ဒီတစ်ပတ် သတင်းဓာတ်ပုံ

၃၀  နိုဝင်ဘာ ရန်ကုန် ၊                            ၊Freedom News Group

Photo : In This Week

ယခုတစ်ပတ် နာမည် ကျော် ပန်းလှိုင် ဆေးရုံ
ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် ၏ အုတ်ဂူ
ခရစ်စမ္မတ် အကြိုညကာလတွင် ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံးသစ်ကြီးတွင် လျှပ်စစ်မီးများ ဖြင့် အလှဆင်ထားပုံ
ဒီဇင်ဘာလ ၁ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ အေအိုင်ဒီအက်(စ)နေ့ အထိမ်းအမှတ် ၀ါရှင်တန်ရှိ သမ္မတအိမ် ဖြူတော်တွင် ဖဲကြိုးနီ ဆင်ယဉ်ထားပုံ
ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်နေပြီ ဖြစ်သည့် မော်ဒယ်မိုးယုစံ အား အလှကုန် ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် Cat Walk လျှောက်နေစဉ်

Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ရွေးကောက်ပွဲ ဥပဒေ ကို ထုတ်ပြန်တော့မည်

၃၀ နိုဝင်ဘာ ရန်ကုန် ၊                          ၊Freedom News Group

Myanmar Will Release Election Law

၂၀၁၀ ခုနှစ် တွင် စစ်အုပ်စုကကြီးမှုးပြီး မြန်မာ နိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပြဌာန်းချက်များပါ ၀င်သည့် ရွေးကောက်ပွဲ ဥပဒေကို ယခု ဒီဇင်ဘာလဆန်း တွင် ထုတ်ပြန် တော့ မည် ဟုသတင်းရရှိသည်။ Continue reading “ရွေးကောက်ပွဲ ဥပဒေ ကို ထုတ်ပြန်တော့မည်”

ရန်ကုန်မြို့ ၏ အမှောင်ဖုံးည များကို ရဲရွာကြောင့် လွန်မြောက်နိုင်မည် မဟုတ်

၂၉ နိုဝင်ဘာ ရန်ကုန် ၊                          ၊ဟိန်းခိုင်ထွန်း

ရန်ကုန်မြို့ အမေရိကန် သံရုံးတွင် ခရစ္စမတ်ပွဲတော်အတွက် လျှပ်စစ်မီးများဖြင့် အလှဆင်ထားသည်ကိုတွေ့ ရစဉ်

မန္တလေး မြို့ ၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ် ပေါ်တွင် တည်ဆောက် ထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရဲရွာရေအားလျှပ်စစ် စီမံကိန်း မှ စတင်၍ ဓာတ်အားပေးလွှတ်မည်ဆိုသော် လည်း ရန်ကုန် နှင့် အခြားမြို့ ရွာများနေ ပြည်သူတို့ အတွက် မဟုတ်ပဲနေပြည်တော်ရှိအရေးကြီးရုံးဌာနနှင့်အဆောက်အဦများအတွက်သာဖြစ်ကြောင်းသိရသည်။ Continue reading “ရန်ကုန်မြို့ ၏ အမှောင်ဖုံးည များကို ရဲရွာကြောင့် လွန်မြောက်နိုင်မည် မဟုတ်”

ဆော်ဒီအာရေဗျတွင် ဟာ့ဂ်ျကာလအတွင်း မိုးသည်းထန်စွာရွာသွန်း

၂၈ နိုဝင်ဘာ ရန်ကုန် ၊                        ၊၊ပလန်းနက် မြန်မာ

Saudi Arabia Raises Toll From Flooding 114 (updates)

ဆ်ာဒီအာရေဗျတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လာရာ သေဆုံးသူ အရေအတွက် (၇၇)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ဆော်ဒီပြည်ထဲရေး ၀န်ကြီးဌာနက သေသူများအတွင်း ယခုနှစ် Hajခရီးစဉ်အတွက် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာသည့် Hajပြုသူ မွတ်ဆလင် (၂.၅)သန်းကျော်မှ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်း အတည်ပြုခဲ့သည်။


Continue reading “ဆော်ဒီအာရေဗျတွင် ဟာ့ဂ်ျကာလအတွင်း မိုးသည်းထန်စွာရွာသွန်း”

၂၀၁၂ မှာတကယ်ပဲ ကမ္ဘာပျက်မှာလား

၂၆ နိုဝင်ဘာ ရန်ကုန် ၊                       ၊မြန်မာ နက္ခတ်ဗေဒ

2012 Phenomenon

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)

ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ Continue reading “၂၀၁၂ မှာတကယ်ပဲ ကမ္ဘာပျက်မှာလား”

2012 ဇာတ်ကား၏ အဆိုတော် Adam Lambert ၏ ပွဲဦးထွက် အယ်(လ)ဘမ် ရောင်းအားကောင်း

၂၄ နိုဝင်ဘာ ကာလီဖိုးနီးယား၊                     ၊FNG

Adam Lambert Controversial AMA Award  Prformances

ဒါရိုက်တာ ရိုလန် အီမာရစ်ခ်ျ ရိုက်ကူးတင်ဆက်သည့် ၂၀၁၂ အမည်ရှိ ကမ္ဘာပျက်သည့်
ကပ်ဘေးကြီး အကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်ရှင်ဇာတ်ကားအပြီး နောက်
ဆုံးစာတန်း ထိုးချိန်တွင် ဖွင့်လှစ်ခဲ့သည့် Time Of Miracles အမည်ရှိသီချင်းကို သီဆိုခဲ့သည့် အမေရိကန် Pop Rock အဆိုတော် Adam Lambert ၏ ပွဲဦးထွက် အယ်(လ)ဘမ်မှာ အလွန်ရောင်းအား ကောင်းကြောင်း လောစ်ဇင်းဂျလိစ် ရှိ ဓာတ်ပြား
ဆိုင်များမှ စုံစမ်းသိရှိရသည်။ Continue reading “2012 ဇာတ်ကား၏ အဆိုတော် Adam Lambert ၏ ပွဲဦးထွက် အယ်(လ)ဘမ် ရောင်းအားကောင်း”

ထိုင်းဝန်ကြီးချုပ် ဟောင်း ကွယ်လွန် သည် ကို အကြောင်းပြု၍ မငြိမ်မသက်မှုများ ဖြစ်လာနိုင်သည် ဟု ထိုင်းရဲချုပ်သတိပေး

၂၄ နိုဝင်ဘာ ဘန်ကောက် ၊                        ၊Freedom News Group

Former Thai PM Samak Dies at 74

နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ကလေးငယ်များ နှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံနေသည့်ထိုင်းဝန်ကြီးချုပ် စမတ်

အသက် ၇၄ နှစ် အရွယ်ရှိ ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ၀န်ကြီးချုပ်ဟောင်း ဆမတ် ဆုန်ထရာဝေ့ သည် ယမန်နေ့ က ဘန်ကောက် မြို့ ရှိဘူရွမ်ဂရက်ဆေးရုံကြီးတွင် အသည်းကင်ဆာ ရောဂါ ဖြင့် ကွယ်လွန် သွားပြီ ဖြစ်ကြောင်း နေရှင်း သတင်းစာ၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားသည်။၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံတွင် စစ်တပ်မှ Continue reading “ထိုင်းဝန်ကြီးချုပ် ဟောင်း ကွယ်လွန် သည် ကို အကြောင်းပြု၍ မငြိမ်မသက်မှုများ ဖြစ်လာနိုင်သည် ဟု ထိုင်းရဲချုပ်သတိပေး”

အကယ်ဒမီဆု အတွက် အမျိုးသမီး အနူပညာရှင်များ မျှော်လင့်ချက်မထား

၂၃ နိုဝင်ဘာ ရန်ကုန် ၊              ၊စပယ်ထွန်း
No Hope For Myanmar Actress

ဆုရွေးချယ်ခံရမည် ဟု ထင်ကြေးပေးခံနေရသည့် ကြိုးတန်းဇာတ်ကား

၂၀၀၈ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများပေးအပ် ချီးမြှင့်ရန် ဇာတ်ကား ၁၂ ကားသာရှိကြောင်း နှင့် ဆုချီးမြှင့်ပွဲတွင် ပါဝင်မည့် ဇာတ်ကား အများစု မှာ ဟာသ ဇာတ်ကား အများစုသာဖြစ်ကြောင်းယနေ့ထုတ်ဝီကလီအီလ်(လ)ဗင်းဂျာနယ်တွင်ဖော်ပြထားသည်။ထိုဇတ်ကား
များတွင် အမျိုးသမီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားသော် လည်း မည်သည့် အမျိုးသမီးသရုပ်ဆောင်မှ ဆုရရှိရန် မျှော်လင့် မထားကြောင်း သိရသည်။ Continue reading “အကယ်ဒမီဆု အတွက် အမျိုးသမီး အနူပညာရှင်များ မျှော်လင့်ချက်မထား”

ဇန်န၀ါရီလ ၁ ရက်နေ့ မှစ၍ အရက်ကြော်ငြာများခွင့်မပြု

၂၄ နိုဝင်ဘာ ရန်ကုန် ၊                         ၊ယူကွန်

Liquor Advertising Prohibited In Myanmar

တစ်ချိန်ကစွဲဆောင်မှုရှိခဲ့သည့်အရက်ကြော်ငြာတစ်ခု

၂၀၀၉ ခုနှစ်မှ စ၍ မည်သည့် အရက်ကြော်ငြာမှ စာအုပ်၊မဂ္ဂဇင်း ၊ရုပ်သံကြော်ငြာ၊ဘီဘုဒ် အပါအ၀င် မည်သည့် မီဒီယာတွင် မှ ကြော်ငြာခွင့် ပြုတော့မည် မဟုတ်ကြောင်း သတင်းရရှိ သည်

ပြန်ကြာားရေး ၀န်ကြီးဌာန လက်အောက်ရှိ စာပေစီစစ်ရေး က သက်ဆိုင်ရာ မဂ္ဂဇင်းဂျာနယ်

အယ်ဒီတာများ အား အရက်ကြော်ငြာများ နှင့် ပတ်သက်၍ လာမည့် နှစ်ဆန်းမှ စ၍ ကြော်ငြာ ထည့်သွင်းပေးခြင်းမပြုရန် သိရှိကြောင်း လက်မှတ် ထိုးခိုင်းသည်။ Continue reading “ဇန်န၀ါရီလ ၁ ရက်နေ့ မှစ၍ အရက်ကြော်ငြာများခွင့်မပြု”

၂၀၁၂ (ရုပ်ရှင်အညွှန်း)

ငြိမ်းချမ်းငြိမ်း
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး အာနိုးရှဝါ ဇက်နာဂါ၏ ရုပ်သံမိန့်ခွန်းမဆုံးခင် ပြည်နယ်တခုလုံးတွင် အင်အားပြင်းထန်သည့် ငလျှင် စတင်လှုပ်ခတ်လေသည်။ ပြည်နယ်သမိုင်းတလျှောက် မကြုံဖူးအောင် အားပြင်းသည့် ထိုငလျင်သည် နောက်နာရီ အနည်းငယ်အကြာတွင် ပြည်နယ်တခုလုံးကို ပစိဖိတ် သမုဒ္ဓရာအောက်ထဲ ပျောက်ကွယ်စေတော့မည်ဖြစ်ကြောင်း မည်သူမှ သိနိုင်ကြတော့မည် မဟုတ်။ Continue reading “၂၀၁၂ (ရုပ်ရှင်အညွှန်း)”

နိုင်ဇော်၊မမြင့်ခိုင် – စကျင်ကျောက်နံရံအိပ်မက်

၂၂ နိုဝင်ဘာ ရန်ကုန် ၊                     ၊Freedom Literature

စကျင်ကျောက်နံရံအိပ်မက် အမှာစာ (မြန်မာ အီးဘွတ်ခ်ဘလောက်မှ)

စကျင်ကျောက်နံရံအိပ်မက် သည် ဂျာမန်ဝတ္ထုတိုများ ဘာသာပြန် စုစည်းထားခြင်းဖြစ်သည်။ စုစုပေါင်း ဂျာမန်ဝတ္ထုတို ရှစ်ပုဒ် ပါဝင်သည်။

ဂျာမန်စာပေသည် မြန်မာစာဖတ်ပရိသတ်နှင့် အလှမ်းဝေးသည် မဟုတ်ချေ။ ဆရာဇော်ဂျီက သောမတ်မန်၊ဟာမန်ဟတ်စာ အစရှိသော ကမ္ဘာ့စာပေဆုရှင်တို့၏ ဝတ္ထုတိုများ ဘာသာပြန်ပေးခဲ့ဖူးသည်။ Continue reading “နိုင်ဇော်၊မမြင့်ခိုင် – စကျင်ကျောက်နံရံအိပ်မက်”

ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ

၂၀ နိုဝင်ဘာ ရန်ကုန် ၊                       ၊ပလန်းနက် မြန်မာ

Burma : Private School Relaunches

တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာသင်ကြားလျက်ရှိသည့် ACA ပညာရိပ်ငြိမ်ဘော်ဒါဆောင်ကို အခြေံပညာအထက်တန်းကျောင်းအဖြစ် အသိအမှတ်ပြု၍ တရားဝင်ပညာသင်ကြားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ပုဂ္ဂလိကသို့ ယခုကဲ့သို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပေ။ သက်တမ်း၂၆နှစ်ရှိပြီဖြစ်သော ACA  ဘော်ဒါဆောင်၏ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာ၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ကျောင်းသားများကို အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိပြီဖြစ်သည်။ Continue reading “ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ”

ကုန်တွဲ သင်္ဘောကြီး တစ်စင်းနှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင်သင်္ဘော င၀န်မြစ်အတွင်း တစ်နေရာ၌ တိုက်မိပြီး ခရီးသည်တင် သင်္ဘောနစ်မြုပ်မှု နိုဝင်ဘာလ ၁၅ရက်နေ့ ညပိုင်းကဖြစ်ပွား

၂၀ နိုဝင်ဘာ ရန်ကုန် ၊                       ၊Eleven Media

Scores Fear Dead In Myanmar Ferry Crash

ရှမ်းငူရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့သော သင်္ဘောအား ရှာဖွေမှုများပြုလုပ်နေကြစဉ်

ကုန်စည်များ တင်ဆောင်လာ သော ကုန်သင်္ဘောကြီး (ဒေသ အခေါ် CB1 သံခွံကိုယ်ထည်အမျိုးအစား)နှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင် သင်္ဘောတို့သည် ပုသိမ်မြို့အနီး င၀န် မြစ်ကျဉ်းတစ်နေရာ၌ ည ၇နာရီခွဲ ၀န်းကျင်တွင် ၀င်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ၊ ကိုယ်တွေ့ကြုံ သူများ၏ပြောကြားချက်အရ သိရှိရ သည်။ နေမျိုးထွန်း(ဒေသအခေါ်နေမျိုး ထွန်းကြီး) အမည်ရှိ ပုသိမ်-သက္ကယ် သောင် Continue reading “ကုန်တွဲ သင်္ဘောကြီး တစ်စင်းနှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင်သင်္ဘော င၀န်မြစ်အတွင်း တစ်နေရာ၌ တိုက်မိပြီး ခရီးသည်တင် သင်္ဘောနစ်မြုပ်မှု နိုဝင်ဘာလ ၁၅ရက်နေ့ ညပိုင်းကဖြစ်ပွား”