စစ်တပ်ထဲတွင် ပြည့်တန်ဆာ ခန်းများဖွင့်

ယူကွန် ၊                     ၊အင်္ဂါနေ့  ၇း ၃၅
ရန်ကုန် နှင့် နယ်မြို့ များရှိ စစ်တပ် အခြေစိုက် စခန်းများတွင် ကာရာအိုကေဆိုင် များ ၊ဗြူတီဆလွန်းများ
နှင့် တွဲဖက်၍  ပြည့်တန်ဆာရုံများပါတွဲဖက်ဖွင့် လာသည်ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ဘောက်ထောက်ရှိယခင် တပ်မတော် မှတ်တမ်းရုံး နေရာ ယခု အိမ်ထောင်သည် လိုင်းများ နေ
ရာတွင် အနှိပ် ခန်း နှင့် တွဲဖက် လုပ်ကိုင်သည့် ပြည့်တန်ဆာ ရုံနှစ် ခု ထက်မနည်းရှိကြောင်း ထိုနေရာသို့ 
သွားရောက်ဖူးသည့် ရန်ကင်း ၁၂ လုံးတန်းမှ လူငယ် တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “စစ်တပ်ထဲတွင် ပြည့်တန်ဆာ ခန်းများဖွင့်”

ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ

၁၆ : ၃၆ တနင်္လာနေ့ 

Myanmar Enacts Election Law ,But No Date For Poll
ဟိန်းခိုင်ထွန်း

ယနေ့ ညနေ လေးနာရီ အချိန် တွင် ၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲဥပဒေကို
ကြေညာလိုက်ပြီ ဖြစ်သည်။ထိုရွေးကောက်ပွဲ ဥပဒေ အသေးစိတ် ကို မနက်ဖြန် တွင်
ထွက်ရှိမည့် သတင်းစာ တွင် ဖော်ပြပေးသွားမည် ဟု ဆိုသည်။ Continue reading “ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ”

ပြည်ပမှ တိုက်ခိုက်ခံရ၍ ရတနာပုံ တယ်လီပို့ အင်တာနက် ဆက်ကြောင်းလိုင်း ပြတ်တောက် ခဲ့ဟုဆို

တိုက်ခိုက်ခံရသည့် ရတနာပုံတယ်လီပို့ 

ရတနာပုံတယ်လီပို့အား နိုင်ငံပြင်ပ  မှအင်တာနက်သုံးစွဲသူ IP User အတုသန်းနှင့်ချီ ၀င်ရောက်

တိုက်ခိုက် ခြင်းကြောင့် ဖေဖော်ဝါရီ တစ်လလုံး အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်

ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ဟု ယနေ့ ထုတ် ပန်းသတင်းဂျာနယ်တွင်
ဖော်ပြထားသည်။ Continue reading “ပြည်ပမှ တိုက်ခိုက်ခံရ၍ ရတနာပုံ တယ်လီပို့ အင်တာနက် ဆက်ကြောင်းလိုင်း ပြတ်တောက် ခဲ့ဟုဆို”

အမျိုးသမီး ဒါရိုက်တာ ကတ်သရင်း ဘီဂျယ်လို ရိုက်ကူးထားသည့် The Hurt Locker အကောင်းဆုံးဇာတ်ကားဆု နှင့် အကောင်းဆုံးဒါရိုက်တာဆုရရှိ

The Hurt Locker ဇာတ်ကားဒါရိုက် ကတ်သရင်း ဘီဂယ်လို အကောင်းဆုံးဇာတ်ကားဆုတက်ရောက်လက်ခံရယူစဉ် (AP Photo/Mark J. Terrill)

Freedom News Group နှင့်နိုင်ငံတကာ ရုပ်ရှင်ဆောင်းပါးများ ရေးသားသူ
ငြိမ်းချမ်းငြိမ်း မှ ခန့် မှန်းသည့် The Hurt Locker ဇာတ်ကားသည် ၈၂ ကြိမ်မြောက်
အော်စကာ ဆုပေးပွဲ တွင် အကောင်းဆုံးဇာတ်ကားနှင့် အကောင်းဆုံးဒါရိုက်တာ ဆုရရှိခဲ့သည်။

အော်စကာဆုပေးပွဲ သမိုင်းတွင် အမျိုးသမီး ဒါရိုက်တာ ကူးခဲ့သော ဇာတ်ကား မှ ပထမ ဦးဆုံးအကြိမ်အော်
စကာဆုရရှိခဲ့ခြင်း ဖြစ်သည်။The Hurt Locker ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဒါရိုက်တာ
နှင့် အကောင်းဆုံရုပ်ရှင် တည်းဖြတ်မှု ဆုအပါအ၀င် ဆု ၆ ဆု ရရှိခဲ့သည်။ Continue reading “အမျိုးသမီး ဒါရိုက်တာ ကတ်သရင်း ဘီဂျယ်လို ရိုက်ကူးထားသည့် The Hurt Locker အကောင်းဆုံးဇာတ်ကားဆု နှင့် အကောင်းဆုံးဒါရိုက်တာဆုရရှိ”

၈၂ ကြိမ်မြောက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနား

ဂျပန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှတ်တမ်းရုပ်ရှင် The Cove ဆုရရှိသွား၍
Burma VJ ဇာတ်ကားအော်စကာဆု နှင့် လွဲ

အကောင်းဆုံးမင်းသမီးဆု ……………………………….The Blind Side ဇာတ်ကားမှ ဆန်ဒရာဘူ လောခ်
အကောင်းဆုံးမင်းသားဆု ………………………………..The Crazy Heart  ဇာတ်ကားမှ Jeff Bridges
အကောင်းဆုံးဇာတ်ပို့ မင်းသမီးဆု ……………………….Precious ဇာတ်ကားမှ Mo ‘ Nique
အကောင်းဆုံးအမျိုးသား ဇာတ်ပို့ ဆု …………………….Inglorious Basterds ဇာတ်ကားမှ
” Christopher Waltz ”
အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောဇာတ်ကားဆု..
“The Secret in Their Eyes,” from Argentina.

• အကောင်းဆုံး အနုပညာ ရိုက်ကွင်းဆု                : “Avatar”
• အကောင်းဆုံးအသံတည်းဖြတ်မှုဆု                   : “The Hurt Locker”
•အကောင်းဆုံးဝတ်စားဆင်ယဉ်မှုဆု                    : Sandy Powell for “The Young Victoria”
.အကောင်းဆူံးမိတ်ကပ်ဆု                                   : “Star Trek”
အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု : “THE Cove “(ဂျပန်)
အကောင်းဆုံး အမြင်ဆိုင်ရာ အထူးပြုလုပ်ချက်ဆု:”Avatar”
Best animated film goes to “Up.”

၈၂ ကြိမ်မြောက် အမေရိကန် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ကို ဤနေရာ မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှု နိုင်သည်   Go To Oscar Live Blog

ဆန်ဒရာဘူလောခ် ၊ကတ်သရင် ဘီဂယ်လို၊မိုနစ်၊ဂျဖ် ဘရစ်၊ခရစ္စတိုဖာဝေါဇ်၊Up Animation ဇာတ်ကားဒါရိုက်တာ Pete Doctor

အကောင်းဆုံး အော်စကာဖက်ရှင် အဖြစ် စိတ်ဝင်စားခြင်းခံရသည့် ပယ်နီလိုပီ ခရုဇ် နှင့် ဂျနီဖာ လိုပက်ဇ်

Continue reading “၈၂ ကြိမ်မြောက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနား”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

ဈေးကွက်ထဲသို့ ပြန်လည်ရောက်ရှိနေသည့် နိုင်ငံခြားပြန်မြန်မာ ဆန်များ
စစ်အစိုးရ နှင့် ရင်း နှီး ပတ်သက် သူများ လွှဲ ပြောင်း လုပ်ကိုင် ခွင့် ရတော့ မည် ရန်ကုန် ဆိပ်ကမ်းများ
အဖျော် ယမကာ များ သုံးဆောင် နေသည့် မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း နှင့် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ ချုပ်ဥက္ကဌ ဦးဇော်ဇော်
ပုဂ္ဂလိက ပိုင်အဖြစ်ပြောင်းလဲမည့် ယခင်က နိုင်ငံပိုင် စီးပွားရေး များ ၏ ထက်ဝက်ခန့်  ကို ရရှိခဲ့သည့် ရန်ကုန် ယူနိုက်တက် အသင်း ဥက္ကဌ ဦးတေဇ လျှာထွက်နေပုံ (နောက်မှ ထိုင်နေသူမှာ ဘောလုံး ဆောင်းပါးရှင် ဆရာ ခင်မောင်ထွေး ပျှုဉ်းမနားဖြစ်သည်)
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ များ အတွက် သတင်းစာရှင်းလင်ပွဲ ပြုစဉ်

Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

အုန်းပြန့်ဒုက္ခသည်စခန်းတွင်း အရိုက်လွန်၍ သေဆုံးမှု

Burmese Man Killed in Thai – Burma Border Refugee Camp

Updates : ဘန်ကောက် အခြေစိုက် အမေရိကန် ဒုက္ခသည် ကော်မတီ မှ
ထိုသေဆုံးမှု ကို စတင်စစ်ဆေးရန် အုံးဖျန် စခန်း ဥက္ကဌ ကို
မဲဆောက်သို့ လာရောက်ရန် ဆင့်ခေါ်ထားသည် ဟု ထပ်မံသတင်းရရှိသည်။

ဒုက္ခသည် စခန်းများတွင် အခက်အခဲပေါင်းများစွာ ဖြင့် ရင်ဆိုင်နေရသည့် မြန်မာ တိုင်းရင်းသား များ

ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ရှိ အုန်းပြန့်ဒုက္ခသည်စခန်းအတွင်း ဖေဖော်ဝါရီလ ၁၂ရက်နေ့၌ အရိုက်လွန်သွား၍ အသက်ဆုံးရှုံးမှု တစ်ခုဖြစ်ပွားခဲ့သည်။ အုန်းပြန့်စခန်းအတွင်း အသက်(၆၅)ရှိ ဦးထွန်းကြိုင်သည် ဇနီးဖြစ်သူ ဒေါ်ဝက်နှင့် စကားများပြီး အိမ်တံစက်မြိတ်ကိုမီးရှို့သဖြင့်၊ (၃)ရပ်ကွက်မှ ဒုရပ်ကွက်မှုး ဦးမျိုးလွင်နှင့် လုံခြုံရေးအဖွဲ့ဝင်များက ဦးထွန်းကြိုင်ကို လာခေါ်သွားသည်။

ကော့်မူရာအထက်တန်းကျောင်းရှေ့ရောက်သောအခါ ဦးထွန်းကြိုင်က ငါမှာသိက္ခာရှိကြောင်း၊ လက်ထိပ်မခတ်ရန်ပြောသည့်အခါ ဦးမျိုးလွင်က ထိုးကြိတ်ကန်ကျောက်ရာ လမ်းပေါ်သို့ လဲကျသွားသည်။ အချိန်မှာ နေ့လည်၁၂း၃၀ခန့်ရှိပြီး၊ ဦးထွန်းကြိုင်ကို ပုဆိုးဖြင့်လိမ်ဆွဲကာ လမ်းတစ်လျှောက် ဒရွတ်တိုက်ဆွဲ ခေါ်သွားပါသည်။ Continue reading “အုန်းပြန့်ဒုက္ခသည်စခန်းတွင်း အရိုက်လွန်၍ သေဆုံးမှု”

ဘယ်သူတွေ အော်စကာ ရမလဲ

Freedom News Group ‘s Favourite ဒီနှစ် အတွက် အကောင်းဆုံးဇာတ်ကား ဆု အဖြစ် ဆယ်ကားလျှာထား ခံရတဲ့ အနက်မှ The Hurt Locker  ဇာတ်ကားကို ဆုရရှိမယ် လို့ မျှော်လင့် ထားပါတယ်။ ဒီဇာတ်ကားဟာ အမျိုးသမီး ဒါရိုက်တာ Kathryn Bigelowရိုက် ကူးထား တာ ဖြစ်ပြီး သူ ခင်ပွန်းဟောင်း ဖြစ်သူ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ရိုက်ကူးတဲ့ Avatar နဲ့ ဆုအပြိုင် လျှာထားခြင်း ခံရပါတယ်။ The Hurt Locker ရော Avatar ဇာတ်ကား နှစ် ကားလုံးပါ ဆုကိုးဆု လျှာ ထားခံရပါတယ်။ ဒီဇာတ်ကား ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလ လေး ရက် နေ့ ကစပြီး ကမ္ဘာ တစ်ဝှမ်းမှာ ရုံတင် ပြသခဲ့ပါတယ်။ အီရတ် မှာ … Continue reading ဘယ်သူတွေ အော်စကာ ရမလဲ

Rate this:

ငွေစုဘဏ် အပ်ငွေ အနည်းဆုံး ကျပ်တစ်သောင်းရှိရမည် (ဆယ်ဆတိုးမြှင့်)

Myamar To Boost Saving Account Minium Balance

စာရင်းသေ ဟု ခေါ်ကြသည့် ငွေစုဘဏ် အပ်ငွေ (Saving Account )မှာ ဧပြီလ တစ်ရက် နေ့ မှ
စ၍ အနည်းဆုံးကျပ် တစ်သောင်းရှိ ရမည် ဖြစ်ကြောင်း မြန်မာ့ နိုင်ငံတော် ဗဟို ဘဏ် က မတ်လ
၃ ရက် ရက်စွဲ ဖြင့် သတင်းထုတ် ပြန်လိုက်သည်။ Continue reading “ငွေစုဘဏ် အပ်ငွေ အနည်းဆုံး ကျပ်တစ်သောင်းရှိရမည် (ဆယ်ဆတိုးမြှင့်)”

ဘယ်သူတွေ အော်စကာဆု ရမလဲ

ငြိမ်းချမ်းငြိမ်း
အမေရိကန် ရုပ်ရှင် ဝိဇ္ဇာနှင့် သိပ္ပံအသင်းကြီးက ကြီးမှူးပြီး မတ်လ ၇ ရက်နေ့ ညနေမှာ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ဘီဗာလီဟေးခရိုင် ဟောလိဝုဒ်ရုပ်ရှင်မြို့တော်က ကိုဒတ် ဇာတ်သဘင်ခန်းမကြီးမှာ အော်စကာလို့ လူသိများတဲ့ အမေရိကန် ရုပ်ရှင် ထူးချွန်ဆုတွေကို ပေးအပ်ချီးမြှင့်တော့မှာပါ။

ဆုရရှိတဲ့သူတွေကို ချီးမြှင့်မယ့် အော်စကာ ရွှေစင်ရုပ်တုကလေးဟာ အလေးချိန် ၈.၅ ပေါင် လေးပါတယ်။ အော်စကာဆုဟာ ခရူးဆိတ် စစ်ပွဲတွေမှာ သုံးတဲ့ ဓားရှည်ကို ကိုင်ဆောင်ထားတဲ့ စစ်သည်တော်ပုံစံ ရုပ်တုလေးပါ။

ဒီဆုကို ဆုရရှိသူကသာ ပိုင်ဆိုင်ခွင့် ရှိပြီး ဒီဆုရဖို့အတွက် သတ်မှတ်ထားတဲ့ အနုပညာ အရည်အချင်းတခုပဲ လိုပါတယ်။ ဆိုလိုတာက အော်စကာဆုရှင်တယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝနဲ့ အကျင့်စရိုက်တွေကို ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး။ Continue reading “ဘယ်သူတွေ အော်စကာဆု ရမလဲ”

ဂရန်း ရွိုင်ရယ် ၀ီစကီ ရဲ့ အရောင်းမြှင့်တင်ပွဲ

ဓာတ်ပုံများကို ဤနေရာတွင် ကလစ်နှိပ်၍ ကြည့်ရှု နိုင်သည် Weekend Entertainment Guide Continue reading ဂရန်း ရွိုင်ရယ် ၀ီစကီ ရဲ့ အရောင်းမြှင့်တင်ပွဲ

Rate this:

ညအပူချိန် ပြောင်းလဲခြင်းကြောင့် လေဆင်နှာမောင်းနှင့် လေပြင်းများတိုက်ခတ်မည့် သတိပေးချက်များထုတ်ပြန်

ယနေ့ ထုတ်ကြေးမုံသတင်းစာတွင် ရာသီဥတု သာသာယာယာရှိမည်ဟုသာဖော်ပြထားသည်

မြန်မာ နိုင်ငံ တောင်ပိုင်း နှင့် မြောက်ပိုင်း အပူချိန် သိသိသာသာ ကွာဟ မှုကြောင့် လေစီးကြောင်း
ရုတ် တရက် ပြောင်း လဲမှု များ ဖြစ်ပေါ် နိုင် သည့် သတိပေးချက်များထွက်ပေါ်

မြန်မာ နိုင်ငံရန်ကုန် မြို့ ၏ အပူချိန် မှာ ရှေ့တစ်ပတ် အတွင်း သိသိသာ ပြောင်းလဲ သွားပါက
ပင်လယ်ကမ်းခြေနှင့် အနီးဆုံးမြို့ များဖြစ်သည့် ရန်ကုန် ၊ဧရာဝတီ နှင့် မွန်ပြည်နယ် တို့ တွင်
တစ်ခါတစ်ရံ လေပြင်းများ တိုက်ခတ်ခြင်း ၊လေဆင်နှာမောင်းများဖြစ် ပေါ်ခြင်း တို့ ဖြစ်လာ
နိုင်ကြောင်း ဧရာဝတီ တိုင်းရှိ နိုင်ငံတကာ အကူအညီပေးရေး ၀န်ထမ်းများ ဆီသို့ ၎င်း တို့ ၏
သက်ဆိုင်ရာ ပြည်ပ NGO များမှ ပေးသော မိုးလေ၀သ သတင်းထုတ် ပြန် ချက်များတွင်
ဖော်ပြထားသည်။

ရန်ကုန် ၏ လက်ရှိ အပူချိန်မှာ ၇၃ ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပြီး သိသိသာ အပူချိန် ပြောင်းလဲ
ပါက မိုးတိမ်တောင် များ ဖြစ်ပေါ်ကာ စိုက်ဆင်းလေမုန် တိုင်း ဖြစ်ခြင်း မိုးသီးကြွေခြင်း နှင့်
မိုးကြိုးပစ် ခြင်း တို့ ဖြစ်ပေါ် နိုင်သည်။မြန်မာ နိုင်ငံတောင်ပိုင်းတွင် နွေရာသီ ဥတု အပူချိန် ဖြစ်ပေါ်နေပြီး
အထက်ပိုင်းဒေသများတွင်၄၉ ဒီဂရီ ဖာရင် ဟိုက် သာရှိသဖြင့် လေထုမငြိမ်မ
သက်မှုများ ဖြစ်ပေါ်နေကြာင်း ရန်ကုန်တွင်ကြိုတင် သတိပေးမှု များဖြစ်ပေါ်နေသည်။ Continue reading “ညအပူချိန် ပြောင်းလဲခြင်းကြောင့် လေဆင်နှာမောင်းနှင့် လေပြင်းများတိုက်ခတ်မည့် သတိပေးချက်များထုတ်ပြန်”

ငွေစက္ကူအတုလုပ်တတ်သည် ဟု လိမ်လည်သူ နှစ်ဦးအား ထောင်ဒဏ်ချမှတ်

ရန်ကုန်မြို့ ရှိ ဆုကြေးစားဘောလုံးကလပ် အသင်းများနှင့် ညှိုနှိုင်းရာမှ အဆင်မပြေဖြစ်ခဲ့သည့်
ကင်မရွန်း ဘောလုံးနှစ်လုံးသမား နှစ်ဦး အား ယနေ့ လမ်းမတော်မြို့ နယ်တရားရုံးက ထောင်ဒဏ်
အသီးသီး ချမှတ်ခဲ့သည်။

Continue reading “ငွေစက္ကူအတုလုပ်တတ်သည် ဟု လိမ်လည်သူ နှစ်ဦးအား ထောင်ဒဏ်ချမှတ်”

ရှုရှားလေယာဉ်ကုမ္ပဏီ UAC မှ ဒေါ်လာဘီလျှံ နှင့်ချီ၍ လေယာဉ်ဝယ်ယူမှုများ မြန်မာစစ်အစိုးရ ဆက်လက်ပြုလုပ်အုံးမည်

UACမှဒါရိုက်တာ အဖွဲ့ ဝင်များက မြန်မာ နိုင်ငံသို့ လေယာဉ်ရောင်းချရန် အတွက် ကုမ္ပဏီတွင်း အစည်းအဝေးပြုလုပ်စဉ် ဓာတ်ပုံ - အီတာတာစ်

ရုရှား နိုင်ငံ၏ အကြီးဆုံးလေယာဉ် ထုတ်လုပ်သည့်  ကုမ္ပဏီ တစ်ခုဖြစ်သည့် UAC (United
Aircraft Corporation )မှ မြန်မာ စစ်အစိုးရက An- 148(ယူကရိန်းလုပ်) အမျိုးအစား ခရီးသည်
တင်လေယာဉ် များအပါ အ၀င် အီလျှာရှင် နှင့် မီကိုယန် (MIG 35 )တိုက်လေယာဉ်များ ထပ်မံ
ဝယ်ယူ အုံးမည် ဟု ယနေ့ ထုတ်  ပရာဗဒါ သတင်းစာတွင် ရေးသားထားသည်။

မြန်မာ စစ်အစိုးရသည့် ယမန် နှစ်က ရုရှား ထံမှ တိုက်လေယာဉ် ဒေါ်လာ သန်း ၆၀၀ ဖိုးရှိဂျက်
တိုက်လေယာဉ်များ ၀ယ်ယူရန် စာချုပ်ချုပ် ဆိုခဲ့သည်။ Continue reading “ရှုရှားလေယာဉ်ကုမ္ပဏီ UAC မှ ဒေါ်လာဘီလျှံ နှင့်ချီ၍ လေယာဉ်ဝယ်ယူမှုများ မြန်မာစစ်အစိုးရ ဆက်လက်ပြုလုပ်အုံးမည်”