ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် စတင် တွေ့ ဆုံ

နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြသည်
ယနေ့ တိုင်းရင်း သား ခေါင်းဆောင် အချို့ နှင့် NLD ရုံးချုပ် တွင် တွေ့ ဆုံမည် ဟု သတင်း
ရရှိသည်။ ထိုသို့ တွေ့ ဆုံရန် စီစဉ် ထားစဉ် ဒုတိယ ပင်လုံ ညီလာ ခံ ၊ နယ်စပ် ဒေသ အရေး
ကိစ္စများ နှင့် ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေး အခြေအနေ တို့ ကို ဆွေးနွေးကြမည် ဟု
သိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် စတင် တွေ့ ဆုံ”

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ်သေဆုံး

စည်ပင် ၀န်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အောက်စီဂျင်ပြတ် သေဆုံးခဲမှု အား "မြန်မြန်တာ သင်္ဂြလ်လိုက် ကွာ" ဟု ပြောသည့် မြို့ တော်ဝန် အား စည်ပင်ဝန်ထမ်းများ မကျေမနပ်ဖြစ်ကြသည် ဟု သိရသည် Photo : Freedom News Group

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ )
မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ
(၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး
တပြိုင်နက်သေဆုံးသွားကြပါတယ် ။ အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီး
သေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှမထုတ်ပြန်ခဲ့ပါဘူး ။ Continue reading “မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ်သေဆုံး”

ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း

မြန်မာ နိုင်ငံတွင်း စစ်မှန်သော အပြောင်းအလဲ များ ပေါ်ပေါက်ပြီး သွေးထွက်သံယို နာကျင်ခက်
ခဲမှု မရှိ သောအပြောင်းအလဲ များဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်း ထားကြောင်း
လန်ဒန် အခြေစိုက် ဘီဘီစီ သတင်းဌာန တွင် တွေ့ ဆုံမေးမြန်းခန်း တွင် ဒေါ်အောင်ဆန်းစုကြည်
က ထည့်သွင်းပြောကြား သွားသည်။ Continue reading “ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း”

သတင်းစာရှင်းလင်း ပွဲဉ် NLD သည် နိုင်ငံရေး အဖွဲ့ အစည်းဖြစ်၍ နိုင်ငံရေးသာ ဆက်လုပ်မည် ဟု ဒေါ်စုပြော

မြန်မာ ပြည်သူ လူထု နှင့် ရေကိုခြား လို့ အကြား မထင်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သူမ ကျော်ကြားလှ သည့် မျှော်လင့် ချက် ကို ဘယ်တော့ မှ မစွန့် လွှတ် နဲ့ ဟု အမည်ရသည့် မိန့် ခွန်း တွင် ထည့်သွင်း ပြောကြားသွားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းစာရှင်းလင်း ပွဲဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံချင်သည့် အကြောင်း အမျိုးသား ရင်ကြားစေ့ရေး ကို ဦးစာပေး လုပ်ဆောင် သွားမည် ဆိုသည့် အကြောင်း တို့ ပါရှိသည်။
သတင်းစာရှင်းလင်း ပွဲဉ် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မ အနေ နဲ့ ပြည်သူတွေ ပိုပြီး အခက်အခဲ ဖြစ်စေတယ့် လမ်း ကို ရွေးမှာ မဟုတ် ဘူး ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းစာရှင်းလင်းပွဲဉ် သတင်းထောက်များက
NLD သည် စေတနာ့ ဝန်ထမ်းလူမှု အဖွဲ့ စည်း အဖြစ် ရပ်တည် မှာ လား ဆိုသည့် မေးခွန်း ကို ဖြေကြားရာဉ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုင်ငံရေး လုပ်ရန် ဖွဲ့ စည်း ထားသော အဖွဲ့ ဖြစ်သည့် အတွက်
နိုင်ငံရေး သာဆက်လုပ်သွား မည် ဟု ပြောကြား ခဲ့သည်။ Continue reading “သတင်းစာရှင်းလင်း ပွဲဉ် NLD သည် နိုင်ငံရေး အဖွဲ့ အစည်းဖြစ်၍ နိုင်ငံရေးသာ ဆက်လုပ်မည် ဟု ဒေါ်စုပြော”

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ပြောကြားမှု ပရိသတ် ငါးသောင်းကျော်တက်ရောက်

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဦဆုံးအကြိမ် မိန့် ခွန်းပြောကြားမှု ဉ်ကနီဦး ပရိတ်သတ် ငါးသောင်းကျော် တက်ရောက်က နောက်ပိုင်းတွင် ခြောက်သောင်း ကျော် အထိဖြစ်လာခဲ့သည်
ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောပွဲ သို့ တက်ရောက်နားထောင်သည့် ပြည်သူလူထုကြီး
လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး အကျဉ်းသား များ ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ယနေ့ အမျိုး သားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးရှေ့ မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ မိန့် 
ခွန်းပြောကြားမှု ကို ရန်ကုန် နဲ့ နယ်မြို့ တွေက ပရိတ် သတ် ငါးသောင်းကျော် တက်ရောက်
ကြတယ် လို့ သတင်းရရှိပါတယ်။

CNN,BBC, NBC, France 24 , RT, Al Jazerra အပါအ၀င်  နိုင်ကာသတင်းသတင်းဌာနတွေမှာ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့ သတင်းကို ဦးစားပေး ဖော်ပြ ကြသလို  ကမ္ဘာနိုင်ငံ
ခေါင်းဆောင်တွေကလည်းဒေါ်စု လွတ်မြောက်မှု အတွက် ကြိုဆို နှုတ်ဆက်စကားတွေ။ စစ်အစိုးရ ရဲ့ 
အကျိုးတူစီးပွားဖက် တရုတ် နိုင်ငံကတော့သူ့ နိုင်ငံ မှာ လည်း ထောင်သွင်း အကျဉ်းချ ခံထားရတဲ့ နိုဘဲလ်
ငြိမ်းချမ်းရေး ဆုရှင်ရှိတာ ကြောင့် ဒေါ်စု လွတ်မြောက်လာမှုကိုမုဒိတာ မပွား နိုင်ပါဘူး။ Continue reading “ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ပြောကြားမှု ပရိသတ် ငါးသောင်းကျော်တက်ရောက်”

ဒေါ်အောင်ဆန်းစုကြည် နှင့် ထောက်ခံသူများ (ဓာတ်ပုံ၊ဗီဒီယို)

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးသည့် အတွက် အိုဘားမားက မြန်မာ စစ်အစိုးရ ကို ကောင်းချီး
ပေး ၊ နိုင်ငံရေး အကျဉ်းသား များ ပါ ဆက်လွှတ်ပေးရန် တောင်းဆို

နေအိမ်အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်လာသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားသူမ အား ထောက်ခံသူများ အား နှုတ်ခွန်းဆက် စကား ဆိုနေစဉ် (AP Photo/Khin Maung Win)
မြန်မာ့ နိုင်ငံရေး သမိုင်း၊ပြည်သူ တို့ ၏ ဘ၀ နှင့် တိုင်းပြည် ၏ ကံကြမ္မာ ကို အပြောင်းအလဲ လုပ်ပေးမည့် ဒေါ်အောင်ဆန်းစုကြည် ပြည်သူရှေ့ မှောက် သို့ အားမာန် အပြည့်ဖြင့် တကျော့ ပြန်ရောက်ရှိ လာစဉ်
CNN သတင်းဌာန ၏ အင်တာနက်စာမျက်နှာ တွင် ပထမဦး ဆုံး အကြိမ် အဖြစ် နှစ် ကော်လံ တွဲ ဖော်ပြ ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု သတင်း

Continue reading “ဒေါ်အောင်ဆန်းစုကြည် နှင့် ထောက်ခံသူများ (ဓာတ်ပုံ၊ဗီဒီယို)”

ပြန်လည်လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆို

ဆယ်ငါးနှစ် တာအတွင်း ပထမ ဦးဆုံးအကြိမ် ပြန်လည် တွေ့ မြင်ရသည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့ မှ ပြည်သူများ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာ သည့် သတင်း သည် နိုင်ငံတကာသတင်းများ တွင် ထိပ်တန်း သတင်းတစ်ပုဒ် အဖြစ် ဤ သို့ နေရာယူ
ဒေါ်အောင်ဆန်းစုကြည်နေအိမ် ရှိရာ တက္ကသိုလ် ရိပ်သာလမ်း တွင် လာရောက်ကြိုဆိုသူများ၊ထောက်လှမ်းရေးများ၊ကြံ့ဖွံ့ များ ကို ယနေ့ နေ့ လည် ၁ နာရီ ဉ် ဤသို့ တွေ့ ရသည်
နံနက် ၉ နာရီ တွင် အဖွဲ့ ချုပ် ခေါင်းဆောင်များ ဗဟန်း NLD ရုံးချုပ် သို့ ရောက်ရှိ လာစဉ်

တတိယ အကြိမ် မြောက်နေအိမ် အကျယ်ချုပ် ကျခံရချိန် တွင် ရှစ်နှစ် ကျော်ကြာ နေခဲ့ရသည့် ဒေါ်အောင်ဆန်းစု
ကြည် သည် ယနေ့  ပြန်လည် လွတ်မြောက် လာပြီ ဟု NLD အဖွဲ့ ဝင် တစ်ဦးက Freedom News Group သို့ အတည်
ပြုပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ငါးနာရီ မိနစ် နှစ် ဆယ်အချိန် ခန့် စစ်အစိုးရ ကျင်းပ
သည့် ရွေးကောက်ပွဲ ပြီး တစ်ပတ် အကြာတွင် လွတ်မြောက် လာခြင်းဖြစ်သည်။

ပြန်လည် လွတ်မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူများ အား နှုတ်ဆက် စကားပြောကြားပြီး
နောက် မနက်ဖြန် NLD ရုံးချုပ် ရှေ့ ဉ် အသံချဲ့ စက် ဖြင့် သူမ အားထောက် ခံသူများအား နှုတ်ခွန်း ဆက်သမည်
ဟု  သိရသည်။

ထပ်မံတင်ဆက်မှု နေ့ လည် ၁၂ နာရီ …….ဒေါ်အောင်ဆန်းစုကြည် နေအိမ် ရှေ့ မှ ကာရံထားမှု များ ကို လုံခြုံ
ရေး တပ်ဖွဲ့ ဝင်များက စတင်ဖယ်ရှား နေဟု သိရ

နေအိမ်အကျယ်ချုပ် ချခံထား ရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက် လာမည် ကို စောင့်ကြိုသူများ ယမန်နေ့ ကထက် ပိုမို များပြား လာသည် ဟု
အဖွဲ့ ချုပ် လူငယ် အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ ကိုသန်းဌေးက FNG သို့ ပြောသည်။ Continue reading “ပြန်လည်လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆို”

DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိ နှင့် တွေ့ ဆုံမေးမြန်းမှု

DKBA  ဗိုလ်မှုးချုပ် စောလားပွယ် မှ ဖမ်းဆီးထားသည့် ဗိုလ်ကြီး သက်နိုင်ကို ယမန်နေ့ က ပြန် လည် လွှတ်ပေး လိုက်ပြီး သူ့ ကို နိုဝင်ဘာလ ၈ ရက်နေ့ က ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။စစ်ဦးစီး မှုး တတိယ တန်း အဖြစ် လည်း တာဝန် ထမ်းဆောင် နေသူ အဆိုပါ ဗိုလ်ကြီးက တွေ့ ဆုံ ဆွေးနွေး ရေး သည် နိုင်ငံ အနာဂတ် အတွက် အရေး ကြီး သည် ဟု သူ၏ ဆန္ဒသဘောထားကို ပြော ဆိုခဲ့သည်။ Continue reading DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိ နှင့် တွေ့ ဆုံမေးမြန်းမှု

Rate this:

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာမည် ကို စောင့်ကြိုနေသူများ (သတင်း ဓာတ်ပုံ)

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမည် ကို
မြန်မာ ပြည်သူများသာမက
တစ်ကမ္ဘာလုံးက စောင့်မျှော်နေကြသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမည် ဆိုသည့် သတင်းကြောင့် အဖွဲ့ ချုပ် ရုံး ရှေ့ တွင် လာရောက်ကြိုဆိုနေသူများ

Continue reading “ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာမည် ကို စောင့်ကြိုနေသူများ (သတင်း ဓာတ်ပုံ)”

ဗိုလ်နှုတ်ခမ်းမွှေး နှင့် အဖွဲ့ ဝေါလေကို ပြန်လည် သိမ်းပိုက် နအဖ စစ်တပ် အတုံးအရုံး သေဖွယ်ရှိ

Continue reading ဗိုလ်နှုတ်ခမ်းမွှေး နှင့် အဖွဲ့ ဝေါလေကို ပြန်လည် သိမ်းပိုက် နအဖ စစ်တပ် အတုံးအရုံး သေဖွယ်ရှိ

Rate this:

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြည်သူများမျှော်လင့်ဆဲ

နံနက် ၉ နာရီ နောက်ဆုံးရ သတင်းများ အရ ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖ ကိုယ်စားလှယ် တို့ ယမန် နေ့ က စကားပြောဆို အပြီး တွင်ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ စနေနေ့ တွင် ပြန်လည် လွတ်မြောက် လာမည် ဟု သတင်းရရှိသည်။ updated(ည ၁၂း၀၀) နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂ နာရီ အထိ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း မရှိသေး ဟုFNG မှ သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖ ကိုယ်စား လှယ် အချို့  ဆွေးနွေးမှု အချို့  ပြုလုပ် နေဆဲ ရှိ သည် ဟု NLD သတင်း ရပ်ကွက် မှ စုံစမ်း သိရှိ ရသည်။ updated(၅း၀၀) … Continue reading ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြည်သူများမျှော်လင့်ဆဲ

Rate this:

သင်္ကေတများ ၊နိမိတ်ပုံ များ ဖြင့် မဲပေးခြင်း

နိုဝင်ဘာလ ၇ ရက်နေ့ ကကျင်းပတဲ့ ရွေးကောက် ပွဲ မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က ၁၉၉၀ ပြည့်
နှစ်က ဗိုလ်ချုပ်ကြီး စောမောင်မဲပေး ခဲ့သလိုမျိုး အရပ်ဝတ် နဲ့ မဟုတ် ပဲ စစ်ဝတ်စုံ နဲ့ မဲပေး ခဲ့တာ
ကြောင့် စစ်တပ်အုပ်ချုပ် ရေး ဟာ ဆက်ရှိနေမယ် လို့ နိမိတ်ပုံ တွေ ၊သင်္ကေတ တွေ နဲ့ တင်စားတာ
လား လို့ မေးစရာ ရှိလာ ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင် ကားတွေ ကတော့ နိမိတ်ပုံတွေ ၊သင်္ကေတ
တွေ နဲ့ တင်စား ပြီး ဇာတ်ကား ရဲ့ ဆိုလိုရင်း၊ဇာတ် ကွက် ရဲ့ ဆိုလိုရင်း ကိုဖော်ညွှန်း တတ်ပါတယ်။ Continue reading “သင်္ကေတများ ၊နိမိတ်ပုံ များ ဖြင့် မဲပေးခြင်း”

သြစတေးလျှ ရုပ်သံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ မြန်မာ နိုင်ငံတွင်းပျောက်ဆုံးနေ

သြစတေးလျှ အသံလွှင့် ကော်ပိုရေးရှင်းမှ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးရန် အတွက် မြန်မာ နိုင်ငံ
တွင်း ရောက်ရှိ နေကြသည့် ဟူရ် ပက်ပါ နှင့် အဖွဲ့ သည် ယမန်နေ့ ညကတည်းက ပျောက်ဆုံး
နေသည် ဟု သတင်းရရှိသည်။ Continue reading “သြစတေးလျှ ရုပ်သံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ မြန်မာ နိုင်ငံတွင်းပျောက်ဆုံးနေ”

ဒေါ်အောင်ဆန်းစုကြည် အယူခံ ပယ်ချခံရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် ချမှတ်ထားသည့်
့ပြစ်ဒဏ်ကို ပြင်ဆင် ပြောင်းလဲရန် အယူခံလွှာ တင်ခြင်း ကို နေပြည်တော် တရား ရုံးချုပ် က ပယ်ချ
လိုက်သည် ဟု သတင်းရရှိသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အယူခံ ပယ်ချခံရ”