သမိုင်းဝင်လယ်တီကျောင်းတိုက် နှင့် စိတ္တသုခ ကျောင်းတိုက် အပါအ၀င် မုံရွာရှိ ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်

လယ်တီ ကျောင်းတိုက် ကို မီးရှို့ ရန် ကြံစည်မှုကြောင့် နိုင်ငံတ၀ှမ်းရှိ သံဃာတော်များမှာ၎င်း တို့ ၏ ကျောင်းတိုက်များ လုံခြုံရေး အတွက် စိုးရိမ်နေကြသည်။ဓာတ်ပုံ - Time Magazine

အောင်မြင်(မုံရွာ)ဂျူလိုင် ၂ရက်နေ့ညပိုင်းတွင် မုံရွာမြို့ကျက်သရေဆောင် လယ်တီကျောင်းတိုက်နှင့်
စိတ္တသုခကျောင်းကို မိရှို့ရန်ကြံသူ (၅ )ဦးအား လယ်တီကျောင်းတိုက်မှ သံဃာတော်များမှ ဖမ်းဆီးမိခဲ့သည်။
ဖမ်းဆီးမိစဉ်သံဃာတော်များက စစ်ဆေးမေးမြန်းရာ လူကြီးတွေရှို့ခိုင်းလို့ရှို့ရတာပါဟုပြောကြောင်းသိရသည်။
သက်ဆိုင်ရာအာဏာပိုင်တို့ က မီးရှို့ ရန်ကြံစည် သူများ ကို လာရောက်ခေါ်ဆောင်သွားပြီး မှုခင်းအရအရေးယူခြင်း
မရှိကြောင်းသိရသည်။ Continue reading “သမိုင်းဝင်လယ်တီကျောင်းတိုက် နှင့် စိတ္တသုခ ကျောင်းတိုက် အပါအ၀င် မုံရွာရှိ ဘုန်းကြီးကျောင်းများ ကိုမီးရှို့ ရန်ကြံစည်သူများ အား ရဲ က အရဲမယူသဖြင့် သံဃာတော်များ မငြိမ်မသက် ဖြစ်”

ရန်ကုန် နှင့် ပဲခူး တွင် စစ်အာဏာရှင်စနစ် ဆန့် ကျင် ရေး လှုံဆော်စာများ ဝေငှ

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံ ၊ ကမ္ဘာ အေးစေတီ လမ်း နှင့် မြို့ ထဲ တ၀ိုက် တွင် ကျောင်းသား သမဂ္ဂ
ပေါ်ပေါက်ရေး လှုံဆော်စာများ နှင့် စစ်အာဏာရှင် စနစ် ဆန့် ကျင် ရေး စာများ ကို ဝေငှ သွားသည် ဟု
ကမာရွတ် လှည်းတန်း တွင် နေထိုင်သူ တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “ရန်ကုန် နှင့် ပဲခူး တွင် စစ်အာဏာရှင်စနစ် ဆန့် ကျင် ရေး လှုံဆော်စာများ ဝေငှ”

အရုဏ်ဦး တွင် ဖူးသည့် ကြာ ဇာတ်ကား တွင် စစ်အစိုးရ ခောတ်သစ် သမိုင်းအမှန် ကို မဖော်ပြ

အရုဏ်ဦးသည့် ဖူးသည့်ကြာဇာတ်ကားမှ ၀ိုင်းစုခိုင်သိန်း အားအမေရိကန် နိုင်ငံဖျော်ဖြေရေး ခရီးစဉ် အတွင်း အခြား အဆိုတော်များ နှင့် အတူတွေ့ ရစဉ်

Updated : ထပ်မံ ကြားသိရ သော သတင်းများ အရ ပြည်ပရောက် ဒီမိုကရေစီ အင်အားစု အချို့ က ထိုဇာတ်ကားတွင် ပါဝင်သည့် အနုပညာရှင် များ အထူးသဖြင့် အနောက် နိုင်ငံများ သို့ လာလျှင် ကန့် ကွက်မည် ဟု သိရသည်။ ထို ကန့် ကွက်ပွဲတွင်ပါဝင်မည့် သူ တစ်ဦးက နှစ် နှစ်ဆယ် လုံးလုံးဗျာ အော် နအဖ လက်အောက်မှာ ပဲ ဆိုပြီး လွှတ်ထားတာ အခုတော့ မရတော့ဘူး ဒီလို မှာ မလုပ် ရင် သူတို့ ကြောင့် ပြည်သူ တွေ ပါ သမိုင်း အစစ် နဲ့ သမိုင်း အတု ရောသွား အုံးမယ် ဟု ပြောသည်။

Updated လွန်ခဲ့သည့် သီတင်း ပတ်များ အတွင်း မြန်မာစစ်အစိုးရထိန်းချုပ် ထားသည့် ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့သည့် အရုဏ်ဦး တွင် ဖူးသည့် ကြာ ဇာတ်ကားမှာ သရုပ်ဆောင် အချို့ နှင့် ထိုဇာတ်ကား ဖြစ်မြောက်ရေးကမ္မည်း မော်ကွန်း တွင် ပါဝင်သူ အချို့ မှ အမေရိကန် နိုင်ငံတွင်း သို့  လာရောက် လည်ပတ် နိုင်မည့် ပြည်ဝင်ခွင့်ဗီဇာ အတွက် ကန့် သတ် ခံရ နိုင်ဖွယ် ရှိ ကြောင်း ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးတွင် နှစ်အတန် ကြာတာဝန်ထမ်းဆောင် ခဲ့ဖူးသည့်  သံအမှုထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “အရုဏ်ဦး တွင် ဖူးသည့် ကြာ ဇာတ်ကား တွင် စစ်အစိုးရ ခောတ်သစ် သမိုင်းအမှန် ကို မဖော်ပြ”

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သည်( ၇ )ဦး၏ရုပ်အလောင်းကိုဖေါ်ထုတ်နိုင်ခဲ့

ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် လေတပ်မှ မြန်မာ နိုင်ငံ နှင့် မဟာမိတ် တို့ အတွက် ကူညီအသုံးပြုပေးခဲ့သည့် C-47A လေတပ်သုံးလေယာဉ် ဓာတ်ပုံ-အမေရိကန်လေတပ် စစ်သမိုင်းပြတိုက်

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအတွင်းပျက်ကျခဲ့သော ကုန်တင်စစ်လေယာဉ်မှ ပျောက်ဆုံးနေသည့်
လေတပ်စစ်သည်( ၇ ) ဦး ၏ ရုပ်အလောင်းကို အမေရိကန်စစ်တပ်မှတာဝန်ရှိသူတို့မှ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့သည်။

မေလ ၂၃ရက်၊ ၁၉၄၄တွင် အမေရိကန်လေတပ်စစ်သည် ( ၇ )ဦးသည် C-47A ကုန်တင်စစ်လေယာဉ်ဖြင့်
မြန်မာပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့အနီးတပ်စွဲထားသော မဟာမိတ်တပ်များအတွက် အထောက်အပံ့
ပစ္စည်းများတင်ဆောင်ပြီး အိန္ဒိယနိုင်ငံ မှထွက်ခွာခဲ့ပြီး မိခင်တပ်စခန်းသို့ ပြန်လည်မရောက်ခဲ့ခြင်းဖြစ်သည်။ Continue reading “ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သည်( ၇ )ဦး၏ရုပ်အလောင်းကိုဖေါ်ထုတ်နိုင်ခဲ့”

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်က နိုင်ငံရေး အကျဉ်းသား မိသားစုများ ထံသွားရောက် တွေ့ ဆုံအားပေး

နိုင်ငံရေး အကျဉ်းသားမိသားစုများအား သွာရောက် တွေ့ ဆုံ အားပေး နေသည့်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင်များ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဒုတိယ ဥက္ကဌ ဦးတင်ဦး နှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ် ခြင်းခံ
ရသည့် သတင်းစာ ဆရာကြီး ဦးဝင်းတင် ဦးဆောင် သော NLD အဖွဲ့ ဝင်များသည် ယနေ့ မနက်တွင်
နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ကိုဇာဂနာ ၊ ကိုအံဘွယ်ကျော် ၊ ကိုပြုံးချို ၊ မမီးမီး ၊ မဟန်နီဦး တို့ ၏
မိသား စု ၀င်များ အားသွားရောက် တွေ့ ဆုံ အားပေး စကားများ ပြောကြသည် ဟု သတင်းရရှိသည်။ Continue reading “အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်က နိုင်ငံရေး အကျဉ်းသား မိသားစုများ ထံသွားရောက် တွေ့ ဆုံအားပေး”

ရန်ကုန် လေဆိပ် ထွက်ခွာခွင့် အခွန် တိုးမြှင့် ကောက်ခံ

ဇွန်လ ၃၀ ရက်နေ့ ကစ၍ ရန်ကုန် လေဆိပ် ထွက်ခွာခွင့် အခွန်များ ကို တိုးမြှင့် ကောက်ခံ တော့ မည်
ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းဌာ န များ မှ သတင်းထုတ်ပြန်မှု ပြုလုပ် ထားသည် ဟု သတင်း
ရရှိသည်။ Continue reading “ရန်ကုန် လေဆိပ် ထွက်ခွာခွင့် အခွန် တိုးမြှင့် ကောက်ခံ”

ထောက်လှမ်းရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် ဗိုလ်မှုးကြီး တစ်ဦး ကို စ၇ဖ က ဖမ်းဆီး

ယခင် ထောက်လှမ်းရေး အရာရှိ အဖြစ် စစ်ကြောရေး လုပ်ငန်းတွေ မှာ ဦးစီး လုပ်ဆောင်ရတဲ့
ဗိုလ်မှုးကြီး ရန်နောင်စိုး ကို ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်လောက်က စရဖ အဖွဲ့ ဝင် တွေ က စစ်မေး
စရာ ရှိ လို့ ဆိုပြီး ခေါ်ဆောင် သွား တာ အခုထိ ပြန်လည် မရောက်ရှိ သေးကြောင်း သူ့ ရဲ့ မိသား
အသိုင်း အ၀ိုင်း နဲ့  နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “ထောက်လှမ်းရေး အရာရှိ အဖြစ်တာဝန် ထမ်းဆောင် ခဲ့သည့် ဗိုလ်မှုးကြီး တစ်ဦး ကို စ၇ဖ က ဖမ်းဆီး”

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်၏ အမှတ်တံဆိပ်ဖြစ်သည့် ခမောက် ဦးထုပ် ကို ဦးခင်မောင်ဆွေ တို့ ၏ NDF က ယူသုံး

ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အမှတ်တံဆိပ်ဖြစ်သည့်
ခမောက် ဦးထုပ် တံဆိပ် လိုဂို အား ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု အဖွဲ့ က
၎င်းတို့ အဖွဲ့ ၏ အထိမ်းအမှတ်တံဆိပ် အဖြစ် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင် ထား
လျှောက်ထားမှု ပြုလုပ်နေ  ကြောင်း သတင်း  ရရှိသည်။ Continue reading “အမျိုးသား ဒီမိုကရေစီအဖွဲ့ ချူပ်၏ အမှတ်တံဆိပ်ဖြစ်သည့် ခမောက် ဦးထုပ် ကို ဦးခင်မောင်ဆွေ တို့ ၏ NDF က ယူသုံး”

သွေးလွန် တုပ်ကွေးရောဂါ ကြောင့် ရန်ကုန် သေဆုံးသူ ကလေး ဦးရေ နှစ်ဆယ် ကျော်သွားပြီ

Updated :မိုးရာသီ တုပ်ကွေးရောဂါ လူဆယ်ယောက် လျှင် လေး ယောက်နှုန်းခန့် ရန်ကုန်မြို့ နှင့် ပဲခူးတွင်ဖြစ်နေ
ဟိန်းခိုင်ထွန်း ၊            ၊မိုးရာသီတွင် ဖြစ်ပွားတတ်
သည့် တုပ်ကွေးရောဂါ မှာ ရန်ကုန် ၊ပဲခူး ၊မွန်ပြည် နယ်
နှင့် ဧရာဝတီ တိုင်း တို့ တွင် ဆေးဆိုင်များ ဉ် တုပ်ကွေး
ရောဂါ ကာကွယ်ရေး ဆေးများ ပြတ်လပ် အောင်ပင်
ရောင်းနေ ရကြောင်း သတင်းရရှိ သည်။ ဇွန်လ လယ်မှ
စ၍ ကလေးငယ်များ တွင် Dengue Haemorrhagic Fever (DHF)
ဟုခေါ်သည့် သွေးလွန် တုပ်ကွေးရော ဂါ ကြောင့် ရန်ကုန်
တစ်မြို့ တည်း မှာ ပင် သေဆုံးသူ ကလေး ဦးရေ နှစ်ဆယ်
ကျော်သွားပြီ ဖြစ်သည်။ Continue reading “သွေးလွန် တုပ်ကွေးရောဂါ ကြောင့် ရန်ကုန် သေဆုံးသူ ကလေး ဦးရေ နှစ်ဆယ် ကျော်သွားပြီ”

ထောက်လှမ်းရေး အကြီးအကဲ ဟောင်း အပါအ၀င် ရာထူးမှ ဖယ်ရှား ခံရခြင်းခံခဲ့ရသည့်  စစ်ဗိုလ်ချုပ် ဟောင်းများ ကို နေပြည်တော် တွင် ခေါ်ယူ တွေ့ ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို အဖွဲ့ ဝင် အချို့ ကို ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သူ အဖြစ် တစ်ဖန် မြှောက်စားခြင်း ခံနေရသည် ဗိုလ်ချုပ်ကြီး ခင်ညွှန့် Photo : AP

၁၉၉၇ ခုနှစ် မှ စ၍ ၂၀၀၅ ခုနှစ် အတွင်း ရာထူးမှ ဖယ် ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ အား
ကာကွယ်ရေး ၀န်ကြီးဌာန ၏ အမိန့် ဖြင့် ဇွန်လ ၂၈ ရက်နေ့ က နေပြည်တော် သို့ ဆင့် ခေါ် ၍ မြန်မာ စစ်
ခေါင်းဆောင် နှစ်ဦး က တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။ Continue reading “ထောက်လှမ်းရေး အကြီးအကဲ ဟောင်း အပါအ၀င် ရာထူးမှ ဖယ်ရှား ခံရခြင်းခံခဲ့ရသည့်  စစ်ဗိုလ်ချုပ် ဟောင်းများ ကို နေပြည်တော် တွင် ခေါ်ယူ တွေ့ ဆုံ”

မော်တော်ကားပြပွဲ မော်ဒယ်များ ကြောင့် လူကြိုက်များ

မော်ဒယ် ဂျူးဂျူးကေ ၏ အလှ နှင့် ယှဉ်တွဲမြင်ရသည့် မော်တော်ကာတစ်စီးPhoto : Digital Eye

ရန်ကုန် ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ဇွန်လ ၂၆  ရက် နေ့ မှ ၂၈ ရက် နေ့ ထိ ပြသနေသည့်
မော်တော်ယာဉ် နှင့် နေထိုင်မှု ဆိုင်ရာ ပြပွဲ မှာ မော်ဒယ်များ နှင့် အကပညာရှင် များ ၏ သီဆိုဖျော်ဖြေ
သရုပ်ပြမှု များ ကြောင့် ရန်ကုန် မြို့ ခံ တို့ သွားရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။ Continue reading “မော်တော်ကားပြပွဲ မော်ဒယ်များ ကြောင့် လူကြိုက်များ”

ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် ဗကသ ခေါင်းဆောင် ဆေးကုသခံရန် ခန္တီးထောင်မှ မုံရွာဆေးရုံသို့ ရောက်ရှိ

ခ န္တီး အကျဉ်းထောင်တွင် ထောင်ဒါဏ် ၁၅နှစ် ၆လ အကျဉ်းကျခံ နေရသော ဒီငြိမ်းလင်း၏ ကျမ္မာရေး အခြေအနေဆိုးဝါးမှုကို ဆေးကုသပေးရန် အာဏာပိုင်တို့ကခန္တီးထောင်မှခေါ်ဆောင် လာပြီး မုံရွာဆေးရုံသို့ယနေ့ နေ့လည်ပိုင်းတွင်ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိရသူတဦးမှ Freedom News Group သို့ပြောကြားသည်။ Continue reading “ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် ဗကသ ခေါင်းဆောင် ဆေးကုသခံရန် ခန္တီးထောင်မှ မုံရွာဆေးရုံသို့ ရောက်ရှိ”

ပြည်၊ကျောက်ပန်းတောင်းနှင့် ပြလို့ တွင် တောင်ကျရေ အရှိန် ကြောင့် တံတားကျိုး၊လမ်းများပျက်စီး

Continue reading ပြည်၊ကျောက်ပန်းတောင်းနှင့် ပြလို့ တွင် တောင်ကျရေ အရှိန် ကြောင့် တံတားကျိုး၊လမ်းများပျက်စီး

Rate this:

ပြည်တွင်း မီဒီယာ အချို့ တွင် အယ်ဒီတာ နှင့် ၀ဘ်မာစတာ တို့ အကြားအား ပြိုင်မှုများ ဖြစ်ပေါ်

ထက်ထက်မိုးဦး နှင့် သတင်းထောက် ပြဿနာ ၊မင်္ဂလာဈေး မီးလောင်မှု စသည့် သတင်းဖြစ်ရပ်
နောက် ပိုင်းမှ စ၍ မြန်မာ့ စာနယ် ဇင်းတွင် အယ်ဒီတာ နှင့် သတင်းထောက်တို့ အာဏာလွန်ဆွဲမှု
ဖြစ်ပေါ်နေသည် ဟု ရန်ကုန် အခြေစိုက် ဖျော်ဖြေရေး စာစောင် ထုတ်ဝေသူ တစ်ဦးက Freedom News
Group သို့ ပြောသည်။ Continue reading “ပြည်တွင်း မီဒီယာ အချို့ တွင် အယ်ဒီတာ နှင့် ၀ဘ်မာစတာ တို့ အကြားအား ပြိုင်မှုများ ဖြစ်ပေါ်”