ပေါင်သားပေါ်ဖက်ရှင်များကြောင့် သတင်းအချက်အလက်နည်းပညာပြပွဲ လူစည်ကား
၁၆ အောက်တိုဘာ ရန်ကုန် ၊ ၊ယူကွန်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ကြီးမှူး၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ၂ဝဝ၉ တွင် နာမည်ကျော်မြန်မာမော်ဒယ်(လ)များ နှင့် တက်သစ်စမော်ဒယ်(လ) လေးများက အရှက်လုံရုံ
လောက်သာ ဖုံးထားသည့် ဖက်ရှင်စတိုင် များဖြင့် ကုန်ပစ္စည်းများကို ကြော်ငြာပေးခဲ့ကြောင်း
သတင်းရ ရှိသည်။ Continue reading “ပေါင်သားပေါ်ဖက်ရှင်များကြောင့် သတင်းအချက်အလက်နည်းပညာပြပွဲ လူစည်ကား”




ရုပ်ရှင်ရုံမှာ ရုပ်ရှင်မကြည့်ဖြစ်တာ နှစ်ချီကြာပြီ။ ဒါပေမဲ့ ဒီည မိုက်ကယ်မိုးရဲ့ ရုပ်ရှင်အသစ် (Capitalism: A Love Story) ကို သွားကြည့်ဖြစ်တယ်။ အရင်က ၂၀၀ရ နှစ်မှာ နာမည်ကြီးခဲ့တဲ့ SiKCO ရုပ်ရှင်ကို ကြည့်ပြီးကတည်းက မိုက်ကယ်မိုး (Michael Moore) ကို သဘောကျခဲ့ပါတယ်။ သူ့ရဲ့ရုပ်ရှင်တွေက သတင်းမှတ်တမ်း၊ ဖြစ်ရပ်မှန်၊ ရယ်စရာ၊ ပေါက်ကွဲစရာတွေ အစုံပါတာမို့ ဟုတ်မဟုတ်အသာထား ကြည့်လို့တော့ တော်တော်ကောင်းပါတယ်။

