ရန်ကုန်မြို့ တွင်မိုးသည်း ထန်စွာရွာသွန်း၍ရေကြီးမှုများ ဖြစ်ပေါ်ကာ မီးရထားသံလမ်းများ ရေနစ်မြုပ်

၃၀ မေ ရန်ကုန်၊                   ၊ယူကွန်

Flash Flooded in Rangoon City

Myanmar Floodမေလ ၂၉ ရက်နေ့ ကတည်းက မြန်မာနိုင်ငံရန်ကုန်မြို့ တွင်မိုးသည်းထန်စွာရွာသွန်းသဖြင့် နေ ရာ
အချို့ တွင်ရေကြီးရေလျှံ မှုများဖြစ်ပေါ်နေသည် ။ မေလ ၃၀ ရက် မနက် အစောပိုင်းကတည်းက
ဆက်တိုက် ရွာသွန်းသော မိုးကြောင့် လမ်း၅၀ တစ်ဝိုက် ဗိုလ် တစ်ထောင် ၊ရေကျော် နှင့် မင်္ဂလာ
တောင်ညွန့် မြို့ နယ်များတွင် ရေမြောင်းများပိတ်ဆို့ ပြီးလမ်းမပေါ်တွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ Continue reading “ရန်ကုန်မြို့ တွင်မိုးသည်း ထန်စွာရွာသွန်း၍ရေကြီးမှုများ ဖြစ်ပေါ်ကာ မီးရထားသံလမ်းများ ရေနစ်မြုပ်”

အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဒေါ်စု နှင့် နိုင်ငံရေးအကျဉ်းသားများ အားအမြန်ဆုံးလွှတ်ပေးရန်ပြော

၃၀ မေ စင်္ကာပူ၊                    ၊Freedom News Group

U.S Defense Secretary call for Aung San Suu Kyi Release

ဒေါ်စုချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန် သမ္မတ ကလည်းတောင်းဆို ခဲ့သည်။
ဒေါ်စုအားချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန် သမ္မတ ကလည်းတောင်းဆို ခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးရောဘတ်ဂိတ်က ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်း
သားများ အမြန်ဆုံးပြန်လွှတ်ပေးပြီး စစ်အစိုးရ နှင့် အတိုက်အခံများကြားတွင် အဓိပ္ပာယ်ပြည့်ဝသော
တွေ့ှဆုံဆွေးနွေးပွဲ များအမြန်ဆုံးကျင်းပရန် ဒေါ်အောင်ဆန်းစုကြည်အားစစ်အစိုးရမှ ဖမ်းဆီးထိမ်းသိမ်းထားသည့် ခြောက်နှစ်ပြည့် နေ့ တွင် တောင်းဆိုခဲ့သည်။ Continue reading “အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဒေါ်စု နှင့် နိုင်ငံရေးအကျဉ်းသားများ အားအမြန်ဆုံးလွှတ်ပေးရန်ပြော”

ဒေါ်စု အားတရားစွဲဆိုထားမှု ဇွန်၅ ရက်နေ့ သို့ ထပ်မံချိန်းဆို

၂၉ မေ ဘန်ကောက်၊                    ၊Freedom News Group

court delays trial

ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေထွက်ဆိုပေးသူ လပွတ္တာမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း ဓာတ်ပုံ-အေပီ
ဒေါ်အောင်ဆန်းစုကြည်အတွက် သက်သေထွက်ဆိုပေးသူ လပွတ္တာမြို့ နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်း ဓာတ်ပုံ-အေပီ

အင်းစိန်ထောင်တွင်းဖမ်းဆီး ၍ ရုံးတင်စစ်ဆေခြင်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ကျ အမှုအားမူလက သတ်မှတ်ထားသည့် ဇွန်လ ၁ရက်နေ့  တနင်္လာနေ့ အစား ဇွန်လ ၅ရက်နေ့ သောကြာနေ့ သို့ ပြောင်းရွှေ့ လိုက်ကြောင်းသိရသည်။

ဇွန်လ၅ရက်နေ့ သို့ ရွှေ့ ဆိုင်းသည့် အကြောင်းကို နှစ်ဘက် စလုံးမှ ရှေ့နေများသို့ အကြောင်းကြားစာပို့ သည် ဟုသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးမှာ လည်းလုံးဝ မကောင်းကြောင်းသူမ၏ ရှေ့နေ တစ်ဦးဖြစ်သူဦးဥာဏ်ဝင်းက ရိုက်တာသတင်းဌာန သို့ ပြောသည်။

မေလ၅ ရက်နေ့ တွင် အပြီးသတ်ကြားနာပြီးနောက် စီရင်ချက်ချမည် ဖြစ်သည်။ Continue reading “ဒေါ်စု အားတရားစွဲဆိုထားမှု ဇွန်၅ ရက်နေ့ သို့ ထပ်မံချိန်းဆို”

ဆန္ဒပြပွဲများဖြစ်ပွားပါက ဓာတ်ပုံရိုက်သူကိုလည်းဖမ်းရန် စွမ်းအားရှင်များကိုလည်း ညွှန်ကြားထား

၂၉ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Junta Wanted Citizen Journalists

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအင်းစိန်ထောင်ရှေ့ဆန္ဒပြသူကို စွမ်းအားရှင်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများက ဖမ်းဆီးနေ စဉ် ဓာတ်ပုံ-ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအင်းစိန်ထောင်ရှေ့ဆန္ဒပြသူကို စွမ်းအားရှင်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများက ဖမ်းဆီးနေ စဉ် ဓာတ်ပုံ-ဒီဗွီဘီ

ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက ဆန္ဒပြသူသာမက အနီးရှိ ဓာတ်ပုံ ၊ဗီဒီယို ကင်မရာ မှတ်တမ်းတင်
သူများကို လည်းဖမ်းဆီးရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှုးက နေ့ စားဖြင့် စောင့်ကြည့်ဖမ်းဆီးရေးတာဝန်
ကို ယူထားသော စွမ်းအားရှင် များနှင့် ကြံဖွတ်များ ကိုညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ ၏ လူစည်ကားရာနေရာများတွင် ရဲလုံခြုံရေးများနှင့်အတူ အသင့်ချထားသော စွမ်းအား
ရှင်နှင့် ကြံ့ဖွတ် များကို ရဲတပ်ဖွဲ့ ၏ အမိန့် ပေးမှု အောက်တွင် ထားရှိ သည် ဟု ရန်ကင်းမြို့ နယ်မှ ရ၀တ အဖွဲ့ ဝင် တစ် ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ဆန္ဒပြပွဲများဖြစ်ပွားပါက ဓာတ်ပုံရိုက်သူကိုလည်းဖမ်းရန် စွမ်းအားရှင်များကိုလည်း ညွှန်ကြားထား”

ချံပီယံလိဂ်ကောင်းမှု ကြောင့်အပေါင်ဆိုင်များအလုပ်ဖြစ်

၂၈ မေ ရန်ကုန်၊                    ၊ယူကွန်

The United Fans Loose in Champion League Betting

ပွဲမစခင်တွေ့ ရသည့်မန်ယူ ပရိသတ်များ ဓာတ်ပုံ-တယ်လီဂရဖ်
ပွဲမစခင်တွေ့ ရသည့်မန်ယူ ပရိသတ်များ ဓာတ်ပုံ-တယ်လီဂရဖ်

မေလ၂ရရက် နေ့ ကအီတလီ နိုင်ငံရောမမြို့ တွင် ကျင်းပခဲ့သည့် ဥရောပချံပီယံလိဂ်ဗိုလ်လု
ပွဲစဉ်တွင်ဘာကာဟု မြန်မာဘောလုံးပရိသတ်တို့ ခေါ်ဝေါ်ကြသည့် စပိန် ဘောလုံးကလပ် အသင်း ဘာစီလိုနာက အင်္ဂလန်အသင်း မန်ချက်စတာယူနိုက်တက် ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရလိုက် သောကြောင့် မန်ယူဘက်မှ လောင်းကြေးထပ်ထားသည့် မြန်မာပရိတ်သတ်တို့ လောင်းကြေးငွေ အပြည့်ရှုံးနိမ့်ခဲ့ကြသည် ဟု သတင်းရရှိ သည်။

မြန်မာဘောလုံးဝါသနာရှင် များနှင့် ဘောလုံးပွဲလောင်းသူများစိတ်ကြိုက် အသင်းတစ်သင်း
ဖြစ်သည့်မန်ယူ အသင်းမှာ ချံပီယံ လိဂ် ဗိုလ်လုပွဲစဉ်တွင် ရှုံးနိမ့်သွားသောကြောင့် မန်ယူ
ဘက်မှဘောလုံးပွဲလောင်းကြေးထပ် ထားသူများမှာ ရှုံးနိမ့်  သွားကြောင်းသိရသည်။

မြန်မာစံတော်ချိန် နံနက် နှစ်နာရီတွင် ကျင်းပသောချံပီယံလိဂ် ဖိုင်နယ်ပွဲစဉ်နှင့် ပတ်သက်၍ အငှားတက္ကစီ ယာဉ်မောင်းသူတစ်ဦးက “ကျွန်တော်လည်းဒီရက်ပိုင်းလမ်းတွေ ပိတ်ထားလို့ အုံနာခ မကြေတာနဲ့ တစ်ဗုံး(မြန်မာငွေ တစ်သိန်း)မန်-ယူဘက်က တင်လိုက်တာ အကုန်ပြောင် ရော အီတိုး နှိပ်စက်တာလေ” ဟု Freedom News Group သို့ ပြောသည်။ Continue reading “ချံပီယံလိဂ်ကောင်းမှု ကြောင့်အပေါင်ဆိုင်များအလုပ်ဖြစ်”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်းစိန်ထောင်ရှေ့နှင့် ကေတုမာလာ တွင် ဆန္ဒပြ

၂၈ မေ ရန်ကုန်၊                    ၊တင်ကျော်ကျော်စိုး

Lone Protesters Protests  Outside Insein Prison

ဒေါ်စုလွတ်မြောက်ရေးအင်းစိန်ထောင်ရှေ့ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသားဟောင်းလေတပ်ဗိုလ်ကြီး ဟောင်းကို စွမ်းအားရှင်နှင့် အရပ်ဝတ်ရဲများမှ ၀ိုင်းဝန်းဖမ်းဆီးစဉ် ဓာတ်ပုံ-မိုးမခ
ဒေါ်စုလွတ်မြောက်ရေးအင်းစိန်ထောင်ရှေ့ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသားဟောင်းလေတပ်ဗိုလ်ကြီး ဟောင်းကို စွမ်းအားရှင်နှင့် အရပ်ဝတ်ရဲများမှ ၀ိုင်းဝန်းဖမ်းဆီးစဉ် ဓာတ်ပုံ-မိုးမခ

ယနေ့ ထုတ်သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးတရားစွဲ ဆိုထားသည့် ကိစ္စသည် နိုင်ငံရေးအရအကျိုးတစ်စုံတစ်ရာ သက်ရောက်မှုမရှိ ဟု စစ်အစိုးရကပြောကြားပြီး နာရီအနည်းငယ် အတွင်းမှာပင် အင်းစိန်ထောင်ရှေ့ နှင့် တောင်ဥက္ကလာ ကေတုမာလာ လမ်းဆုံတို့ တွင်ဆန္ဒပြ မှု များဖြစ်ပွားခဲ့သည်။

အင်းစိန်ထောင်ဂိတ်ဝရှေ့ဆန္ဒပြ မှုတွင် အငြိမ်းစားလေတပ် အရာရှိ ဟောင်း အသက် ၅၆ နှစ်အရွယ်ရှိ ဗိုလ်ကြီး ဇော်ညွန့် ဖြစ်သည်။ဒေါ်အောင် ဆန်းစုကြည်ကိုအမြန်လွှတ် ဟူသော စာသားကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် ပိတ်စအဖြူရောင်ကို ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန် ကြွေးကျော်ပြီး ဆန္ဒပြခြင်းဖြစ်သည် ။ Continue reading “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အင်းစိန်ထောင်ရှေ့နှင့် ကေတုမာလာ တွင် ဆန္ဒပြ”

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ငှက်လွှတ်ဆုတောင်းပွဲများ ယနေ့ ပြုလုပ်မည်

၂၈ မေ ရန်ကုန်၊                    ၊Freedom News Group

Trial Against Aung San Suu Kyi To Continues To Ninth  Day

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ယမန်နေ့ ကအဖွဲ့ ချုပ်ရုံးတွင် ငှက်လွှတ်ဆုတောင်းပွဲများကျင်းပ ခဲ့သည်။ပုံတွင် ဦးလှဖေ၊ဦးစိုးမြင့် နှင့် ဦးဝင်းတင်တို့ ငှက်လွှတ်ဆုတောင်းနေသည် ကို တွေ့ရစဉ် ဓာတ်ပုံ-အေပီ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ယမန်နေ့ ကအဖွဲ့ ချုပ်ရုံးတွင် ငှက်လွှတ်ဆုတောင်းပွဲများကျင်းပ ခဲ့သည်။ပုံတွင် ဦးလှဖေ၊ဦးစိုးမြင့် နှင့် ဦးဝင်းတင်တို့ ငှက်လွှတ်ဆုတောင်းနေသည် ကို တွေ့ရစဉ် ဓာတ်ပုံ-အေပီ

ယနေ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရန်ကုန် နှင့် နယ်မြို့ များတွင်ငှက်လွှတ်ဆု
တောင်းပွဲများကျင်းပမည် ဟုသတင်းရရှိသည်။

န၀မမြောက်နေ့ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ သက်သေလိုက်ပေးမည့် နေ အိမ်
အကျယ်ချုပ်ထိန်းသိမ်းခံနေရသည့် ဦးတင်ဦး နှင့် ဦးဝင်းတင် တို့ ကို စစ်အစိုးရက သက်သေများစာ
ရင်းမှ ပယ်ဖျက်လိုက်သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ငှက်လွှတ်ဆုတောင်းပွဲများ ယနေ့ ပြုလုပ်မည်”

မော်လမြိုင် မြန်မာ့ စီးပွားရေးဘဏ်နှင့် အစိုးရရုံးများ အနီးတွင် ပေါက်ကွဲမှုသုံးခုဖြစ်

၂၇ ရန်ကုန်၊                 ၊ဟိန်းခိုင်ထွန်း

Three Bombs Blasts  in Moulmein

ရွေးကောက်ပွဲ နှစ်ပတ်လည်အခမ်းအနားကျင်းပနေချိန်တွင် အဖွဲ့ ချုပ်ရုံးရှေ့ဉ်နယ်စပ်မှဖောက်ခွဲရေးသမားများဝင်လာပြီဆိုသောစာများကားတစ်စီး ပေါ်မှကျဲချအပြီး (AP Photo)
ရွေးကောက်ပွဲ နှစ်ပတ်လည်အခမ်းအနားကျင်းပနေချိန်တွင် အဖွဲ့ ချုပ်ရုံးရှေ့ဉ်နယ်စပ်မှဖောက်ခွဲရေးသမားများဝင်လာ ပြီ ဆိုသောစာများကားတစ်စီး ပေါ်မှကျဲချအပြီး (AP Photo)

မွန်ပြည်နယ် ၏ မြို့တော်မော်လမြိုင် မြို့ လယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အနီး၊အကောက်ခွန်ရုံး နှင့်စည်ပင်ရုံးတစ်ရုံးအနီးတို့ တွင်ယနေ့ ညနေငါးနာရီခန်အချိန်ကမိနစ်အနည်းငယ်ခြားပြီးပေါက်
ကွဲမှုသုံးကြိမ်ဖြစ်ခဲ့သည်။ဒေသခံများက ဗုံးပေါက်ကွဲသည် ဟု ပြောကြသော် လည်း
မျက်မြင်တွေ့ ရှိသူများက မည်သို့ သောပေါက်ကွဲမှု မျိုးဖြစ်သည်ကိုမှန်းဆရခက်ပြီး
အကြီးစားပေါက်ကွဲမှု တစ်ရပ် ဟုဆိုသည်။

အင်အားမပြင်းထန်လှသော ထိုဗုံးများ၏ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု နှင့်သေပျောက်မှုလည်းမရှိဟု မျက်မြင်တွေ့ ရှိခဲ့သော တက္ကသိုလ်ကျောင်းသားတစ်ဦးက Freedom News Groupသို့ ပြောသည်။ Continue reading “မော်လမြိုင် မြန်မာ့ စီးပွားရေးဘဏ်နှင့် အစိုးရရုံးများ အနီးတွင် ပေါက်ကွဲမှုသုံးခုဖြစ်”

စစ်အစိုးရက လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ကို ပယ်ချသည့်အကြောင်း မြန့် မာ့ရုပ်မြင်သံကြားမှယနေ့ ထုတ်လွှင့်

၂ရ မေ ရန်ကုန်၊                   ၊တင်ကျော်ကျော်စိုး

Burma Junta Rejects UNSC Demand Release Aung San Suu Kyi And All Political Prisoners

ရွေးကောက်ပွဲ ၁၉ နှစ်ပြည့်ရန်ကုန်မြို့ တွင် ဖေါက်ခွဲရေးသမား၂၉ ဦးရောက်နေပြီဟု စစ်အစိုးရ လိုလားသော အုပ်စုများကစာဝေ
ရွေးကောက်ပွဲ ၁၉ နှစ်ပြည့်ရန်ကုန်မြို့ တွင် ဖေါက်ခွဲရေးသမား၂၉ ဦးရောက်နေပြီဟု စစ်အစိုးရ လိုလားသော အုပ်စုများကစာဝေ

(သတင်းနှင့်သတင်းသုံးသပ်ချက်)
မေလ ၂၂ ရက်နေ့ နေ့ စွဲဖြင့်   ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုမှုကို မြန်မာစစ်အစိုးရက ပယ်ချလိုက်ကြောင်းကိုယနေ့ ညမြန်မာ့ရုပ်မြင်သံကြားအစီအစဉ် မှထုတ်လွှင့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အားဖမ်းဆီးတရားစွဲဆို ထားခြင်းသည် နိုင်ငံရေးအရ အကျိုးသက်
ရောက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာ နိုင်ခြင်းမရှိ သဖြင့် ဥပဒေ နှင့် အညီ ဆက်လက်အရေးယူ
မည်ဟုကြေညာခဲ့သည်။ Continue reading “စစ်အစိုးရက လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ကို ပယ်ချသည့်အကြောင်း မြန့် မာ့ရုပ်မြင်သံကြားမှယနေ့ ထုတ်လွှင့်”

ဒေါ်အောင်ဆန်းစုကြည် အားလွှတ် ပေးရမည့်နေ့ တွင် လမ်းများပိတ်ပြီး လုံခြုံရေးများ တင်းကျပ်

၂၇ မေ ရန်ကုန်၊                ၊ယူကွန်

Six Years of Aung San Suu Kyi House Arrest  Security Tightened Up

ရန်ကုန်မြို့ တွင်းမော်တော်ကားလမ်းများပိတ်ဆို့ ထားမှုကြောင့်အများပြည်သများခရီးသွား လာရေးခက်ခဲနေရသည်။ဓာတ်ပုံ-ရိုက်တာ
ရန်ကုန်မြို့ တွင်းမော်တော်ကားလမ်းများပိတ်ဆို့ ထားမှုကြောင့်အများပြည်သများခရီးသွား လာရေးခက်ခဲနေရသည်။ဓာတ်ပုံ-ရိုက်တာ

ဒေါ်အောင်ဆန်းစုကြည်အားနေ အိမ်အကျယ်ချုပ်ချထားသည့် သက်တမ်းခြောက်နှစ်ပြည့်သည့် ယနေ့ မေ လ ၂ရ ရက်နေ့ လင်းအာရုဏ်တက်ချိန်မှ စ၍ ရန်ကုန်မြို့ တွင်းရှိ လမ်းဆုံလမ်းခွနေရာ
တိုင်းတွင် ရဲကားရော စစ်ကားများပါ ချထားသည်။

လှည်းတန်းလမ်းဆုံတွင် တာဝန်ကျသော စစ်ဗိုလ်တစ်ဦး၏ Freedom News Group သို့ ပြောပြ
ချက်အရ တောင်တွင်းကြီးနှင့် မကွေးဘက် တွင် တာဝန်ကျသော စစ်တပ်အချို့ ကိုပင်ရန်ကုန်သို့ ဆင့် ခေါ်ပြီးဖြစ်သည် ဟုဆိုသည်။

ယမန်နေ့ မေလ ၂၆ ရက်နေ့ ည က ဆူးလေဘုရားလမ်းအောက်လမ်း (ပန်းခြံမှ ကမ်းနားအထိ )
လမ်းမကြီးကို ယာဉ်သွားလာခွင့်မပေးပဲ ပိတ်ထားသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အားလွှတ် ပေးရမည့်နေ့ တွင် လမ်းများပိတ်ပြီး လုံခြုံရေးများ တင်းကျပ်”

ဒေါ်အောင်ဆန်းစုကြည် အားထောင်တွင်းတရားစွဲဆိုထားသည့် သတ္တမမြောက်နေ့ 

၂၆ မေ ရန်ကုန်၊                   ၊ရိုက်တာ သတင်းဌာနဓာတ်ပုံများ Second Week’s Second Day of Outside Insein Prison Photo Continue reading ဒေါ်အောင်ဆန်းစုကြည် အားထောင်တွင်းတရားစွဲဆိုထားသည့် သတ္တမမြောက်နေ့ 

Rate this:

ယနေ့ အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ်သူပိုများလာ ၊ဗကသ နှင့် မျိုးဆက်သစ်လူငယ်အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးလှုံဆော်မှုပြုလုပ်

၂၆ မေ ရန်ကုန်၊                  ၊ဟိန်းခိုင်ထွန်း

Students and Activists Launches Free Aung San Suu Kyi Campaign

Generation Wave အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးအတွက် ယနေ့ မနက်က ဒဂုံစင်တာတွင် ဖြန်ဝေခဲ့သည့် လက်ကမ်းစာစောင်
Generation Wave အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးအတွက် ယနေ့ မနက်က ဒဂုံစင်တာတွင် ဖြန်ဝေခဲ့သည့် လက်ကမ်းစာစောင်

ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်တရားရုံးတွင် တရားစွဲဆိုထားသည့်သတ္တမမြောက်
နေ့ တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ)နှင့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး
(Generation Wave) တို့ က သမိုင်းလမ်းဆုံ၊ဘုရင့်နောင်လမ်းဆုံ နှင့် ရန်ကုန်မြို့ တွင်းပြေးဆွဲ
လျှက်ရှိ သော ခရီးသည် တင်မော်တော်ကားများပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုထားသော လက်ကမ်းစာစောင်များ ဖြန့် ဝေလျှက်ရှိကြောင်းသတင်းရရှိသည်။

ယနေ့ အင်းစိန်ထောင်ရှေ့တွင် လည်းဆန္ဒထုတ်ဖေါ်သူများပိုမိုများပြားလာပြီး ရဲနှင့် စွမ်းအားရှင်အပါအ၀င် လုံခြုံရေးအင်အားကိုလည်း တိုးမြှင့်ချထားသည်။ယနေ့ တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုချက် ပေးမည်ဖြစ်သည်။ Continue reading “ယနေ့ အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ်သူပိုများလာ ၊ဗကသ နှင့် မျိုးဆက်သစ်လူငယ်အဖွဲ့ မှ ဒေါ်စုလွတ်မြောက်ရေးလှုံဆော်မှုပြုလုပ်”

မြန်မာအစိုးရ၏ အခြေအမြစ်မရှိစွပ်စွဲမှုများ ကိုထိုင်းက ပယ်ချ

၂၆ မေ ဘန်ကောက်၊                 ၊Freedom News Group

Thailand Rejects Burma Attack

ထိုင်း-မြန်မာဆက်ဆံရေးတင်းမာလာပါကမြန်မာဘက်မှ လက်တုံ့ ပြန်သည့်အနေဖြင့်နယ် စပ်ဂိတ်များပိတ်လိုက်ပါက ကုန်ဈေးနှုန်းများတက်လာမည်ကိုပြည် သူများစိုးရိမ်နေကြသည်
ထိုင်း-မြန်မာဆက်ဆံရေးတင်းမာလာပါကမြန်မာဘက်မှ လက်တုံ့ ပြန်သည့်အနေဖြင့်နယ် စပ်ဂိတ်များပိတ်လိုက်ပါက ကုန်ဈေးနှုန်းများတက်လာမည်ကိုပြည် သူများစိုးရိမ်နေကြသည်ဓာတ်ပုံ အေပီ

တနင်္ဂနွေနေ့ ကထုတ်ဝေသည့် မြန်မာ့ အလင်းသတင်းစာတွင် စစ်အစိုးရက အာဆီယံ အဖွဲ့ ၏ အလှည့်ကျ ဥက္ကဌ တာဝန် ယူထားသော ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည် ကို အလေးအနက် ကန့် ကွက်သည်ဟုဖေါ်ပြထားသော ကြေညာချက် ကိုထိုင်းအစိုးရက ပယ်ချလိုက်ကြောင်း မေလ ၂၆ ရက်နေ့ ထုတ်ဝေသည့် သည်နေရှင်း သတင်းစာ တွင်ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်က ထိုင်းနိုင်ငံအနေဖြင့် အာဆီယံဥက္ကဌတာဝန်ယူထားသည့်အ
တွက်မြန်မာနိုင်ငံတွင်လက်ရှိ ဖြစ်ပေါ်နေ သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း
စုကြည်အားဖမ်းဆီးထောင်ချရန် ကြိုးစာမှု ကို အာဆီယံ နိုင်ငံများအနေဖြင့် စိုးရိမ်မိသဖြင့် ကြေညာချက်ထုတ်၍ ဒေါ်စုလွတ်မြောက်ရေးတောင်းဆိုရခြင်းဖြစ်သည် ဟု ဆိုသည်။ Continue reading “မြန်မာအစိုးရ၏ အခြေအမြစ်မရှိစွပ်စွဲမှုများ ကိုထိုင်းက ပယ်ချ”

ပြည်တွင်းပြည်ပ ဖိအားများကြောင့် သံတမန်နှင့် သတင်းထောက်များကို စစ်အစိုးရ ဒုတိယအကြိမ် ခွင့်ပြု

၂၅  မေ ရန်ကုန်၊                 ၊တင်ကျော်ကျော်စိုး

Myanmar opens trial again,Aung San  Suu Kyi may take stand

ဟနွိုင်းတွင်ကျင်းပသည့် ဥရောပ-အာဆီယံအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အားမတရာဖမ်းဆီးထားမှုကြောင့် ဝေဖန်မှုများအပေါ်လိပ်ခေါင်းမပြူနိုင် ဖြစ်ခဲ့ရသည့်မြန်မာ နိုင် ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း
ဟနွိုင်းတွင်ကျင်းပသည့် ဥရောပ-အာဆီယံအစည်းအဝေး၌ ဝေဖန်မှုများအပေါ်လိပ်ခေါင်း မပြူနိုင် ဖြစ်ခဲ့ရသည့်မြန်မာ နိုင် ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း

(Updated:နောက်ဆုံးကြားသိရသော သတင်းအရ သံတမန်၁၅ ဦးနှင့် သတင်းထောက် ၁၀ဦးကိုသာခွင့်ပြုမည်ဖြစ်သည်)
ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းရှိ တရားရုံး၌ တရားစွဲဆိုထားမှုကို စစ်အစိုးရကဒုတိယအကြိမ်အဖြစ်သံတမန်များနှင့်သတင်းထောက်များအားပြန်လည်ခွင့်ပြုလိုက်
သည်ဟု အမည်မဖော်လိုသော ပြည်တွင်းစာနယ်ဇင်းသမားတစ်ဦးက Freedom News Group သို့ ပြောသည်။

“ဒုတိယမြောက်အပတ်ရဲ့ ဒုတိယနေ့ နက်ဖြန်အင်္ဂါနေ့ အတွက်ပေါ့နော်သံတမန်တွေကိုတော့
အကြောင်းကြားထားပြီးပြီ ပြည်တွင်းက နိုင်ငံခြားသတင်းဌာနသတင်းထောက်တွေ နဲ့  စာနယ်ဇင်းကပုဂ္ဂိုလ်တွေ ကိုတော့ ဘယ်နှစ်ယောက်ဖိတ်မယ် အသေအချာ မသိသေးဘူး
၊သံတမန်တွေ ကတော့ မနက် ရ နာရီခွဲ အင်းစိန်ထောင်ရှေ့မှာ လာစုရမယ် လို့ ပြောတယ်”ဟု အဆိုပါစာနယ်ဇင်းသမား ကပြောသည်။ Continue reading “ပြည်တွင်းပြည်ပ ဖိအားများကြောင့် သံတမန်နှင့် သတင်းထောက်များကို စစ်အစိုးရ ဒုတိယအကြိမ် ခွင့်ပြု”