နိုင်ငံတွင်း ဆန်ပြတ်လပ်မှု များ ဖြစ်ပေါ်နေ

နယ်မှ ဆန်အ၀င်နည်း (AP Photo)

ဟိန်းခိုင်ထွန်း။        ။မြန်မာ နိုင်ငံ တွင် ပြီးခဲ့သည့် နှစ်က မုန်တိုင်း နှင့် ရေကြီးမှုများ ကြောင့်
မိုးစပါး စိုက်ခင်းများပျက်စီး၍ ယခု နှစ် တွင် ဆန်အထွက် နှုန်း လျှော့ နည်းကာ ဆန် ပြတ်လပ်
မှု ဖြစ်ပေါ် နေသည်ဟု ဘုရင့်နောင် ပွဲရုံရှိ ဆန် ကုန် သည် တစ်ဦးမှာ Freedom News Group
သို့ ပြောသည်။ Continue reading “နိုင်ငံတွင်း ဆန်ပြတ်လပ်မှု များ ဖြစ်ပေါ်နေ”

လူထု အုံကြွမှု ဖြစ်ပွားပါက အထီးကျန် ဗိုလ်ချုပ်ကြီးများ ၏ တံခါးဝ သို့ ခရီးပေါက်နိုင်

Street vendors sell bottles of water in the new capital.

FNG။     ။မြန်မာ နိုင်ငံ တွင် ပြည်သူများ ၏ အထွေထွေ မကျေနပ်မှု များ ကြောင့် အာရပ် နိုင်ငံများကဲ့
သို့ ရဲဝံ့သတ္တိ ရှိသော လူထု အုံကြွ မှုများ ပေါ်ပေါက် လာပါက နေ ပြည်တော် သို့ ပါကူးစက်
နိုင် သည် ဟု စစ်အစိုးရ ရုံး စိုက် ရာ နေပြည်တော် မြို့ တွင် လွှတ်တော် အစည်း အဝေး တက်
ရောက် ရန် ရောက် ရှိ နေသည့် ဥပဒေ ပြု အမတ် တစ်ဦး က Freedom News Group သို့ 
ပြောသည်။ Continue reading “လူထု အုံကြွမှု ဖြစ်ပွားပါက အထီးကျန် ဗိုလ်ချုပ်ကြီးများ ၏ တံခါးဝ သို့ ခရီးပေါက်နိုင်”

မြောက်ကိုရီးယား အကူအညီဖြင့် တာဝေးပစ်ဒုံး လက်နက် ထုတ်လုပ်မှု တိုးတက်

အောင်မြင်၊       ၊မြန်မာစစ်အစိုးရ ၏ တာဝေးပစ်ဒုံးကျည် ထုတ်လုပ်ရန် ကြိုးပမ်းလုပ်ဆောင်နေ
မှုသည် မြောက်ကိုရီးယား နိုင်ငံ ၏ နည်း ပညာပံ့ပိုးကူညီမှုတွေကြောင့် အောင်မြင်လုနီးပါးတိုး
တက်မှုရှိနေပြီ ဖြစ်ကြောင်းကို ယနေ့ဂျပန်နိုင်ငံထုတ် သတင်းစာတစောင်ဖြစ်တဲ့ ဆာကေး ရှင်ဘွန်းသတင်းစာတွင် ဖေါ်ပြထားသည်။ Continue reading “မြောက်ကိုရီးယား အကူအညီဖြင့် တာဝေးပစ်ဒုံး လက်နက် ထုတ်လုပ်မှု တိုးတက်”

ကျိုက်ခေါက် ဘုရားပွဲ(ဗီဒီယို)

2011 ခုနှစ် ရန်ကုန် တိုင်း သံလျှင် မြို့ နယ် ကျိုက်ခေါက်ဘုရားပွဲ မှ ပွဲဈေး၊အလှုဒါန ၊ဖျော်ဖြေပွဲ များ၊ ဇာတ်အားကစားများ၊ရုပ်သေး သဘင် နှင့် မြန်မာ့ ရိုးရာ လက်မှုပစ္စည်း နှင့် မုန်ပဲ သရေ စာ အရောင်ဆိုင်များ ကိုကြည့်ရှု နိုင်သည်။ နေ့ နှင့် ည နှစ် ပိုင်း ခွဲ ၍ တင်ဆက်ထားသည်။ ရုပ်သေး သဘင် ကို အပိုင်း (၂) တွင် ကြည့်ပါ။ ______________________________________________________ Continue reading ကျိုက်ခေါက် ဘုရားပွဲ(ဗီဒီယို)

Rate this:

ဓာတ်ဆီဈေး ငါးထောင် ကျော်ပြီ

နေမျိုးဦး၊     ၊ရန်ကုန် မြို့ တွင် ဓာတ်ဆီ တစ်ဂါလံ ၅၀၀၀ ကျပ် မှာ ၆၀၀၀ ကျပ်ဈေး ရှိကာ
မန္တလေး နှင့်နေပြည်တော် တွင် ကျပ် ၆၀၀၀ ကျော် ဈေးပေါက်သည်။ ယနေ့ မနက် မန္တလေး
မြို့ လည်မှာပင် ငါးပုလင်း တစ်ဂါလံ ကို ကျပ် ၆၂၀၀ ဖြင့် ဖြည့်လိုက် ရသည့် ယာဉ်မောင်း
တစ်ဦးကFreedom News Group သို့ ပြောပြသည်။ Continue reading “ဓာတ်ဆီဈေး ငါးထောင် ကျော်ပြီ”

မူးယစ်ဆေး ထုတ်လုပ် ခြင်းအား ထိန်းချုပ်မှု ကင်းမဲ့သောနိုင်ငံများ စာရင်းတွင် မြန်မာပါဝင်

အောင်မြင် ။   ။မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချနေခြင်းကို ထိန်းချုပ်မှုအဆိုးရွားနိုင်ငံများမှာ ဘိုလီဘီယား၊မြန်မာ၊ဗင်နီဇွဲလားနိုင်ငံများ ဖြစ်ကြောင်း အိုဘားမားအစိုးရရဲ့အုပ်
ချုပ်ရေးဌာနမှ တရားဝင်ထုတ်ပြန် ကြေညာလိုက်သည်။ Continue reading “မူးယစ်ဆေး ထုတ်လုပ် ခြင်းအား ထိန်းချုပ်မှု ကင်းမဲ့သောနိုင်ငံများ စာရင်းတွင် မြန်မာပါဝင်”

အင်းတကော် ရှိ လက်နက် စက်ရုံ မီးလောင်မှု ဖြစ်ပွား

Kခိုင်၊    ၊အမှတ် (၁) ခဲယမ်းမီးကျောက် နှင့် လက်နက် တပ် တည်ရှိ ရာ ပဲခူးတိုင်း အင်းတကော် မြို့ 
မှ စစ်လက် နက် ပစ္စည်းများ ထုတ် လုပ် သည့် စက်ရုံသည် ယနေ့ ညနေ ၅း၃၀ နာရီ တွင်
လောင်ကျွမ်း ခဲ့ပြီး ည ၇း၃၀ အချိန် တွင် ငြိမ်းသတ် နိုင် ခဲ့ကြောင်း FNG မှ သတင်းရရှိသည်။ Continue reading “အင်းတကော် ရှိ လက်နက် စက်ရုံ မီးလောင်မှု ဖြစ်ပွား”

ဘတ်ဂျက် ၏ လေးပုံ တစ်ပုံ ကို စစ်ရေး တွင် အသုံးပြုမည်

အသစ်ပေါ်ပေါက်လာသည့် လွှတ်တော် မှ ရွေးချယ် တင်မြှောက် လိုက် သည့် စစ်အစိုးရ စိတ်
ကြိုက် စစ်ဝတ်စုံ မ၀တ် တော့ သည့် ဗိုလ်ချုပ်ကြီး များ အစိုးရသည်  တိုင်ပြည် တစ်နှစ် တာ
ဘဏ္ဍာငွေ ၏ ၂၄ ရာခိုင် နှုန်း ကို စစ်ရေး အသုံးစရိတ်များ အသုံးပြုရန် အတွက် ဟု ယနေ့ 
ထုတ်ပြန်ကြေငြာ သည့် သတင်းထဲ တွင် ဖော်ပြထားသည်။ Continue reading “ဘတ်ဂျက် ၏ လေးပုံ တစ်ပုံ ကို စစ်ရေး တွင် အသုံးပြုမည်”

မန္တလေး မြို့ ပေါ် တွင် နိုင်ငံရေး အန်တုမှု များ ပြုလုပ်

Just Do It အဖွဲ့  နှင့် အခြား ကျောင်းသား ၊ လူငယ် အဖွဲ့ များ သည် ယနေ့ မန္တလေးမြို့ လည်
နှင့် အခြေခံ အထက်တန်း ကျောင်း ရှေ့ များ တွင် စစ်အာဏာရှင် စနစ် ဆန့် ကျင်ရေး စာများ
နှင့် တော်လှန်ရေး တစ်ခု အတွက် ပြည်သူတို့  အရိုးရှင်းအလွယ်ကူ ဆုံး နည်းလမ်းဖြင့် ပါဝင်
နိုင်ပုံ စာရွက် ခေါက် ငယ် များ ကို ဖြန့် ချိ သွား သည် ဟု Freedom News Group မှ သတင်း
ရရှိသည်။ Continue reading “မန္တလေး မြို့ ပေါ် တွင် နိုင်ငံရေး အန်တုမှု များ ပြုလုပ်”

မန္တလေး မြို့ သိပ္ပံ လမ်း တွင် မီးလောင်မှု ဖြစ်ပွားနေ

FNG၊             ၊မန္တလေးမြို့  ရှိ နာမည်ကျော် သိပ္ပံလမ်း နှင့်  ၆၃လမ်းအတွင်းဘက်တွင် မြန်မာစံတော်ချိန် နေ့လည်၁၂နာရီအချိန်ခန့် က တည်းက  မီးစတင်လောင်ကျွမ်းနေကြောင်း FNG မန္တလေးသတင်းထောက်မှ
သတင်း ပေးပို့    သည်။
မီးစတင်လောင်ကျွမ်းရာနေရာသည် နအဖစစ်ဗိုလ်ချုပ်အများစုပိုင်ဆိုင် သည့် သိပ္ပံလမ်း၏နောက်ဖက် ၆၃လမ်းအတွင်းတွင် စတင်လောက်ကျွမ်းပြီး မီးသတ်ကားအစီး ၂၀ခန့်ချက်ခြင်းရောက်ရှိလာကာ ညှိမ်း သတ် ခဲ့ ကြောင်းသိရသည်။ Continue reading “မန္တလေး မြို့ သိပ္ပံ လမ်း တွင် မီးလောင်မှု ဖြစ်ပွားနေ”

နေပြည်တော် လေဆိပ် သစ် ကို တက်သုတ်ရိုက် တည်ဆောက်

လေဆိပ်သစ် ကြောင့် နိုင်ငံခြား ငွေ များ ဒလဟောထွက်

လက်ရှိ စစ်ခေါင်းဆောင် များ ပြည်ပထွက် ခွာရာ တွင် အသုံးပြုနေသည့် လေဆိပ်ဟောင်း ဓာတ်ပုံ- MG

Kခိုင်၊             ၊နေပြည်တော်ရှိ မြန်မာ နိုင်ငံတကာ လေဆိပ် သစ် အား နောက်ထပ် အလုပ်
သမား နှင့် ကျွမ်းကျင် အင်ဂျင် နီယာ များ စွာ ခေါ်ယူ၍ အလျှင်အမြန် တည်ဆောက် နေသည်
ဟု သိရသည်။

လေဆိပ်သစ် အတွက် လိုအပ် သော ပစ္စည်းများ ကို တရုတ်နိုင်ငံရှိ အကြီးစား စက်မှု လုပ်ငန်း
တစ်ခု ဖြစ်သည့် San Heavy Industries မှ ဒေါ်လာ သန်း ၃၀ ဖိုးခန့် ဝယ်ယူခဲ့သူ သတင်းရရှိ
သည်။ Continue reading “နေပြည်တော် လေဆိပ် သစ် ကို တက်သုတ်ရိုက် တည်ဆောက်”

ကုန်ဈေးနှုန်း များ “၀ုန်းခနဲ” ခုန်တက် ချိန် တွင် JUST DO IT က တော်လှန်ရေး ပထမ ခြေလှမ်း စတင်ရန် နှိုးဆော်

မြန်မာ နိုင်ငံ တွင်ဝန်ထမ်းများ လစာတိုးမြှင့် မည့် သတင်းထွက် ပေါ်ပြီး ဒေါ်လာဈေး
ရွှေဈေး၊ဓာတ်ဆီဈေး နှင့် အခြေခံ စားကုန်ဈေးများ ၀ုန်းခနဲ ခုန်တက် ချိန် တွင်
Just Do It အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှား မှု ကို ဦးဆောင် သူများ က
စစ်အာဏာရှင် စနစ် ကို ဖယ်ရှားရန် အတွက် ရိုးရှင်းပြီး လွယ် ကူလှ သော
ပထမ ခြေလှမ်း ကို စတင် ရန်ဆော်သြလိုက်သည်။ Continue reading “ကုန်ဈေးနှုန်း များ “၀ုန်းခနဲ” ခုန်တက် ချိန် တွင် JUST DO IT က တော်လှန်ရေး ပထမ ခြေလှမ်း စတင်ရန် နှိုးဆော်”

လွှတ်တော်ကို ဖျက်သိမ်း၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေး မည် ဟု သတင်းထွက်နေပြန်

နောက်ဆုံး ရရှိသည့် သတင်း အရမူ အောက်တွင် ဖော်ပြ ထားသည့် သတင်း နှစ် ခု စလုံး
သည် ငါးဆယ်/ငါးဆယ်သာ ဖြစ်သည် ဟု နေပြည်တော် ရှိ အကြီးတန်း အရာ ရှိ တစ်ဦးက
ပြောသည်။
________________________________________________________
Latest
: FNG မှ ထပ်မံ စုံစမ်း ချက် အရ လွှတ်တော် လည်း ဖျက်သိမ်း မည် မဟုတ် ပဲ
ဒေါ်အောင်ဆန်း စု ကြည် နှင့် လည်း ဗိုလ်ချုပ်မှုး ကြီးသန်း ရွှေက ဆွေးနွေးစရာ မရှိဟု
ကာကွယ်ရေး ၀န်ကြီး ဌာ န မှ ဗိုလ်မှုးကြီး တစ်ဦးက FNG သို့ အတည် ပြုပြောကြားသည်။ Continue reading “လွှတ်တော်ကို ဖျက်သိမ်း၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေး မည် ဟု သတင်းထွက်နေပြန်”

အင်းစိန် တွင် ဗုံးပေါက် ကွဲ တစ်ဦးသေ ၊လေးဦး ဒဏ်ရာရ

ဗုံးပေါက်ကွဲ မှု ဖြစ်ပြီးနောက် ရန်ကုန် မြို့ နံနက်ခင်း အား ဤသို့ မြင်တွေ့ ရသည်။

အောင်မြင်၊             ၊ယနေ့ ညနေ ၇နာရီ ၄၀ခန့်အချိန်တွင် မြန်မာနိုင်ငံ ရဲ့
မြို့တော်
ဟောင်းရန်ကုန် ၊အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဇေယျတံတားအနီးတွင်
ပေါက်ကွဲမှုတခုဖြစ်ပွား ခဲ့ကြောင်း Freedom News Group မှ သတင်းရရှိသည်။ Continue reading “အင်းစိန် တွင် ဗုံးပေါက် ကွဲ တစ်ဦးသေ ၊လေးဦး ဒဏ်ရာရ”