ငြိမ်းချမ်းငြိမ်း
အာဏာရှင်စနစ်ကို အခြေခံထားကာ တယူသန် ဘာသာရေးဝါဒီများ အုပ်ချုပ်သည့် အီရန်နိုင်ငံတွင် အနုပညာသမားများ၏ လွတ်လပ်စွာ ဖန်တီးနိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုမှာ မည်မျှပင် ခက်ခဲကြောင်း ယခုနှစ် မေလက ပြင်သစ်နိုင်ငံ ကိန်းစ် ရုပ်ရှင်ပွဲတော်တွင် ဆုရရှိခဲ့သည့် အီရန်ဇာတ်ကား Nobody Knows About Persian Cats ဇာတ်ကားက ပြည့်စုံစွာ တင်ဆက်ထားသည်။
ထိုဇာတ်ကားကို ပြည်ပတွင် နေထိုင်သူ နာမည်ကျော် ကာဒ်ရှ် (ပါရှား) အီရန် ဒါရိုက်တာ ဘာမန်ဂိုဘာဒီက ရိုက်ကူးသည်။ သူ၏ Half Moon, Turtles Can Fly နှင့် A Time for Drunken Houses ဇာတ်ကားများမှာ နာမည်ကျော် ဇာတ်ကားများ ဖြစ်သည်။ Nobody Knows About Persian Cats ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသူတဦးမှာ ဘာမန် ဂိုဘာဒီ၏ ရည်းစားဖြစ်သည့် ရိုဆာနာ ဆာဘာရီ ဖြစ်သည်။
ရိုဆာနာ ဆာဘာရီမှာ အီရန် အစိုးရက သူလျှိုလုပ်သည်ဟု စွပ်စွဲ၍ မတ်လက ထောင်ဒဏ် အပြစ်ပေးခံရသည့် အမေရိကန် ဂျာနယ်လစ်တဦး ဖြစ်သည်။ (မေလတွင် ဆိုင်းငံ့ထောင်ဒဏ်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ဖြစ်သည်)။ ရိုဆာနာက အီရန်နိုင်ငံတွင်း သတင်းထောက်အဖြစ် ရောက်ရှိနေစဉ် အီရန် မြေအောက် ဂီတပညာရှင်များနှင့် အနုပညာ အသိုင်းအဝိုင်းနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်များက ထိုဇာတ်ကား၏ အကောင်းဆုံး ဇာတ်ညွှန်းဖြစ်လာခဲ့သည်။ Continue reading “မြေအောက် အနုပညာ လှုပ်ရှားမှု (အီရန် ရုပ်ရှင်ကား)”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်