မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ပွဲတွင် အာဏာပိုင်တို့ကလေးဖြူ နှင့် အိုင်စီဖျော်ဖြေမည့် အစီအစဉ်ကို ခွင့်မပြု ၊ လုံခြုံရေးများတိုးမြှင့်ချထား
၁၅ မေ ရန်ကုန်၊ ၊ယူကွန်
Lay Phyu (Iron Cross) Reschedule Myanmar National League Kick Off

မနက်ဖြန် တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ(MNL Cup Grand Royal 2009 )အတွက် လုံခြုံရေးအထူးတင်းကျပ်ထားကြောင်းသိရှိရသည်။ကွင်းဖွင့်ပွဲ
တွင် နေ့တွင်မူလက အဆိုတော် လေးဖြူနှင့် အတူ Iron Cross အဖွဲ့ မှ ဖျော်ဖြေရန်စီစဉ် ထားသော်လည်း ပွဲကျင်းပရန် နှစ်ရက်အလိုတွင် ရန်ကုန်တိုင်းတိုင်းမှုး၏ အမိန့်အရ စိုင်းစိုင်းခမ်းလှိုင် နှင့် R ဇာနည် တို့ နှင့် အတူ DJ သော်သော် တို့ ၏ အစီအစဉ်နှင့်ပြောင်းလဲ
လိုက်သည် ဟု သတင်းရရှိသည်။
ကွင်းဖွင့်ပွဲနေ့ တွင် ရန်ကုန်ယူနိုက်တက်ကလပ်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့ ယှဉ်ပြိုင်ကစားကျမည်ဖြစ်သည်။ ကွင်းဖွင့်ပွဲ အစီအစဉ်ပြောင်းလဲရခြင်းနှင့် ပတ်သက်ပြီး ကွင်းဖွင့်ပွဲတွင်ပါဝင်သီဆိုမည့်အဆိုတော် တစ်ဦးက “ကိုလေး(လေးဖြူ) တို့ ဆိုလူအရမ်းလာမယ်လေ၊လူတွေက ဘောလုံးပွဲထက်IC ပွဲကြည့်ချင်တာ အန်တီစု ကိစ္စကလဲ ရှိသေးတော့ လူတွေများပြီးထိန်းလို့ ရမှာမဟုတ်ဘူး ဆိုပြီး တိုင်းမှုးအမိန့်နဲ့ ကိုလေးဖြူတို့ ကိုမဆိုခိုင်းတာလို့ ပြောတယ် ”ဟု Freedom News Group သို့ပြောသည်။ Continue reading “မြန်မာနေရှင်နယ်လိဂ် ကွင်းဖွင့်ပွဲတွင် အာဏာပိုင်တို့ကလေးဖြူ နှင့် အိုင်စီဖျော်ဖြေမည့် အစီအစဉ်ကို ခွင့်မပြု ၊ လုံခြုံရေးများတိုးမြှင့်ချထား”







