လူပြောများနေတဲ့ မြန်မာဘီယာ ရဲ့ ဖက်ရှင်ရှိုး

၂၅ုသဂုတ် ရန်ကုန် ၊                  ၊ယူကွန်

Myanmar Model Still Going Strong

မြန်မာဘီယာ ရဲ့ ဖက်ရှင်ရှိုး
မြန်မာဘီယာ ရဲ့ ဖက်ရှင်ရှိုး

မြန်မာ ဘီယာ ကိုထုတ်ဝေနေသည့် မြန်မာ ဘရူဝါရီ လီမိတက် မှဦးစီးကျင်းပမည့် Myanmar Super Star Singing Contest အတွက် ဖက်ရှင်ရှိုးလျှောက်မည့် မော်ဒယ် များကို လေ့ကျင့်ပေး
နေသည့် ပုံများမှာ အများပြည်သူကြားတွင် ယခုတစ်ပတ် အတွက် စိတ်ဝင်စားစရာ ဖြစ်နေသည်။ Continue reading “လူပြောများနေတဲ့ မြန်မာဘီယာ ရဲ့ ဖက်ရှင်ရှိုး”

မြန်မာကျောက်စိမ်း ဈေးကွက် များတရုတ်နယ်စပ်တွင် ပေါ်ပေါက်လာ

၂၃ သြဂုတ် ရန်ကုန်၊                 ၊စပယ်ထွန်း

New Jade Market in China – Burma Border

မြန်မာ-တရုတ်နယ်စပ်အနီး တရုတ်နိုင်ငံအတွင်းတယ်ဟုန်းလိုင်းဒေသယင်းကွမ်းမြို့တွင် ကျောက်စိမ်းကုန်ကြမ်း
မှကုန်ချော ထုတ်လုပ်သည့် လုပ်ငန်းများရှိပြီး မကြာမီက ကုန်သည်ကြီး တစ်ဦးက အကျယ်စတုရန်းမီတာ ၁၀၀၀၀ ရှိ
မြေကွက်တွင်မီတာ ၅၀၀အကျယ်ရှိလေလံအဆောက်အအုံတစ်ခုကိုတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ Continue reading “မြန်မာကျောက်စိမ်း ဈေးကွက် များတရုတ်နယ်စပ်တွင် ပေါ်ပေါက်လာ”

နာမည်ကျော် မြန်မာမဂ္ဂဇင်း အချို့ ပြန်လည် ထွက်ရှိတော့မည်

၁၇ သြဂုတ် ရန်ကုန် ၊                    ၊ယူကွန်

Pay Phu Hlwar Magazine Relaunches

နာမည်ကျော်မြန်မာ မဂ္ဂဇင်းများ
သြဂုတ်လထုတ် နာမည်ကျော်မြန်မာ မဂ္ဂဇင်းများ

ရသစုံမဂ္ဂဇင်းတစ်စောင်အဖြစ်စာဖတ် ပရိတ်သတ် ကြားတွင် လူကြိုက်များခဲ့ပြီးနောက် နှစ်အတန်ကြာရပ်နားထားခဲ့သည့် ပေဖူးလွှာ မဂ္ဂဇင်းကို အလှအပ နှင့် ဖက်ရှင်ရေးရာများကို ထုတ်ဝေနေသည့် မုခ (Faces မဂ္ဂဇင်း)အုပ်စု မှ စီစဉ်ပြီး စက်တင်ဘာလတွင် ယခင်ပုံစံ
ဟောင်းအတိုင်း မဟုတ်တော့ ဘဲ အသွင်ပြောင်းကာ ထုတ်ဝေတော့မည်ဖြစ်သည်။ Continue reading “နာမည်ကျော် မြန်မာမဂ္ဂဇင်း အချို့ ပြန်လည် ထွက်ရှိတော့မည်”

လူထုအုံကြွမှု ပေါ်ပေါက်လာတော့မည်ဟု ခေါင်းရွက်ဗျက်ထိုး ဈေးသည်များပင် ထင်မြင်ယူဆ

၁၇ သြဂုတ် ရန်ကုန်  ၊                       ၊တင်ကျော်ကျော်စိုး

Outrage Over Democracy Icon Still Detained but American Freed

ယနေ့ နံနက်ကကြေသွန်းဘုရားကြီးအနီးတွင်တွေ့ ရသည့်ဆွမ်းခံထွက်နေသည့် သံဃာတော်များ (AP Photo)
ယနေ့ နံနက်ကကြေသွန်းဘုရားကြီးအနီးတွင်တွေ့ ရသည့်ဆွမ်းခံထွက်နေသည့် သံဃာတော်များ (AP Photo)

အဓိက တရားခံ ဖြစ်သူ ယက်တော အားပြန်လည် လွှတ်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် အား
ဆက်လက်ဖမ်းဆီးထားမှုကြောင့် ရဟန်း၊သံဃာ တော်များ အပါအ၀င် ပြည်သူလူထု သည် ထိုကိစ္စအတွက် စစ်အစိုးရ အပေါ် လုံးဝကျေနပ်ခြင်းမရှိပဲ မကြာခင်မှာပင်  ပြည်သူတစ်ရပ်လုံးပါဝင်သည့် အုံ
ကြွမှုကြီး တစ်ရပ် မကြာခင် ပေါ်ပေါက်နိုင်ကြောင်း မှော်ဘီ နည်းပညာ တက္ကသိုလ် မှ ဆရာတစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “လူထုအုံကြွမှု ပေါ်ပေါက်လာတော့မည်ဟု ခေါင်းရွက်ဗျက်ထိုး ဈေးသည်များပင် ထင်မြင်ယူဆ”

ယက်တော နှင့် ဂျိမ်း(စ)ဘွန်းလွှတ်တော် အမတ် ဂျင်ဝဘ်ကို မြန်မာပြည်သူများ မကျေနပ်ကြ

၁၆ သြဂုတ် ရန်ကုန်၊                     ၊တင်ကျော်ကျော်စိုး

Myanmar Growing Anger Sneaker and Senator

မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် အမေရိကန်စစ်လေယာဉ်ပေါ်မှ ဆင်းလာသည့် ယက်တော Photo:Reuters
မြန်မာနိုင်ငံမှထွက်ခွာလာသည့် အမေရိကန်စစ်လေယာဉ် ပေါ်မှ ဆင်းသက်လာသောယက်တော Photo:Reuters
အာရှခရီးစဉ် နောက်ဆုံးပိတ်အိတ်နှင့်လွယ် ဆိုသကဲ့သို့ အာဏာရှင်နိုင်ငံမှ ယက်တောကို ကယ်ထုတ်သွားနိုင်သည့် ဂျိမ်း(စ)ဘွန်း ဂျင်ဝဘ် Photo:Reuters
အာရှခရီးစဉ် နောက်ဆုံးပိတ်အိတ်နှင့်လွယ် ဆိုသကဲ့သို့ အာဏာရှင်နိုင်ငံမှ ယက်တောကို ကယ်ထုတ်သွားနိုင်သည့် ဂျိမ်း(စ)ဘွန်း ဂျင်ဝဘ် Photo:Reuters

မြန်မာ နိုင်ငံသို့ ခပ်လျှိုလျှိုပင် ရောက်ရှိလာပြီး စစ်အုပ်စုခေါင်းဆောင် နှင့် သိုသိုသိပ်သိပ် တွေ့ ဆုံခဲ့ပြီးနောက် ထောင်ဒဏ်ခုနှစ် အပြစ်ပေးခံနေရသည့် ယက်တော ကို ဂျိမ်းစ်ဘွန်း ဆန်ဆန် ကယ်ထုတ်သွားနိုင်ခဲ့သည့် အမေရိကန် လွှတ်တော်အမတ် နှင့် ယက်တော ကို မြန်မာပြည်သူများက ထိုသတင်းကြားကြားခြင်းမှာ ပင် လူရှုပ် လူပွေ များဟု ကင်ပွန်းတပ်ခဲ့သည်။

အင်တာနက် အသုံးပြုသူများ အသုံးပြုကြသည့် Face Book ,Twitter နှင့် ချတ်တင် ဖိုရမ် ဆိုက်
များတွင်ယက်တောနှင့်ဗာဂျီးနီးယားနိုင်ငံရေးသမားဂျင်ဝဘ်တိုနှစ်ဦးအားဆဲဆိုထားသည်များပလူ
ပျံခဲ့သည်။ Continue reading “ယက်တော နှင့် ဂျိမ်း(စ)ဘွန်းလွှတ်တော် အမတ် ဂျင်ဝဘ်ကို မြန်မာပြည်သူများ မကျေနပ်ကြ”

မြန်မာနိုင်ငံအားစီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်သူ နှင့် ယက်တောနိုင်ငံမှပြန်လည်ထွက်ခွာ

၁၆ သြဂုတ် ရန်ကုန် ၊                      ၊တင်ကျော်ကျော်စိုး

Convicted American Leaves Rangoon With Vietnam War Veteran Senator

အမေရိကန် လွှတ်တော် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံစဉ်
အမေရိကန် လွှတ်တော် အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံစဉ်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် သို တိတ်တဆိတ် ၀င်ရောက်
ခဲ့မှုကြောင့် မေလ ၆ ရက်နေ့ က ဖမ်းဆီးခံခဲ့ရပြီး ရက်ပေါင်း ၉၀ နီးပါး တရားရင်ဆိုင်ပြီးနောက် ယခု
လ ၁၁ ရက်နေ့ က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသည့် ယက်တောသည် သူလွတ်
မြောက်ရေးအတွက် လာရောက် ဆောင်ကြဉ်းပေသူ ကန် နိုင်ငံရေးသမား ဂျင် ၀ဘ် နှင့် အတူ မြန်မာနိုင်ငံမှ ယနေ့ နေ့ လည် ၂ နာရီ တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။ Continue reading “မြန်မာနိုင်ငံအားစီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်သူ နှင့် ယက်တောနိုင်ငံမှပြန်လည်ထွက်ခွာ”

ယက်တော ပြန်လည်လွတ်မြောက်

Release of US prisoner in Myanmar

အင်းစိန်ထောင်တွင်း ထောင်ဒဏ် ခုနှစ် နှစ်အပြစ်ပေးခံရသည့် ယက်တောမှ ခုနှစ်ရက်ပင် မနေရပဲ မနက်ဖြန်တွင် ဗီယက်နမ်စစ်ပြန် လွှတ်တော်အမတ် ဂျင်ဝဘ် နှင့် အတူ ပြည်တော် ပြန်လွတ်မြောက်
တော့ မည်ဖြစ်သည်။
Continue reading “ယက်တော ပြန်လည်လွတ်မြောက်”

အမေရိကန် လွှတ်တော်အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံခွင့်ရ

၁၅ သြဂုတ် ရန်ကုန် ၊                  ၊အေပီ

US senator has rare visit with Myanmar’s Suu Kyi

အမေရိကန် သံတမန် အဖွဲ့ နှင့်တွေ့ဆုံနေသည့်ဒေါ်အောင်ဆန်းစုကြည် Photo:AP
အမေရိကန် သံတမန် အဖွဲ့ နှင့်တွေ့ဆုံနေသည့်ဒေါ်အောင်ဆန်းစုကြည် Photo:AP

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အားယနေ့ ညနေပိုင်းတွင်း စစ်အစိုးရ
တာဝန် ရှိသူများ မှ မော်တော်ကားဖြင့် လာရောက် ခေါ်ဆောင်ကာ အင်းလျှားလမ်းရှိအစိုးရ ဧည့်ဂေဟာ တွင်အသင့်ရောက်ရှိနေသည့် ဗီယက်နမ်စစ်ပြန်  ဗာဂျီနီးယား လွှတ်တော် အမတ် ဂျင်ဝဘ် နှင့် မိနစ် ၄၀ ကြာတွေ့ ဆုံခဲ့သည် ဟု ရန်ကုန် မှ လာသည့် ဧပြီ သတင်းတစ်ရပ် တွင်ဖေါ်ပြထားသည်။ Continue reading “အမေရိကန် လွှတ်တော်အမတ် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံခွင့်ရ”

အင်းစိန်ထောင်တွင်းရှိ ယက်တော ပြည်တော်ပြန်ရတော့မည်ဟု သတင်းထွက်ပေါ်

၁၅ သြဂုတ် ရန်ကုန် ၊                       ၊တင်ကျော်ကျော်စိုး

Updates

_45823406_yettaw_ap226bမြန်မာနိုင်ငံသို့ ရောက်ရှိနေပြီးယနေ့  စစ်အစိုးရ အကြီးအကဲ နှင့် နေပြည်တော်တွင် တွေ့ ဆုံခဲ့သည့်အမေရီကန် အထက်လွှတ်တော်အမတ် ဂျင်ဝဘ် ၏ အသနားခံမှုကြောင့် မစ်ဆူရီ ပြည်နယ်သား အသက် ၅၄ နှစ်အ ရွယ်ရှိ ဂျွန်ဝီလျှံယက်တော မှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ်ခုနှစ် နှစ်မှ သက်ညှာခွင့်ရပြီး မြန်မာစစ်အစိုးရ ကလွှတ်ပေးတော့ မည် ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းကြားတွင် သတင်းများ ထွက်ပေါ်နေသည်။ Continue reading “အင်းစိန်ထောင်တွင်းရှိ ယက်တော ပြည်တော်ပြန်ရတော့မည်ဟု သတင်းထွက်ပေါ်”

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် အမေရိကန်လွှတ်တော်အမတ်တွေ့ ဆုံ

၁၅ သြဂုတ် နေပြည်တော် ၊                       ၊ညွန့် သက်ထားဦး

US senator holds landmark Myanmar junta talks

Myanmar USမြန်မာနိုင်ငံသို့ယမန်နေ့ကရောက်ရှိနေသည့်အမေရိကန်ဗာဂျီးနီးယားပြည်နယ်အထက်လွှတ်
တော်အမတ် ဂျင်ဝဘ်သည် ယနေ့ စစ်အစိုးရ ၏မြို့တော်သစ် ဖြစ်သည့် နေပြည်တော်တွင် ယနေ နံနက် ၁၁ နာရီ ခန့် က ဗိုလ်ချူပ်မှုးကြီးသန်းရွှေ နှင့် တွေ့ ဆုံသည် ဟု သတင်းရရှိသည်။ Continue reading “ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် အမေရိကန်လွှတ်တော်အမတ်တွေ့ ဆုံ”

လက်နက်ကိုင်အဖွဲ့ များနှင့် ဆက်စပ်သော ရန်ကုန်မြို့ ရှိကိုးကန့်၊၀ နှင့် ကချင်စီပွားရေးလုပ်ငန်းရှင်များနေရပ်ပြန်

၁၃ သြဂုတ် ရန်ကုန် ၊                    ၊စံပယ်ထွန်း

Southen-Waရန်ကုန် နှင့် မန္တလေးမြို့ များတွင် စီးပွားရေးလုပ်ငန်း များ လာရောက် လုပ်ကိုင်နေသည့် အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင် အချို့ မှာ၎င်း တို့ ဒေသတွင် စစ်အစိုးရ နှင့် အခြေအနေများတင်းမာနေ
သည် ဆိုသောသတင်းကြောင့် နေရင်းဒေသများသို့ ပြန်လည်ထွက်ခွာသွားကြပြီ ဟု သတင်းရရှိ
သည်။ Continue reading “လက်နက်ကိုင်အဖွဲ့ များနှင့် ဆက်စပ်သော ရန်ကုန်မြို့ ရှိကိုးကန့်၊၀ နှင့် ကချင်စီပွားရေးလုပ်ငန်းရှင်များနေရပ်ပြန်”

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အဖြစ်ပြန်လည်ထားရှိမှု ပြည်သူများကမကျေနပ်(ပြည်သူတို့ ၏ သဘောထားများ)

၁၃ သြဂုတ် မန္တလေး ၊                       ၊တင်ကျော်ကျော်စိုး နှင့် ညွှန့် သက်ထားဦး

outrage for extending democracy leader Aung San Suu Kyi’s house arrest

စစ်အုပ်စု ခေါင်းဆောင် နှင့် တွေ့ဆုံမည့် ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်ဝဘ်
စစ်အုပ်စု ခေါင်းဆောင် နှင့် တွေ့ဆုံမည့် ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်ဝဘ်

သြဂုတ် လ ၁၁ ရက်နေ့ က အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင်တရားရုံးမှ နေ၍ ဒေါ်အောင်ဆန်းစုကြည် ကို အမိန့် ချမှတ်ခဲ့ပြီး စစ်ခေါင်းဆောင်မှ သနားသက်ညှာသော အားဖြင့် နေအိမ်အကျယ်ချုပ် ဖြင့် တစ်နှစ်ခွဲသာနေစေ ရန် ဆုံးဖြတ်ချက် ကို ပြည်သူ များကမကျေနပ်ကျကြောင်းသိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အဖြစ်ပြန်လည်ထားရှိမှု ပြည်သူများကမကျေနပ်(ပြည်သူတို့ ၏ သဘောထားများ)”

နာမည်ကျော် အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်းကွယ်လွန်

၁၃ သြဂုတ် ရန်ကုန် ၊                   ၊ယူကွန်

Veteran Actor Zaw One Dies 64

zaw-oneစေလိုရာစေ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားတွင် ဆွေဇင်ထိုက် နှင့် တွဲဖက်သရုပ်ဆောင်ကာ နာမည်ကျာ်ကြားခဲ့ပြီး သင်္ကြန်သီချင်းများဖြစ်သည့် နွေမ၊ရှာပုံတော် မင်းသားကြီး၊ရွှေမန်းမာလာ စသည့်မရိုးနိုင်ဖွယ်ရာသီချင်းများသီဆိုခဲ့သော အကယ်ဒမီ သရုပ်ဆောင် ဇော်ဝမ်းမှာ ၁၂ ရက်နေ့ ညက အင်းစိန်မြို့ ရှိဆေးရုံတွင် ကွယ်လွန်သွားသည်ဟုသတင်းရရှိသည်။ကွယ်လွန် ချိန် တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။လူကြိုက်များသော သင်္ကြန်မိုးရုပ်ရှင်ကားတွင် လည်းဇော်ဝမ်း ပါဝင် သရုပ်ဆောင်ထားသည်။ Continue reading “နာမည်ကျော် အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်းကွယ်လွန်”

အထပ်မြင့်အဆောက်အအုံ များတွင်နေထိုင်သူများ ငလျှင်အန္တရာယ်စိုးရိမ်လျှက်ရှိ

၁၃  သြဂုတ် ရန်ကုန် ၊                    ၊စံပယ်ထွန်း

Real Estate Market Shocks After Earth Quake

ငလျှင်ထပ်လှုပ်မည့်သတင်းကြောင့် ကားမောင်းသွားလျှင်ပင် တုန်ခါသွားသည့် ယုဇန အိမ်ရာတိုက်ခတ်များတွင်နေသူများမှာ စိုးရိမ်လျှက်ရှိကြသည်
ငလျှင်ထပ်လှုပ်မည့်သတင်းကြောင့် ကားမောင်းသွားလျှင်ပင် တုန်ခါသွားသည့် ယုဇန အိမ်ရာတိုက်ခတ်များတွင်နေသူများမှာ စိုးရိမ်လျှက်ရှိကြသည်

သြဂုတ်လ ၁၁ ရက်နေ့ က နံနက် အာရုံတက်ချိန် မတိုင်ခင်က လှုပ်ခတ်သွားခဲ့သည့် အင်အားရစ်ခ်ျ
တာစကေး ၇.၆ အဆင့်ရှိ မြေငလျှင် လှုပ်ခတ်ပြီးနောက် ရန်ကုန် မြို့ အထပ်မြင့် အဆောက်အအုံများ
တွင်နေထိုင်သူ အချို့ မှာ ငလျှင်ထပ်မံလှုပ်အုံးမည် ဆိုသည့် သတင်းကြောင့် ယခု အချိန်ထိ
ကြောက်အားပိုလျှက်ရှိကြသည် ဟု သတင်းရရှိသည်။ Continue reading “အထပ်မြင့်အဆောက်အအုံ များတွင်နေထိုင်သူများ ငလျှင်အန္တရာယ်စိုးရိမ်လျှက်ရှိ”