ဒေါ်အောင်ဆန်းစုကြည် အားအမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် ပြည်သူလူထုတောင်းဆို ကြတော့မည်

၂၄ မေ ရန်ကုန်၊               ၊ဟိန်းခိုင်ထွန်း

Peoples Call For Aung San Suu Kyi Release

capt.photo_1243159802101-1-0“လိုအပ်တဲ့ ရိက္ခာတွေ အကုန်ဝယ်ပြီးသွားပြီ ဘာမှပူစရာမလိုတော့ဘူး အိမ်နားက ဦးလေးတစ်ယောက်က ပြောလို့ ဒေါ်စုကိုလွှတ်ပေးဖို့ ဆန္ဒပြတာတွေ ဖြစ်လာတော့မှာ ဆိုလို”ဟုပြော
သည်မှာ တောင်ဥက္ကလာမြို့ နယ်ရှိ အိမ်ရှင်မတစ်ဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ အမှုဆင်ကာထောင်ထဲတွင်ဖမ်းဆီးပြီးနေက် တရားရုံးက
စစ်ဆေးနေစဉ် အတောအတွင်း ပြည်သူလူထုကြား၌ အနှစ်နှစ်ဆယ် အတွင်းပထမဆုံးအကြိမ် စစ်အစိုးရ ဆန့် ကျင်ရေးစိတ်ဓာတ်များကြီးထွားလာ သည် ဟုသိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် အားအမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် ပြည်သူလူထုတောင်းဆို ကြတော့မည်”

အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ် သူများတွင် ယနေ့ သံဃာတော်များပိုများလာ

၂၂ မေ ရန်ကုန်၊                 ၊ဟိန်းခိုင်ထွန်း

Monks Gathers Outside of Insein Jail(Day 5)

တတိယမြောက်နေ့ ကအင်းစိန်အကျဉ်းထောင်တွင် ဒေါ်အောင်ဆန်းစုကြည်အားတွေံရစဉ်
တတိယမြောက်နေ့ ကအင်းစိန်အကျဉ်းထောင်တွင် ဒေါ်အောင်ဆန်းစုကြည်အားတွေံရစဉ်

ဒေါ်အောင်ဆန်းစုကြည်အား ပဉ္စမမြောက် နေ့ အဖြစ်အမှု စစ်ဆေးရာ အင်းစိန်ထောင်ရှေ့ဝန်းကျင်
တွင် ပြည်သူလူထု သာမက ရဟန်းသံဃာတော် များလည်းစုရုံးရောက်ရှိ နေသည် ဟုသိရသည်။
အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖော်သူများကို ရဲက ဓာတ်ပုံမှတ်တမ်း ယူနေပြီး အလွတ်သတင်းထောက်များမှ ဓာတ်ပုံမှတ်တမ်းတင်မှုများကို လည်းခိုးဝှက် လုပ်ဆောင်နေရသည်။ Continue reading “အင်းစိန်ထောင်ရှေ့ဆန္ဒထုတ်ဖေါ် သူများတွင် ယနေ့ သံဃာတော်များပိုများလာ”

ဒေါ်အောင်ဆန်းစုကြည် ကိုအင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင် ထားဆဲဖြစ်

၂၁ မေ ရန်ကုန်၊              ၊ဟိန်းခိုင်ထွန်း Aung San Suu Kyi  Still  in Prison ယနေ့ ညနေ တွင် ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီးချုပ်နှောင်ထားရာ အင်းစိန်အကျဉ်းထောင်မှ နေအိမ် သို့ ပြန်လည် ပို့ ဆောင်ပေးမည် ဟု အင်းစိန် ထောင်ရှေ့တွင် သတင်းထွက်ပေါ်နေသည်။ သို့သော်လည်းယနေ့ညနေ၆နာရီခွဲအချိန်ထိ အင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင်ထား ဆဲဖြစ်သည်ဟု သတင်းရရှိသည်။ ယမန်နေကမြန်မာ့ရုပ်မြင်သံကြားမှဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုစဉ်အတောအတွင်းသံတ မန်များနှင့် သတင်းထောက်များအား လာရောက် တွေ့ ဆုံခွင့် ရသည့်သတင်းအားလွှင့်ထုတ်ကြေညာ နေစဉ်(ထိုသတင်းအား ရန်ကုန်နှင့် နယ်မြို့များမှပြည်သူများက စိတ်ဝင်စားကြသည်) Continue reading ဒေါ်အောင်ဆန်းစုကြည် ကိုအင်းစိန်အကျဉ်းထောင်တွင် ဆက်လက်ချုပ်နှောင် ထားဆဲဖြစ်

Rate this:

စတုတ္ထနေ့ တရားခွင် တံခါးပိတ် ပြန်ဖြစ် အင်းစိန်ထောင်ရှေ့စု ရုံးသူပိုမို များပြားလာ

၂၁ မေ ရန်ကုန်၊                      ၊ယူကွန်

Backers of Aung San Suu Kyi Gathers Outside Prison
Junta Returns Close Trial

ယမန်နေ့ ကပြည်တွင်းမီဒီယာမှကားတစ်စီးအင်းစိန်ထောင်ရှေ့သို့ ရောက်ရှိလာစဉ်
ယမန်နေ့ ကပြည်တွင်းမီဒီယာမှကားတစ်စီးအင်းစိန်ထောင်ရှေ့သို့ ရောက်ရှိလာစဉ် ဓာတ်ပုံ-Times Online

မေလ ၂၁ ရက်နေ့ စတုတ္ထနေ့ တရားခွင်ကို စစ်အစိုးရက မည်သူမျှမဖိတ်ကြားတော့ပဲ တံခါးပိတ်ပြန်
လုပ်လိုက်သည် ဆိုခြင်းကြောင့် နိုင်ငံခြားသံတမန်များရော သတင်းထောက်များပါ ဒေါ်အောင်ဆန်း
စုကြည် နှင့် တွေ့ နိုင်ခွင့် အဆုံးသတ်သွားပြီဖြစ်သည်။

စတုတ္ထနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီထားသည့် အင်းစိန်ထောင်ရှေ့သို့ သူမအားထောက်ခံ
သူများ ယခင်နေ့ များကထက် ပိုမိုစုရုံးနိုင်ကြပြီး Continue reading “စတုတ္ထနေ့ တရားခွင် တံခါးပိတ် ပြန်ဖြစ် အင်းစိန်ထောင်ရှေ့စု ရုံးသူပိုမို များပြားလာ”

စစ်တပ်ထိပ်တန်းအရာရှိများမှ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် ဝေဖန်မှုပြင်းထန်လာ

၂၀ မေ နေပြည်တော်၊                    ၊ညွန့်သက်ထားဦး

Top Rank Officers Blames Senior General Than Shwe ‘s Masterminding Plot of  Opposition Leader Face Trial

ဒေါ်အောင်ဆန်းစုကြည်တရားရုံးအတွင်းမှပြန်လည်ထွက်ခွာစဉ်
ဒေါ်အောင်ဆန်းစုကြည်တရားရုံးအတွင်းမှပြန်လည် ထွက်ခွာစဉ် ဓာတ်ပုံ-အေပီ

နေပြည် တော်မှ ထိပ်တန်းအဆင့်ရှိ ဗိုလ်ချုပ်များသာမက စစ်တိုင်းမှုး အချို့ နှင့် တပ်မှုး အချို့ သည်လည်း ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနိုင်ရန် လျှို့ ဝှက်ဇာတ်လမ်းတစ်ခု ဖန်တီးခဲ့သည် ဟုယူဆရသော မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား ဝေဖန်ပြစ်တင် မှုများပေါ်ပေါက်နေသည်။

စစ်တပ်အရာရှိများနှင့် နီးစပ်သူများမှလာ သော သတင်းအရ ဂျွန်ဝီလျှံ ယက်ထော ကိစ္စကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ရဲချုပ် ဗိုလ်မှုးချုပ်ခင်ရီ နှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကသာ ကိုင်တွယ် ၍ ဆုံးဖြတ်ခဲ့ကြသည် ဟု သိရသည်။ Continue reading “စစ်တပ်ထိပ်တန်းအရာရှိများမှ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် ဝေဖန်မှုပြင်းထန်လာ”

ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း တရားရုံးတွင် သံတမန် အချို့နှင့်တွေ့ ရပုံ ကို MRTV မှထုတ်လွှင့်ပြသ

၂၀ မေ ရန်ကုန်၊               ၊ဟိန်းခိုင်ထွန်း

State-Run TV Reported Aung San Suu Kyi Talking With Diplomats and Appearing Court

ဒေါ်အောင်ဆန်းစုကြည် နှင့်ရုရှားသံအမတ်ကြီး(AP Photo/MRTV, via APTN)  ** MYANMAR OUT TV OUT  **
ဒေါ်အောင်ဆန်းစုကြည် နှင့်ရုရှားသံအမတ်ကြီး(AP Photo/MRTV, via APTN) ** MYANMAR OUT TV OUT **

ယနေ့ ည မြန်မာ့ရုပ်မြင်သံကြား (MRTV)မှဒေါ်အောင် ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းရှိ တရားရုံးသို့ ထုတ်လာပုံ နှင့် သံအမတ် အချို့ နှင့်တွေ့ ဆုံစကားပြောနေပုံ တို့ ကိုထုတ်လွှင့်ပြသသွား
သည်။

မြန်မာ့ရုပ်မြင်သံကြားမှ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် သူမ၏ ပုံများအား ထုတ်လွှင့်ပြသသွားပုံ
ကိုပြည်သူများက

မြန်မာ အတိုက်အခံခေါင်းဆောင်အင်းစိန်ထောင်တွင်းရှိ တရားရုံးထဲသို့ ဝင်ရောက်လာစဉ်
မြန်မာ အတိုက်အခံခေါင်းဆောင်အင်းစိန်ထောင်တွင်းရှိ တရားရုံးထဲသို့ ဝင်ရောက်လာစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူရုရှား ထိုင်သံအမတ်တို့ တွေ့ဆုံစဉ်(AP Photo/MRTV, via APTN)  ** MYANMAR OUT TV OUT  **
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူရုရှား ထိုင်သံအမတ်တို့ တွေ့ဆုံစဉ်(AP Photo/MRTV, via APTN) ** MYANMAR OUT TV OUT **

စိတ်ဝင်တစားကြည့်ရှုကြသည်။ယနေ့ ည သတင်းတွင် တရားရုံးသို့ ဒေါ်အောင်
ဆန်းစုကြည် အား ရုံးထုတ်လာပုံ ပြသ သွားသည် နှင့် ပတ်သက်၍ “ကျွန်တော် တို့ က
နွယ်သာကီထိပ်မှာ  လက်ဖက်ရည် ဆိုင်ထိုင်နေတာ တီဗွီ မှာ ဒေါ်စု သတင်း လာနေ တယ်လဲ ဆိုရောလူတွေ နီးရာ တီဗွီ ရှိတဲ့ အိမ်ထဲ Continue reading “ဒေါ်အောင်ဆန်းစုကြည် ထောင်တွင်း တရားရုံးတွင် သံတမန် အချို့နှင့်တွေ့ ရပုံ ကို MRTV မှထုတ်လွှင့်ပြသ”

ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကိုပင် စစ်အစိုးရခွင့် ပြုခြင်းဖြစ် ဒေါ်စုသတင်းထောက်များနှင့် တွေ့ဆုံပြောကြားခွင့်ရရှိ ရန်လည်း လိုအပ်

၂၀ မေ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

Junta Must Be Allow  Aung San Suu Kyi  To Talk With All Diplomats and Reporters

ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးလီတို ချဒ် ဟာဆင်တို ၏ မော်တော်ကား အင်းစိန်ထောင်ရှေ့ရောက်ရှိလာစဉ်
ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေးလီတို ချဒ် ဟာဆင်တို ၏ မော်တော်ကား အင်းစိန်ထောင်ရှေ့ရောက်ရှိလာစဉ်

ပြည်တွင်းအခြေစိုက်နိုင်ငံခြားသတင်းထောက်ငါးဦး နှင့် ပြည်တွင်းသတင်းမီဒီယာများမှ သတင်းထောက်ငါးဦးတို့ ကိုသာ ယနေ့  အင်းစိန် အကျဉ်းထောင် သို့ လိုက်ပါသတင်းယူခွင့်ပြုခြင်းသည် ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကို သာခွင့်ပြုခြင်းဖြစ်ကြောင်း အပတ်စဉ် ထုတ်ဝေ သော သတင်းဂျာနယ် တစ်ခုမှ အမည်မဖော်လိုသော အယ်ဒီတာ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “ပြည်တွင်းမီဒီယာများ၏ သုံးရာခိုင်နှုန်းကိုပင် စစ်အစိုးရခွင့် ပြုခြင်းဖြစ် ဒေါ်စုသတင်းထောက်များနှင့် တွေ့ဆုံပြောကြားခွင့်ရရှိ ရန်လည်း လိုအပ်”

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ရန်ကုန်မြို့ တွင်းနေရာအချို့တွင် လှုပ်ရှားမှု များမှုများပြုလုပ် အခြေခံကျောင်းများ ဇွန်လဆန်းပြန်ဖွင့်ရန် မသေချာ

၂၀ မေ ရန်ကုန်၊                   ၊ဟိန်းခိုင်ထွန်း ။ ယူကွန်

Myanmar Reday To Final Show Down

စစ်အစိုးရမှ မတရား အမှု ဆင်၍ တရားစွဲဆို ထားခြင်းခံရသည့် ဒေါ်အောင်ဆန်စုကြည်လွတ်မြောက် ရေးအတွက် လူငယ်များက ပြည်လမ်းစိန်ဂေဟာ အနီးရှိ

လျှပ်တစ်ပျက်ဂျာနယ် မှကားတစ်စီးအင်းစိန်ထောင်တွင်းမောင်းဝင်လာစဉ် ဓာတ်ပုံ-Yangon Citizen Journalist
လျှပ်တစ်ပျက်ဂျာနယ် မှကားတစ်စီးအင်းစိန်ထောင်တွင်းမောင်းဝင်လာစဉ် ဓာတ်ပုံ-Yangon Citizen Journalist Association

မီးရထားဘူတာရုံတွင်“ဒေါ်စုချက်ချင်းလွှတ်”ဟူသောစာကို စပရေး ဗူးများ ဖြင့် ယနေ့ မနက် ကိုးနာရီ အချိန်ခန့် ဖျန်းပက်သွားကြ သည် ဟု သတင်းရရှိသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ရန်ကုန်မြို့ တွင်းနေရာအချို့တွင် လှုပ်ရှားမှု များမှုများပြုလုပ် အခြေခံကျောင်းများ ဇွန်လဆန်းပြန်ဖွင့်ရန် မသေချာ”

နိုင်ငံခြားသတင်း ထောက်များ နှင့်ပြည်တွင်းသတင်း ထောက်တချို့ ထောင်တွင်းတရားရုံးသို့ ရောက်ရှိ

၂၀ မေ ရန်ကုန်၊                   ၊ဟိန်းခိုင်ထွန်း

Junta  to allow some reporters into Aung San Suu Kyi’s trial

အင်းစိန်အကျဉ်းထောင်တွင်းရှိ အနောက်ပိုင်းခရိုင်အထူးတရားရုံး
အင်းစိန်အကျဉ်းထောင်တွင်းရှိ အနောက်ပိုင်းခရိုင်အထူးတရားရုံး

ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်ငါးဦး နှင့် ပြည်တွင်းဂျာနယ်များမှ သတင်းထောက် ငါးဦးတို့ ကို ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆိုထားသောအမှု အတွက်အင်းစိန်ထောင်တွင်း လိုက်ပါ သတင်းယူရန် ခွင့်ပြုလိုက်သည်။ Continue reading “နိုင်ငံခြားသတင်း ထောက်များ နှင့်ပြည်တွင်းသတင်း ထောက်တချို့ ထောင်တွင်းတရားရုံးသို့ ရောက်ရှိ”

ည ဆယ်နာရီကျော်လျှင် အောက်ဆိုက်ကား၊ကြားကားများ ပြေးဆွဲခွင့်မပြုတော့

၁၉ မေ ရန်ကုန်၊               ၊ယူကွန်

Rangoon Midnight Commuter Is Not Given Permission

ရန်ကုန်မြို့ ရှိ လူစည်ကားရာဆူလေကားဂိတ်
ရန်ကုန်မြို့ ရှိ လူစည်ကားရာဆူလေကားဂိတ်

ဆူးလေ မှတ်တိုင်ရှိ အင်းစိန် နှင့် မြောက်ဥက္ကလာ ပသို့ ပြေးဆွဲရာ ကြားကားများအား ညဆယ်နာရီကျော်လျှင် ပြေးဆွဲ ခွင့် မပြု တော့ ဟု သတင်းရရှိသည်။ညဆယ်နာရီ ကျော်လျှင် ရန်ကုန်မြို့ တွင်း၌
စစ်ဆေးရေးဂိတ်များချထားပြီးဖောက်ခွဲရေးသမားများ
ဝင်ရောက်နေသည် ဟုသော အကြောင်းပြ
ချက်ဖြင့် စစ်ဆေးရေးဂိတ် များချထားက ရဲ၊ကြံ့ဖွတ် ၊အရံမီးသတ် တို့ ပါဝင်သည့် အဖွဲ့ မော်တော်ကား
များကို ရပ်တန့်၍ ရှာဖွေ နေကြသည်။

ယခင်က ညဆယ်နာရီ ကျော်လျှင် ဆူးလေ ဂိတ် ၌ လိုင်းကားများမရှိတော့ပဲ ကြားကားများက အင်းစိန် ၃၀၀ ၊မြောက်ဥက္ကလာ(ခြောက်ကွေ့ ) ၃၀၀ဖြင့်ပြေးဆွဲပေးသည်။ ငွေကြေးတတ်နိုင်သူများကမူ တစ်ယောက် ၁၀၀၀ ဖြင့်စုပေါင်းစီးရသည့် တက္ကစီ များရှိသည်။ Continue reading “ည ဆယ်နာရီကျော်လျှင် အောက်ဆိုက်ကား၊ကြားကားများ ပြေးဆွဲခွင့်မပြုတော့”

ဒေါ်အောင်ဆန်းစုကြည်အား မနက်ဖြန်သို့ထပ်မံချိန်းဆို

၁၉ မေ ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

Third Days Of The Closed Door Trial May 2o

ပြင်သစ်နိုင်ငံပါရီမြို့ရှိနန်းတော်တွင်ချိတ်ဆွဲထားသည့်ဒေါ်အောင်ဆန်းစုကြည် ပိုစတာ ( AP Photo/ Jacques Brinon )
ပြင်သစ်နိုင်ငံပါရီမြို့ရှိနန်းတော် တွင်ချိတ်ဆွဲထားသည့်ဒေါ်အောင် ဆန်းစုကြည် ပိုစတာ ( AP Photo/ Jacques Brinon )
ပထမ တစ်ခါ ၀င်ရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုရန် ယက်ထောခြံဝင်းအတွင်း ချထားပေးခဲ့သည့် Book of Mormon အမည်ရှိ စာအုပ်(Mormon သည် အမေရိကန်အခြေစိုက် ဘာသာရေးဂိုဏ်းဖြစ်သည်။
ပထမ တစ်ခါ ၀င်ရောက်စဉ်က ဒေါ်အောင်ဆန်းစုကြည် ဖတ်ရှုရန် ယက်ထောကြီးကခြံဝင်းအတွင်း ချထားပေးခဲ့သည်ဆိုသည့် Book of Mormon အမည်ရှိ စာအုပ်(Mormon သည် အမေရိကန်အခြေစိုက် ဘာသာရေးဂိုဏ်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အမှုအားမနက်ဖြန် မနက် ၁၀ နာရီတွင် ထပ်မံစစ်ဆေးမည် ဟု သတင်းရရှိ
သည်။ဆရာကြီး ဦးဝင်းတင် နှင့် အဖွဲ့ လည်း ယနေ့ ညနေ လေးနာရီခွဲ အချိန်တွင် ထောင်ရှေ့မှ ပြန်လည် ထွက် ခွာသွားပြီး “မနက်ဖြန်ပြန်လာ အုံးမည် ဟု ”ပြောသွားသည်။

ဦးဝင်းတင်က ဒေါ်စု ဒုက္ခရောက် နေရင် ငါတို့ လည်း ဒုက္ခခံရမယ် တစ်သားတည်းရှိကြဟု ထောက်ခံသူများအားပြောသည်။

ယနေ့ ညနေလေး နာရီခန့် တွင် ရန်ကုန်မြို့ ရှိသူဌေးတစ်ဦးကစောင့်
ဆိုင်းကြသူများ အား သောက်ရေသန့် နှင့် ကြက်ဥမရွေးမုန့်များလာ
ရောက်လှုသည်။ အာဆီယံက ဒေါ်အောင်ဆန်းစုကြည်အား ပြန်
လည်လွှတ်ပေးရန် တောင်းဆိုမှု ကြောင့် ဒေါ်အောင်ဆန်းစုကြည်
အား စစ်အစိုးရ မှ အချိန်ဆွဲ ၍ အမှုစစ်နိုင်သည် ဟု သုံးသပ်ကြသော် လည်း စစ်တပ် တွင်းမှ ထိပ်တန်း ဗိုလ်ချုပ်များ အတွင်း ဒေါ်အောင်ဆန်းစုကြည် အားထပ်မံ တရား Continue reading “ဒေါ်အောင်ဆန်းစုကြည်အား မနက်ဖြန်သို့ထပ်မံချိန်းဆို”

အင်းစိန်မြို့ နယ်ထဲရှိကရင်လူမျိုးများလည်း ဒေါ်စုလွတ်မြောက်ရေးအတွက်ထိုင်သပိတ် အဖွဲ့ နှင့်ပူးပေါင်း၊ရဲများက တစ်ထောင်ကျပ်ပေးလျှင် ထောင်အရှေ့သို့ သွားသည့်လမ်းညွှန်ပြ

၁၉ မေ ရန်ကုန်၊                ၊ယူကွန်

Residents helps Aung San Suu Kyi Suppoeters

အင်းစိန်ထောင်ရှေ့ရှိထိုင်ကြသူများ ဓာတ်ပုံ-ရိုက်တာ
အင်းစိန်ထောင်ရှေ့ရှိထိုင်ကြသူများ ဓာတ်ပုံ-ရိုက်တာ

အင်းစိန်မြို့ နယ်ထဲရှိကရင် လူမျိုးအများစုမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အင်းစိန်ထောင် ရှေ့ရှိ ထိုင်သပိတ် အဖွဲ့ နှင့်လာရောက်ပူးကြကြောင်းသတင်းရရှိသည်။ဆရာကြီး
ဦးဝင်းတင်က ထောက်ခံသူများ နည်းလမ်းအသွယ်သွယ်ဖြင့်ထောင်ရှေ့ရောက်လာချိန်တွင် ထိုင်ရန်
သာပြောသည် ဟု သိရသည်။ Continue reading “အင်းစိန်မြို့ နယ်ထဲရှိကရင်လူမျိုးများလည်း ဒေါ်စုလွတ်မြောက်ရေးအတွက်ထိုင်သပိတ် အဖွဲ့ နှင့်ပူးပေါင်း၊ရဲများက တစ်ထောင်ကျပ်ပေးလျှင် ထောင်အရှေ့သို့ သွားသည့်လမ်းညွှန်ပြ”

အာဆီယံ၏ ဒေါ်စုလွှတ်ပေးရန် တောင်းဆိုမှုကြောင့် ယနေ့ ထောက်ခံသူများထောင်ရှေ့တွင်ပိုများလာ

၁၉ မေ ရန်ကုန်၊                    ၊တင်ကျော်ကျော်စိုး

Asean Calls For  Aung San Suu Kyi Releases ,Supporters Gathers Gate of Insein Prison

ယနေ့ ထုတ်သတင်းစာများတွင်ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုမှု သတင်း
ယနေ့ ထုတ်သတင်းစာများတွင်ဖေါ်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုမှု သတင်း

အင်းစိန်ထောင်တွင်းတရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အဖွဲ့ ကြီးကလွှတ်ပေးရန်တောင်းဆို မှုကြောင့်ပြည်သူများမှာ အားတက်လာပြီး ယနေ့ အင်းစိန်ထောင်ရှေ့တွင်ပိုမိုစုမိလာ နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ကိစ္စတိုင်းတွင်တုံဏှိဘာဝေ နေလေ့ ရှိသည့် အာဆီယံကယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးရန်တောင်းဆိုမှုကြောင့် ရန်ကုန်မြို့ ခံများမှာ အထူးအားတက်မိကြသည် ဟု သိရသည်။ Continue reading “အာဆီယံ၏ ဒေါ်စုလွှတ်ပေးရန် တောင်းဆိုမှုကြောင့် ယနေ့ ထောက်ခံသူများထောင်ရှေ့တွင်ပိုများလာ”