စီအန်အန် သတင်းထောက်ကို စစ်အစိုးရ နှင်ထုတ်

နေပြည်တော်ရှိ တည်ဆောက်ဆဲ လွှတ်တော်သစ် March 26, 2010

ယနေ့ နေပြည်တော်တွင် ကျင်းပမည့် တပ်မတော်နေ့  အခမ်းအနားအတွက်
တရားဝင် သတင်းယူရန် ခွင့်ပြုချက်ရရှိထားသည့် အမေရိကန်
အခြေစိုက် ကမ္ဘာ့ သတင်းဌာနတစ်ခုဖြစ်သည့် CNN သတင်းဌာန မှ
သတင်းထောက် ဒန် ရေးဗား ကို မြန်မာ စစ်အစိုးရက ပြည်ဝင်ခွင့် မပေး
ပဲ ပြန်လည် နှင်ထုတ်ခဲ့သည် ဟု သတင်းရရှိသည်။

ဒန်ရေးဗား သည် ၂၀၀၈ ခုနှစ် မေလ က နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်
မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး သတင်းယူစဉ် နိုင်ငံတွင်း မှ နှင်ထုတ်
ခံရခြင်း မှတ်တမ်းရှိ သောကြောင့် ထိုကဲ့သို့ ပြည်ဝင်ခွင့် လက်မခံရခြင်း
ဖြစ်သည် ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ Continue reading “စီအန်အန် သတင်းထောက်ကို စစ်အစိုးရ နှင်ထုတ်”

သျှင်ပါကူမှာ ကုသသည့် သားစိုး လက်ဒဏ်ရာ ထပ်မံခွဲစိတ်ခဲ့ရ

သဲသဲ Friday, March 26, 2010

သားစိုး သီဆိုဖျော်ဖြေနေစဉ် ဓာတ်ပုံ - နယူးယောက်တိုင်းမ်

အဆိုတော် သားစိုး၏ လက်ညှိုး ပြတ်ရှ ဒဏ်ရာအား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါကူ အထူးကု ဆေးခန်းသို့ သွားရောက် ကုသမှုခံခဲ့ရာ အထိအတွေ့ မသိရတော့သဖြင့် တခြား အထူးကု ဆရာဝန်ထံတွင် ကုသခဲ့ရကြောင်း သိရသည်။

ဘယ်ဘက် လက်ညှိုးကို ကတ်ကြေးဖြင့် ညှပ်မိခဲ့သဖြင့် အဆိုပါ ဒဏ်ရာကို သျှင်ပါဂူ ဆေးခန်းက  ပြန်လည် ချုပ်ပေးသည့် ချုပ်ရိုးကြောင့် လက်ချောင်း အာရုံကြောများ ထိခိုက်ကာ ဘယ်ဘက် လက်တဘက်လုံး ထိတွေ့မှု မသိဘဲ ထုံကျင်ခဲ့ခြင်း ဖြစ်ကြောင်း သားစိုးက ဆိုသည်။
“ဒီလက်အတွက် ဘယ်လို လုပ်သင့်လဲလို့ ဆရာဝန်ကို ဖြစ်ကတည်းက ပြောပါတယ်။ သူက ရတယ်၊ ဘာမှ မဖြစ်ဘူး ချုပ်လိုက်ပါ ဆိုပြီး ချုပ်လိုက်တယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။ Continue reading “သျှင်ပါကူမှာ ကုသသည့် သားစိုး လက်ဒဏ်ရာ ထပ်မံခွဲစိတ်ခဲ့ရ”

ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ

မတ်လ ၂၄ ရက် ဗွီအိုအေ အသံလွှင့် အစီအစဉ်မှ ကောက်နှုတ်ချက်

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ခေါင်းဆောင် တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အရှိန်အ၀ါနဲ့ အဓိကရပ်တည်နေတယ်ဆိုရင် မှားမယ်မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က ၀င်မယ်မ၀င်ဘူး ပြတ်ပြတ်သားသား ပြောကြားသင့်တယ်လို့ ဆရာ မထင်ဘူးလား။ အခု ဒေါ်အောင်ဆန်းစုကြည် က ပါတီရဲ့  ဆုံးဖြတ်ချက်ကို လိုက်နာမယ်ဆိုတာကို ဆရာဘယ်လိုပြောလိုပါသလဲ။

ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ ဒီကိစ္စဟာ အင်မတန် သေရေးရှင်ရေး အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ ပါတီရဲ့  ရပ်တည်ရေးအတွက် နောက်ဆုံးအဆင့်ဖြစ်တယ်။ အဲဒီတော့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ အပြည့်အ၀တာဝန်ရှိတယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဒီကိစ္စမှာ သူဆုံးဖြတ်မှ ဖြစ်မှာပါ။ သူ့ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ပါတီက ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်မယ်ဆိုရင် NLD အောက်ခြေထု လူထုက လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ NLD ခေါင်းဆောင်မှုတွေကို ပြည်သူလူထုက လုံးဝအယုံအကြည် မရှိတော့ပါဘူး။ တော်တော်လေး စိတ်ကုန်နေကြပါပြီ။ Continue reading “ဦးကျော်ဇံသာ အမေး နှင့် လူထုစိန်ဝင်း အဖြေ”

၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် ဂျာနယ် ကြော်ငြာပုံ ထူးခြား

Monitor News Journal ၏ ကြော်ငြာဘုဒ်

ယူကွန် ၊          ၊စစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် အနေဖြင့် ထုတ်ဝေသည့်
သည့် ဆိုသည့် Monitor News Journal မှာ ဆန်းပြားသော ကြော်ငြာပုံကြောင့် လမ်းသွား
လမ်းလာ များမျက်စေ့ကျ လျှက်ရှိသည်။ Continue reading “၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် ဂျာနယ် ကြော်ငြာပုံ ထူးခြား”

ကုလ နှင့် မြန်မာ့ မိတ်ဆွေ နိုင်ငံများက ရွေးကောက်ပွဲ ဥပဒေ ကို မနှစ်မြို့ 

တရားမမျှတသည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ဒေလီရှိ မြန်မာ သံရုံးရှေ့တွင် မြန်မာ နိုင်ငံသားများ ဆန့် ကျင်ဆန္ဒပြစဉ်(Photo credit should read MANAN VATSYAYANA/AFP/Getty Images)

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ စစ်အစိုးရ ထုတ်ပြန်
တဲ့ရွေးကောက်ပွဲ ဥပဒေဟာ ဘယ်လိုနည်းနဲ့ မှာ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ
ဥပဒေ ဖြစ်လာ နိုင်စရာ အကြောင်း မရှိဘူး လို့ ပြောကြားလိုက်ပါတယ်။ Continue reading “ကုလ နှင့် မြန်မာ့ မိတ်ဆွေ နိုင်ငံများက ရွေးကောက်ပွဲ ဥပဒေ ကို မနှစ်မြို့ ”

ဂွမ်တာနာမို အကျဉ်းသားဟောင်း တာလီဘန် စစ်ဦးစီးချုပ် အဖြစ်ရွေးချယ်ခံရ

ဇန်န၀ါရီလ နှောင်းပိုင်းက ပါကစ္စတန် နိုင်ငံ ကရာချိ မြို့ မှာဖမ်းဆီးခံရတဲ့ တာလီဘန် စစ်ဦးစီးချုပ်
နဲ့ တာလီဘန် ရဲ့ ဒုတိယမြောက် အာဏာအရှိ ဆုံးခေါင်းဆောင် ဖြစ်သူ မူလာဂါနီ အဘဘ်ဒူလ်
ဘာရာဒါ ရဲ့  နေရာမှာ ဂွမ်တာနာမို အကျဉ်းသား ဟောင်း ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ မဟာမိတ် တပ်
ဖွဲ့ တွေ နဲ့ အတူ နိုင်ငံတွင်း ကိုဝင်ရောက် လာတဲ့ ဗိုလ်ချုပ် ရာရှစ် ဒိုစတမ် ရဲ့  ဖမ်းဆီးခြင်း ကိုခံခဲ့
ရတဲ့ မူလာ အဘ်ဒူလ် ကာယမ် ဇာကီယာကို စစ်ဦးစီးချုပ် အဖြစ်ရွေးချယ် ခံရတယ် လို့ ဒီနေ့ 
အမေရိကန် စစ်မဟာဗျူဟာ လေ့လာ ရေး ရုံး (ပင်တဂွန်) က တရားဝင် သတင်း ထုတ်ပြန်ပါတယ်။ Continue reading “ဂွမ်တာနာမို အကျဉ်းသားဟောင်း တာလီဘန် စစ်ဦးစီးချုပ် အဖြစ်ရွေးချယ်ခံရ”

ဦးဝင်းတင် ၏ စာအုပ်များ

ဦးဝင်းတင် ဘာသာပြန်သည့် “ကွိ ” နှင့် ယခုလ အတွင်း ထုတ်ဝေခဲ့သည့် ယခုလ အတွင်း ထုတ် ဝေခဲ့သည့် ” ဘာလဲဟဲ့ လူ့ ငရဲ ” စာအုပ် နှစ် အုပ်အား အောက်ပါနေ ရာများ တွင်း ကလစ်နှိပ်၍ ဖတ်ရှု နိုင်သည်။ ” ဘာလဲဟဲ့ လူ့ ငရဲ “စာမြည်အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။ ဦးဝင်းတင် ဘာသာပြန်သည့် ” ကွိ “အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။ွိ ဦးဝင်းတင် ရေးသားသည့် ” ဘာလဲ ဟဲ့ လူ့ ငရဲ “အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။ဲ Continue reading ဦးဝင်းတင် ၏ စာအုပ်များ

Rate this:

လွှတ်တော် နှစ်ရပ်က အတည်ပြု ပြီးနောက် သမ္မတ မှ လက်မှတ်ရေးထိုး ၍ ဥပဒေအဖြစ် အတည်ပြု

President Sign Into Law Continue reading လွှတ်တော် နှစ်ရပ်က အတည်ပြု ပြီးနောက် သမ္မတ မှ လက်မှတ်ရေးထိုး ၍ ဥပဒေအဖြစ် အတည်ပြု

Rate this:

ဖို့ ဝန်းမြို့ တော်ဝန် က မြန်မာ များ နှင့် တွေ့ ဆုံ

ယခင်သီတင်း တစ်ပတ် ကျော်က မြန်မာ မ၀င်ရ ဆိုင်းဘုတ် အတွက် ဖို့ ဝိန်းရှိ မြန်မာ  များက ဆန္ဒ ပြမှု ဖြစ်ပွားပြီး နောက် ဖို့ ဝိန်း မြို့ တော် ၀န် တွမ် ဟင်နရီက ဖို့ ဝိန်း ရှိ မြန်မာ ဒုက္ခသည် များ နှင့် ရင်းနှီးပွင့် လင်း စွာတွေ့  ဆုံ၍ လိုအပ်သည် များ ကို မှာကြား ခဲ့သည်။ ဆက်စပ်သတင်း(ဖို့ ဝန်းရှိမြန်မာ မ၀င်ရ ဆိုင်းဘုတ် အတွက် ဆိုင်ရှင်ကတောင်းပန်) ဆက်စပ်သတင်း( (မြန်မာ မ၀င်ရ ဆိုင်းဘုတ် နှင့် ပတ်သက်၍ ဖို့ ဝိန်းမှ မြန်မာများဆန္ဒပြပြီ) Continue reading ဖို့ ဝန်းမြို့ တော်ဝန် က မြန်မာ များ နှင့် တွေ့ ဆုံ

Rate this:

တရားရုံးချုပ်က NLD ၏ တရားစွဲဆိုမှုကို လက်မခံ ပယ်ချ

Burma junta rejects election law lawsuit

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်း (NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်)
၊နှင့် ဦးကြည်ဝင်းတို့၏ စစ်အစိုးရ ကို အမှုဖွင့်ရန်အတွက် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားမှု ကို
စစ်အစိုးရ ၏ တရားရုံးက လက်မခံဘဲပယ်ချလိုက်သည် ဟု သိရသည်။ Continue reading “တရားရုံးချုပ်က NLD ၏ တရားစွဲဆိုမှုကို လက်မခံ ပယ်ချ”

ချူလာလောင်ကွန်း တက္ကသိုလ်က မြန်မာ့ အရေးဆွေနွေးပွဲ(ဗွီဒီယို)

ထိုင်း နိုင်ငံဘန်ကောက်မြှိုရှိ ချူလာလောင် ကွန်း တက္ကသိုလ် တွင်ကျင်းပခဲ့သည့် မြန်မာ့အရေး ဆွေးနွေးပွဲ (The Public Forum on Burma Domestics Development and International Responses )မှ တွေ့ ဆုံမေးမြန်းမှုများနှင့်ဆွေးနွေးမှုများ Continue reading ချူလာလောင်ကွန်း တက္ကသိုလ်က မြန်မာ့ အရေးဆွေနွေးပွဲ(ဗွီဒီယို)

Rate this:

ချူလာလောင်ကွန်း တက္ကသိုလ်က မြန်မာ့ အရေးဆွေနွေးပွဲ

သတင်း နှင့် ဓာတ်ပုံ ကိုဦး

ယနေ့ ဘန်ကောက်တွင် ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲမှ ဦးအောင်နိုင်ဦး၊ဒေါက်တာနေ၀င်းမောင် ၊ဦးဟန်ညောင်ဝေ
ပထမပိုင်းဆွေးနွေးပွဲမှ ပါဝင်သူများ
ပထမပိုင်းဆွေးနွေးပွဲမှ ပါဝင်သူများဦးအောင်ဇော် ၊ ဦးအောင်နိုင်ဦး၊ဒေါက်တာနေ၀င်းမောင် နှင့် ဦးဟန်ညောင်ဝေ
ဒုတိယပိုင်း ဆွေးနွေးကြသူများ

The Public Forum on Burma Domestics Development and International Responses   မြန့် မာ့ အရေးဆွေး နွေးပွဲ ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲ တစ်ရပ် ကို ထိုင်း နိုင်ငံဘန်ကောက်မြှိုရှိ ချူလာလောင် ကွန်း တက္ကသိုလ် တွင်ကျင်းပခဲ့သည်။ထိုဆွေးနွေး ပွဲ သို့ မြန်မာ နိုင်ငံရှိ Living Color မီဒီယာ
မှ ဒေါက်တာ နေ၀င်းမောင် လည်း တက်ရောက်ဟောပြောခဲ့သည်။

မြန်မာပြည်လက်ရှိအခြေအနေနှင့် နိုင်ငံတကာတုံ့ပြန်မှုများ ဆွေးနွေးပွဲ တွင် ဧရာဝတီ သတင်းဌာန မှ ဦးအောင်
ဇော် ၊မြန်မာအရေး ကျွမ်းကျင်သူ ဂျာနယ်လစ် လယ်ရီ ဂျေဂင် ၊ ဒေါက်တာ ဇာနည် ၊ပြည်ပရောက် နိုင်ငံရေး
သမား ဦးဟန်ညောင်ဝေ တို့ တက်ရောက်ခဲ့ဆွေးနွေးခဲ့ကြသည်။ Continue reading “ချူလာလောင်ကွန်း တက္ကသိုလ်က မြန်မာ့ အရေးဆွေနွေးပွဲ”

အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် အောက်လွှတ်တော် အတည်ပြု

House passes health care bill on 219-212 vote

ကျန်းမ္မာရေးစောင့်ရှောက်မှု ဥပဒေအားလွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပြီးနောက်

သမ္မတ အိုဘားမားရဲ့ ကျမ္မာရေး စောင့်ရှောက် မှု ဥပဒေ ကြမ်းကို ဒီနေ့ တနင်္ဂနွေ နေ့ မှာ အောက်လွှတ်
တော်က ၂၁၉ – ၂၁၂ မဲ နဲ့ အတည်ပြုလိုက်ပါတယ်။ ကျမ္မရေးစောင့်ရှောက် မှု အစီအစဉ် အတွက် အပြင်း
အထန် ကန့် ကွက်ခဲ့ကြတဲ့ ရီပတ်ဘလီကန် ပါတီက ကိုယ်စားလှယ် ၁၇၈ ယောက်ကတော့ အဲဒီအစီအစဉ်
အတွက် ကန့် ကွက် မဲပေးခဲ့ပါတယ်။

ဒီဥပဒေ ကို အထက်လွှတ်တော်က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ က ခရစ္စမတ်နေ့ မတိုင်ခင်က
အတည်ပြုပြီးဖြစ်ပါတယ်။ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် နှစ်ရပ် စလုံးက အတည်ပြုပြီးဖြစ်
တာကြောင့် မကြာခင်မှာ ပဲ ဥပဒေ တစ်ရပ် အနေနဲ့ အသက်ဝင်တော့ မှာ ဖြစ်ပါတယ်။ Continue reading “အိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် အောက်လွှတ်တော် အတည်ပြု”

NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်

1998 Generation Students Criticize  On Main Opposition Party Pay Respect To Junta

တင်ကျော်ကျော်စိုး

၁၉၉၈ ခုနှစ်က NLD ပါတီ၏ ရက်ပေါင်း ၆၀ တွင်း လွှတ်တော်ခေါ်ယူရေး တောင်းဆိုချက်ကို ထောက်ခံ သော အားဖြင့် လှည်းတန်းလမ်းဆုံတွင် ကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သော ကျောင်းသား ဟောင်းများက ယခုလက်ရှိအခြေအနေတွင် NLD ပါတီမှ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲတွင် ထပ်မံ ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်မည်ဆိုသော မှန်းဆချက်များအပေါ် ဝေဖန်လိုက်သည်။

၉၈ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် ကိုကျော်လင်းဦးက “ NLD က ၉၀ ရွေး ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ၉၈ မှာလည်း ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ပေးဖို့ အသေအချာ တောင်းဆိုခဲ့တယ်။ အဲဒီတုန်းက နအဖက ဒီလို တောင်းဆိုယုံနဲ့ လွှတ်တော်ခေါ်ပေးမှာမဟုတ် ဘူးလို့ ကျနော်တို့က တွက်တယ်။ ဒါကြောင့် ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်အောင် လုပ်ပြီး နအဖ ကိုစိန် ခေါ်တဲ့၊ ဖိအားပေးတဲ့ လှုပ်ရှားမှုကို ကျနော်တို့ လုပ်ခဲ့တယ်။ ဒီလှုပ်ရှားမှုကြောင့် ကျောင်းသားပေါင်း ၁၀၀ ကျော် အဖမ်းခံခဲ့ရတယ်။ တချို့ဆို ခုထက်ထိ မလွတ်သေးပါဘူး။ ဒါပေမယ့် အဲဒီတုန်းက NLD ကအဖျားရှုး သွားပြီး နောက်ဆုံး CRPP လောက်နဲ့ပဲ တင်းတိမ်နေခဲ့တယ်။ အခုCRPP ရော၊ ရွှေဂုံတိုင် ကြေငြာချက်ကို ရော ဆုတ်ဖြဲပြီး ရွေးကောက်ပွဲ ပြန်ဝင်ဦးမယ်ဆိုယင်တော့  ကျနေုာ်တို့ ပေးဆပ်ရကျိုးမနပ်ဘူးလို့ပဲ ပြောချင် ပါတယ်။ အဲဒီတုန်းကတည်း ထောင်ကျနေတဲ့ ကျနော်တို့ သူငယ်ချင်းတွေ ခုထက်ထိ ထောင်ထဲမှာရှိနေပါ သေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူးဗျာ။´´ ဟု ပြောဆိုခဲ့သည်။

မြန်မာပြည်တွင်းမှာ တရားဝင် ထုတ်ဝေသည့် The Voice ဂျာနယ်တွင် အပတ်စဉ် ဆောင်းပါများ ရေးသား ပြီး လက်ရှိရွေးကောက်ပွဲကို ထောက်ခံသည့် ၉၈ မျိုးဆက်ကျောင်းသားဟောင်း ကိုနေသန်မောင်ကလည်း “ Continue reading “NLD ၏ ဂငယ်ကွေ့ ကွေ့မည့် အရိပ်အယောင်အပေါ် ၉၈ မျိုးဆက် ကျောင်းသားဟောင်းများက ဝေဖန်”