နယ်စပ်ကုန်သွယ်မှုပိတ်သော်လည်း ဌာနဆိုင်ရာအရာရှိတို့  အကျိုးဖြစ်
အောင်မြင်၊ ၊မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးပိတ်ထားသော်လည်း
လိုင်စင်မဲ့ကားများ၊ အထည်အလိပ်,စားသောက်ကုန်များကို မြန်မာဘက်ခြမ်းသို့ ညစဉ်
တရားမ၀င်ကူးသန်း ရောင်းဝယ်လျက်ရှိသည်။မြ၀တီမှတဆင့် ရန်ကုန်မြို့သို့ နေ့စဉ်နည်း
လမ်းမျိုးစုံနှင့် ပို့ ဆောင်မှု ကြောင့် မြ၀တီ၊ ဘားအံတွင် တာဝန်ကျ အစိုးရအရာရှိတို့မှာ ၀င်ငွေကျပ်သိန်းရာချီဝင်နေကြကြောင်း မြ၀တီ အာဏာပိုင် တို့နီးစပ်သော ငွေလွှဲဟွန်ဒီ
လုပ်ငန်း လုပ်ကိုင်နေသောမြန်မာကုန်သည်တဦးက FNG သို့ ပြောသည်။ Continue reading “နယ်စပ်ကုန်သွယ်မှုပိတ်သော်လည်း ဌာနဆိုင်ရာအရာရှိတို့  အကျိုးဖြစ်”
မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင် မှုကြောင့် မြန်မာအလုပ်သမားတို့ အခက်တွေ့ 
မဲဆောက်မြို့ ဘတ်ဆောင်ခွဲ အရပ်ရှိ အိုမီဂါ
အထည်ချုပ်စက်ရုံတွင် ယနေ့နံနက် ၄ နာရီ
ဝန်းကျင်ခန့်မှစတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား
ခဲ့သည်။မီးလောင် ကျွမ်းသည့် စက်ရုံမှာ မြန်မာ
ရွှေ့ပြောင်း အလုပ်သမား အများစု အလုပ် နေသည့်
စက်ရုံဖြစ်သည်။ စက်ရုံတွင် အလုပ်လုပ်နေသည့်
မြန်မာ အလုပ်သမားများမှာမီးလောင်ကျွမ်းမှု ကြောင့်
စက်ရုံ ရပ်နားလျှင် အလုပ်အအကိုင် များ ဆုံးရှုံးမည်
ကို စိုးရိမ်နေကြသည်။ Continue reading “မဲဆောက် အထည်ချုပ်စက်ရုံ မီးလောင် မှုကြောင့် မြန်မာအလုပ်သမားတို့ အခက်တွေ့ ”
သီအိုလိုဂျီ မလိုကြောင်း စတီဖင်ဟော့ကင်း ပြော
လက်ရှိ ကမ္ဘာ့ နံပါတ်တစ် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက
ဘုရားသခင်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်းနှင့် ရှေးဟောင်း
ဘာသာရေးဆိုင်ရာ လေ့လာမှုပညာ (theology) မလိုအပ်တော့ကြောင်း
သူ့ရဲ့ စာအုပ်အသစ် The Grand Design တွင် ဖော်ပြလိုက်သည်။
သောကြာနေ့ CNN သတင်းဌာနမှ လာရီကင်းနှင့် အင်တဗျူးတွင်
အသက် ၆၈ နှစ်ရှိ ဟော့ကင်းက “ဂေါ့ဒ် တည်ရှိကောင်း တည်ရှိမယ်၊
ဒါပေမဲ့ သိပ္ပံပညာက ဖန်ဆင်းရှင်မလိုဘဲ စကြာဝဠာကြီးအကြောင်း
ရှင်းပြနိုင်တယ်” ဟု ဆိုသည်။
သူ့စာအုပ်တွင် ကမ္ဘာမြေဆွဲငင်အား တည်ရှိမှု၊ နေတစ်ခုကို ဂြိုဟ်များက
လှည့်ပတ်မှု သီအိုရီကို ကိုးကားပြီး အကြောင်းတိုက်ဆိုင်သဖြင့် မိမိတို့
နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုဟ်တွင် တည်ရှိနေခြင်းဖြစ်ကြောင်း
ထောက်ပြသည်။ အဲဒီသဘောအရ စကြာဝဠာဟာ သူ့ဖာသာ ဖန်ဆင်းတာ
ဖြစ်တယ်၊ ဘယ်အရာကမှ ဖန်ဆင်းတာ မဟုတ်ဘူး။ စကြာဝဠာနှင့်
လူသားတွေ တည်ရှိခြင်းဟာ ‘အလိုအလျောက် ဖန်ဆင်းခြင်း’
(spontaneous creation) ကြောင့် ဖြစ်တယ်ဟု ရေးသားထားသည်။ Continue reading “သီအိုလိုဂျီ မလိုကြောင်း စတီဖင်ဟော့ကင်း ပြော”
ဗိုလ်ချုပ်အောင်ဆန်းဈေး ရထားလမ်းခုံးကျော်တွင် ချိန်ကိုက်မိုင်း တစ်လုံးတွေ့ ရှိဟု ဆို
တိုင်းပြည်မှာ လူထု အုံကြွှမှု ဆန်ဆန် မငြိမ်မသက်မှု တွေ ပေါ်ပေါက်တော့ မယ် လို့ အစီရင်ခံ
စာတွေ တက်လာတိုင်း ဗုံးကွဲတာ တို့ ၊ တံတားကျိုးတာတို့  ၊ကျော်ကြားသူတို့ ရဲ့ အညီအဟောက်
သတင်းတွေ ကို ထုတ်လွှင့် လေ့ရှိ တဲ့ မြန်မာ စစ်အစိုးရရဲ့  ဒီနေ့ ထုတ် သတင်းစာမှာ ဗိုလ်ချုပ်ဈေး
ရထားလမ်းကျော် ခုံးတံတား မှာ မပေါက်သေးတဲ့ ချိန် ကိုက် ဗုံးတစ်လုံး ကို တွေ့ ရှိ တယ်လို့ ဖော်
ပြထားပါတယ်။ Continue reading “ဗိုလ်ချုပ်အောင်ဆန်းဈေး ရထားလမ်းခုံးကျော်တွင် ချိန်ကိုက်မိုင်း တစ်လုံးတွေ့ ရှိဟု ဆို”
ကွန်မြူနစ်ဝါဒ အလုပ်မဖြစ်ကြောင်း ဖီဒယ်လ် ကစထရို ၀န်ခံပြောကြား(ဗီဒီယို)
Fidel Castro: Cuban model no longer works
အသက် ၈၄ နှစ်ရှိ တော်လှန်ရေး ခေါင်းဆောင်ကြီး
ဖီဒယ်လ် ကစထရိုက ‘ဘိုင်ကျ နေသော ကျူးဘားကျွန်း
နိုင်ငံအတွက် လက်ရှိ ကျင့်သုံးနေသည့် ကွန်မြူနစ်မော်
ဒယ်က ဘယ်လိုမှ အလုပ်
မဖြစ်တော့ကြောင်း’ ကျူးဘားနိုင်ငံတွင် ရောက်ရှိနေ
သော The Atlantic မဂ္ဂဇင်းမှ ဂျာနယ်လစ်
ဂျက်ဖရီ ဂိုးလ်ဘခ်ဂ် နှင့် အမေရိကန်-ကျူးဘားရေးရာ
မူဝါဒ ကျွမ်းကျင်သူ ဂျူလီယာဆွင်း တို့ကို
နေ့လည်စာ အတူစားရင်း ပြောပြခဲ့သည်။ Continue reading “ကွန်မြူနစ်ဝါဒ အလုပ်မဖြစ်ကြောင်း ဖီဒယ်လ် ကစထရို ၀န်ခံပြောကြား(ဗီဒီယို)”
သတင်း မရေးတတ် သောကြောင့် စစ်တပ် သည် ပြည်သူ ကို အခါ အားလျှော်စွာ သတ် ဟု ၀န်ခံရာရောက်
၁၉၃၀ ပဲခူးငလျှင် ပြီးလျှင် ပဲခူးမြို့ ဉ် အကြီးအကျယ်ဆုံးသော ဖြစ်ရပ် ဟု ပဲခူး မြို့ ဒေသခံတို့ 
သတ်မှတ်ကြသည့် ပဲခူး လူငယ် နှစ်ဦး သေဆုံးရမှု ကို ယနေ့  စစ်အစိုးရ အာဘော် သတင်းစာ
များ တွင် စတင် ဖော်ပြသည်။ Continue reading “သတင်း မရေးတတ် သောကြောင့် စစ်တပ် သည် ပြည်သူ ကို အခါ အားလျှော်စွာ သတ် ဟု ၀န်ခံရာရောက်”
မြန်မာ အများစု နေသော ဆန်ဘ ရူနို ရပ်(ကာလီဖိုးနီးယား)တွင် မီးအကြီးအကျယ်လောင်
ဆန်ဘရူ နို မြို့ မီးလောင်မှု အား တွေ့ ရစဉ် ဓာတ်ပုံ-New York Times
ဆန်ဖရန် စစ္စကို မြို့ ၏ တောင် ဘက်၈ မိုင်ခန့်  အကွာ တွင် ရှိသည့် ဆန်ဘရု နိုမြို့ တွင် မြေအောက် ဂက်(စ)
ပိုက်လိုင်း မှ တစ်ဆင့် မီးစွဲ လောင်ရာ အိမ်အလုံး နှစ်ဆယ်ခန့် မီးစွဲ လောင်ပြီး မီးတောက်မီးလျှံ များ မှာ လည်း
ဆက်လက် အားကောင်းလျှက် ရှိသည်။မီးလောင်မှု ကြောင့် သုံးဦးသေဆုံးသည်။ Continue reading “မြန်မာ အများစု နေသော ဆန်ဘ ရူနို ရပ်(ကာလီဖိုးနီးယား)တွင် မီးအကြီးအကျယ်လောင်”
ကာကွယ်ရေးဦးစီးချုပ် ဟောင်း သူရ ဦးတင်ဦး၏ အကိုဖြစ်သူကွယ်လွန်
နာရေးကူညီမှု အသင်း တည်ထောင်သူ နှင့် သရုပ်ဆောင် ကိုကျော်သူ၏ ဖေ့ဘွတ် စာမျက်နှာမှ ရယူပါသည်
လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စ အ၀၀တို့ကို ထမ်းဆောင်ဖေးမ ကူညီပံ့ပိုးပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၆.၉.၂၀၁၀ (တနင်္လာ) နေ့တွင် ဘဘ ဦးတင်ဦး၏ အကိုအရင်းဖြစ်သူ ကွယ်လွန်သူ ဦးစိန်အောင် အသက် (၈၃) နှစ် ရုပ်အလောင်းအား ရန်ကင်းမြို့နယ်နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။
၈.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့ ညနေ (၄း၀၀) နာရီအချိန်တွင် မီးသင်္ဂြိုလ်မှု အခမ်းအနား အား ရေဝေးသုဿန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)က စတီးမှန်ရွှေခေါင်းနှင့် အသင်းသူ/သားများသည် ၀ိုင်းဝန်း ကူညီဖေးမ ပေးဆပ်ခဲ့ကြပါသည်။
Continue reading “ကာကွယ်ရေးဦးစီးချုပ် ဟောင်း သူရ ဦးတင်ဦး၏ အကိုဖြစ်သူကွယ်လွန်”
မိုးသည်းထန် စွာရွာသွန်းပြီး ရန်ကုန်မြစ်ရေ တိုးမှုကြောင့် မြို့လယ် တစ်ဝိုက် တွင် ရေနစ်မြုပ်
Continue reading မိုးသည်းထန် စွာရွာသွန်းပြီး ရန်ကုန်မြစ်ရေ တိုးမှုကြောင့် မြို့လယ် တစ်ဝိုက် တွင် ရေနစ်မြုပ်
Rate this:
သူရဦးရွှေမန်း နှင့် သီဟသူရ ဦးတင်အောင်မြင့်ဦး တို့ ကို လုံခြုံရေး အရ ခေါ်သွားခြင်းသာဖြစ်
၂၀၀၈ ခုနှစ်က တရုတ်ပြည်သွားစဉ်က စစ်ဝတ်စုံဖြင့် တွေ့ ရ ကာ တရုတ်ခေါင်းဆောင် အချို့ နှင့် အတူတွေ့ ရသည့် သူရ ရွှေမန်း ယခု တစ်ခေါက် တွင် မူ အပြင် မထွက်ရဘဲ တရုတ် ရှိ မြန်မာ သံရုံး တွင် အစောင့်အကျပ် များ နှင့် နေရသည် ဟု ဆိုသည်။
ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ၏ ငါးရက်ကြာ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း ယခင် တပ်မတော်
ကြည်း ရေ လေ ညှို နှိုင်း ရေး မှု ဟောင်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့် ဦး တို့ ကို ခေါ် သွား ခြင်းမှာ လက်ရှိ နေပြည်တော် ၏ အခြေအနေ အများ အရ
သူတို့ နှစ်ယောက် ကို ထားခဲ့ရန် မဖြစ်သည့် အတွက် အပါခေါ်သွား ရခြင်း ဖြစ်သည် ဟု သိရသည်။ Continue reading “သူရဦးရွှေမန်း နှင့် သီဟသူရ ဦးတင်အောင်မြင့်ဦး တို့ ကို လုံခြုံရေး အရ ခေါ်သွားခြင်းသာဖြစ်”
ထိုင်းအလုပ်ရှင်အား မြန်မာအလုပ်သမား ထောင်ကျော်ဆန္ဒပြ
ထိုင်းနိုင်ငံလာအိုနယ်စပ်အနီးရှိ ခွန်ကယ်မြို့ရှိ
ဒေရှားဖားနှစ် အမည်ရှိငါးဖမ်းပိုက်စက်ရုံတွင်အလုပ်
လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား
( ၆ )ဦး အားအလုပ်၂ရက်ပျက်ကွက်သည့်
တွက် အလုပ်ရှင်မှ မနေ့ကအလုပ်မှထုတ်ပယ်လိုက်သည်။ ထိုသို့အလုပ်မှထုတ်ခံရသော အလုပ်
သမား၆ ဦးက အအလုပ်ရှင်အား မိမိတို့ ၏ ယာယီပါတ်စပို့များပြန်ထုတ်ပေးရန်ပြောရာ အလုပ်ရှင်မှပြန်လည် ထုတ်ပေးခဲ့သော်လည်း ထိုယာယီပါတ်စပို့ ၆ စောင်မှာ တစောင်တည်းသာလျင် အစစ်အမှန်ဖြစ်ပြီး
ကျန် ယာယီပါတ်စပို့ ၅စောင်မှာ ဓါတ်ပုံများပြောင်းလဲထားကြောင်းသိရသည်။ ထိုသို့ဓါတ်ပုံများပြောင်းလဲထားမှုကြောင့် အလုပ်ထုတ်ခံထားရသော အလုပ်သမား၅ ဦး၏ယာယီပါတ်စပို့များမှာ အတုကဲ့သို့ဖြစ်သွားရသည်။ Continue reading “ထိုင်းအလုပ်ရှင်အား မြန်မာအလုပ်သမား ထောင်ကျော်ဆန္ဒပြ”
ဦးဥတ္တမ နေ့ အခမ်းအနား ရွေးကောက်ပွဲ ကော်မရှင် က ကျင်းပခွင့်မပေး
ကိုဦး ၊    ၊ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဖလမ်ဆောင်နယ်မြေတွင် (၇၁)နှစ် မြောက် သာသနာ့ 
အာဇာနည် ဦးဥတ္တမပအကြိုအခမ်းအနားကို (ALD,RPLC,ALO,ANN,NMWD)စသည့်
ရခိုင်အဖွဲ့အစည်းများကဦးဆောင်၍နေ့လည်(၁)နာရီတွင် ကျင်းပခဲ့ပါသည်။ Continue reading “ဦးဥတ္တမ နေ့ အခမ်းအနား ရွေးကောက်ပွဲ ကော်မရှင် က ကျင်းပခွင့်မပေး”
ပဲခူး လူငယ်နှစ်ဦး စစ်တပ်က သတ်မှု ရဲချုပ် ခင်ရီ သတင်းစာ ရှင်းလင်းပွဲ လုပ်မည်
စနေ နေ့ ညက ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်ကွက် မှာ စစ်တပ်က ကျဉ်ဘောက်ကုန်အောင် အတွဲလိုက်
ပစ်သတ်ပြီး အသတ်ခံလိုက် ရတဲ့ လူငယ် နှစ်ဦး ရဲ့ ဖြစ်စဉ် ကို မြန်မာ နိုင်ငံရဲတပ် ဖွဲ့ ရဲချုပ်မှုးကြီး
ကားနောက်ဆုတ် ရာမှ အချင်းများ ပြီး နေပြည်တော် တွင် စစ်တပ်အရာရှိ က ရဲ အရာရှိ ကို သေနတ်ဖြင့် ထုတ်ပစ်
တင်ကျော်ကျော်စိုး၊           ၊ယမန် နေ့ ညက နေပြည်တော် ဟိုတယ်ဇုန် အတွင်း ရှိ တော်ဝင်
ကုမုဒြာ ဟိုတယ် အနီးတွင် ရှမ်းပြည်နယ် မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ အစည်း အဝေး လာတက်သည့်
ရဲမှုး တစ်ဦး ၏ အစိုးရ ကား ဆူဇူကီး အပြာရောင် နှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ ဗိုလ်မှုး နိုင်မင်း ဆိုသူ
စီးလာ သည့် ကိုယ်ပိုင်ကား မတ်တူး အဖြူရောင် တို့ တိုက်မိရာမှ ဗိုလ်မှုး နိုင်မင်း ဆိုသူ က
ရှမ်းပြည် မှ (ကိုးကန့် ဒေသတွင် တာဝန် ကျသည် ဟု သိရသည်) ရဲမှုး အား ဆဲဆိုပြီး နောက်
မူးမူးဖြင့် သူ့ တွင် ပါလာ သော ပစ္စတို သေနတ် ဖြင့် ထုတ်ပစ် သည် ဟု ဟိုတယ်ဇုန် ၀န်ထမ်း
တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ကားနောက်ဆုတ် ရာမှ အချင်းများ ပြီး နေပြည်တော် တွင် စစ်တပ်အရာရှိ က ရဲ အရာရှိ ကို သေနတ်ဖြင့် ထုတ်ပစ်”