ကျန်းမာရေးမကောင်း တော့သည်က လည်းတစ်ကြောင်း အသက်အရွယ်ကြီးမြင့်လာသည်ကလည်း တစ်ဖုံကြောင့် ဒုဗိုလ်ချုပ်မှုးကြီးမောင်အေး အသောက်လျှော့

၅ မတ် နေပြည်တော်။ ။တင်ကျော်ကျော်စိုး
ယခင်က အရက်သေစာသောက်သုံးမှုတွင် ပြိုင်ဘက်ကင်းသည့် ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးမှာ ယခုနှစ်ဆန်းပိုင်းမှစ၍သိသိသာသာအရက်သောက်နှုန်းလျှော့ကျသွားပြီဖြစ်ကြောင်း၎င်းနှင့်
နီးစပ်သောအသိုင်းအ၀ိုင်းများမှတစ်ဆင့်သိရှိရသည်။
၁၉၃၇ ခုနှစ်ချမ်းမြေ့ လှသည့် ခရစ်စမတ်ညချမ်းအချိန်အခါတွင် မွေးဖွားလှသည့် ဗိုလ်မောင်အေးမှာရန်ကုန်မြို့ ဂေါ်ယာကုန်းရှိ စစ်ရုံးချုပ်တွင် ဗိုလ်မှုးအဖြစ်တာဝန်ထမ်းဆောင်ချိန် ဇနီးဖြစ်သူ ဗိုလ်မှုးဒေါ်မြမြစန်းနှင့် လက်မထပ်သေးခင် သမီးရည်းစားအဖြစ် ဇပါးရှား အုတ်ဂူတွင် ချိန်းတွေ့ ချိန်ကပင် အရက်ကို စွဲစွဲမြဲမြဲသောက်သည်ဟုထိုအချိန်ကသူနှင့်အနီးကပ်နေခဲ့ဖူးသော အသက်
ရ၀ ကျော်အရွယ်ရှိတပ်မတော် အရာရှိတစ်ဦးက Freedom News Group သို့ ပြောပြသည်။ Continue reading “ကျန်းမာရေးမကောင်း တော့သည်က လည်းတစ်ကြောင်း အသက်အရွယ်ကြီးမြင့်လာသည်ကလည်း တစ်ဖုံကြောင့် ဒုဗိုလ်ချုပ်မှုးကြီးမောင်အေး အသောက်လျှော့”





