လပွတ္တာတွင် ကြံ့ဖွံ့ က ရွေးကောက်ပွဲ မဲဆွယ်ရန် စက်လှေ ချောဆွဲမှု ကြောင့် ကျောင်းသား ၄၀ ကျော်သေဆုံး

Forty killed in Myanmar Overloaded Ferry Sank, 15 missing

လပွတ္တာ ဒေသတွင် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က စက်လှေများ နစ်မြုပ်မှု ကြောင့် ခရီးသွားပြည်သူများ မှာ ပို့ ဆောင်ရေးရှားပါးမှု နှင့် ကြုံတွေ့ ရသည်

ဟိန်းခိုင်ထွန်း၊     ၊စက်တင်ဘာလ ၆ ရက်နေ့ က ဧရာဝတီ တိုင်း လပွတ္တာ မြို့ မှာ စက်လှေ တစ်စီး ရွေးမြစ်ဝ ထဲမှာ နစ်မြုပ်မှု ကြောင့် ဆရာမ နှစ်ဦး အပါအ၀င် ကျောင်းသူ၊ကျောင်းသား လေးဆယ် ကျော် သေဆုံးခဲ့သည်။စက်လှေနစ်
မြုပ်ရ ခြင်းမှာ စက်လှေပေါ်တွင် ခံနိုင်ရည် ၀န်ထက် ပိုမို တင်ဆောင် ထားခြင်း ကြောင့် ဖြစ်သည် ဟု သိရသည်။ Continue reading “လပွတ္တာတွင် ကြံ့ဖွံ့ က ရွေးကောက်ပွဲ မဲဆွယ်ရန် စက်လှေ ချောဆွဲမှု ကြောင့် ကျောင်းသား ၄၀ ကျော်သေဆုံး”

ပဲခူး လူငယ်နှစ်ဦးကို သတ်သည့် စစ်ဗိုလ် နေပြည်တော် သို့ ပြောင်းလဲတာဝန် ထမ်းဆောင်

စက်တင်ဘာလ ၄ ရက်နေ့ ညက ပဲခူးမြို့  ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ
မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက်
(၂၃) နှစ် ဦးအား ကျဉ်ဘောက်မှာ ကျဉ်ကုန်သည် ထိ ရက်စက်စွာ ပစ်ခတ်ရန် အမိန့် ပေးခဲ့သည့်
အခြေစိုက် ခလရ  ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် ပြည်သူကို တရားလက်လွတ်
သတ်ဖြတ်သည့် ထို အမှု အတွက် မည်သည့်အရေးယူမှု ကိုမျှ ခံရခြင်း မရှိဘဲ နေပြည်တော် သို့ ပြောင်း
ရွှေုတာဝန်ချထား ခံခြင်း ရသည် ဟု Freedom News Group မှစုံစမ်း သိရှိရသည်။ Continue reading “ပဲခူး လူငယ်နှစ်ဦးကို သတ်သည့် စစ်ဗိုလ် နေပြည်တော် သို့ ပြောင်းလဲတာဝန် ထမ်းဆောင်”

ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များကိုနေရပ်ပြန်ပို့ မည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ပြော

Thailand wants to send refugees home

ဆယ်စုနှစ် နှစ်ခု အတွင်းမှာ ပထမဦး ဆုံး ကျင်းပတဲ့ စစ်အစိုးရ ရဲ့  ရွေးကောက်ပွဲ ကျင်းပပြီး စီးသွားရင်
ထိုင်းအစိုးရ အနေနဲ့  ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တွေ ကို နေရင်း ဒေသကို ပြန်ပို့ မှာ ဖြစ်တယ် လို့ 
အမေရိကန် နိုင်ငံ နယူးယောက် မြို့  ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ တက်ရောက် စကားပြောဖို့ ရောက်ရှိ
လာတဲ့ ထိုင်း နိုင်ငံခြား ရေးဝန် ကြီး က Asian Society နှီးနှော ဖလှယ်ပွဲ မှာ အခု လို ပြောကြား လိုက်တာ ဖြစ်
ပါတယ်။ Continue reading “ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များကိုနေရပ်ပြန်ပို့ မည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ပြော”

Face Book သုံးစွဲသူ မြန်မာလူမျိုး ခုနှစ်သောင်း ကျော်ရှိ

Face Book Popularity in Burma

ယခုတစ်ပတ် လူကြိုက်များ နေသည့် "The Social Network" အမည်ရှိ ရုပ်ရှင်ကား ထဲမှ ဖေ့ဘွတ် တည်ထောင်သူ ရှောင် ပတ်ကား အဖြစ် သရုပ်ဆောင်သူ ဂျပ်စတင် တင်ဘာလိခ် နှင့် မာခ် ဇာက်ကာဘာဂ် အဖြစ် သရုပ်ဆောင်သူ ဂျက်ဆီ အိုင်ဆင်ဘာဂ်

သီရိထက်၊ ၊အမေရိကန် နိုင်ငံတွင် အခြေစိုက် သည့် အင်တာနက် လူမှုကွန်ယက် ၀ဘ်ဆိုတ် တစ်ခုဖြစ်သည့် Face Bookတွင် မြန်မာလူမျိုးအသုံးပြုသူပေါင်း (မွေးဖွားရာနိုင်ငံ-မြန်မာ) ဖြင့် ဖွင့်ထားသူပေါင်း ခုနှစ်သောင်း ကျော်ရှိသွားပြီ ဖြစ်ကြောင်း Face Book မှတာဝန်ရှိ သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

မက်ဆာချူးဆက် ပြည်နယ် ကမ်းဘရေခ်ျ တက္ကသိုလ် တွင် စတင်ခဲ့သည့် Face Book အမည်ရှိ အင်တာနက်
လူမှုကွန် ယက် ကို မာခ် ဇာက်ကာဘာဂ် ဆိုသည့် လူငယ်တစ်ဦးက ၂၀၀၄ ခုနှစ် ဖေဖေါ်ဝါရီတွင် စတင်တည်
ထောင်ခဲ့ခြင်းဖြစ်သည်။ Continue reading “Face Book သုံးစွဲသူ မြန်မာလူမျိုး ခုနှစ်သောင်း ကျော်ရှိ”

ဝေနှင်းပွင့်သုန် မိန့် ခွန်းကြောင့် လူငယ်များ နိုင်ငံရေး ကိုစိတ် ၀င်စားလာကြ

ဟိန်းခိုင်ထွန်း၊      ၊စက်တင်ဘာ လ ၂၇ ရက်နေ့ က အင်္ဂလန် နိုင်ငံ မန်ချက်စတာ မြို့ တွင် ကျင်းပသည့်
ဗြိတိသျှ ပါတီ ကြီးတစ်ခုဖြစ်သည့် လေဘာ ပါတီ ညီလာခံဉ် အသက် ၂၂ နှစ် အရွယ်ရှိ မဝေနှင်းပွင့်သုန် ပြောကြားသည့် မိန့် ခွန်းသည် အင်္ဂလိပ် ဘာသာဖြင့်ပြောကြား သော်လည်း လူငယ်များ နိုင်ငံရေး အရ အင်အား တက်ကြွှဖွယ် ဖြစ်ပြီး ၊ထိုမိန့် ခွန်းကြောင့် ပင် လူငယ်များ နိုင်ငံရေး ကို ပိုမို စိတ် ၀င်စားလာကြသည် ဟု သိရသည်။ Continue reading “ဝေနှင်းပွင့်သုန် မိန့် ခွန်းကြောင့် လူငယ်များ နိုင်ငံရေး ကိုစိတ် ၀င်စားလာကြ”

ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည် ဟု စစ်အစိုးရပြော

Myanmar’s military junta says it will release Nobel laureate Aung San Suu Kyi

နေအိမ် အကျယ်ချုပ်ချမှတ် ထားခြင်းခံရတဲ့ မြန်မာ့ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကို သူမရဲ့ အကျယ်ချုပ်သက်တမ်း ပြည့်မြောက်တဲ့
နိုဝင်ဘာလ အတွင်းမှာ ပြန်လည်  ပြန်လွှတ်ပေးမှာ
ဖြစ်တယ်လို့  မြန်မာ စစ်အစိုးရ က ဒီကနေ့ ထုတ်ဖော်
ပြောကြားလိုက် ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်
က သူတို့ ရဲ့ သတင်း ထုတ်ပြန်ချက် တစ်ခု  ဖြစ်တဲ့
နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်
မဲပေးခွင့်ရှိတယ် လို့ ကြေငြာအပြီး မရှေးမနှောင်းမှာ ပဲ
ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည် ဟု စစ်အစိုးရပြော”

လူတိုင်းဝင်ရောက်ရေးသား နိုင်မည့် Myanmar i Report အင်တာနက်စာမျက်နှာ စတင်

Continue reading “လူတိုင်းဝင်ရောက်ရေးသား နိုင်မည့် Myanmar i Report အင်တာနက်စာမျက်နှာ စတင်”

ဟူဂိုချာဗတ်ဇ် ရဲ့ ရန်သူတော်များ ရွေးကောက်ပွဲတွင် ပြုံးပန်းဆင်

Venezuela Opposition Makes Important Gains

ရွေးကောက်ပွဲရလာဒ် ထွက်ပေါ်အပြီး အောင်ပွဲ ခံနေသည့် ဗင်နီဇွဲလား အတိုက်အခံများ (AP Photo/Leonardo Ramirez)

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံ ရွေးကောက်ပွဲတွင် ယခင် ပါလီမာန် သုံးပုံနှစ်ပုံ ကိုင်ထားခဲ့သော သမ္မတ ဟူဂိုချာဗတ်ဇ် ရဲ့ ဆိုရှယ်လစ်ပါတီ (PSUV) ကို အတိုက်အခံများက မှောက်လှန်ပစ်နိုင်ခဲ့သည်။ ချာဗတ်ဇ် ပါတီမှာ မဲအများစုဖြင့် အနိုင်ရရှိသော်လည်း အတိုက်အခံ စုပေါင်းပါတီ (MUD) က ပါလီမာန်တွင် အရေးပါသော အုပ်စု ဖြစ်လာခဲ့ပြီ။ Continue reading “ဟူဂိုချာဗတ်ဇ် ရဲ့ ရန်သူတော်များ ရွေးကောက်ပွဲတွင် ပြုံးပန်းဆင်”

ရဲမွန်မှ တပ်ရင်းမှုးများကို ထောင်ဒဏ်ချမှတ်၊စစ်တပ်အရာရှိငယ် နှစ်ရာကျော်ကို ရာထူးများမှအနားပေး

ရဲမွန် တပ်မြို့  ရှိ တပ်ရင်းများ မှ ရှောင်တစ်ခင် အလစ်အငိုက် ဖမ်းဆီးထားသော တပ်ရင်းမှုး
နှင့် ဗျူဟာမှုး ရှစ်ဦးအား နေပြည်တော် တွင် စစ်ခုံရုံး တင်ကာ စစ်ဆေးနေသည်ဟု
သတင်းများ ထွက်ပေါ်ပြီးနောက် ပိုင်းတွင် အမိန့် မနာခံမှု ၊ ငွေကြေး အလွဲသုံးစားလုပ်မှု များ
ဖြင့်ထောင်ဒဏ် နှစ်နှစ်ဆယ်စီ ချလိုက်သည် ဟု Freedom News မှ စုံစမ်းသိရှိရသည်။ Continue reading “ရဲမွန်မှ တပ်ရင်းမှုးများကို ထောင်ဒဏ်ချမှတ်၊စစ်တပ်အရာရှိငယ် နှစ်ရာကျော်ကို ရာထူးများမှအနားပေး”

ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရ

Burmese Exile Media Web Sites Under Attacks Again

http://theirrawaddyburmese.blogspot.com/ အင်တာနက် လိပ်စာဖြင့် ယာယီ Weblog အားတိုက်ခိုက်ခံရမှု အပြီးတွေ့ ရစဉ်

ဟိန်းခိုင်ထွန်း၊ကိုဦး ၊       ၊ထိုင်း နိုင်ငံချင်းမိုင် မြို့ တွင် အခြေစိုက်သော မြန်မာ သတင်းဌာန တစ်ခုဖြစ်သည့် ဧရာဝတီ သတင်းဌာန နှင့် နော်ဝေ နိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ သတင်းဌာန အင်တာနက်စာမျက်နှာများမှာDDoS စနစ်ဖြင့် တိုက်ခိုက်မှု ခံရသည် ဟု သတင်းရရှိသည်။

ထိုသို့ တိုက်ခိုက်ခံရမှု များကြောင့် ဧရာဝတီ သတင်းဌာန ၏ မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာသာဖြင့် သတင်းတင်ဆက်ထားသည့် စာမျက်နှာများမှာကြည့်ရှု ၍ မရဖြစ်ခဲ့သည်။ ယခု တိုက်ခိုက်မှု နှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာန ၏ တည်ထောင်သူ နှင့် အယ်ဒီတာချုပ် ဖြစ်သူဦးအောင်ဇော်က ယခုတိုက်ခိုက်ခံရမှု မှာ ၂၀၀၈ ခုနှစ်နောက် ပိုင်းတွင် ဒုတိယမြောက် အကြီးမားဆုံးဖြစ်ပြီး ပို၍ လည်းစွမ်းအား ပြင်းထန် လာသည် ဟု Freedom News Group သို့ ပြောသည်။ Continue reading “ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများ တိုက်ခိုက်ခံရ”

DKBA တပ်ဖွဲ့ဝင်ပိုင်အိမ်ကို ချိတ်ပိတ်သိမ်းမှုကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမှာကို ဒေသခံတို့ စိုးရိမ်

စစ်အစိုးရတပ်ဖွဲ့ ဝင်များ ၏ ဖိအားပေးခံမှု ကို ခံနေရသည့် DKBA တပ်ဖွဲ့ ဝင်များ

အောင်မြင်၊    ၊လွန်ခဲ့သည့်စက်တင်ဘာ၂၁ရက်ညနေပိုင်းကDKBAမှဗိုလ်စောကျော်သက်သက်နှင့်
အဖွဲ့သည် မြ၀တီရဲစခန်းကိုလက်နက်နှင့်ဝိုင်းပြီး DKBA  ၉၀၁တပ်ရင်းနှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့ ၆၆၉ တပ်ရင်းပိုင် တရားမ၀င်လိုင်စင်မဲ့ကားများပြန်တောင်းမှုဖြစ်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးမှ ဗိုလ်စောကျော်သက်နှင့် အဖွဲ့အားဖမ်းဆီးမိန့်ထုတ်ခဲ့သည်။ Continue reading “DKBA တပ်ဖွဲ့ဝင်ပိုင်အိမ်ကို ချိတ်ပိတ်သိမ်းမှုကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမှာကို ဒေသခံတို့ စိုးရိမ်”

ဒေါ်အောင်ဆန်းစုကြည် မဲ ထည့်၊မထည့် ကို ပြည်သူများ သိချင်နေကြ

Updated: နောက်ဆုံးရ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် အား တစ်သီးပုဂ္ဂလ အဖြစ်ရွေး
ကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပင်ပြုမည် ဟု သတင်းများ ထွက်ပေါ်နေသည်။

ဟိန်းခိုင်ထွန်း
၊           ၊နိုဝင်ဘာလ ၇ ရက် နေ့ ဉ်ကျင်းပမည့်  မြန်မာ စစ်အစိုးရ၏ ရွေးကောက် ပွဲ တွင် နေအိမ်အကျယ်ချုပ်ချမှတ် ခံနေရသည့် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် မဲပေးပိုင် ခွင့်ရှိသည် ဟု စစ်အစိုးရက ထုတ်ပြန် ကြေငြာလိုက် ပြီးနောက် တွင် ပြည်တွင်း ပြည်ပရောက်မြန်မာ ပြည်သူလူထု  က  ထိုနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် မဲရုံသို့ သွား မသွား သိချင်နေကြသည် ဟု သတင်း ရရှိသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် မဲ ထည့်၊မထည့် ကို ပြည်သူများ သိချင်နေကြ”

ရွှေဝါရောင်တော်လှန်ရေး ၃နှစ်ပြည့်အခမ်းအနားကို ဒုက္ခသည်စခန်းတွင်ကျင်းပ

အောင်မြင် ၊ရွှေဝါရောင်တော်လှန်ရေး ၃နှစ်ပြည့်အခမ်းအနားကို ထိုင်းနိုင်ငံ၊အုန်းပြန့်ဒုက္ခသည်စခန်းရှိ ကမ္ဘာလုံးချမ်းသာဘုန်းတော်ကြီးကျောင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အခမ်အနားသို့ တက်ရောက်လာသောသံဃာတော်များက မေတ္တာပို့ ဆုတောင်းပြီးနောက် သံဃာတော်အပါး (၁၂၀)အား (ဒံပေါက်)ဖြင့်နေ့ ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။ ဆွမ်းကပ်လှူပြီး အခမ်းအနားအစီအစဉ်ကို နေ့လည် ၁၂ နာရီတွင် စတင်ကြောင်း ကော်မတီဝင်တဦးက Freedom News Group သို့ပြောပြပါသည်။ Continue reading “ရွှေဝါရောင်တော်လှန်ရေး ၃နှစ်ပြည့်အခမ်းအနားကို ဒုက္ခသည်စခန်းတွင်ကျင်းပ”

ဒေါ်အောင်ဆန်းစုကြည် မဲပေးနိုင်သည် ဟု မြန်မာ စစ်အစိုးရပြော

Myanmar officials now say Aung San Suu Kyi can vote in poll

ပြီးခဲ့သည့် သတင်းပတ်က မဲပေးခွင့်ရှိ သူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နာမည် ကို ထည့်သွင်း မထားဟု သိရသည်

နိုဝင်ဘာလ ၇ ရက် နေ့ ဉ်ကျင်းပမည့်  မြန်မာ စစ်အစိုးရ၏ ရွေးကောက် ပွဲ တွင် နေအိမ်အကျယ်ချုပ်
ချမှတ် ခံနေရသည့် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် မဲပေးပိုင် ခွင့်ရှိသည် ဟု ယနေ့ ထုတ်ပြန် ကြေငြာလိုက်သော် လည်းရွေးကောက် ပွဲ ကျင်းပမည့် နေ့ တွင် မပြီးဆုံးသေးသည့် နေအိမ် အကျယ်ချုပ် ကြောင့် ပြင်ပသို့ လွတ်လပ်စွာ ထွက်ခွာ ခွင့် မရ ဟု
တစ်ဆက် တည်းကြေငြာခဲ့သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် မဲပေးနိုင်သည် ဟု မြန်မာ စစ်အစိုးရပြော”