သခင်ကိုယ်တော်မှိုင်း အကြောင်း မှတ်မိတာလေးတွေ (တင်မိုး)
၂၄ စက်တင်ဘာ ရန်ကုန် ၊ ၊www.snapshot-news.com
Remembering The Tha Khin Ko Taw Hmine by Tin Moe
(ယခု အပတ်ထုတ် ဝေသည့် လျှပ်တပျက် ဂျာနယ်တွင် ဖေါ်ပြထားသော ဆရာ တင်မိုး ၏
ဆောင်းပါး အား ကူးယူ ဖေါ်ပြသည်)

ဆရာကြီး သခင် ကိုယ်တော်မှိုင်းလို့ အသံကြားရတိုင်း ကြည်ညိုစိတ်၊ လေးစားစိတ်၊ ချစ်ခင်စိတ် ပေါ်လာသည်ချည်း။ ‘ကွမ်းအစ်တစ်လုံး သျှောင်တစ်ထုံးနှင့် ရင်ဖုံးအင်္ကျီ ဖျင်ပင်နီနှင့် ယောထည်ပုဆိုး မင်ကြောင်ထိုးနှင့် အဘိုးကဝိ ပညာရှိ’ ဆိုတဲ့ ကိုယ်ရေးတဲ့ ကဗျာပိုဒ်ကလေးကို ကိုယ့်ဘာသာ သီဆိုရင်း ကြည်နူးပီတိနဲ့ မြင်ယောင်လာသည်ချည်း။ (၁၉၅ဝ)ခုနှစ်က မန္တလေးဘုရားကြီး (၄၅)တာကွင်းကြီးမှာ ဆရာကြီး မှိုင်းကို ကိုယ်တိုင်မြင်ခဲ့ဖူးတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆရာကြီးဟာ တစ်နိုင်ငံလုံးလှည့်ပြီး တရားဟောစဉ်ကပါ။ Continue reading “သခင်ကိုယ်တော်မှိုင်း အကြောင်း မှတ်မိတာလေးတွေ (တင်မိုး)”













