တစ်နှစ်တာ စိတ်ကြိုက် ရုပ်ရှင် ကား အဖြစ် An Education ကို FNG မှ ရွေးချယ်

၂၀၀၉ ခုနှစ် နှစ် ကုန် ပိုင်းတွင် ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင် မြို့ ဖွား အမျိုး သမီး ဒါရိုက်တာ လုန်းရှာဖစ် ရိုက်ကူးခဲ့သည့်
ဗြိတိသျှ ရုပ်ရှင် ဇာတ်ကား An Education အား Freedom Motion Picture Expert Group မှ တစ်နှစ် တာစိတ်ကြိုက်
ဇာတ်ကား အဖြစ် ရွေးချယ် လိုက်သည်။ Continue reading “တစ်နှစ်တာ စိတ်ကြိုက် ရုပ်ရှင် ကား အဖြစ် An Education ကို FNG မှ ရွေးချယ်”

အာဏာရှင် များ ကို မျိုးဖြုတ်ရန် ဒီမိုကရေစီ နိုင်ငံကြီး များ စီမံကိန်း ရေးဆွဲပြီးစီး

အာဏာရှင်နိုင်ငံတွေ ကိုမျိုးဖြုတ်ဖို့ လစ္စဘွန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းက လှို့ ဝှက်
စီမံကိန်းဆွဲ ခဲ့တာ ကို Freedom News Group က ဖော်ပြပြီးဖြစ်ပါတယ်။ စာဖတ်သူတွေ က
မျက်စေ့လျှမ်း သွားတော့ ဒီသတင်း ကို သိပ် သတိမထား မိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး
သန်း ရွှေက တော့ FNG ရဲ့ ဒီသတင်း ကို ပုံနှိပ် စာရွက် ထုတ်ပြီး အစည်း အဝေးတွေ မှာ ချဆွေးနွေး
တယ် လို့  တပ်မှုး တစ်ဦး ရဲ့  ကိုယ်ရေး အရာ ရှိ တစ်ဦး ရဲ့ သူငယ် ချင်းတစ်ယောက်  က ပြောပါ
တယ်။
(အဲဒီ ဆွေးနွေး ပွဲ တက်ခဲ့တဲ့ အရာရှိ တစ်ဦး က မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောတာ
ကို ဗီဒီယို ဖိုင်နဲ့ နောက် ၂၄ နာရီ နေရင် တစ်နေရာရာ ကနေ Leak ပေးမယ်)
ရှုစား အားပေးတော်မူကြပါ။

မြောက်အတ္တလန်တစ် စစ်စာချုပ် အဖွဲ့ (နေတိုး)
က အာဖဂန် နစ္စတန် နိုင်ငံမှ မဟာဗျူဟာမြောက်
စွန့် ခွာမှုများပြုလုပ်ပြီး လျှင် ကမ္ဘာပေါ်ရှိ အခြား
အန္တရာယ်ရှိ သော နိုင်ငံများ ၏ ရန်လိုမှု များ ကို
စစ်ရေး အရ အရေးယူနိုင်ရန် နှင့် အာဖဂန် နစ္စတန်
ကဲ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း မဟုတ်ဘဲ
လျှက်တစ်ပျက် စိမ့်ဝင်ထိုးဖောက် ခြင်း
(Infiltration Team )မျိုးဖြင့် အရေး ပါသည့်
နေရာများ ချေမှုန်းပြီး နောက် လေကြောင်းဖြင့်
ထိုးစစ် ဆင် နိုင်ရန် ညှိုနှိုင်း စီစဉ် ပြီးသွား ပြီ ဟု
မှ သိရသည်။ Continue reading “အာဏာရှင် များ ကို မျိုးဖြုတ်ရန် ဒီမိုကရေစီ နိုင်ငံကြီး များ စီမံကိန်း ရေးဆွဲပြီးစီး”

မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်း အပါအ၀င် လေး နေရာဗုံးပေါက်ကွဲ

Bomb Blasts in Upper Burma four wounded

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း
Freedom News Group မှ သတင်းရရှိသည်။မန္တလေးမြို့လယ်အချက်ကျသော အိမ်တော်ရာဘုရားအတွင်း
ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ဦးထိခိုက်ဒါဏ်ရာရရှိပြီး သေဆုံးမှုမရှိကြေင်း မျက်မြင်ကြုံတွေ့သူတဦးက ပြောပြပါသည်။

”နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူ လည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့
ဘုရား မှာ ဝေယျာ ၀စ္စ လုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ
ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာ
ဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး
ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး”ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောသည် ဟု Eleven Media ၏ အင်တာနက် စာမျက်နှာ
တွင် ဖော်ပြထားသည်

Continue reading “မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်း အပါအ၀င် လေး နေရာဗုံးပေါက်ကွဲ”

Subliminal Message အသုံးပြုခဲ့သည့် First Eeleven ဂျာနယ် နှစ်ပတ် ပိတ်ခံရ

လူကြိုက် များ လှသည့် First Eleven ဂျာနယ်၏ Subliminal Message

သွယ်ဝိုက်၍ အမှာစကားကိုပြောခြင်(Subliminal Message) အသုံးပြုခဲ့သည့် First Eleven ဂျာ
နယ်အား စာပေစိစစ်ရေး မှ နှစ်ပတ် ပိတ် လိုက်သည် ဟု သတင်းရရှိသည်။ မြန်မာ နိုင်ငံတွင် အအောင်
မြင်ဆုံး အားကစား ဂျာနယ် တစ်စောင် ဖြစ်သည့် First Eleven ဂျာနယ်၏ ယခု တစ်ပတ်ထုတ် စာစောင်
မျက်နှာဖုံးတွင် အင်္ဂလန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ ဖြစ်သည့် ဆန်းဒါးလန်း အသင်း နှင့် ချယ်(လ)ဆီ
အသင်း တို့ တွေ့ ဆုံမှု တွင် အချို့ စကားလုံး များ ကို မင်နီတား ၍ အရောက်မြှင့် ကာ ဖော်ပြခဲ့မှု ကြောင့်အပိတ်
ခံရခြင်း ဖြစ်သည် ဟု သတင်းရရှိသည်။ Continue reading “Subliminal Message အသုံးပြုခဲ့သည့် First Eeleven ဂျာနယ် နှစ်ပတ် ပိတ်ခံရ”

သူမ ကို နေအိမ်အကျယ်ချုပ်ချထားမှု မှာ တရားမ၀င် ဟု ဒေါ်စု ပြော

ယမန်နေ့ က တောင်ဒဂုံ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့ ၏ HIV/AIDS နှင့်နေထိုင်သူများ နေရာ သို့ သွားရောက်ကြည့် ရှုအားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်

အေပီ သတင်းဌာန နှင့် ယနေ့ တွေ့ ဆုံမေးမြန်းမှု ဉ် သူမကို နေအိမ် အကျယ်ချုပ် ချထားမှု မှာ တရား
မ၀င်သလို ပြန်လွှတ်ပေးမှု မှာလည်း စစ်အစိုးက ပြန်လည် ၍ သဘောထား ပျော့ပြောင်း လာသည့်
လက္ခဏာ မဟုတ် ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။ Continue reading “သူမ ကို နေအိမ်အကျယ်ချုပ်ချထားမှု မှာ တရားမ၀င် ဟု ဒေါ်စု ပြော”

ကြံ့ဖွံ့ ပါတီ အနိုင်ရရှိ ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ

နိုဝင်ဘာလ ၇ ရက်နေ့ က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ တွင် နာမည်ဆိုး ဖြင့် ကျော်ကြားသည့်
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုး ရေးပါတီ (ကြံ့ဖွံ့ ပါတီ) သည် ၇၆.၅ ရာခိုင်နှုန်း ဖြင့် အနိုင်ရရှိ
သွားသည် ဟု သတင်းရရှိသည်။ ရွေးကောက် ပွဲ မသမာ မှု များ ဖြင့် အနိုင်ရရှိသွားသည့် ကြံ့ဖွံ့ ပါတီ
၏ မဲကလိမ်ကျ မှု များ ကို စုံစမ်း စစ်ဆေးပေးပါရန် အခြား ပါတီ များ က ရွေးကောက် ပွဲ ကော်မရှင်
ကို တောင်းဆိုထား သော် လည်း  ကော်မရှင် က  သတိပေးချက် ထုန် ပြန်၍ စောဒက တက်ခြင်း
ကို တားမြစ် ခဲ့သည်။ Continue reading “ကြံ့ဖွံ့ ပါတီ အနိုင်ရရှိ ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ”

ကော့ကရိတ် မြို့ တွင် တိုက်ပွဲများ စတင်

DKBA တပ်ရင်း ၉၀၉ KNU နှင့် ပြန်လည်ပူးပေါင်းသည့် အခမ်းအနား

ကရင် ပြည်နယ် ကော့ကရိတ် မြို့ တွင် ယမန်နေ့ ညက လက်နက်ငယ်များ ဖြင့် ကြိုကြားကြိုကြား ပစ်ခတ်
မှု ရှိရာမှ ယနေ့ မနက်တွင် နှစ်ဖက် တပ်များ လက်နက် ကြီး သုံး၍ ပစ်ခတ် တိုက်ခိုက်မှုများ စတင်ခဲ့သည်
ဟု FNG မှ သတင်းရရှိသည်။ နအဖ စစ်တပ် ဘက်မှ DKBA နယ်ခြားစောင့် တပ် ပြောင်းသူ တို့ ပါဝင်တိုက်
ခိုက် ပြီး ဗိုလ်မှုးချုပ် စောလား ပွယ် တပ် ဘက်မှ ဗိုလ်ချုပ် ထိန်မောင် ၏ တပ် အချို့ ပါဝင် တိုက် ခိုက်သည် ဟု
သတင်းရရှိသည်။(ကော့ကရိတ် တိုက် ပွဲ ၏ ထပ်မံ တိုးတက် ဖြစ်ထွန်းမှု များ ကို အချိန် နှင့် တပြေးညီ တင်
ဆက်ပေးသွားပါမည်) Continue reading “ကော့ကရိတ် မြို့ တွင် တိုက်ပွဲများ စတင်”

မြန်မာ နိုင်ငံ တွင် စားနပ် ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့ နိုင်

ဟိန်းခိုင်ထွန်း၊                     ၊မြန်မာ နိုင်ငံတွင် လာမည့် နှစ် အနည်းငယ် ဉ် စားနပ် ရိက္ခာပြတ်လပ်မှု
နှင့်ကြုံတွေ့ နိုင်ကြောင်းရန်ကုန် ရှိ ကုလ သမဂ္ဂ ရုံးမှ အကြီးတန်း တာဝန် ရှိ သူ တစ်ဦး က FNG သို့ 
ပြောသည်။ရာသီဥတု ကြောင့် နိုင်ငံ၏ အဓိက သီးနှံ ဖြစ်သည့် စပါး အပါအ၀င် လယ်ယာကိုင်းကျွန်းများ
၏ ၄၀ ရာခိုင်နှုန်း မှာ ပျက်စီး သွား သဖြင့် နောက်နှစ် များတွင် ဖူလုံ စားနပ် ရိက္ခာ (Sufficient)
အဆင့် လောက်သာ ရှိ နိုင်ပြီး ရာသီဥတု ကြောင့် ထပ်မံ ပျက်စီးမှု ဖြစ်ပေါ်ပါက စားနပ် ရိက္ခာပြတ်
လပ်မှု နှင့် ကြုံတွေ့ နိုင်သည် ဟု သတိပေး ပြောကြားခဲ့သည်။

သဘာသ ဘေးကြောင့် စားနပ် ရိက္ခာ ပြတ်လပ် နိုင်သလို စစ်ပွဲ များကြောင့် လည်း အလုပ်အင်အား
ဆုံးရှုံး ပြီး ထို အင်အားများမှာ ပြန်လည် မှီခို ထောက်ပံ့ခံ ဖြစ်ရမှု ကြောင့် လည်း စားနပ် ရိက္ခာ အထွက်
လျှော့ နည်း သွား နိုင်သည်။ Continue reading “မြန်မာ နိုင်ငံ တွင် စားနပ် ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့ နိုင်”

ဒိုင်ယာနာ့ သားကြီး ၀ီလျှံ မင်္ဂလာ ဆောင်တော့မည်

ဗြိတိသျှ နန်းညွှန့် နန်းလျှာ တစ်ဦးဖြစ်သူ မင်းသူ ၀ီလျှံ နှင့် သူ၏ နှစ်ရှည်လများ ချစ်သူ ဖြစ်သည့် ကိတ် မင်ဒယ်တန် တို့ နှစ်ဦးသည် စေ့စပ် လိုက်ကြီပြီး နောက်နှစ်တွင် လက်ထပ်မည် ဟု သတင်းရရှိသည်။ နှစ်ဦး စလုံးသည် အသက် ၂၈ နှစ်ဖြစ်သည် ။

ဗြိတိသျှ အိမ်ရှေ့ မင်းသား ချားလ် နှင့် ၁၉၉၇ ခုနှစ် သြဂုတ်လအတွင်း ကွယ်လွန် သွား ခဲ့ပြီဖြစ်သည့် ဒိုင်ယာနာတို ၏
သားဖြစ်သူ မင်းသား ၀ီလျှံ သည် သူ နှင့် ကာလကြာရှည် ချစ်မေတ္တာ မျှ နေသည့် ကိတ်မင်ဒယ်တန် ဆိုသည့် အမျိုးသမီး
လေး နှင့် အောက်တိုဘာ လ အတွင်း က ကင်ညာ နိုင်ငံ တွင် စေ့စပ် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ဂါးဒီယန် သတင်း
စာတွင် ဖော်ပြထားသည်။

မင်းသား ၀ီလျှံ သည် လက်ရှိ ဘုရင်မကြီး၏ မြေးတော်စပ် သူလည်း ဖြစ်ပြီး ၀ီလျှံ က သူ၏ ဘ၀ ချစ်ခရီးဖော် ကို
စကော့တလန်ရှိ စိန့် အင်ဒရူး တက္ကသိုလ် တွင် ပညာ ရင် နို့ သောက် စို့ နေစဉ် ၂၀၀၃ ခုနှစ် ဉ် စတင် ဆုံစည်း ခဲ့ခြင်း ဖြစ်သည်။ Continue reading “ဒိုင်ယာနာ့ သားကြီး ၀ီလျှံ မင်္ဂလာ ဆောင်တော့မည်”

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် စတင် တွေ့ ဆုံ

နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြသည်
ယနေ့ တိုင်းရင်း သား ခေါင်းဆောင် အချို့ နှင့် NLD ရုံးချုပ် တွင် တွေ့ ဆုံမည် ဟု သတင်း
ရရှိသည်။ ထိုသို့ တွေ့ ဆုံရန် စီစဉ် ထားစဉ် ဒုတိယ ပင်လုံ ညီလာ ခံ ၊ နယ်စပ် ဒေသ အရေး
ကိစ္စများ နှင့် ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေး အခြေအနေ တို့ ကို ဆွေးနွေးကြမည် ဟု
သိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား ခေါင်းဆောင်များ နှင့် စတင် တွေ့ ဆုံ”

Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်

အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com
ဆိသည့် အင်တာနက် အီးမေး တစ်ခု ဖွင့် နိုင်တော့ မည် ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန်
သည်။ Continue reading “Face Book မှ အခမဲ့ အီးမေး ၀န်ဆောင်မှု ကို စတင်”

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ်သေဆုံး

စည်ပင် ၀န်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အောက်စီဂျင်ပြတ် သေဆုံးခဲမှု အား "မြန်မြန်တာ သင်္ဂြလ်လိုက် ကွာ" ဟု ပြောသည့် မြို့ တော်ဝန် အား စည်ပင်ဝန်ထမ်းများ မကျေမနပ်ဖြစ်ကြသည် ဟု သိရသည် Photo : Freedom News Group

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ )
မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ
(၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး
တပြိုင်နက်သေဆုံးသွားကြပါတယ် ။ အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီး
သေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှမထုတ်ပြန်ခဲ့ပါဘူး ။ Continue reading “မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ်သေဆုံး”

ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း

မြန်မာ နိုင်ငံတွင်း စစ်မှန်သော အပြောင်းအလဲ များ ပေါ်ပေါက်ပြီး သွေးထွက်သံယို နာကျင်ခက်
ခဲမှု မရှိ သောအပြောင်းအလဲ များဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်း ထားကြောင်း
လန်ဒန် အခြေစိုက် ဘီဘီစီ သတင်းဌာန တွင် တွေ့ ဆုံမေးမြန်းခန်း တွင် ဒေါ်အောင်ဆန်းစုကြည်
က ထည့်သွင်းပြောကြား သွားသည်။ Continue reading “ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း”

လူမှုကွန်ယက်များ ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ လူငယ်တွေ အသုံးများ တဲ့ အင်တာနက်လူမှု ကွန်ယက် တွေ ဖြစ်တဲ့ Face Book,Twitter
နဲ့  Buzz စတဲ့ အွန်လိုင်း ကွန်မြုနတီ တွေ မှာ နေအိမ် အကျယ်ချုပ် ကလွတ်မြောက်လာတာ နှစ်ရက်
ပဲ ရှိသေး တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓာတ်ပုံတွေ မိန့် ခွန်းတွေ ကို တင်ထားပြီး ဆွေးနွေး  ထောက်
ခံ မှု တွေ ကို လူငယ်တွေ က ဦးဆောင် ပြုလုပ်နေကြပါတယ်။

လူမှု ကွန်ယက် တွေ မှာ ပျံနေ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပြန်လည်လွတ်မြောက် မှု အမှတ်တရများ
ထဲမှ မြန်မာ့ အရေး ဖေ့ဘွတ် စာမျက်နှာ က  “အမေ့ ဟောပြောပွဲက ၀မ်းသာစရာ ဖြစ်ရပ်ကလေးပါ”
ဆို တဲ့ ယမန်နေ့ ဒေါ်စု မိန့် ခွန်းက ကောက်နှုတ်ချက် နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည် မှာ ပါဝင်တဲ့
အက္ခရာ တွေ ကို ဂုဏ်ဖော်ထား တာကို ဖော်ပြလိုက်ပါတယ်။ Continue reading “လူမှုကွန်ယက်များ ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်”