ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင်ရသော် လည်း ဖိုးလပြည့် က အဖိုးဖြစ်သူ ၏ အာဏာကို ဆက်ခံ မည် မဟုတ် ဟု ဆို

မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ် အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှုးကြီးက ပြင်သစ် နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည်
မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ် အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှုးကြီးက ပြင်သစ် နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည်

ဟိန်းခိုင်ထွန်း၊   ၊ဗိုလ်ချုပ်မှုးကြီး ဘ၀ ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုး ထုတ်သွားမည် မြန်မာ
စစ်ခေါင်းဆောင်၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာလွှဲပေးရန်
အကြောင်းဖန်လာ ပါလာ ပါက လည်းသူ့ အနေ ဖြင့်လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း
ယခု သီတင်းပတ် အတွင်း က သူငယ်ချင်း ဖြစ်သူ များ အား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်း
အနား ကို မင်္ဂလာဒုံ လေယာဉ် ကွင်း တွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။ Continue reading “ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင်ရသော် လည်း ဖိုးလပြည့် က အဖိုးဖြစ်သူ ၏ အာဏာကို ဆက်ခံ မည် မဟုတ် ဟု ဆို”

ဗုဒ္ဓစီးပွားရေး၊ ဗုဒ္ဓပညာရေးဖြင့် တိုးတက် ပျော်ရွှင်နေသည့် ဘူတန်နိုင်ငံ

(ဒေါက်တာ Jeffery D.Sachs မှာ ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ နှင့် အန်ဂျလီနာ ဂျိုလီ ကို ကုလ ထောင်စုနှစ် စီမံကိန်း နှီးနှောပွဲ တစ်ခု တွင် တွေ့ ရစဉ်)

ရဲမြင့်ကျော် ။         ။သဘာဝအလှ ယဉ်ကျေးမှုဓန
တွေ ကြွယ်ဝတဲ့ ဟိမ၀န္တာ ဘုရင့်နိုင်ငံတော် ဘူတန်
ကနေ မကြာခင်က ကျနော် ပြန်လာခဲ့သည်။ ယနေ့အချိန်
တွင် ဘူတန် ဘုရင့်နိုင်ငံရဲ့ စီးပွားရေး လူမှုရေး ထူးထူး
ခြားခြား အောင်မြင်မှုတွေအပေါ် တစ်ကမ္ဘာလုံး တစ်နေ့ထက်
တစ်နေ့ ပိုစိတ်ဝင်စားကြ၊ မေးခွန်းထုတ်ကြ ဖြစ်နေကြရသည်။

ဘူတန်ရဲ့ ခက်ထန်ကြမ်းတမ်းတဲ့ ပထ၀ီ မြေမျက်နှာသွင်ပြင်က
ကျန်းမာကြံခိုင်တဲ့ လယ်သမားများနဲ့ တိရိစ္ဆာန် မွေးမြူသူများ
ပေါ်ထွက်လာစေသည်။ တိဘက်သမိုင်းနဲ့ ဆက်စပ်နေတဲ့
ဗုဒ္ဓယဉ်ကျေးမှုကလည်း အခိုင်အမာ အားကောင်းလျက်ရှိသည်။
ပြင်သစ်နိုင်ငံ အရွယ်အစားရှိတဲ့ နိုင်ငံမှာ လူဦးရေ
၇၀၀၀၀၀ က ကျိုးတိုးကျဲတဲ နေထိုင်ကြပြီး၊ နက်ရှိုင်းတဲ့
ချိုင့်ဝှမ်းတွေထဲမှာ စိုက်ပျိုးရေးလုပ်ကိုင်ကြ၊ တောင်ကုန်းမြင့်မြင့်တွေပေါ်
တိရိစ္ဆာန်တွေ မွေးမြူကြသည်။
ချိုင့်ဝှမ်းတစ်ခုချင်းစီကို ဘုန်းကြီးကျောင်းတွေ မြို့ရိုးခံတပ်ကြီး
တွေနဲ့ဝိုင်းပတ်ထားပြီး၊ အဆောက်အဦအားလုံးက
ရာစုနှစ်ပေါင်းများစွာရဲ့ ဆန်းပြားကြယ်ဝတဲ့ အနုပညာ
ပိသုကာလက်ရာများကို အထင်းသားဖော်ပြနေသည်။ Continue reading “ဗုဒ္ဓစီးပွားရေး၊ ဗုဒ္ဓပညာရေးဖြင့် တိုးတက် ပျော်ရွှင်နေသည့် ဘူတန်နိုင်ငံ”

ပဲခူး ရေဘေး သေဆုံး သူ နှစ်ဦး နှင့် လေးဦးပျောက်ဆုံးနေ

Updated :  :ယနေ့ ည ပဲခူးမြစ်ရေ ထပ်မံမြင့်တက်လာမှု ကြောင့် မြို့ ပေါ်ရပ်ကွက်နေ ပြည်သူများ ဘေးလွတ်ရာပြေးရ

ပဲခူး တစ်မြို့ လုံး လျှပ်စစ်မီးများ ပြတ်တောက်

ပဲခူးမြစ်ရေ တက်လာမှုကြောင့် ပဲခူးမြို့ ရေကြီးမှု တွင် အနည်းဆုံး နှစ်ဦး သေဆုံးပြီး လေးဦးပျောက်ဆုံးသည် ဟု သတင်းရရှိသည် ။သေဆုံးသူ တစ်ဦး မှာ ဇိုင်းဂနိုင်း ရပ်တွင် ယနေ့ မနက် ရေဖုံးနေသော ရေတွင်း ထဲ ကျသေခြင်းဖြစ်ပြီး ၊ပျောက်ဆုံးနေသူများ ထဲမှ တစ်ဦး မှာပဲခူးမြို့ အမှတ် ၅ ရဲစခန်း မှ နယ်ထိန်းတပ်ကြပ်ကြီး တစ်ဦးဖြစ်သည်။

ပဲခူးမြို့ ရေကြီးမှု တွင်လူ ၆၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ယနေ့ ည အထိ ထိုလူ ၆၀၀ အတွက် သက်ဆိုင်ရာမည်
သည့် အဖွဲ့ အစည်း ကမျှ ထောက်ပံ့မှု များ မပြုသေးဟု သိရသည်။ Continue reading “ပဲခူး ရေဘေး သေဆုံး သူ နှစ်ဦး နှင့် လေးဦးပျောက်ဆုံးနေ”

ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ

Flooded in Pegu

ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြစ်ရေ ထပ်မံတက်မှု ကြောင့် မြို့ လယ်ပိုင်း တစ်လျှောက်ရှိ နေအိမ် နှင့် အဆောက်အဦ များ ရေ နစ်မြုပ်ခဲ့ရသည်
ပဲခူးမြို့ ပို့ ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနလည်း ရေအောက် ရောက်သွားပြီ ဖြစ်သဖြင့် ဆက်သွယ်ရေးများ ပြတ်တောက် ကုန်ပြီ ဖြစ်သည်။
ပြည်သူများ က လှေဖြင့် ခရီးသွားနေရသော် လည်း အာဏာလွန် ဆွဲ ပွဲများကြောင့် စစ်အစိုးရ ခေါင်းဆောင် များ က လှည့်မကြည့် နိုင် ဖြစ် နေသည်။
မြို့ လည်တစ်ဝိုက်တွင် ရေနစ်မြုပ်နေသဖြင့် ဆိုက်ကားဂိတ်၊တက္ကစီ ဂိတ်များ နေရာတွင် သမ္ဗာန် ဂိတ်များ ပေါ်ပေါက်လာသည်။ ဈေးသွား၊ဈေးပြန် ၁၀၀ ကျပ်ဖြစ်သည်။(သံဃာတော် နှင့် သက်ကြီးရွယ် အိုများ အခမဲ့)

Continue reading “ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ”

ပဲခူး ရေဘေး ဒဏ်ခံရသူများကို သံဃာတော်များက ဦးဆောင်ပြီး ထမင်းထုတ်ဝေ

ပဲခူးမြစ်ရေ တက်မှု ကြောင့် ရေလွှမ်းမိုးမှု ဒဏ်ခံရသည့် မြို့ နေပြည်သူများကပဲခူး ပရဟိတဆ၇ာတော်ဦးကိတ္တိနှင့်
ဒကာများကထမင်းထုတ် နံက်၁၀နာ၇ီမှာကလျာဏီသိမ်တွင်စတင်ဝေငှ သည်။မြစ်ရေ ကြီးမှုကြောင့် ဒုက္ခရောက်
သည့် ပြည်သူများ နှင့် ကျောင်းသား များ ကို အာဏာပိုင်များက လျှစ်လျှုရှု ထားသည် ဟု ယနေ့ ည ၈း၀၀ တွင်
နောက် ဆုံး သတင်းဝင်ရောက်သည်။
ပဲခူး အဝေးပြေးကားဂိတ်ဝင်း သည် လည်း ယနေ့ နေ့ လည် ၂ နာရီ အချိန်မှ စတင်၍ ရေနစ်မြုပ် နေသည်
သည်ဟု သတင်းရရှိသည်။ Continue reading “ပဲခူး ရေဘေး ဒဏ်ခံရသူများကို သံဃာတော်များက ဦးဆောင်ပြီး ထမင်းထုတ်ဝေ”

စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ်ဖြတ်

မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား တပ်ပြင်ထွက်ခွင့် ၊ မိသားစု တွေ့ ခွင့် ၊ အင်တာနက်ကြည့် ခွင့် အပါအ၀င် ပြင်ပ နှင့် အဆက်အသွယ်များ ဖြတ်တောက်ထားသည် (ဖြစ်နိုင်သည် မှာ ပြုတ်/နား များ ၏ လူရင်း ကျောင်းသားများ အား ကျောင်းထုတ် ချင်သောကြောင့် ဖြစ်သည်) ပုံတွင် တွေ့ ရသည် မှာ မေမြို့ စစ်တက္ကသို လ် ဖြစ်သည်။
စစ်/ဆေး ဟု ခေါ် သည့် တပ်မတော် ကာကွယ်ရေး ဆေးတက္ကသိုလ် တွင် လည်း ကျောင်းသား များ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ် ဖြတ်တောက် ထားသည်။(ပုံတွင် တွေ့ ရသည် မှာ တပ်မတော် ဆေးတက္ကသိုလ်ဖြစ်သည်)

Continue reading “စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ်ဖြတ်”

သူရ မြင့်အောင် အမိန့် ပေးသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် က တပ်ရင်းမှုး ၈ ဦး နှင့် အရာရှိ ၁၂ဦး ကိုဖမ်းဆီးထား

ထိပ်တန်း စစ်ခေါင်းဆောင် သုံးဦး အနက် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တစ်ဦး တည်းသာ ရာထူးမှ ဖယ်ရှားခံရပြီး ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးမှာ လက်ရှိ ရာထူး တွင် ပိုနေ မြဲ ကျားနေမြဲ ဖြစ်သည် ဟု နောက်ဆုံး ရ သတင်း များ က ဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း ရန်ကုန်မြို့ ၏ လုံခြုံရေး ကို တာဝန်ယူခဲ့ရသည့်
ရဲမွန် တပ်မြို့ မှ တပ်ရင်းမှုး ဗိုလ်မှုးကြီး ကျော်ခိုင် အပါအ၀င် တပ်ရပ်မှုး လေးဦး နှင့် ဗျူဟာမှုး သုံးဦးမှာ
သြဂုတ်လ ၂၇ ရက်နေ့ ညက ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ် တစ်ခု မှ အလစ်အငိုက်
ဝင်ရောက် ဖမ်းဆီးခြင်း ကို ခံရပြီး နောက် အမည် မသိ နေရာ တစ်ခု တွင် ဖမ်းဆီးထားခြင်း ခံရ နိုင်သည်ဟု
ထိုတပ် ရင်းမှုး များ နှင့် နီးစပ် သည့် သတင်းရပ်ကွက် တစ်ခု က Freedom News Group သို့ ပြောသည်။ Continue reading “သူရ မြင့်အောင် အမိန့် ပေးသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် က တပ်ရင်းမှုး ၈ ဦး နှင့် အရာရှိ ၁၂ဦး ကိုဖမ်းဆီးထား”

ထိပ်တန်း စစ်ခေါင်းဆောင်များ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အမိန့် ဖြင့် ရာထူးမှ ဖယ်ရှားခံရ

သေတစ်ပန် သက်တစ်ဆုံး မစွန့် လွှတ် တော့မည့် ရာထူး ကို ယနေ့ ထုတ် သတင်းစာတွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဖော်ပြထားသည်

တင်ကျော်ကျော်စိုး၊  ၊ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊
ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး
သူရရွှေမန်း၊အပါ အ၀င် ဒုတိယ ဗိုလ်ချုပ်ကြီး ဆယ်ဦးခန့် ကို
ရာထူး မှ ဖယ်ရှား ပစ်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
၏အစီအစဉ် များ သာ ဖြစ်ပြီး ထိုသို့  ကြီးစွာသော စွန့် စားမှု များ
ကို လွန်ခဲ့သည့် နှစ်နှစ် ကျော်က စပြီးလူသိမခံ ပဲ လက်သပ်မွေး ထားသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် နေပြည်တော် တိုင်း စစ်ဌာန
ချုပ်တိုင်းမှုး ဗိုလ်ချုပ်ဝေလွင် နှင့် ၎င်း၏ လက်မရွံ့ တပ် တို့ ၏
အကူအညီဖြင့် ကြာသပတေးနေ့ နှင့် သောကြာနေ့ တို့ တွင် အောင် မြင်စွာ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်
ဟု ၎င်း၏မိသားစု အသိုင်းအ၀ိုင်း နှင့် နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “ထိပ်တန်း စစ်ခေါင်းဆောင်များ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အမိန့် ဖြင့် ရာထူးမှ ဖယ်ရှားခံရ”

မြန်မာ ညူလက်နက် ရေးရာ စောင့်ကြည့်နေသည့် သံအမတ် သမီး ပါတီ မှ အပြန် တိုက်ပေါ်က ပြုတ်ကျ၍ ကွယ်လွန်(ဗီဒီယို)

ဟိန်းခိုင်ထွန်း ၊    ၊အထူးသံတမန်အဖြစ် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်
နေသည့် အဲရစ် ဂျွန် ၏ သမီးဖြစ်သူ အသက် ၁၇ နှစ် အရွယ်ရှိ နစ်ကိုးဂျွန် မှာ ယနေ့ မနက် လင်း
အားကြီး အချိန် ပါတီမှ အပြန်တွင် နယူးယောက် မက်ဟန်တန် ရှိ ၂၂ ထပ်မြင့် သော တိုက်မှ
ပြုတ်ကျ၍ သေ ဆုံးသွားသည် ဟု သတင်းရရှိသည် ။ Continue reading “မြန်မာ ညူလက်နက် ရေးရာ စောင့်ကြည့်နေသည့် သံအမတ် သမီး ပါတီ မှ အပြန် တိုက်ပေါ်က ပြုတ်ကျ၍ ကွယ်လွန်(ဗီဒီယို)”

ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ

Latest ၂(က) ပထမ အသုတ် ပြုတ်/နား များ ထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး
သာအေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့်  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ အား  အကျယ်ချုပ်
ဖြင့် ဖမ်းဆီး ထားသည် ဟု သတင်းရရှိသည် (မြန်မာ စံတော် ချိန် ညနေ ၃ နာရီ) အတည်မပြု နိုင်သေး

၂(ခ) ပြုတ်/နား များ  နှင့် ရွေးကောက် /ကျောခိုင်း (ဥပမာ – ဦးခင်မောင်ဆွေ) တို့ မှာ စတ္ထုထ အင်အားစု အဖြစ်
ပေါ်ပေါက် လာ နိုင်ဖွယ်ရှိ

၁(က) ပိတ်ထား သော ၀ဘ်ဆိုက်( အင်တာနက် စာမျက်နှာ) များ အားလုံးနီး
ပါးပြန်ပွင့် နေ

၁ (ခ)ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အား ကာကွယ်ရေးဦးစီးချုပ် ရာထူး ပေးသော
ကြောင် ဗိုလ်ချုပ်ကြီး သိန်စိန် ၊ ဗိုလ်ချုပ် သာအေး အပါအ၀င် ပထမ အသုတ် ပြုတ်/နား များက
မကျေနပ် (DSA အကွဲ အပြဲဖြစ် နိုင်)

၁။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ်သူ ဖိုးလပြည့် ၏ မိုဘိုင်းဖုန်းသည် ဆက်သွယ်ခေါ် ယူ၍  မရ တော့
ဟု သတင်းရရှိသည်။

၂။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သမက်ဖြစ်သူ ဦးတေဇ လည်း ပျောက်ဆုံးနေ ( လေယာဉ် ကွင်းများ တွင် လုံခြုံရေးတင်းကျပ်) Continue reading “ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ”

ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး

တပ်တွင်း ပူးပေါင်းကြံစည် အာဏာသိမ်းမှု တစ်ခု ကြောင့် ရာထူးမှ ဖယ်ရှား ခံလိုက်ရသည့် ပူပူနွေးနွေး အိန္ဒိယပြန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

ယခင် တစ်ပါတီ အာဏာရှင် ဟောင်း ဦးနေ၀င်း ကွယ်လွန်ပြီး တစ်ပတ်ခန့် အကြာ တွင်
ကာကွယ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးနှင့်စကားပြောရာ သေသည် အထိ စစ်ဝတ်စုံ ကို
မချွတ်ဟု  (စစ်သား ဘ၀ ကိုမြတ်နိုး ၍ ပြောခြင်း မဟုတ်)ပြောခဲ့သည့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေမှ ကောက်ကာငင်ကာ မြန်မာ နိုင်ငံ ၏ ခောတ်သစ် သမိုင်း တွင် အာဏာအရှိ
ဆုံးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုစွန့် လွှတ် ခဲ့ ခြင်း ကြောင့် ပြည်သူများ က
သို့ လော……သို့ လော ….အတွေး ပွား နေကြသည်။ Continue reading “ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး”

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်

မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင်
ပါဝင်ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟု
သတင်းရရှိသည်။ ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ်
နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့် လွှတ်လိုက် သော်လည်း  တိုင်းပြည် ၏ |
အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟုရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။ Continue reading “ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်”

NDF ဦးခင်မောင်ဆွေ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့

ရွေးကောက်ပွဲ ကို ကျောခိုင်းလိုက် သည့် နိုင်ငံရေး အကျဉ်းသား ဟောင်း နှင့် NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ အား တွေ့ ရစဉ်

Continue reading “NDF ဦးခင်မောင်ဆွေ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့”

အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာ မြောက်ကိုရီးယား သို့ ရောက်ရှိ

တရုတ် ပြည်မှ တစ်ဆင့် နယ်စပ် ဖြတ်ကျော် ၀င်ရောက်မှု ကြောင့် ဖမ်းဆီးခံထားရသည့် အသက် ၃၁ နှစ်
အရွယ် ရှိ အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်သူ အိုင်းဂျလောင်း မာဟိလိ ဂိုမက်ဇ် လွတ်မြောက် ရန် အတွက်
သမ္မတ ဟောင်း ဖြစ်သူ ဂျင်မီကာတာ သည် ယနေ့ မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ် နိုင်ငံတကာလေဆိပ် သို့ 
ဆိုက် ရောက် ခဲ့သည် မြောက်ကိုးရီးယား သတင်းဌာန က ထုတ်လွှင့်သွား ခဲ့သည်။ Continue reading “အမေရိကန် သမ္မတ ဟောင်း ဂျင်မီကာတာ မြောက်ကိုရီးယား သို့ ရောက်ရှိ”