မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ

၉ မေ ရန်ကုန်၊                   ၊ယူကွန်

Yadana Bon FC launch with Lay Phyu

အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်မှ ကူးယူဖေါ်ပြသည်
အဆိုတော် R ဇာနည်နှင့် ဦးတေဇ တို့ ပွဲကြည့်စင် အထူးတန်းသို့ ဝင်ရောက်လာစဉ် ဓာတ်ပုံ-မင်းယွန်းသစ် ဘလောက်

ဦးတေဇ ပိုင်ဆိုင်သော ရန်ကုန် ယူနိုက်တက် ဘောလုံးကလပ် မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၂ရက် နေ့  စနေနေ့ (နာဂစ် နှစ်ပတ်လည်နေ့ )က ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင်ကျင်းပခဲ့သည်။
ကလပ်မိတ်ဆက်ပွဲ သို့ မည်သို့ မဆို အခမဲ့လာရောက်ကြည့်ရှု ခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ ခံ ဘောလုံးဝါသနာအိုးများ လာရောက် ကြည့် ရှုသည် ဟု Air Bagan မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန်ယူနိုက်တက် အသင်းကို အေ နှင့် ဘီ ခွဲ၍ သရုပ်ပြခြင်းဖြစ်ပြီး ပွဲမစမီ နာဂစ် နှစ်ပတ်လည်နေ့ အတွက် နှစ်မိနစ် ငြိမ်သက်ဆုတောင်းမှုပြုခဲ့ကြသည်။ရန်ကုန် ယူနိုက်တက် တွင် ကင်မရွန်းမှ ခေါ်ယူထားသော ကစားသမား လေးဦးနှင့် အိုင်ဗရီ ကို (စ်)မှ တစ်ဦးပါဝင်သည်။

အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်
အောင်ဆန်းကွင်းရှေ့တွင်ရပ်ထားသော ဦးတေဇ၏ ကားနှင့် ရန်ကုန်ယူနိုက်တက်ကလပ် အသင်းသားများစီးနင်းသည့် ပို့ ဆောင်ရေးယာဉ် ဓာတ်ပုံ-မင်းယွန်းသစ်ဘလောက်မှ ကူးယူဖေါ်ပြသည်

ပွဲမစမှီ ခေမီကို အကအဖွဲ့  ၏ဖျော်ဖြေမှု Emperor တေးဂီတ အဖွဲ့ နှင့် အတူ ဇော်ဝင်းထွဋ် R ဇာနည်
တို့ ၏ သီဆိုဖျော်ဖြေမှု ကို ပရိသတ် အားပေးခဲ့ကြသည်။မကြာခင်ကျင်းပတော့မည့် ကလပ်အသင်းများ ၏  ပြိုင်ပွဲများအတွက် အသင်းသားခေါ်ယူစရိတ်များအတွက် အသုံးပြုရာ တွင်
ကမ္ဘောဇ ဘဏ် ကိုတည်ထောင်သူ ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇ ကလပ် အသင်းက ကျပ်ငွေ ၇၅၄ သိန်းသုံးပြီး ပထမ နေရာတွင် ရှိသည် ဟု Bi Weekly Eleven ဂျာနယ်တွင်ဖေါ်ပြ
ထားသည်။
Continue reading “မြန်မာကလပ်အသင်းများမိတ်ဆက်ပွဲ နှင့် ပြောင်းရွှေ့ကြေးအသုံးစရိတ်များ”

ကဆုန်လပြည့်နေ့ တွံတေး ဗောင်းတော်ကျူတ် အနီးတွင် စစ်ကားက ခရီးသည်တင် ဂျစ်ကားကို ၀င်တိုက်

၉ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Military truck crash commuter jeep

မေလ ၈ ရက်နေ့ က ဒလမှ တွံတေးသို့ သွားသည့် မော်တော်ကားလမ်းပေါ်ရှိ ဗောင်းတော်ကျူတ် ဘုရားအနီး အရှိန်မထိန်း နိုင်သော စစ်ကားက ခရီးသည်များတင်ဆောင်လာသည့် ဂျစ်ကားကို ၀င် ရောက်တိုက်ရာ ကားပေါ်ပါခရီးသည် များထိခိုက် ဒဏ်ရာရပြီးခရီးသည် တစ်ဦးမှာ ဒလ ဆေးရုံမှ တစ်ဆင့် ရန်ကုန် ဆေးရုံကြီး အရေးပေါ်လူနာတင်ဌာန အဆောင် ၅/၆ သို့ ပို့ ဆောင်ထားရသည်။

ဒလ မယက ဥက္ကဌ က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ရောက်ရှိနေချိန်ဖြစ်သော
ကြောင့် စစ်ကားက ခရီးသည် တင်ကားကို ၀င်တိုက် သည့် ကိစ္စ နှင့် ပတ်သက်၍ မြို့ နယ်ရဲတပ်
ဖွဲ့ ကိုပင်အသိမပေးဟု ဒလ မော်တော်ကား ဂိတ်မှ ယာဉ်မောင်းတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ကဆုန်လပြည့်နေ့ တွံတေး ဗောင်းတော်ကျူတ် အနီးတွင် စစ်ကားက ခရီးသည်တင် ဂျစ်ကားကို ၀င်တိုက်”

စာပေစီစစ်ရေး က ဒေါ်အောင်ဆန်းစုကြည် အိမ်သတင်းကို ဂျာနယ်များတွင်ပြန်လည်ဖေါ်ပြခိုင်း

၈ မေ ရန်ကုန်၊             ၊ယူကွန်

Private media reprint junta mouth-piece news on Aung San Suu Kyi ‘s house

ယနေ့ ထုတ် The Voice ဂျာနယ်တွင် ရေကူးသမားသတင်းတွေ့ ရစဉ်
ယနေ့ ထုတ် The Voice ဂျာနယ်တွင် ရေကူးသမားသတင်းတွေ့ ရစဉ်

မေလ ရ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်းသို့ ဝင်ရောက်ခဲ့သည် ဆိုသော အစိုးရ
အာဘော် သတင်းစာများတွင် ဖေါ်ပြခဲ့သည့် သတင်းကို ဗဟန်း ၀င်္ကဘာ လမ်းရှိ စာပေစီစစ်ရေးက
ယခု တစ်ပတ်ထုတ် ဂျာနယ်များတွင် ထပ်မံဖေါ်ပြခိုင်းသည် ဟု ရန်ကုန် စာနယ်ဇင်းသမားတစ်ဦး
က Freedom News Group သို့ ပြောသည်။

ရေကူးသမား ဂျွန်ဝီလီယံ သတင်းနှင့်ပတ်သက်၍ “စီစစ်ရေးက အတင်းအကျပ်တော့ မဟုတ်ဘူး ဒီအပတ် ဒီသတင်း ထည့်ဖို့ ပေါ်လစီ(မထည့်မနေရ အာဘော်ဆောင်းပါး) နဲ့ အတူတွဲ ကျလာတယ် လို့ ပြောတယ် ”ဟု စီစစ်ရေး ၀န်ထမ်းတစ်ဦး၏ အပြောကို စာနယ်ဇင်းသမားတစ်ဦးက ပြောသည်။
Continue reading “စာပေစီစစ်ရေး က ဒေါ်အောင်ဆန်းစုကြည် အိမ်သတင်းကို ဂျာနယ်များတွင်ပြန်လည်ဖေါ်ပြခိုင်း”

ဖားအံတွင်လူသတ်သည်ထိကျူးလွန်သောလုယက်မှုများဖြစ်ပွား ကော့ကျိုက်တွင် မွန်နှင့်ကရင်လူမျိုး တို့ ပဋိပက္ခဖြစ်နေ

၈ မေ ဖားအံ၊               ၊စောမူးဂေး

Robbery and DKBA mob powerful in Karen Town

အာဝါဒေးပွဲများအတွက် ဆက်ကြေးကောက်သည့် ဒီကေဘီအေ ရုံး ဓာတ်ပုံ-www.rehmonnya.org
အာဝါဒေးပွဲများအတွက် ဆက်ကြေးကောက်သည့် ဒီကေဘီအေ ရုံး ဓာတ်ပုံ-www.rehmonnya.org

ကရင်ပြည်နယ် ဖားအံမြို့ အရှေ့တောင်ဘက်ရှိ ကော့ကျိုက်တွင် မွန် နှင့် ကရင် လူမျိုးများ ပဋိက္ခဖြစ်ပွားနေသည် ဟုသိရသည်။တောင်ယာ ကိစ္စ နှင့် ပတ်သက်၍ အချင်းများရာမှ ဧပြီလ နောက်ဆုံးပတ်ကစပြီး ကိုယ်ထိလက်ရောက် တုံ့ ပြန်မှုများရှိလာသည် ဟုသိရသည်။

မွန်-ကရင် ရွာသားများ ပဋိပက္ခကို ကော့ကျိုက် အခြေစိုက် ခြေလျှင်တပ်ရင်းမှ လာရှင်းပေးမည်ဟု ပြောသော် လည်း ယခုထိ လာရောက် မရှင်းပေးသေးပဲ ထိုရွာမှ အပြစ်မဲ့ရွာသား နှစ်ဆယ်ခန့် ကို ရဲက လာရောက်ဖမ်းဆီးသွားသည် ထွက်ပြေးလာသော ထိုရွာသား တစ်ဦးက Freedom News Group သို့ပြောပြသည်။
Continue reading “ဖားအံတွင်လူသတ်သည်ထိကျူးလွန်သောလုယက်မှုများဖြစ်ပွား ကော့ကျိုက်တွင် မွန်နှင့်ကရင်လူမျိုး တို့ ပဋိပက္ခဖြစ်နေ”

FDA ကငရုပ်သီးမှုန့် ၊အရောင်တင်မှုန့်  နှင့် ပဲမှုန့် များကို စစ်ဆေးနေ

၈ မေ ရန်ကုန်၊               ၊ဟိန်းခိုင်ထွန်း

Chili powder in Laboratories of FDA

ဈေးကွက်အတွင်းမှ ပဲမှုန့်များ
ဈေးကွက်အတွင်းမှ ပဲမှုန့်များ

ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန – FDA
က ပဲမှုန့် ၊အရောင်တင် မှုန့် နှင့် ငရုတ်သီးမှုန့် များကို ယခုလဆန်းပိုင်းကတည်းက ဓာတ်ခွဲစမ်းသပ်
မှုပြုနေ ကာမကြာခင်အချိန်အတွင်း စားသုံးရန် မသင့်သည့် အမှုန့်အမျိုးမျိုးအားကြေညာမည် ဟု
ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။
Continue reading “FDA ကငရုပ်သီးမှုန့် ၊အရောင်တင်မှုန့်  နှင့် ပဲမှုန့် များကို စစ်ဆေးနေ”

ဘုရင့်နောင်ဈေးကို ပြောင်းရွှေ့ ရန်စီစဉ်

ရ မေ ရန်ကုန်၊                ၊စနေငချွတ်

Rangoon biggest market plan for relocate

ဘုရင့်နောင်ဈေး
ဘုရင့်နောင်ဈေး

ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန လက်အောက်ရှိ ဘုရင့်နောင်ဈေးအား
ယခုလက်ရှိနေရာမှ ပြန်လည်ပြောင်းရွှေ့နေရာချထားမည် ဆိုသည့် သတင်းကြောင့် ဈေးအတွင်းရှိ
ဆိုင်ခန်းများပွဲ ရုံများပြန်လည်ရောင်းချမှု များဖြစ်ပေါ်နေသည် ဟု သတင်းရရှိသည်။

ဘုရင့်နောင်ဈေးအတွင်းရှိ ငါးပိနှင့် ငါးခြောက်တန်းကို အရင်ပြောင်းရွှေ့မည် ဟုသတင်းထွက်ပေါ်နေ
သောကြောင့် ဈေးအတွင်းရှိဆိုင်ခန်းများပေါက်ဈေး မှထက်ဝက်ကျသွားသည်။ဘုရင့်နောင်ဈေး
ပြောင်းရွှေ့မည့် သတင်းထွက် ပေါ်ခြင်းနှင့် ပတ်သက်၍ ဘုရင့်နောင်ဈေးအတွင်းရှိ ငါးပိငါးခြောက်
ရောင်းသူတစ်ဦးက “ဈေးရွှေ့မယ်ဆိုတဲ့သတင်းက တနင်္လာနေ့ ကစကြားတာလေ ဈေးခေါင်းက မဟုတ်ပါဘူး လို့ပြောတယ် ဈေးများဌာနကတော့ ဘာမှမပြောသေးဘူး ခက်တာက ကျွန်တော် တို့ က ကုန်စည်ပို့ ဆောင်ဖို့ လွယ်တဲ့နေရာပဲဖြစ်ချင်တယ်”ဟုFreedom News Group သို့ ပြောသည်။
Continue reading “ဘုရင့်နောင်ဈေးကို ပြောင်းရွှေ့ ရန်စီစဉ်”

မြန်မာတယ်လီပို့ နှင့် ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ်နောက်ခံဇာတ်ကားများ ရိုက်ကူးခွင့်မပြုတော့

ရ မေ ရန်ကုန်၊               ၊ယူကွန်

No more drama in Myathi Lar

သစ်ပုတ်ရိပ်ညိုကျောင်းကြီးအို ဉ် မြသီလာအလွမ်းပြေဇာတ်ကားများမရိုက်ရတော့
သစ်ပုတ်ရိပ်ညိုကျောင်းကြီးအို ဉ် မြသီလာအလွမ်းပြေဇာတ်ကားများမရိုက်ရတော့

တက္ကသိုလ် ကျောင်းသားဘ၀နောက်ခံ ဇာတ်လမ်းများ အားမြန်မာ တယ်လီပို့ နှင့် ရန်ကုန်တက္ကသိုလ် နယ်မြေထဲတွင် ရိုက်ကူးခွင့်မပြုတော့ ဟု မြန်မာရုပ်ရှင် အစည်းအရုံးက ရုပ်ရှင်၊ဗီဒီယို ဒါရိုက်တာများသို့ အကြောင်းကြားကြောင်း ယနေ့ သတင်းရရှိသည်။

တက္ကသိုလ် ကျောင်းသားဘ၀ နောက်ခံ ဇာတ်လမ်းများ ကို ရန်ကုန် တက္ကသိုလ် နှင့် ယခင် Bagan Cyber Tech ကိုနာမည်ပြောင်းထားသော မြန်မာ တယ်လီပို့ တို့ တွင်ရိုက်ကူးခွင့် မရှိတော့ကြောင်း
ရုပ်ရှင်ထုတ်လုပ် သူတစ်ဦးက Freedom News Groupသို ပြောသည်။လူငယ်ဒါရိုက်တာ တစ်ဦးကလည်း “မိန်း (ရန်ကုန်တက္ကသိုလ်) ထဲမှာဆို ဘာကျောင်းသား ဘ၀ နောက်ခံမှ မရဘူး မြန်မာ အင်ဖိုတက်မှာ ကတော့ ကွန်ပျူတာ ကျောင်းသား ဘ၀ ဆိုရင် ရမယ် တခြားကျောင်းသားဘ၀ ဆိုမရဘူးလို့ ပြောတယ် ”ဟုပြောသည်။
Continue reading “မြန်မာတယ်လီပို့ နှင့် ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ်နောက်ခံဇာတ်ကားများ ရိုက်ကူးခွင့်မပြုတော့”

ဒေါ်အောင်စုကြည် နေအိမ်တွင်းသို့ ရဲများထပ်မံဝင်ရောက်

ရ မေ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

Police enter Nobel Peace prize laureate house

ဒေါ်အောင်ဆုကြည်၏ နေအိမ်အားအင်းလျှားကန်ဘက်ခြမ်းမှ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ဒေါ်အောင်ဆုကြည်၏ နေအိမ်အားအင်းလျှားကန်ဘက်ခြမ်းမှ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ

အထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ် ၅၄ နေ
အိမ်သို့ ယူနီဖောင်းနှင့် အရပ်ဝတ်ရဲများ ဒုတိယအကြိမ်မြောက်ဖြင့် ယနေ့ ညနေ ၅ နာရီအချိန်ခန့်က
ထပ်မံ ၀င်ရောက်ခဲ့သည် ဟု မျက်မြင် တွေ့ ရှိသူများက ပြောသည်။ Continue reading “ဒေါ်အောင်စုကြည် နေအိမ်တွင်းသို့ ရဲများထပ်မံဝင်ရောက်”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲသို့ အမေရိကန်နိုင်ငံသားတစ်ဦး ရေကူးဝင်ရောက်

ရ မေ ရန်ကုန်၊                     ၊တင်ကျော်ကျော်စိုး

US man swam Burmese lake to see Aung San Suu Kyi

Updated 4:00 pm ဖမ်းဆီးခံထားရသူအသက် ၅၃ နှစ်အရွယ်ရှိ အမေရိကန်နိုင်ငံသား Mr John William Yeattaw အရေးနှင့် ပတ်သက်၍ ရန်ကုန် အမေရိကန် သံရုံးက အသေးစိတ်
သိရှိနိုင်ရန် စုံစမ်း နေ၊အမေရိကန်သံရုံးပြောခွင့်ရပုဂ္ဂိုလ် ရစ်ချတ်မေ က မြန်မာ အစိုးရမှ အမေရိကန် နိုင်ငံသားအား ဖမ်းဆီးထားမှု ကိစ္စအတွက် တရားဝင် အကြောင်းကြားမှု မပြု ဟုဆို

နေအိမ်အကျယ်ချုပ်ခံထားခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်းသို့ အမေရိကန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ Mr.John William Yeattaw သည် မေလ ၃ရက်နေ့ ညနေ
ပိုင်းကတည်း ကရေကူးဝင်ရောက်ပြီး နှစ်ရက်ကြာနေ ထိုင်ခဲ့သည် ဟု ယနေ့ ထုတ်စစ်အစိုးရ အာဘော် မြန်မာ့ အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။
Continue reading “ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲသို့ အမေရိကန်နိုင်ငံသားတစ်ဦး ရေကူးဝင်ရောက်”

နေပြည်တော် တွင်ဝမ်းရောဂါ စတင်ဖြစ်ပွား

၅ မေ နေပြည်တော်၊                   ၊ညွန့် သက်ထားဦး

Cholera outbreak Naypyi Taw

နေပြည်တော်ရှိဝန်ထမ်းအိမ်ရာတစ်ခု ဓာတ်ပုံ-ISN
နေပြည်တော်ရှိဝန်ထမ်းအိမ်ရာတစ်ခု ဓာတ်ပုံ-ISN

မြန်မာစစ်အစိုးရ ၏ မြို့တော်သစ်ဖြစ်သည့်ပြင် ထိပ်တန်း စစ်ဗိုလ်ချုပ်များနေထိုင်ရာ နေပြည်တော် တွင်ဝမ်းလျှော ၀မ်းပျက်ရောဂါ များ ကူးစက်ပြန်ပွားနေကြောင်းသတင်းရရှိသည်။ဝမ်းရောဂါ ဖြစ်ပွားမှုများ မှာ ဧပြီလနှောင်းပိုင်းက နေပြည်တော် ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အလုပ်သမား များနေထိုင်ရာ မြို့စွန် ရပ်ကွက်များတွင် စတင်ဖြစ်ပွားသော်လည်း မေလ ဆန်းမှစ၍ အစိုးရ ရုံးဝန်ထမ်းအိမ်ရာများတွင်ပါ ကူးစက်နေပြီ ဖြစ်ကြောင်းသိရသည်။ Continue reading “နေပြည်တော် တွင်ဝမ်းရောဂါ စတင်ဖြစ်ပွား”

ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် အသနားခံစာ ကို စစ်အစိုးရပယ်ချ

၅ မေ ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

Aung San Suu Kyi ‘s appeal for freedom rejects

Updated 22:00 မေလ ၂၄ ရက် နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အိမ်အကျယ်ချုပ်သက်တမ်း ၆ နှစ်ပြည့်ချိန်တွင်ပြန်လွှတ်ပေးနိုင်ကြောင်း အထူးအယူခံ ကို စစ်အစိုးရမှ ပယ်ချပြီးနောက် ရန်ကုန် နိုင်ငံရေးရပ်ကွက်တွင် သတင်းထွက်ပေါ်

myanmar_-_aung_san_suu_kyiကမ္ဘာပေါ်တွင် တစ်ဦးတည်းသော အကျဉ်းကျနေ သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အား လွှတ်ပေးရန် အသနားခံစာ ကို ဧပြီလ ၃၀ ရက်နေ့ က စစ်အစိုးရ က ပယ်ချလိုက်ကြောင်း ယနေ့ ဒေါ်အောင်ဆုကြည် ၏ ရှေ့နေ ဦးလှမျိုးမြင့်သို့ အကြောင်းကြားစာပေးပို့ သည်။
Continue reading “ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် အသနားခံစာ ကို စစ်အစိုးရပယ်ချ”

ဝက်တုပ်ကွေးဖြစ်သော်လည်းဝက်သားဈေးများပြန်လည်မြင့်တက်

၅ မေ ရန်ကုန်၊                ၊ယူကွန်

_45735909_-12ယခင်က ၀က်သားတစ်ပိဿာ လျှင် လေးထောင်ကျပ် ကျော်ခန့် သာပေါက်ဈေးရှိသော် လည်း ယခု
နိုင်ငံတကာတွင် ၀က်တုပ်ကွေးဖြစ်နေ မှမြန်မာပြည်မှဝက်သားဈေးမှာအနည်းငယ်မြင့်တက်သွား
သည် ဟုသိရသည်။

ဝက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားချိန်က ၀က်သားစားသုံးမှုအနည်းငယ်လျှော့ကျ သွားသဖြင့် ၀က်သားဈေးများကျ သွားချိန်တွင် စားသုံးမှုပိုလာသောကြောင့်ဝက်သားဈေးများပြန်လည်မြင့်တက် ရခြင်းဖြစ်သည် ဟု ၃၈ လမ်းဈေးမှဝက်သားရောင်းသူတစ်ဦးက ပြောသည်။

Continue reading “၀က်တုပ်ကွေးဖြစ်သော်လည်းဝက်သားဈေးများပြန်လည်မြင့်တက်”

ပြည်သူများ အထွေထွေ မကျေနပ်ချက်များလာ သောကြောင့် အုံကြွမှုဖြစ် နိုင်ဟု နာဂစ် ဆုတောင်းပွဲတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးပြော

၂ မေ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

20080514114739_candlelight1လွန်ခဲ့သည့် တစ်နှစ်က နာဂစ် မုန်တိုင်း ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအား ရည်စူး၍ သိုသိပ်စွာ ပြုလုပ်ရသည့် အောက်မေ့ဆုတောင်းပွဲ တစ်ရပ်တွင် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြည်သူများ ၏ စား ၀တ် နေရေး အကျပ်အတည်း များမှာ ပိုမို ကြီးမား လာသဖြင့် အထွေထွေ မကျေ နပ်ချက် များဖြစ် လာကာ ထိုကိစ္စသည် အုံကြွမှု တစ်ခု အနှေး နှင့် အမြန် ဖြစ်လာ နိုင်ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

လုံခြုံရေး တင်းကျပ်ထားသည့် ရန်ကုန် မြို့ တွင် နာဂစ် ဆုတောင်းပွဲ ကို အကျဉ်းချုံး၍ သိုသိပ်စွာ ကျင်း ပရသော် လည်း ထိုဆုတောင်းပွဲ သို့ နိုင်ငံခြားသံတမန် များ အကျဉ်းသားဟောင်းများ သံဃာတော်များ  နှင့် လူငယ် မျိုးဆက်သစ်များ တက်ရောက်သည် ဟု သိရသည်။
Continue reading “ပြည်သူများ အထွေထွေ မကျေနပ်ချက်များလာ သောကြောင့် အုံကြွမှုဖြစ် နိုင်ဟု နာဂစ် ဆုတောင်းပွဲတွင် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးပြော”

ဂီတရိပ်မြုံ (တနင်္ဂနွေ သီချင်း အစီအစဉ်)

Freedom News Group မှ တနင်္ဂနွေ နေ့ တိုင်း ပရိသတ် တောင်းဆို ထားသည့် သီချင်း များကို တင်ဆက် ပေးသွားမည် ဖြစ်ပါသည်။ မိမိတို့ ကြည့်ရှု နားထောင် လိုသော သီချင်း များ ကို freedomnewsgroup@gmail.com သို့ စာရေးသား ပေးပို့ ၍ တောင်းခံ နိုင်ပါသည်။ မွေးနေ့ ၊မင်္ဂလာ ဦးဆု တောင်း နှင့် မိတ်ဆက် သီချင်းပေးပို့ ခြင်းများ ကို လည်း တင်ဆက်ပေးသွား မည်ဖြစ်သည်။ သီချင်းတောင်း သူများအတွက် Freedom News Group မှသီချင်း  mp3 file ကိုမေတ္တာ လက်ဆောင် ပြန်ပို့ ပေးပါမည်။ ဒီတပတ်မှာ တော့ ပါရမီ မှ ကိုအေးဝင်းထွန်း က စင်္ကာပူ က ညီမလေး ပုံ့ အတွက် ၊ရန်ပြေ … Continue reading ဂီတရိပ်မြုံ (တနင်္ဂနွေ သီချင်း အစီအစဉ်)

Rate this: