အကယ်ဒမီဆုချီးမြှင့်ပွဲကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ယခင်နှစ်များ အတိုင်းကျင်းပမည်
၅ ဇန်န၀ါရီ ရန်ကုန်၊ ၊Eleven Media Group
၂၀၀၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကို ယခင်နှစ်များက ကျင်းပခဲ့သည့် အတိုင်း ဖေဖော်ဝါရီ လဆန်းပိုင်းအ တွင်း နေပြည်တော် လဟာပြင်ဇာတ်ရုံတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
၂၀၀၈ ခုနှစ် အကယ်ဒမီဆုပေးပွဲကျင်းပရန် အကယ်ဒမီစင်မြင့်ကို ဇန်န၀ါရီလဆန်းပိုင်းတွင် စတင် တည်ဆောက်မည် ဖြစ်ကာအကယ်ဒမီ စင်မြင့် တည်ဆောက်နိုင်ရေးအတွက် Continue reading “အကယ်ဒမီဆုချီးမြှင့်ပွဲကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ယခင်နှစ်များ အတိုင်းကျင်းပမည်”








၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအား ဗြိတိသျှတို့က သိမ်းပိုက်ခဲ့ပြီးနောက် နည်းမျိုးစုံဖြင့် လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းရှည်ကြာစွာ လက်ရုံးရည်၊ နှလုံးရည်ကြိုးပမ်းမှုများဖြင့် စွမ်းဆောင်ခဲ့ကြရာ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့၏ အကူအညီဖြင့် ဗြိတိသျတို့ကို မြန်မာ့မြေမှ တိုက်ထုတ်နိုင်ခဲ့ကြပေသည်။ ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဂျပန်ကို မြန်မာ့မြေမှ တိုက်ထုတ်ရာတွင် မြန်မာတို့အား အကူအညီပေးခဲ့သည့် ဗြိတိသျှတို့သည် မြန်မာ့မြေအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး မြန်မာနိုင်ငံအား စီမံအုပ်ချုပ်မည့် စက္ကူဖြူစီမံကိန်းကို ထုတ်ပြန်ကြေညာထားချိန်လည်း ဖြစ်သည်။ ၁၉၄၆ ခုနှစ်နှင့် ၁၉၄၇ ခုနှစ်တို့သည် မြန်မာ့လွတ်လပ်ရေးအရယူမှုတွင် အရေးပါဆုံးဖြစ်သည့် နှစ်များအနက်ပါဝင်သည့် နှစ်များလည်းဖြစ်ပြီး ယင်းကာလတွင် ဗြိတိသျှဘုရင်ခံဆာဟူးဘတ်ရန့်အစိုးရ၌ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)တို့ ပါဝင်လာပြီးနောက် ပြည်သူလူထုတစ်ရပ်လုံးသည် ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုအောက်တွင် ညီညွတ်စွာဖြင့် နှလုံးရည်ကိုအဓိကထားပြီး မြန်မာ့လွတ်လပ်ရေးကို အရယူလိုက်နိုင်သည့် သမိုင်းစာမျက်နှာများစွာအနက်မှအချို့ကို (၆၂)မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမှတ်တရ ထုတ်နှုတ်ဖော်ပြလိုက်ရပါသည်။



