom News Group သို့ ပြောသည်။ Continue reading “မန္တလေး ဂျွတ်ဂျွတ်အိတ် အော်ပရေးရှင်း ကြောင့် စားသုံးသူများအခက် တွေ့ နေ”

ကာတွန်း ဦးဖေသိန်း အသက် ၈၆ နှစ် အရွယ်တွင် ကွယ်လွန်

၁၉ ဇွန် ရန်ကုန် ၊                  ၊တင်ကျော်ကျော်စိုး

Cartoonist U Pe Thein Passes Away

သက်ကြီး ကာတွန်းဆရာကြီးများ ကန် တော့ပွဲတွင် တွေ့ ရသည့် ကာတွန်းဦးအောင် ရှိန် နှင့် ကာတွန်း ဦးဖေသိန်း
သက်ကြီး ကာတွန်းဆရာကြီးများ ကန် တော့ပွဲတွင် တွေ့ ရသည့် ကာတွန်းဦးအောင် ရှိန် နှင့် ကာတွန်း ဦးဖေသိန်း

မြန်မာ နိုင်ငံ ၏ နာမည်ကျော် ကာတွန်း ဆရာတစ်ဦး ဖြစ်သည့် ဦးဖေသိန်းမှာ ယနေ့ မနက် အာရုံတက် အချိန် တွင် မရမ်းကုန်း မြို့ နယ် ၆ မိုင်ဓမ္မာ ရုံ လမ်း မာလကာ ခြံ နေအိမ် တွင် ကွယ်လွန် အနိစ္စ ရောက်ရှိခဲ့သည်။ကွယ်လွန် ချိန် တွင် ဆရာကြီး ဦးဖေသိန်းမှာ အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။

တစ်ကျပ် တန် ကာတွန်း(၁၉၇၅ )ခောတ်တွင် ပုံပမာ ဟူ သော ကာတွန်း ဇာတ်လမ်းများဖြင့် ပရိသတ်ရင် ထဲသို့ ထိုးဖောက်ရောက်ရှိခဲ့သော ကာတွန်းဆရာကြီး ဦးဖေသိန်းမှာ ကာတွန်းဇာတ်လမ်းအတွဲ များအပြင် လူငယ်များ အတွက် နိုင်ငံတကာ ပုံပြင် ဇာတ်လမ်း များကိုလည်း သရုပ်ဖေါ်ရေးဆွဲ ခဲ့သည်။ဦးဖေသိန်းသည် ကြေးမုံ သတင်းစာ ၏ ခေါင်းစည်း စာလုံးကို ရေးဆွဲ ခဲ့သူ လည်းဖြစ်သည်။ Continue reading “ကာတွန်း ဦးဖေသိန်း အသက် ၈၆ နှစ် အရွယ်တွင် ကွယ်လွန်”

ကရင်အမျိုးသားချင်း သွေးမစွန်းစေလို သဖြင့် KNU နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်

၁၈ ဇွန် မဲဆောက်၊                    ၊Freedom News Group

Myanmar’s Karen rebels to abandon stronghold

တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်
တိုက်ပွဲ များကြောင့် နယ်စပ်တွင် ကင်းလှည့် နေသည့် ထိုင်းနယ်ခြားစောင့်တပ်

ယခု လဆန်းပိုင်းကတည်းက စတင်ခဲ့သော မြန်မာ စစ်တပ်၏ နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) တို့ မှ အပြင်းအထန် ထိုးစစ်ဆင်နေ မှုကြောင့် ၎င်း တို့ ၏ အခိုင်အမာ ခြေကုပ်စခန်းများကို စွန့် လွှတ်ခဲ့ရကြောင်း အမည် မဖေါ်လိုသော တခ် ခရိုင် အခြေစိုက် စစ်တပ် အရာရှိ တစ်ဦးကFreedom News Group သို့ ပြောသည်။

မြန်မာစစ်အစိုးရက လက်နက်ကြီးများဖြင့် ပစ်ကူ ပေး ပြီး ဒီကေဘီအေ တပ်သားအချို့ က ကရင်အမျိုးသား လွတ်မြောက်ရေးတပ် မတော် ၏ အခိုင်အမာ ခြေကုပ်စခန်းတစ်ခု ဖြစ်သည့် တပ်မဟာ ရ နယ်မြေရှိ အခြေခံစခန်း အချို့ ကို ယနေ့ မနက် တွင် စွ န့် လွှတ်ခဲ့ရသည်။ Continue reading “ကရင်အမျိုးသားချင်း သွေးမစွန်းစေလို သဖြင့် KNU နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်”

ရန်ကုန်၊ နာဂစ် ဒေသနှင့် ပဲခူး တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနေ

၁၈ ဇွန် ရန်ကုန်၊                    ၊ဟိန်းခိုင်ထွန်း

DHF Breakout in Myanmar

ခြင်မှလူကို ကူးစက်သည့်သွေးလွန် တုပ်ကွေးရောဂါ
ခြင်မှလူကို ကူးစက်သည့်သွေးလွန် တုပ်ကွေးရောဂါ

ရန်ကုန် ဆင်ခြေဖုံးမြို့ နယ်များနှင့် ပဲခူးမြို့ ပေါ်ရပ်
ကွက် အချို့ တွင် ရာသီအလိုက်ဖြစ်တတ်သော သွေးလွန် တုပ်ကွေးရောဂါ များကလေးသူငယ် များတွင် ဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။
မြောက်ဥက္ကလာရှိ ဆေးခန်းတစ်ခု တွင် နေမကောင်းသဖြင့် လာရောက်ပြသသော
ကလေးသူငယ်များ အနက် ထက်ဝက်ခန့် မှာ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားနေ သော ကလေး
များဖြစ်ကြောင်း ထိုဆေးခန်းမှ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စိုးအောင် ကပြောသည်။

မိုးဦးကျကာလ တွင်ဖြစ်ပွားတတ်သော ကလေးငယ်များ ၏ သွေးလွန် တုပ်ကွေးရောဂါများမှ သတိရှိကြရန် ယနေ့ ထုတ်စစ်အစိုးရ အာဘော် သတင်းစာ များတွင် ဖေါ်ပြထားသော် လည်း ကျန်းမာရေးဝန်ကြီးဌာန လက် အောက်ရှိ ဆေးရုံများတွင် သွေးလွန် တုပ်ကွေးရောဂါ အပြင် ယခု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီးက ကပ်ရောဂါ အဖြစ် ကြေညာထားသော ၀က်တုပ်ကွေးရောဂါ အတွက် ပါ ပြုစုစောင့်ရှောက်ရန် နှင့် ဆေးဝါးကုသရန် အဆင်သင့် မဖြစ်သေး  ဟု ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် တစ်ယောက် ကပြောသည်။ Continue reading “ရန်ကုန်၊ နာဂစ် ဒေသနှင့် ပဲခူး တွင် ကလေးသူငယ်များ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနေ”

တီဟီရန် ဆန္ဒပြမှုကြောင့် Family Entertainment မှ CNN ရုပ်သံလိုင်းကို ကြည့်ရှုခွင့်ပိတ်

၁ရ ဇွန် နေပြည်တော်၊                  ၊ညွန့်သက်ထားဦး

Junta Cut Off CNN Coverage Iran Cause

မဲဆောက်ရှိ မြန်မာ လက်ဖက်ရည်ဆိုင်များကမူ ဒီဗီဘီ ရုပ်သံလိုင်းကို ပြသခြင်းဖြစ် စားသုံးသူ များပြားလာရန် ဆွဲဆောင်ကြသည်
မဲဆောက်ရှိ မြန်မာ လက်ဖက်ရည်ဆိုင်များကမူ ဒီဗီဘီ ရုပ်သံလိုင်းကို ပြသခြင်းဖြစ် စားသုံးသူ များပြားလာရန် ဆွဲဆောင်ကြသည်

အီရန် ရွေးကောက်ပွဲ ရလာဒ်ကို မကျေနပ် သဖြင့် တီဟီရန် တွင် ကျောင်းသား နှင့် ပြည်သူများ ဆန္ဒပြမှု ဖြစ်ပွားပြီးကတည်းက ထိုသတင်းအစီအစဉ်များကို ထုတ်လွှင့်ပြသနေသည့် အမေရိကန် နိုင်ငံ စီအန်အန် ရုပ်သံအစီအစဉ် ကို ဖမ်မလီ အန်တာတိန်းမန့် Family Entertainment မှာ ထုတ်လွင့်ပြသနေ သည့် နိုင်ငံခြားရုပ်သံလိုင်းများ အစီအစဉ် မှ ရပ်နားထားလိုက်သည်
ဟု သိရသည်။ Continue reading “တီဟီရန် ဆန္ဒပြမှုကြောင့် Family Entertainment မှ CNN ရုပ်သံလိုင်းကို ကြည့်ရှုခွင့်ပိတ်”

စုံတွဲများ ချစ်တင်းနှောကြသည့် ဗီဒီယိုများ ရန်ကုန်လူငယ်ထုကြားတွင် ပျံ့နှံ့ နေခြင်း (သတင်းဆောင်းပါး)

၁၆ ဇွန် ရန်ကုန်၊               ၊ယူကွန်

Myanmar Mobile Phone Sex Video Widespread

မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူလူများကြားထဲတွင် Home Made ဆိုသော စကားတစ်ရပ်ရေပန်းစားလာ သည်မှာ မေလဆန်းပိုင်းကတည်းကဖြစ်သော် လည်း တစ်လခန့် အကြာတွင် ထိုဝေါဟာရ မှာ အင်တာနက် ကဖေးဆိုင် တို့ အား အသုံးပြုသူများပြားစေရန် ပိုမို ဆွဲဆောင်စေ နိုင်သော ဝေါ ဟာရ တစ်ရပ်ဖြစ်ခဲ့သည်။ Continue reading “စုံတွဲများ ချစ်တင်းနှောကြသည့် ဗီဒီယိုများ ရန်ကုန်လူငယ်ထုကြားတွင် ပျံ့နှံ့ နေခြင်း (သတင်းဆောင်းပါး)”

ဝက်တုပ်ကွေး ကပ်ရောဂါ ကြောင့်မျက်နှာ ဖုံးစွပ်သူများကို စစ်အစိုးရ လုံခြုံရေးအဖွဲ့ ဝင်များက မျက်နှာဖုံးစွပ်ဖယ်ရှားခိုင်း

၁၅ ဇွန် ရန်ကုန်၊                ၊ဟိန်းခိုင်ထွန်း

Junta Lacks Awareness of A(H1N1)

japan-swine-flu-mask-550x366၀က်တုပ်ကွေးကပ်ရောဂါ ကိုကူးစက်စေ
တတ်သည့် ကပ်ရောဂါ အဖြစ် ကမ္ဘာ့ 
ကျန်းမာရေး အဖွဲ့ ကြီးက သတိပေးထားသော် လည်းမြန်မာ နိုင်င
ံတွင် ထိုရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် အလို့ ငှာပြည်
သူများက ရောဂါ ပိုးမွှား အန္တရယ် မှာ ကာကွယ် နိုင်သည့်မျက် နှာဖုံးစွပ်များ တပ်ဆင်ခြင်းကို အာဏာပိုင်များက ခွင့်မပြုကြောင်း Freedom News Group မှသတင်းရရှိသည်။

ယနေ့ မနက် အထက ၆ ဗိုလ်တစ်ထောင် (စိန့် ပေါ်လ်)ကျောင်းတွင် ကလေးကျောင်းပို့ ပြီးပြန်လာသည့်အမျိုးသမီး နှစ်ဦး၏ မျက်နှာတွင် တပ်ဆင်ထားသည့် မျက်နှာဖုံးကို ယခင် ၀န်ကြီးများရုံးရှေ့ ရှိ ရဲ နှင့်စစ်တပ်လုံခြုံရေး အရာရှိ များက ဖယ်ရှားရှင်းလင်းခိုင်းကြောင်း သိရသည်။
Continue reading “၀က်တုပ်ကွေး ကပ်ရောဂါ ကြောင့်မျက်နှာ ဖုံးစွပ်သူများကို စစ်အစိုးရ လုံခြုံရေးအဖွဲ့ ဝင်များက မျက်နှာဖုံးစွပ်ဖယ်ရှားခိုင်း”

ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာ အမျိုးသမီး အချို့ ကို အခမဲ့ ပို့ ဆောင်ပေးမှုပြု

၁၃ ဇွန် ရန်ကုန်၊                ၊ယူကွန်

Oversea Sex Business Offers Myanmar Girls

ရန်ကုန် မြို့ တွင်အခြေစိုက်သည့ှ်နာမည်ကျော်ကြားခြင်းမရှိ သေးသည့်  ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီအချို့ မှာ ၎င်းတို့ ထံ နိုင်ငံရပ်ခြားအလုပ်အကိုင် အတွက် လာရောက် စုံစမ်းမေးမြန်းသည့် အမျိုးသမီးငယ် အချို့ ကိုသီးသန့် တွေ့ ဆုံ၍ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်တာဝန်ထမ်းဆောင် နိုင်ပါက အခမဲ့ ပို့ ဆောင်ပေးမည် ဟု ပြော၍ စည်းရုံးကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

ရန်ကုန် မြို့ ထဲတွင် အခြေစိုက်သည့် ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး ဧဂျင်စီတစ်ခု တွင် သွားရောက်အလုပ်အကိုင် စုံစမ်းလျှောက်ထားသည့် အမျိုးသမီး နှစ်ဦး ၏ ပြောပြချက် အရ စင်္ကာပူ နိုင်ငံတွင် အလုပ်ရရှိရန် အတွက် ကိုယ်ရေးအချက် အလက်များပါ ပေးကာ ၊ သွားရောက် စုံစမ်းပြီးနောက် သုံးရက်အကြာတွင် ထိုဧဂျင်စီမှ တာဝန်ရှိ သူအမျိုးသမီးတစ်ဦးက သူမ၏ ဧဂျင်စီ သို့ ပြန်လည်ချိန်းဆို၍ စင်္ကာပူရှိ လိင်ဖျော်ဖြေရေးလုပ် ငန်းတစ်ခုတွင် အလုပ်လုပ် ကိုင်နိုင်မည် လား ဟုမေးမြန်းသည် သိရသည်။ Continue reading “ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဧဂျင်စီ အချို့ နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် မြန်မာ အမျိုးသမီး အချို့ ကို အခမဲ့ ပို့ ဆောင်ပေးမှုပြု”

နာဂစ် ဒေသ NGO အချို့ ကို စစ်အစိုးရ က အတိုက်အခံများနှင့် မပတ်သက်ရန် သတိပေး

၁၁ ဇွန် ရန်ကုန်၊                 ၊ဟိန်းခိုင်ထွန်း

Junta Warns INGO in Burma

WFP Helicopter copy၂၀၀၈ ခုနှစ် မေလ က တိုက်ခတ် သွားခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် လူသားချင်းစာနာ မှုဖြင့် အကူအညီပေးနေ သည့် နိုင်ငံတကာ အန်ဂျီအို အချို့ ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် မပတ်သက် ရန် သတိပေးပြောကြားသည် ဟု နိုင်ငံတကာ အန်ဂျီအို တစ်ခု တွင် အကြီးတန်း အရာရှိတစ်ယောက် အဖြစ်တာဝန် ထမ်းဆောင်နေသည့် အမည် မဖော် လိုသော အမေရိကန် နိုင်ငံသားတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “နာဂစ် ဒေသ NGO အချို့ ကို စစ်အစိုးရ က အတိုက်အခံများနှင့် မပတ်သက်ရန် သတိပေး”

လက်ရှိ နိုင်ငံရေးအခြေအနေ များအပေါ် တပ်တွင်း သဘောထားကွဲလွဲ မှုများမှ အာရုံလွှဲပြောင်းနိုင်ရန် အတွက် အချိန်အခါ မဟုတ်ဘဲ KNU ကိုထိုးစစ်ဆင်

၁၁ ဇွန် နေပြည်တော်၊                  ၊ညွှန့် သက်ထားဦး

ဒေါ်အောင်ဆန်းစုကြည် အား မတရားအမှုဆင် တရားစွဲဆိုထားခြင်းအတွက် တပ်တွင်း ခေါင်း
ဆောင်များ တွင် သဘောထားကွဲလွဲ မှုများ ကို အာရုံလွှဲ နိုင်ရန် အလို့ ငှာ မြန်မာစစ် ခေါင်းဆောင်းဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းတို့  နှစ်ဦး ၏ လမ်းညွှန် ချက်ဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကိုအချိန် အခါ မဟုတ်ဘဲ ထိုးစစ်ဆင် ရခြင်းဖြစ်သည် ဟု စစ်အစိုးရ အခြေစိုက်ရာ နေပြည်တော် ရှိ စစ်တပ် အရာရှိ တစ်ဦးက Freedom NewsGroup သို့ သုံးသပ် ပြောကြားသည်။ Continue reading “လက်ရှိ နိုင်ငံရေးအခြေအနေ များအပေါ် တပ်တွင်း သဘောထားကွဲလွဲ မှုများမှ အာရုံလွှဲပြောင်းနိုင်ရန် အတွက် အချိန်အခါ မဟုတ်ဘဲ KNU ကိုထိုးစစ်ဆင်”

ပို့ ဆောင်ရေးဒုဝန်ကြီးက လေယာဉ်ပျက်ကျမှုအတွက် လေယာဉ်မှုးများကို အပြစ်တင်

၁၀ ဇွန် ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Transports Minister Blames Pilots  For Landed Crash

စစ်တွေလေဆိပအဆင်း တွင်စက်ချို့ယွင်းက ပြေးလမ်းချော်သွားသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်
စစ်တွေလေဆိပ်အဆင်း တွင်စက်ချို့ယွင်းက ပြေးလမ်းချော်သွားသည့် မြန်မာ့လေကြောင်းပိုင်လေယာဉ်

ပို့ ဆောင်ရေးဒုဝန်ကြီး ဗိုလ်မှုးကြီး ဥာဏ်ထွန်းအောင် က အင်္ဂါနေ့ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် လေယာဉ်မှုးကြီးများ နှင့် တွေ့ ဆုံရာ ၌ နိုင်ငံ
တော်က လေဆိပ်များ နှင့် လေယာဉ်များ ကို နိုင်ငံခြားငွေ မြောက်များစွာ အကုန်အကျခံ၍ နိုင်ငံတကာ အဆင့်မှီ ဖန်တီးပေးထားသော် လည်း လေယာဉ် ကို ပျက်ကျအောင်မောင်းသည် ဟု အပြစ်ဖို့ ပြောကြားသွား ကြောင်း ထိုအစည်း အဝေးပွဲ သို့ တက်ရောက် သူ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ပို့ ဆောင်ရေးဒုဝန်ကြီးက လေယာဉ်ပျက်ကျမှုအတွက် လေယာဉ်မှုးများကို အပြစ်တင်”

လာရောက်လည်ပတ်သူ နိုင်ငံခြားသားအချို့ကို ထောက်လှမ်းရေး နှင့် ရဲကလိုက်လံစုံစမ်းမှုပြုနေ

၁၀ ဇွန် ရန်ကုန် ၊                ၊ယူကွန်

Junta Monitoring On Foreign Visitors

မြန်မာ နိုင်ငံသို့ ယခုရက် ပိုင်းအတွင်း လာရောက်လည် ပတ်သည့် နိုင်ငံခြားသားများကို အရပ်ဝတ်
စစ်ထောက်လှမ်ရေးများ နှင့် ရဲ သတင်းတပ်ဖွဲ့ ဝင်များ နောက်ယောင်ခံ လိုက်ကြည့် ၍ စုံစမ်းထောက်
လှမ်းမှုများ လုပ်နေကြောင်း ထိုကဲ့သို့ စောင့် ကြည့်ခံခဲ့ရသည့် ဂျာမဏီ မှ လာရောက် လည် ပတ်သူ
တစ်ဦးက Freedom News Group သို့ ပြောသည်။ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားသားများ သွားရောက်လည်ပတ် တတ်သည့် နေရာများတွင် လည်း စောင့်ကြည့် လေ့လာမှုများရှိသည်။ Continue reading “လာရောက်လည်ပတ်သူ နိုင်ငံခြားသားအချို့ကို ထောက်လှမ်းရေး နှင့် ရဲကလိုက်လံစုံစမ်းမှုပြုနေ”