ဒီတစ်ပတ် News Maker

တေးရေးဆရာ နှင့် အဆိုတော် တို့ ၏ ပဋိပက္ခ ပိုမိုပြင်းထန်လာ
ယခု အပတ် မှ စတင်မည့် Freedom News Group ၏ News Maker of The Week ကဏ္ဍ
အတွက် ရွေးချယ်ထားသည် မှာ မြန်မာ တေးရေးဆရာ များ နှင့် အဆိုတော် များ ဖြစ်ပါသည်။

တေးရေးဆရာများ စုဖွဲ့ ထားသည့် MCLC Co.,Ltd (ဂီတ အနုပညာထုတ်ဝေရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်း)
က ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လ ၁၂ ရက်နေ့ ထုတ် သတင်းစာများတွင် စီးပွားရေး အသွင်ဆောင်သော ဖျော်ဖြေတင်ဆက်မှုများအတွက်
တေးရေးဆရာများ၏ သတိပေး ကြေညာချက်ကို ထည့် သွင်း ဖော်ပြခဲ့သည်။

ထို့ နောက် ပိုင်း တွင် အဆိုတော်များ က လည်း MCLC အဖွဲ့ ဝင်တေးရေးဆရာ များ၏ သီချင်းများကို
ခွင့်တောင်းခြင်း မရှိဘဲ ယူငင်သုံးစွဲကြ သည် များ ရှိသလို အချို့ က လည်း ကော်ပီ သီချင်းများ ဖြစ်ပါက
ဤမျှလောက် အဖြစ် သည်းစရာ မလို ဟု ယူဆကြသည်။ Continue reading “ဒီတစ်ပတ် News Maker”

တေးရေးဆရာတွေကတစ်ဖက်၊ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကတစ်ဖက်၊ လိုနေတာက ဒိုင်လူကြီးမဟုတ်ဘူး၊ နားလည်မှု…

ဤဆောင်းပါးသည် မြန်မာသွေး ဘလောက်မှ ကိုဥာဏ် ၏ ဆောင်းပါးဖြစ်ပါသည်။

ကျွန်တော်ကိုဉာဏ် ဖွရဦးမယ်၊ အဲလေ… မျှရဦးမယ်။ သိထားသမျှလေးတွေ၊ တွေးမိသမျှလေးတွေပေါ့။ အင်း… ဒီအကြောင်းအရာသတင်းက ပြောလို့လည်း မကောင်း၊ မပြောဘဲနေရင်လည်း မကောင်းတာကြီးပါဗျာ။ အဲဒီတော့ ပြောရဦးမှာပေါ့ဗျာ။ အခုတလော အရမ်းခေတ်ထနေတဲ့ တေးရေးဆရာတွေနဲ့ အဆိုတော်တွေရဲ့ ပဋိပက္ခတွေပေါ့ (ပွဲစီစဉ်သူတွေက အလိုလို ဘေးရောက်သွားသလိုတောင် ဖြစ်နေသလားလို့)။ အစကတော့ အေးအေးဆေးဆေးပဲ ပြီးသွားကြမယ်ထင်တာပေါ့။ အခုတော့ အဲလို ဟုတ်မယ်မထင်တော့ဘူးဗျ။ ကျွန်တော်ကိုဉာဏ် မလောက်လေး မလောက်စား မဖြစ်ညစ်ကျယ်ဉာဏ်လေးနဲ့ စဉ်းစားမိသလောက်ပေါ့လေ။ ဘာကြောင့်လဲဆိုတော့ သီချင်းရေးဆရာတွေစုပြီး ဖွဲ့စည်းထားတဲ့ MCLC ဆိုတဲ့အဖွဲ့ကြီးက သတင်းစာထဲမှာ စစချင်း ပထမအကြိမ်ကြေညာတုန်းက ကျွန်တော်နားလည်မိသလောက် ပွဲစီစဉ်သူတွေ၊ ပွဲတာဝန်ခံတွေကို ဦးတည်ထားတာပါ။ အောက်မှာဖတ်ကြည့်ပါဦး။ Continue reading “တေးရေးဆရာတွေကတစ်ဖက်၊ အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကတစ်ဖက်၊ လိုနေတာက ဒိုင်လူကြီးမဟုတ်ဘူး၊ နားလည်မှု…”

ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို

လျှပ်တစ်ပျက်ဂျာနယ် မှ ကူးယူဖော်ပြပါသည်
ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို ၂ဝ၁ဝ မတ်လ ၁၉ ရက်နေ့ ညနေ ၆း၃ဝ မိနစ်က ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် ကျင်းပခဲ့သော Iron Cross ဂီတ ဖျော်ဖြေပွဲတွင် MCLC ဝင် တေးရေးဆရာများ၏ တေးသီချင်းများကို အဆိုတော်လေးဖြူ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဟန်ထွန်း တို့မှ ကြိုတင် ညှိနှိုင်း ခွင့်တောင်းခြင်းမရှိဘဲ သီဆိုသွားကြကြောင်း MCLC ဝင် တေးရေးဆရာများ ဖြစ်သော မောင်သစ်မင်း၊ ဝင်းမင်းထွေး၊ ညီညီသွင်နှင့် ကေအေတီတို့မှ ပြောဆိုကြသည်။ Continue reading “ကြိုတင် ခွင့်တောင်းခြင်း မရှိဘဲ သီဆိုသွားဟု တေးရေးဆရာ များမှ ပြောဆို”

Leverage with Burma (Editorial of Washinton Post)

Sunday, April 4, 2010; A14

IN ONE SENSE, the farcical election taking shape in Burma, a Southeast Asian nation of 50 million people, offers good news. Burma’s generals would not go to such lengths to create the appearance of democracy unless they cared about global opinion. That suggests that outside nations with an interest in promoting peace and democracy in Burma have more leverage than is commonly believed. On the other hand, this is good news only if those nations are willing to use that leverage in a constructive way. On that front, there’s a long way to go. Continue reading “Leverage with Burma (Editorial of Washinton Post)”

နအဖ ခေါင်းဆောင်အမည်နဲ့ “ဘ၀နတ်ထံပျံ”စကားလုံးတွဲသည့် သတင်းစာခေါင်းစဉ်ကြောင့် ပြဿနာဖြစ်

မိုးမခ အထောက်တော်၊ ရန်ကုန် ဧပြီ ၃၊ ၂၀၁၀  မိုးမခ အင်တာနက် စာမျက်နှာမှ ကူးယူဖော်ပြသည်

ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့ခြင်းကြောင့် သတင်းစာတိုက်မှ ၀န်ထမ်းများ ပြဿနာဖြစ်နေကြောင်း ကြားသိရသည်

ပြီးခဲ့သည့် ရက်ပိုင်းက ပျံလွန်တော်မူ ခဲ့သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဌ မကွေးဆရာတော်၏ ရုပ်ကလပ်ကို နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖူးမြော်ကန်တော့ ဆိုသည့် သတင်းကို ရေးသားရာတွင် သတင်းခေါင်းစဉ်နေရာတွင် ဗိုလ်ချုပ်မှူးကြီး အမည်ကို ရှေ့ဆုံးမှ တင်ရိုးထုံးစံရှိသည့် အတိုင်းရေးသားပြီးမှ `ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ဖေါ်ပြခဲ့ရာ နအဖ ခေါင်းဆောင်အတွက် မကောင်းသည့် နိမိတ်အဖြစ် ယူဆက သတင်းစာတိုက်မှ ၀န်ထမ်းများ ပြစ်တင်ပြောဆိုခံရခြင်း ဖြစ်သည်။ Continue reading “နအဖ ခေါင်းဆောင်အမည်နဲ့ “ဘ၀နတ်ထံပျံ”စကားလုံးတွဲသည့် သတင်းစာခေါင်းစဉ်ကြောင့် ပြဿနာဖြစ်”

လူကြိုက်များ နေတဲ့ The Clash Of Titans

တိုက်တန်သည် ဒဏ္ဍာရီလာ ဂရိ နတ်ဘုရား ဖြစ်သည်။တိုက်တန် နတ်ဘုရား တစ်ဦး ဖြစ်သည့် ပါဆစ်စပ် သည်
မြွေခေါင်းများ နှင့် မကောင်းဆိုးဝါး နတ် မိစ္ဆာ မီဒူဆာ ၏ ခေါင်းကိုဖြတ် နိုင်သူဖြစ်သည်။ မီဒူဆာ ၏ ဦးခေါင်းကို
ကြည့်မိသူ သည် ကျောက်ရုပ်ဖြစ်သွားသည် ဟု ခေါမ ဒဏ္ဍာရီ များ တွင် ဖော်ပြထားသည်။ Continue reading “လူကြိုက်များ နေတဲ့ The Clash Of Titans”

ဘူးသီးနုနု မခူးရ (သားစိုး)

Drum N Bass (Live Mix) Tracks from Yaw Lo Tha Ma Lo Hmwe EP(5 MTV)

Continue reading “ဘူးသီးနုနု မခူးရ (သားစိုး)”

ဥာဏ်မရှိ ကြံလိုက်တိုင်း မွဲ

ကိုဂျူး

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများဟာ တရားမျှတမှု မရှိတဲ့အတွက် ပြန်လည် မှတ်ပုံတင်မှာ မဟုတ်တဲ့ အကြောင်း နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။ ပြည်သူတွေ ကတော့ နှစ်ထောင်း အားရ ကြိုဆိုကြပါတယ်။

မြန်မာတပ်မတော် စစ်ဗိုလ်ကြီးများ လိုချင်တဲ့ လမ်းကြောင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ရမယ်။ ဒီချုပ် ၀င်ပြိုင်ရင် ရွေးကောက်ပွဲ တရားဝင် ဖြစ်မှုရပြီလို့ နိုင်ငံတကာ အလယ် ပြောအား ရှိသွားလို့ သူတို့အတွက် အတော် မက်လောက်ပါတယ်။ ပြိုင်လဲ ပြိုင်လိမ့်မယ်လို့ ထင်ထားတယ်။ နိုင်တော့ မနိုင်စေရဘူး၊ အစွမ်းကုန် ချမယ်၊ မနိုင်အောင် ညစ်မယ်။ ပြင်ဆင်ပြီးသား။ ၀င်ပြိုင်စေချင်လို့ “၀င်မပြိုင်ရင် ပါတီဖျက်မယ်´´ ဆိုတဲ့ အချက် ထည့်ထား တာပေါ့။ ရွေးကောက်ပွဲ ၀င်ဖို့ ဇောင်းပေး ရေးနေတဲ့ ဆောင်းပါးတွေကို ကြည့်ရင်လဲ သိသာပါတယ်၊ “စဉ်းစဉ်း စားစား ချင့်ချင့် ချိန်ချိန်” “အတွေးမမှား အရွေးမမှားဘို့” “လမ်းမှား မလိုက်ကြစေဘို့” “ဒီချုပ် ရေတိမ် မနစ်စေချင်ပါ” “နောင်သမိုင်းကြောင်း မှောင်မိုက်မသွားအောင် (၁) (၂)” စသဖြင့် . . . Continue reading “ဥာဏ်မရှိ ကြံလိုက်တိုင်း မွဲ”

Asia Society အဖွဲ့ ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်လေ့လာရေး အစီရင်ခံစာ (မြန်မာဘာသာဖြင့် ပူးတွဲပါရှိ)

မြန်မာပြည်ရဲ့ လက်ရှိ ပကတိ အခြေအနေနဲ့ အနာဂတ် အလားအလာ

Current Realities and Future Possibilities in Burma/Myanmar

Asia Society  အဖွဲ့ ၏ အစီရင်ခံစာ အား PDF ဖိုင်ဖြင့် ဤနေရာမှတစ်ဆင့် ၀င်ရောက်ဖတ်ရှုနိုင်သည်။

မြန်မာ ဘာသာဖြင့် ASIA SOCIETY ၏ အစီရင်ခံစာ

မြန်မာဘာသာဖြင့် အလုပ်အဖွဲ့ ၏ အစီရင်ခံစာ (ASIA SOCIETY)

Continue reading “Asia Society အဖွဲ့ ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်လေ့လာရေး အစီရင်ခံစာ (မြန်မာဘာသာဖြင့် ပူးတွဲပါရှိ)”

အခြေခံ စားကုန် ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာ

ယူကွန် ၊         ၊စစ်တပ်မှ ဆန်များစုဆောင်းနေသည့် သတင်းကြောင့် ဈေးကွက် တွင် ဆန်များ
ပြတ်လတ်တော့ မည့် သတင်းလည်း ပေါ်ထွက်နေပြီး နိုင်ငံတကာ ဆန်ဈေးကွက် အေးစက်
နေချိန်တွင် ပင် ပြည်တွင်း ဆန်ဈေးကွက် ဉ် ပေါ်ဆန်း မွှေးဆန် (ရှယ်) တစ်တင်းခွဲ အိတ်လျှင်
၄၀၈၀၀ (တစ်ပြည်  လျှင် ၁၈၀၀) ထိဈေးမြင့်တက် သွားသည်ဟု သိရသည်။ Continue reading “အခြေခံ စားကုန် ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာ”

ပညာရှင်ဆိုတာ (လူထုစိန်ဝင်း)

စာပေ လောက အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်

ပညာရှင်ဆိုတာ – လူထုစိန်ဝင်း
အခုတလော ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး ထည့်သွင်းဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြားစာအုပ်တွေကို ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက် အကျိုးရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။
* ရေးသူ သုံးမျိုးသုံးစား *
ပညာရပ်ဆိုင်ရာ စာတွေရေးတဲ့အထဲမှာ သက်ဆိုင်ရာ ပညာရပ်ကို အထူးပြုလေ့လာခဲ့သူတွေ ရှိသလို အထူးပြုလေ့လာခဲ့သူ မဟုတ်ပေမယ့် ၀ါသနာအလျောက် ဖတ်ရှုခဲ့ရတဲ့ အကြောင်းအရာများကို အခြားသူများလည်း သိစေချင်တဲ့ စေတနာနဲ့ ဘာသာပြန်တာ ဒါမှမဟုတ် တစ်ဆင့်ပြန်ဖောက်သည် ချတာမျိုး လုပ်တတ်ကြတယ်။ အထူးပြုလေ့လာခဲ့သူတွေလို စာဖတ်သူရဲ့ ခေါင်းထဲလျှောကနဲ လျှောကနဲ ၀င်သွားအောင် ရှင်းရှင်းလင်းလင်း ချောချောမောမော မရေးနိုင်ပေမယ့် ဝါသနာအလျောက် ဖတ်ရှုလေ့လာ မှုအခံရှိထားတာကြောင့် နားမလည်နိုင်လောက်အောင်တော့ ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး။ ကြိုးစားဖတ်ရင် နားလည်ပါတယ်။ တချို့ကျတော့ လေ့လာမှုအခံ လုံးလုံးရှိခဲ့တာမဟုတ်ဘဲ ကိုယ်တိုင်က ခေတ်ရေစီးကြောင်းအတိုင်း လူတွင်ကျယ် လုပ်ချင်တဲ့ မြို့ကြီးသားလူလည် “အီလစ်”ခေါ်တဲ့ ရေပေါ်ဆီ လူတန်းစားများရဲ့ ဗီဇအတိုင်း တတ်ယောင်ကား ဝင်လုပ်တာဖြစ်တယ်။ ဒါမှမဟုတ် ဂျာနယ် မဂ္ဂဇင်းတွေက အင်တာနက်က ဆွဲချကူးယူထားတာကို “အဆိုင်းမင့်”ပေးလို့ ရေးကြတာ ဖြစ်တယ်။
* ရေပေါ်ဆီလူတန်းစား အီလစ်များ * Continue reading “ပညာရှင်ဆိုတာ (လူထုစိန်ဝင်း)”

ရန်ကုန်တွင် ငလျှင်လှုပ် ၊နေပြည်တော် တွင် လေပြင်းမုန်တိုင်း တိုက်ခတ်

ယမန်နေ့ ညက ငလျှင်လှုပ်ခတ်ခဲ့သည့်ဗဟိုချက်နေရာအား A ဟု အမှတ်အသားပြထားသည်

ကပ္ပလီပင်လယ်ပြင် အတွင်းရှိ အက်ဒမန် နှင့် နီကိုဘား ကျွန်း နေရာ ကို ဗဟိုပြု၍ အင်အား ၆.၆
ရစ်ခ်ျတာ စကေးရှိသော ငလျှင် တစ်ခု သုံးဆယ်ရက်နေ့ ညဆယ်နာရီ ၂၃ မိနစ် အချိန် တွင် လှုပ်ခတ်သွားကြောင်း အမေရိ
ကန် ဘူမိလေ့လာ ရေး အသင်း က သတင်း ထုတ်ပြန် သည်။

ငလျှင်၏ ဗဟိုချက် သည် ၆၂ ကီလိုမီတာ (၁၀၀ ကီလိုမီတာ)ရှိပြီး ငလျှင် လှုပ်ခတ်မှု ဒဏ်ကို ပုသိမ် ၊ကိုကိုးကျွန်း
နှင့် လက်ခုပ်ကုန်း တွင် သိသာ စွာခံစားရကြောင်း သတင်းရရှိသည်။ Continue reading “ရန်ကုန်တွင် ငလျှင်လှုပ် ၊နေပြည်တော် တွင် လေပြင်းမုန်တိုင်း တိုက်ခတ်”

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရလျှင် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့  မှု တိုးမြှင့်လုပ်ဆောင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ မ၀င် သည့် သတင်း အားယနေ့ ထုတ် Wall Street သတင်းစာတွင် ဤသို့ ဖော်ပြထားသည်

ထင်ရှားသော အမေရိကန် လွှတ်တော်အမတ် ၉ ဦးက မြန်မာစစ်အစိုးရ အားအရေးယူဒဏ်ခတ်မှု များဆက်
လက် တိုးမြှင့် လုပ်ဆောင်သွားရန် အိုဘားမား အစိုးရ အဖွဲ့ အား ယနေ့ တောင်းဆိုလိုက်သည်။သမ္မတလောင်း
အဖြစ်ပါဝင် အရွေးခံဖူးသည့် ဂျွန်မက်ကိန်း နှင့် အထက်လွှတ်တော် အမတ် မခ်ျ မက်ကောနယ် တို့ က ဦးဆောင် ပြီး
သမ္မတ ဆီ ပေးပို့ သည့် စာတွင် အဓိက အတိုက်အခံနိုင်ငံရေး ပါတီ ဖြစ်သည့် အမျိုးသား
ဒီမို ကရေစီ အဖွဲ့ ချုပ်အား ရွေးကောက်ပွဲ တွင် မပါဝင် နိုင်အောင် ပြုလုပ်ထား သဖြင့် အရေးယူပိတ်ဆို့ မှု
များ ထပ်မံတိုးမြှင့် လုပ်ဆောင်ရန် တိုက်တွန်ထားသည်။ Continue reading “ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရလျှင် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့  မှု တိုးမြှင့်လုပ်ဆောင်မည်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ မ၀င် သည့် သတင်း ဂျာနယ်များ တွင် ဖော်ပြခွင့်ပေး

ယမန့် နေ့ က ဗဟိုဦးစီး အဖွဲ့ ဝင်များ၏ မဲခွဲ ဆုံးဖြတ် မှု ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ
မ၀င် သည့် သတင်း အား ဂျာနယ့် များတွင် ထည့်သွင်း ဖော်ပြခွင့် ပေးသော် လည်း အကန့် အသတ် ဖြင့်
သာ ဖော်ပြခွင့် ပေးပြီး စစ်အစိုးရ အာဘော် ကို လည်း ထည့်သွင်း ဖော်ပြရသည် ဟု ရန်ကုန် မြို့ မှ သတင်း
ထောက် တစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ မ၀င် သည့် သတင်း ဂျာနယ်များ တွင် ဖော်ပြခွင့်ပေး”