သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်
တင်ကျော်ကျော်စိုး

ရန်ကုန်၊၊လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန့် များထုတ်
ပြန်သွားရန်စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်
ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံး
ခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။ Continue reading “သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်”


ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ

ယနေ့ အင်းစိန်ပေါက်တောဝ ရှိ LION CITY အထည်ချုပ်စက်ရုံမှ အလုပ်သမားပေါင်း ၂၀၀ ကျော် မှ ၎င်း တို့  ၏ အလုပ်သမားအခွင့်အရေးများကိုတောင်းဆိုဆန္ဒပြခဲ့ကြသည် ။ အာဏာပိုင်များမှ စစ်ကားများကို ပုံ တွင်မြင်တွေ့ ရ သည့်အတိုင်း များပြားစွာ ချထားကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည် ။ စားဝတ်နေရေးအကျပ်အတည်းကြောင်း မိမိတို့  အခွင့်အရေးများကို ငြိမ်းချမ်းစွာ တောင်းဆိုသည့် အလုပ်သမားများကို ယခုကဲ့ သို့  အင်အားပြကာ နှိပ်ကွပ်ရန် ကို အာဏာပိုင်များဖက်မှ စီစဉ်ထားရှိသော်လည်း အလုပ်သမားဆန္ဒ ပြမှု့  များမှာ တစထက်တစ ပို မိုကျယ်ပြန့် လာ ခဲ့သည် ။ 



