ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား ဗဟိုတရားရုံး က ပယ်ချ

သတင်း ပုံနှိပ်ချိန် ….မြန်မာစံတော် ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်

Myanmar court rejects Aung San  Suu Kyi House Arrest appeal: court witness

ဒေါ်အောင်ဆန်းစုကြည်၏အမှုအားတရားရုံးချုပ်မှပယ်ချပြီးနောက် သူမ၏ရှေ့နေဦးဥာဏ် ၀င်းနှင့် ဦးကြည်ဝင်းတို့ ရန်ကုန်အခြေစိုက်နိုင်ငံခြားသတင်းထောက်များ နှင့်ပြည်တွင်းသတင်းထောက်များကမေမြန်းစဉ် ဓာတ်ပုံ-အေပီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အကျယ်ချုပ်
အမှုပြင်ဆင်ချက်ကိုယနေ့ နံနက်၁၀ နာရီ ရှစ်မိနစ် တွင် ဗဟိုတရားရုံးက ပယ်ချလိုက်
သည် ဟု Freedom News Groupမှသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်
အကျယ်ချုပ်အမှု အားစစ်အစိုးရ ထိန်းချုပ်ထားသည့် ဗဟိုတရားရုံးက ပယ်ချပြီးနောက် ရန်ကုန်
မြို့ အနှံ လုံခြုံရေးများ တိုးမြှင့်ချထားသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်၏ အမှုအား ဗဟိုတရားရုံး က ပယ်ချ”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့ မည်ဟု သုံးသပ်မှုများရှိ

ရန်ကုန်။။မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၏ နေအိမ် အကျယ်ချုပ် အမှုပြင်ဆင်ချက်ကို
ယနေ့ နံနက် ၁၀ နာရီ ဗဟိုတရားရုံးက ပြင်ဆင်ချက်ချမှတ်တော့မည့် အချိန်နီးကပ်လာချိန်တွင် ဒေါ်
စုလွတ်မြောက်တော့ မည်ဟု ကျယ်ကျယ်ပြန့် ပြန့် သုံးသပ်မှုများရှိနေသည် ဟု ရန်ကုန်မှလာသည့်
အေအက်(ဖ)ပီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်း ၏ အမှုအား ဗဟိုတရားရုံးချုက်မှ ဖေဖော်ဝါရီလ ၂၆
ရက်နေ့ တွင် စီရင်ထုံးများဖြင့် ဆုံးဖြတ်ချက် ချမည်ဖြစ်ကြောင်း အသိပေးကြေညာချက် ကိုယမန် နေ့ 
ညနေက စတင် ကပ်ထားသည်ဟု တရားရေး ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့ မည်ဟု သုံးသပ်မှုများရှိ”

သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်

တင်ကျော်ကျော်စိုး

မော်တော်ကားတွယ်စီး၍ဆွမ်းခံထွက်နေရသည့် ကိုယ်တော်များ

ရန်ကုန်၊၊လက်ရှိ သံဃမဟာနာယက အဖွဲ့ မှ နိုင်ငံတ၀ှမ်းရှိ သံဃာတော်များ အားပိုမိုတင်းကျပ်သည့် အမိန့် များထုတ်
ပြန်သွားရန်စီစဉ်လျှက် ရှိကြောင်း သိရသည်။ သံဃမဟာ နာယက အဖွဲ့ မှ သံဃာတော်များ အား မကြာခင်
ထုတ်ပြန်မည့် အမိန့် များတွင် လက်ကိုင်ဖုန်း ကိုင်ဆောင်ခြင်း၊ကွန်ပျူတာ နှင့် ပရင်တာ စာကူးစက်များ သုံး
ခြင်း၊နိုင်ငံခြားခရီးသွားလာခြင်း အပါအ၀င် တစ်နေ့ လျှင် ခြောက်နာရီခန့် သာ ကျောင်းတိုက်ပြင်ပ ထွက်ရှိ ခြင်းတို့ ပါဝင်သည်။
Continue reading “သံဃာတော်များ ဆွမ်းခံထွက်ချိန်မှ အပ ကျောင်းတိုက် ပြင်ပ မထွက်ရအမိန့် ကို သံဃမဟာနာယကအဖွဲ့ ကထုတ်ပြန်မည်”

တစ်ဦးနဲ့ တစ်ဦးလူသားချင်းစာနာထောက်ထားမှု (သို့ မဟုတ်)ဦးဘွန်တု

Ubuntu Popularize in Burmese Geeks

အခုတလော ဦးဘွန်ထူးက မြန်မာ ပြည်မှာရေပန်းစားလာတယ်
ဘယ်လောက်ထိရေပန်းစားလာလဲဆိုတော့လက်ရှိ ရေပန်း အစားဆုံးဖြစ်နေတဲ့
၂၀၁၀ ရွေးကောက်ပွဲ တို့ ၊၀တ်မှုန်ရွှေရည် ရင်ခွင်ပြောင်းချိန် တို့ ၊ထက်ထက်မိုးဦး
ကလေးထပ်ယူအုံးမယ်တို့ ၊တတိယ အုပ်စု က ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်စု မလွတ်
အောင် ဘုရားမှာ ယတြာချေတာ တို့  ထက်တောင် ပိုပြီးရေပန်းစားနေသေးတယ်။ Continue reading “တစ်ဦးနဲ့ တစ်ဦးလူသားချင်းစာနာထောက်ထားမှု (သို့ မဟုတ်)ဦးဘွန်တု”

Windows တွင် မြန်မာဘာသာ ပါဝင်လာရန် သင့်လက်မှတ် ရေးထိုးတောင်းဆိုပါ

We Want T0 See Our Language In Window
Microsoft Corporation တွင် ‘လူဦးရေ ၅ သိန်းကျော်က အသုံးပြုသော ကမ္ဘာ့ ဘာသာစကား အားလုံးကို Microsoft Windows တွင် ထည့်သွင်းပေးရမည်’ ဆိုသည့် official policy ရှိပါသည်။ သို့သော် အကြောင်းကြောင်းကြောင့် မြန်မာဘာသာမှာ မပါဝင်နိုင်သေးဘဲ ရှိနေဆဲဖြစ်ရာ၊ ယခု ကျွန်ုပ်တို့ အားလုံးမှ စုပေါင်း၍ မိုက်ခရိုဆော့ ကော်ပိုရေးရှင်းသို့ စာဖြင့် ထိရောက်အောင် မြန်မာ (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) ဘာသာ အသုံးပြုသူများ အားလုံးကိုယ်စား တောင်းဆိုမည့် အစီအစဉ် ဖြစ်ပါသည်။ Continue reading “Windows တွင် မြန်မာဘာသာ ပါဝင်လာရန် သင့်လက်မှတ် ရေးထိုးတောင်းဆိုပါ”

ထိုင်း ဗီဇာကြေး ပြန်ကောက်ပြီ

ထိုင်းနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာကြေး ကင်းလွတ်ခွင့်ပြုထားရာမှ မတ်လဆန်းမှ စတင်ကာ

ပြန်လည် ကောက်ခံသွားမည် ဖြစ်ကြောင်း ပြည်တွင်းခရီးသွားလာရေးလုပ်ငန်းတစ်ခုမှ စုံစမ်း

သိရသည်။ ယခင် ထိုင်းဗီဇာကြေးကောက်ခံမှု ကင်းလွတ်ခွင့်များကို မတ် ၄ ရက်အထိခွင့်ပြု

ထားပြီး မတ် ၅ ရက်မှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ Continue reading “ထိုင်း ဗီဇာကြေး ပြန်ကောက်ပြီ”

‘လွတ်မြောက်မှုဆီသို့ ခရီးရှည် ‘အလွန် အနှစ် ၂၀

Written by ဇေ၀င်းနောင်  (ယခုတစ်ပတ်ထုတ် Weekly Eleven သတင်းစာမှ)

လွန်ခဲ့သော နှစ် ၂၀    ၁၉၉၀၊ ဖေဖော်ဝါရီလ ၁၁ ရက်…

တောင်အာဖရိကရှိ ဗစ်တာဗာစတာအကျဉ်းထောင်ကို နယ်လ်ဆင်မင်ဒဲလား စွန့်ခွာလာခဲ့ပြီ။ ၂၇ နှစ်ကြာ သံတိုင်နောက်ကွယ်မှဘ၀ကို နိုင်ငံ၏ အထင်ရှားဆုံး လွတ်မြောက်ရေးခေါင်းဆောင် အဆုံးသတ်နိုင်ခဲ့သည့်နေ့။

တောင်အာဖရိကတစ်လွှားမှ  လူမည်းများ၊ လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ကြသူများ လမ်းမများတစ်လျှောက် ပြည့်လျံနေသည်။ ဆိုးရွားလှသော လူသားချင်း ရိုင်းစိုင်းစွာ ခွဲခြားဆက်ဆံသော အစိုးရကိုဆန့်ကျင်မှုအတွက် အကျဉ်းကျခံခဲ့ရသည့် သူရဲကောင်းမင်ဒဲလား လွတ်မြောက်လာသည်ကို ကြိုဆိုကြဖို့။

လွတ်မြောက်လျင် လွတ်မြောက်ချင်းပင် မင်ဒဲလားသည်  လူဖြူလူမည်းခွဲခြားထားသည့် မူဝါဒများအဆုံးသတ်ရေးအတွက် လူဖြူသမ္မတအက်ဖ်ဒဗလျူဒီကလပ်ခ်နှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့သည်။ ထောင်တွင်းမှ လွတ်မြောက်အပြီး သုံးနှစ်အကြာတွင်တော့ နိုဗယ်ငြိမ်းချမ်းရေးဆုကို ဒီကလပ်နှင့် ပူးတွဲပြီးရရှိခဲ့သည်။ ၁၉၆၁ ခုနှစ်ကတည်းက ပိတ်ပင်ခံထားရသော အာဖရိကအမျိုးသားကွန်ဂရက်(အေအင်န်စီ)သည် တရားဝင်အဖွဲ့အစည်းတစ်ရပ် ပြန်ဖြစ်လာအပြီးတွင် မင်ဒဲလားကို ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခဲ့ကြသည်။ ၁၉၉၄ တွင် ရွေးကောက်ပွဲအပြတ်အသတ်အနိုင်ရပြီး နိုင်ငံ၏ ပထမဆုံးလူမည်းသမ္မတ ဖြစ်လာသည်။

”ကျွန်တော်တို့ လွတ်မြောက်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ အနစ်နာစတေးခံပြီး သူတို့ရဲ့ဘ၀တွေကိုပါ အဆုံးရှုံးခံခဲ့ကြတဲ့ ဒီနိုင်ငံတွင်းနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အမျိုးသား အမျိုးသမီးသူရဲကောင်းတွေ အားလုံးအတွက် ဒီကနေ့ကို ရည်ညွှန်းပါတယ်”ဟု သူ၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သူ့ကတိအတိုင်း သမ္မတသက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခဲ့သည်။ Continue reading “‘လွတ်မြောက်မှုဆီသို့ ခရီးရှည် ‘အလွန် အနှစ် ၂၀”

အော်စကာနှင့်သက်ဆိုင်သည့်အခမ်းအနားရောက် ပထမဦးဆုံးမြန်မာဘုန်းတော်ကြီး

အော်စကာနေ့ လည်စာစားပွဲ သို့ တက်ရောက်ခဲ့သည့် မြန်မာ ဘုန်းတော်ကြီး ဦးဃောသိတ

၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆုလျှာ ထားခံရတဲ့ Burma VJ
မှတ်တမ်းရုပ်ရှင် ဇာတ်ကားအတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ က အော်စကာ ဆုရှင်လောင်း တွေ ကို နေ့ 
လည်စာ တည့်ခင်းဧည့်ခံကျွေးမွေးခဲ့တဲ့ Oscar Luncheon ကို တက်ရောက်ခဲ့တဲ့ ဦးဃောသိတ က သူ့ ရဲ့ 
ဟောလိဝုဒ် အော်စကာ အတွေ့ အကြုံ နဲ့ ပတ်သက်ပြီး Freedom News Group ကို အခုလိုပြောပါတယ်။
Continue reading “အော်စကာနှင့်သက်ဆိုင်သည့်အခမ်းအနားရောက် ပထမဦးဆုံးမြန်မာဘုန်းတော်ကြီး”

ပီကင်းပြန် ဂူဂဲလ်ရဲ့ မကောင်းတဲ့ အကျင့်

 တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၁ မိနစ် (မဇ္ဈိမ)

 ပီကင်း နည်းပညာ တက္ကသိုလ်က ပါမောက္ခလည်းဖြစ် တရုတ် နည်းပညာကော်မရှင်က Web 3.0 ဆိုင်ရာ လေ့လာရေး အမှုဆောင်တယောက်ဖြစ်တဲ့ ရှင်လန်ကျန်းက ”ဂူဂဲလ်ဟာ ပါးစပ်က ဘုရားဘုရား၊ လက်ကတော့ အလစ်သုတ်သမား တယောက်ပဲ” လို့ ဝေဖန်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကပဲ တရုတ်က ဆိုင်ဘာရာဇဝတ်မှုတွေ လုပ်တယ်။ သူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဟက်ကာတွေကနေတဆင့် ခိုးယူတယ်။ နောက် မဟုတ်မဟတ် လုပ်ရပ်တွေနဲ့ ဆိုင်ဘာ သတင်းအချက်အလက်တွေ ပိတ်ဆို့တယ်လို့ စွပ်စွဲပြီး တရုတ်နဲ့ ညောင်ညိုပင်လမ်းခွဲ လုပ်ခဲ့ပါတယ်။ Continue reading “ပီကင်းပြန် ဂူဂဲလ်ရဲ့ မကောင်းတဲ့ အကျင့်”

ယမန်နှစ်က စက်ရုံမီးလောင်ခဲ့သည့် ဂရန်းရွိုင်ရယ် က သုံးရက်ဆက်တိုက် အခမဲ့ ဂီတဖျော်ဖြေပွဲ ကိုကျင်းပမည်

ယူကွန်

Planet Grand Royal ဖျော်ဖြေပွဲ ကြော်ငြာဘီဘုဒ်

ရန်ကုန်၊  ၊၂၀၀၉ ခုနှစ် သြဂုတ် လ ၂၃ ရက်နှင့် ၂၄  ရက် က နှစ်ရက် တိုင် မီးလောင်ကျွမ်းခြင်းခံခဲ့ရသည့် ဂရန်း
ရွိုင်ရယ် ၀ီစကီမှ ဦးစီးကျင်းပသည့် ဂီတ ဖျော်ဖြေပွဲ တစ်ခု ကို ဖေဖေါ်ဝါရီ ၂၈ မှ မတ် လ ၁ ရက် နေ့ 
ထိ သုံးရက် တိုင် ဆီဒိုးနား ဟိုတယ်ရှေ့ရှိ  မြကျွန်းသာ အပန်းဖြေဥယာဉ် တွင် ကျင်းပမည် ဟုသိရသည်။ Continue reading “ယမန်နှစ်က စက်ရုံမီးလောင်ခဲ့သည့် ဂရန်းရွိုင်ရယ် က သုံးရက်ဆက်တိုက် အခမဲ့ ဂီတဖျော်ဖြေပွဲ ကိုကျင်းပမည်”

ဒီတစ်ပတ်သတင်းဓာတ်ပုံ

အော်စကာဆုရှင်လောင်းများ၏ နေ့ လည်စာစားပွဲသို့ Burma VJ ဇာတ်ကား၏ ဒါရိုက်တာ ၊ပရိုဂျူဆာ တို့ နှင့် အတူတက်ရောက်ခဲ့သည့် ဦးဃောသိတာ (ဟောလိဝုဒ် အော်စကာ အခမ်းအနားနှင့် ပတ်သက်၍ ပထမ ဦးဆုံးအကြိမ် တရားဝင်ဖိတ်ကြားခံခဲ့ရသည် မြန်မာ လူမျိုးတစ်ဦးလည်း ဖြစ်သည်)
ရန်ကုန်မြို့ တရုတ်သံရုံးတွင် ကျင်းပသော ကျားနှစ် နှစ်သစ်ကူးပွဲတော်
ခိုင်ခန့် မှု ရှိရန် ဖြည်းဖြည်းချင်းတည်ဆောက်နေသဖြင့် ၂၀၁၁ ခုနှစ်လောက်တွင် ခုနှစ်လောက်တွင် ပြီးစီးမည် ဟုခန့် မှန်းကြသည့် နေပြည်တော်ရှိ လွှတ်တော် အဆောက် အဦ
ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးအစီအစဉ်တွင် ပါရှိသည့် မီးရထားပြေးဆွဲခြင်း ၀န်ဆောင်မှုများလည်းပါရှိသည် ဟု ဆိုသည်
ထူးခြားဆန်းပြားသည့် အစီအစဉ်တင်ဆက်မှုများကြောင့် လူကြိုက်များနေသည့် Talent Model Agency တည်ထောင်သူ တင်မိုးလွင်
ဆရာဝန်အသင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် သီဆို ဖျော်ဖြေနေသည့် ၀ိုင်းစုခိုင်သိန်း
အလွမ်းပြေအနမ်း အပါအ၀င် R&B သီချင်းများဖြင့် လူကြိုက်များလာသည့် အဆိုတော် ဘန်နီဖြိုး

Continue reading “ဒီတစ်ပတ်သတင်းဓာတ်ပုံ”

မော်တင်စွန်းဘုရားပွဲသို့  နတ် နှင့် နဂါးများ လာရောက်ဖူးမြော် ဟုဆို

ယူကွန်
ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ
သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်တွင်
တည်ရှိသည့် မော်တင်စွန်း ဘုရား ခေါ်  မဟာကုဋရံသီ ဆံတော်ရှင်စေ
တီတော်မြတ်ကြီး ၏ ဘုရားပွဲ ကျင်းပနေစဉ် ကာလတွင် နတ်နဂါးများ
လာရောက်ဖူးမြော်ခြင်းရောင်ခြည်တော်လွှတ်သည် ဟူ သည့် သတင်းများကြောင့်
ရန်ကုန် နှင့် အနီးအပါးမှ ဘုရားဖူးများ ပိုမိုလာ
ရောက်ကြသည်ဟု သတင်းရရှိသည်။

တပေါင်းလဆန်း ၁ ရက် (၁၃.၃.၂၀၁၀)မှ တပေါင်းလပြည့်နေ့ (၂၇.၃.၂၀၁၀) အထိကျင်းပ
သည့်ဘုရားပွဲတော်ရက် အတွင်း ပင်လယ်တွင်းမှ နဂါးများလာရောက်ဖူးမြော်သည် ဟူသော
အချက်ကြောင့် ဘုရားဖူးများက ပင်လယ်ကမ်းခြေတွင် သွားရောက်စောင့်ကြည့်သူများရှိသည်
ဟု မော်တင်စွန်း ဘုရားပွဲ သို့ သွားရောက်ခဲ့သည့် ပုသိမ် မြို့ သားတစ်ဦးက Freedom
News Group သို့ ပြောသည်။
Continue reading “မော်တင်စွန်းဘုရားပွဲသို့  နတ် နှင့် နဂါးများ လာရောက်ဖူးမြော် ဟုဆို”

သင်္ဃန်းကျွန်းဈေး အား အောင်သက်မန်း နှင့် အောင်သိန်းလင်းမှ ကွန်ဒိုပြန်လည်တည်ဆောက်မည်

ဟိန်းခိုင်ထွန်း

သင်္ဃန်းကျွန်းဈေး မီးလောင်မှု ဖြစ်ပွားနေစဉ်

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)ည ၇ နာရီကျော် ကျော်ခန့်အချိန်က မီး
လောင်မှုဖြစ်ပွားခဲ့သည့်သင်္ဃန်းကျွန်းဈေး နေရာ အား သူရရွှေမန်း ၏ သား အောင်သက်မန်း
နှင့် ရန် ကုန်မြို့ တော် ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်း တို့ မှ လူနေ တိုက်ခန်း များ ပါဝင်သည့်
အထပ်မြင့်ကွန်ဒို နှင့် ဈေး ပြန်လည် တည်ဆောက်ပမည် ဟု သတင်းရရှိသည်။

မီးလောင်ပြီး လေးရက် အကြာဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြို့တော်ခန်းမ၌သတင်းထောက်များ နှင့်
တွေ့ဆုံရာတွင် မြို့တော် ၀န်က သင်္ဃန်းကျွန်းဈေး ကြီး အား ပြန်လည် တည်ဆောက်သွားမည်ဟု ထုတ်
ဖော် ပြောဆိုခဲ့သည်။ Continue reading “သင်္ဃန်းကျွန်းဈေး အား အောင်သက်မန်း နှင့် အောင်သိန်းလင်းမှ ကွန်ဒိုပြန်လည်တည်ဆောက်မည်”

လူ့အခွင့်အရေး ကိုယ်စားလှယ် နှင့် ဦးတင်ဦး ၊ဦးဝင်းတင် တို့ တွေ့ ဆုံ

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဦးတင်ဦး ၊ဦးဝင်းတင် ၊ဦးခင်မောင်ဆွေ တို့ နှင့် တွေ့ ဆုံစဉ်

ယနေ့ နံနက် အစောပိုင်းက အင်းစိန်ထောင် တွင်းသို့ သွားရောက် လေ့လာခဲ့သည့် ကုလသမဂ္ဂ
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် အန်အယ်လ်ဒီ ဗဟိုအလုပ်
အမှုဆောင်ဦးတင်ဦး ၊ဦးဝင်းတင် ၊ဦးခင်မောင်ဆွေ တို့ နှင့် တွေ့ ဆုံခဲ့သည်။

ထိုသို့ တွေ့ ဆုံရာတွင် ၂၀၀၃ ခုနှစ်ကတည်းက နေအိမ် နေအိမ်အကျယ်ချုပ် ချထားခြင်းခံထားရသည့်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးသင့်ကြောင်း ပြောကြားသည်ဟု
ဦးခင်မောင်ဆွေက ပြောသည်။ Continue reading “လူ့အခွင့်အရေး ကိုယ်စားလှယ် နှင့် ဦးတင်ဦး ၊ဦးဝင်းတင် တို့ တွေ့ ဆုံ”