ထောင်ပိုင်က ဘူးသီးတောင် ထောင်တွင်းရှိ အကျဉ်းသားများကို မုန်တိုင်းကျ ချိန် အဆောင်နှင့်တိုက် ပြင်ပသို့ ထွက်ခွင့်မပေး

၁၈ ဧပြီ ရန်ကုန်၊             ၊တင်ကျော်ကျော်စိုး

နိုင်ငံရေး အကျဉ်းသားတွေ ကို မောက်မာ ရိုင်းပျစွာဆက် ဆံလေ့ရှိ သည့်ရခိုင်ပြည်နယ်ဘူးသီး
တောင် ထောင်ပိုင် က သောကြာနေ့ မှစပြီး မုန်တိုင်းသတင်းကြောင့် တစ်ထောင် လုံးကို လုံခြုံရေးတင်းကျပ်ထားသည် ဟု သိရသည်။ထောင်ပိုင် က မုန်တိုင်းကျချိန် ငြိမ်သက်မှုမရှိလျှင် အစောင့်များအား ပစ်မိန့် ပေးထားသည် ဟု သိရသည်။ Continue reading “ထောင်ပိုင်က ဘူးသီးတောင် ထောင်တွင်းရှိ အကျဉ်းသားများကို မုန်တိုင်းကျ ချိန် အဆောင်နှင့်တိုက် ပြင်ပသို့ ထွက်ခွင့်မပေး”

ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့်ဖုန်းလိုင်းပြတ်တောက် မှုများဖြစ်ပွား

၁၈ ဧပြီ ရန်ကုန်၊           ၊ဟိန်းခိုင်ထွန်း

ဆိုင်ကလုန်း ဘီဂျလီ ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးနိုင်မှုရှိသည့်ဒေသများ
ဆိုင်ကလုန်း ဘီဂျလီ ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးနိုင်မှုရှိသည့်ဒေသများ

ယမန်နေ့ ည အချိန်က စစ်တွေ နှင့် မောင်းတော မြို့ နယ်များတွင် ဘီဂျလီ မုန်တိုင်းစတင် ၀င်ရောက်ပြီးနောက် မိုးစတင်ရွာသွန်းခဲ့ရာ ဧပြီ လ၁၈ ရက် အာရုံတက်ချိန်ခန့် တွင် လေပြင်းမုန်တိုင်း တိုက်ခတ် ပြီးစစ်တွေ မြို့ ရှိ အချို့ အိမ် များမှာ အမိုးလန်ထွက် မှုများပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဘူးသီးတောင် တွင် မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ ပြိုကျမှု၊အမြစ်မှ ကျွတ်ထွက် မှုများရှိသည်ဟု သတင်းရရှိသည်။စစ်တွေ နှင့် မောင်းတောတွင် မူ လျှပ်စစ်မီး များပြတ်တောက် မှုနေရာအချို့ တွင်ရှိသည်။စစ်တွေ မြို့ သို့ မုန်တိုင်းဝင် ရောင် စဉ် လေတိုက်ခတ်မှု နှုန်းမှာ တစ်နာရီ လျှင် ၅၆ မိုင် (၉၀ ကီလိုမီတာ)ခန့် ရှိသည်ဟုသိရသည်။ Continue reading “ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့်ဖုန်းလိုင်းပြတ်တောက် မှုများဖြစ်ပွား”

ဆိုင်ကလုံးဘီဂျလီ သည် မြန်မာနိုင်ငံသို့ ဦးတည်ရှေးရှုခြင်းမရှိဟု မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာ

နောက်ဆုံးရ သတင်း ယနေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် စစ်တွေ မြို့ နယ်တွင် လေပြင်းတိုက်ပြီးမိုးစတင် ရွာသွန်း ဆိုင်ကလုံးဘီဂျလီ သည်လိမ္မော်ရောင် အဆင့်မှ အ၀ါရောင် အဆင့်သို့ လျှောကျသွားပြီး မြန်မာနိုင်ငံသို့ အဓိက ဦးတည် နေခြင်းမရှိ ဆိုသည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြား သတင်းနှင့် သတင်းအပြီးမိုးလေ၀သ ခန့် မှန်းချက်အစီအစဉ် တို့ တွင် ကြေညာသွားသည်။ Continue reading ဆိုင်ကလုံးဘီဂျလီ သည် မြန်မာနိုင်ငံသို့ ဦးတည်ရှေးရှုခြင်းမရှိဟု မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာ

Rate this:

နှစ်ဆန်းတစ်ရက် နေ့ ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား မုန်တိုင်းအန္တရာယ် ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်

၁၇ ဧပြီ ရန်ကုန်၊            ၊ယူကွန်

သင်္ကြန် အတက်နေ့ ကရန်ကုန်မြို့ အင်းလျှားလမ်း တွင် ရေပက်ခံ သူများဖြင့်စည်ကားလျှက် ရှိစဉ် ဓာတ်ပုံ-နယူးယောက်တိုင်း(မ်)
သင်္ကြန် အတက်နေ့ ကရန်ကုန်မြို့ အင်းလျှားလမ်း တွင် ရေပက်ခံ သူများဖြင့်စည်ကားလျှက် ရှိစဉ် ဓာတ်ပုံ-နယူးယောက်တိုင်း(မ်)
သန်လျှင်တွင် ထော်လာဂျီ ဖြင့်လည်ကြသူများ ဓာတ်ပုံ-ရွှေအင်းသားခင်မောင်ဝင်း အေပီ
ထော်လာဂျီ ဖြင့်သကြီန်လည်ကြသူများ ဓာတ်ပုံ-ခင်မောင်ဝင်း အေပီ

မြန်မာ နှစ်ဆန်းတစ်ရက် နေ့ တွင် ရန်ကုန်မြို့ တွင်းရှိ တန်ခိုးကြီးဘုရားများဉ် ကောင်းမှုကုသိုလ် ပြုသူ
များဖြင့်စည်ကားလျှက် ရှိသည် ကိုတွေ့ ရသည်။ရွှေတိဂုံ၊ဆူးလေ၊ ဗိုလ်တထောင်၊ ရွှေဘုန်းပွင့်၊ခြောက်ထပ်ကြီးစသည့် ဘုရားစေတီ များတွင် ဘုရားဖူးလာသူ များဖြင့် တိုးမပေါက်အောင် စည်ကားလျှက်ရှိ သည်။

ရွှေဘုန်းပွင့် ဘုရားတွင်မူ ဘုရားဖူးလာသူများကို တစ်နေ့ လုံး စတုဒီသာ ၊မန်ကျဉ်းဖျော်ရည် များဖြင့်
ရေကျော်တွင် နေသူ များက ကုသိုလ်ပြုကျကြောင်းသိရသည်။ရန်ကုန်မြို့ စွန်တွင် နေသူများက အုပ်စုလိုက် ကားစီးလုံးငှားပြီး တစ်နေ ကုန်တန်ခိုးကြီးဘုရား များကို လှည့်လည် ဖူးမျော်ကြသည်။ Continue reading “နှစ်ဆန်းတစ်ရက် နေ့ ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား မုန်တိုင်းအန္တရာယ် ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်”

ဘီဂျလီ ဟု အမည်ပေးထားသည့် မုန်တိုင်း နောက်ထပ် ၁၂နာရီ အတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်မည်

၁၇ ဧပြီ ရန်ကုန်၊                   ၊တင်ကျော်ကျော်စိုး

Weather Underground မှ ဆိုင်ကလုံး ဘီဂျလီ လမ်းကြောင်းပြမြေပုံ
Weather Underground မှ ဆိုင်ကလုံး ဘီဂျလီ လမ်းကြောင်းပြမြေပုံ

အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့ အနောက်တောင်ဘက် မိုင် ၃၅၀ နှင့် ၄၀၀ ကြားပင်လယ်ပြင်ကို ဗဟိုပြု  ၍ တိုက်ခတ်နေသော ဆိုင်ကလုန်း မုန်တိုင်း ဘီဂျလီ သည် နောက်ထပ် ၁၂ နာရီ အတွင်း
မြန်မာ နိုင်ငံ အနောက် ဘက်ရှိ ဒေသ များဖြစ်သည့် ရခိုင် ပြည်နယ် မြို့ အချို့ သို့ ဝင်ရောက် တိုက်
ခတ်တော့မည် ဟု အမေရိကန် အမျိုးသား အကာသ သိပ္ပံ ဧဂျင်စီ ၏ ၀ဘ်ဆိုက် တွင် ဖေါ်ပြထားသည်။
Continue reading “ဘီဂျလီ ဟု အမည်ပေးထားသည့် မုန်တိုင်း နောက်ထပ် ၁၂နာရီ အတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်မည်”

သင်္ကြန်အပြီးမုန်တိုင်းဝင်မည်

News In Brief *ဘဂ်လားပင် လယ်အော်အတွင်းရှိ လေဖိအားနည်းရပ်ဝန်း တဖြည်းဖြည်းအားကောင်း လာပြီ မုန်တိုင်း ငယ်အဖြစ်မြန် မာ နိုင်ငံသို့ ဦးတည် နိုင် ဟု မြန်မာ့ ရုပ်မြင်သံကြားမှ ယနေ့ လွှင့်ထုတ် သေကြာနေ့ နှစ်ဆန်း တစ်ရက်နေ့ တွင်ဧရာဝတီတိုင်းနှင့်ရန် ကုန်တိုင်း တို့ တွင်မိုးပြင်း များရွာမည် * သင်္ကြန် အကြတ်နေ့ က အင်းလျှားလမ်းရှိ 2 Cool မဏ္ဍပ်ပြိုကျမှု ဖြစ် ထိခိုက်ဒဏ် ရာရမှု ရှိသော် လည်းသေဆုံးမှု မရှိ *နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အတွက် နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ဆုတောင်းပွဲ ကျင်းပမည် Continue reading သင်္ကြန်အပြီးမုန်တိုင်းဝင်မည်

Rate this:

မြန်မာ သင်္ကြန် ယာဉ်တိုက် မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု များကြောင့် ထိခိုက်ဒဏ်ရာရ မှု နှင့် သေဆုံးမှုများရှိ

၁၄ ဧပြီ ရန်ကုန်၊            ၊ညွန့် သက်ထားဦး

မြန်မာ သင်္ကြန်အကျနေ့ ဖြစ်သည့် ဒုတိယမြောက်နေ့ တွင် ရန်ကုန်မြို့ တွင် ယာဉ်တိုက်မှု တစ်ရာထက် မနည်းရှိခဲ့ပြီး ရန်ကင်းပြည်ထဲရုံးအနီးရှိ ရန်ကင်း ပိုက်လုံးကြီးခုံးအဆင်းတွင် မူ အရှိန်မထိန်း နိုင်သည့် ဟိုင်းလ(စ်)ကားတစ်စီးက ဆရာစံ လမ်းနှင့် စက်မှု ၁ လမ်းထောင့်ရှိ ပန်းခြံကိုဝင်တိုက်ရာ ထို ကားပေါ်ပါလာ သူ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး ရန်ကင်းစင်တာ အနီးရှိ ပုပ္ပားဆေးခန်းသို့  အရေးပေါ်တင်လိုက်ရသည် ဟု မျက်မြင်တွေ့ ရှိသူများက
Freedom News Group သို့ ပြောသည် ။

တောင်ဥက္ကလာ မီးသတ် အနီးရှိ သစ္စာလမ်းထောင့် ယာဉ်တိုက် မှုမှာ အစိုးရ ရုံးများသုံး E 2000ကားက သင်္ကြန်လည် ပတ်သည့် အမိုးဖြုတ် အဖြုရောင် ပါဘလစ်ကာ ကားကို ၀င်တိုက်ခြင်းဖြစ်ပြီး ပါဘလစ်ကာ ကားပေါ်ပါလာသည့် အမျိုးသမီးတစ်ဦးဒဏ်ရာ အပြင်းအထန်ရသည် ဟု သတင်းရရှိသည်။
Continue reading “မြန်မာ သင်္ကြန် ယာဉ်တိုက် မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု များကြောင့် ထိခိုက်ဒဏ်ရာရ မှု နှင့် သေဆုံးမှုများရှိ”

နှစ်ကာလ ကြာရှည်စွာ ပိတ်ထားသော ၀ဘ်ဆိုက်များ ပြန်ကြည့်ခွင့်ရ

၁၂ ဧပြီ ရန်ကုန်၊             ၊ဟိန်းခိုင်ထွန်း

ဘလောက်ဂါ ဆိုက်ကိုခဲရာခက်ဆစ် ၀င်စရာမလိုသောကြောင့် ဘလောက်ဂါတို့ ပျော်ရွှင်ကြ
ဘလောက်ဂါ ဆိုက်ကိုခဲရာခက်ဆစ် ၀င်စရာမလိုသောကြောင့် ဘလောက်ဂါတို့ ပျော်ရွှင်ကြ

စစ်ထောက်လှမ်းရေး ချုပ်ကိုင်ထားသော Bagan Cyber Tech လက်ထက်ကပင် ကြည့်ရှုခွင့်မရခဲ့
သော ပြည်ပသတင်း ၀ဘ်ဆိုတ် တချို့ မှာ ဧပြီလ ၁၁ ရက်နေ့ ည နေ မှစပြီး ကြည့်ရှုခွင့်ရရှိခဲ့သည်။
ပြည်ပ အခြေစိုက် မြန်မာ သတင်းဝဘ်ဆိုက် အချို့ဖြစ်သည့် ခောတ်ပြိုင်၊မဇ္ဈိမ၊ ဧရာဝတီ နှင့် မိုးမခ
တို့ ကို မည်သည့် Proxy များနှင့် Tunelling Software သုံးစရာ မလိုပဲ ကြည့်ရှုနိုင် သည် ဟုသိရသည်။

ရန်ကုန်မြို့ ယောမင်းကြီးလမ်းတွင် အင်တာနက် ဆိုင်ဖွင့် ထားသူ တစ်ဦးက “ကျွန်တော် ဒီမနက်က
ပဲ YOU TUBE ကိုပရောက်စီ နဲ့ ကျော်ရသေးတယ်။ညနေ ကျတော့ဘရောက်ဇာ မှာ ဒီအတိုင်းပွင့် လာရော အဖေ ကတော့ မဇ္စျိှမ တို့ မိုးမခ တို့ ကို ကျော်စရာ မလိုဘဲ ကြည့် လို့ ရလို့ ပျော်နေတယ်”
ဟု Freedom News Group သို့ ပြောသည်။

ယခင်က ပိတ်ထားသော http://www.blogger.com ကိုပြန်လည်ကြည့်ရှု၍ ရသည့် အတွက်ဘာလောက်ဂါများလည်းပျော်နေသည် ဟုဆိုသည်။မြန်မာ နိုင်ငံ ၏နာမည်ကျော် ၀ဘ်ဆိုက်မှ ၀ဘ်မာစတာ တစ်ဦးက မူ “မိန်း ပေါ်တယ် ကို ပြန်ပြင်နေ တုန်းမှာ အမှားအယွင်း တစ်ခုခု ဖြစ်သွားလို့ ပြန်ပွင့်သွားတာထင်တယ် ဒီလောက် တော့ သဘောကောင်းမှာ မဟုတ်ဘူး စောင့် ကြည့်ရအုံးမှာပဲ ”ဟုပြောသည်။
Continue reading “နှစ်ကာလ ကြာရှည်စွာ ပိတ်ထားသော ၀ဘ်ဆိုက်များ ပြန်ကြည့်ခွင့်ရ”

အင်းလျှားလမ်းရှိ ဖိုးလပြည့် မဏ္ဍပ်ဆောက်လုပ်နေမှု ကိုဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်

ရိုက်ကူးသူ….ဒါရိုက်တာစနေငချွတ် ၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့ က ရန်ကုန်မြို့ အင်းလျှား လမ်းရှိ ဖိုးလပြည့်၏ သင်္ကြန် မဏ္ဍပ် ဆောက်လုပ် နေမှုကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်။အခြားမဏ္ဍပ်များနှင့်ယှဉ်လျှင်သူ့ မဏ္ဍပ် မှာအကြီးဆုံးဖြစ်နေသည်ကိုတွေ့ ရမည်။ Continue reading အင်းလျှားလမ်းရှိ ဖိုးလပြည့် မဏ္ဍပ်ဆောက်လုပ်နေမှု ကိုဗီဒီယိုဖြင့် မှတ်တမ်းတင်ထားစဉ်

Rate this:

မြ၀တီ ရုပ်သံတွင် ပါရန် အတွက် သင်္ကြန် ယိမ်းအဖွဲ့ များလာဘ်ထိုးရ

၁၀ ဧပြီ ရန်ကုန်၊                ၊ညွန့် သက်ထားဦး

စစ်တပ်မှ လွှင့်ထုတ်သော မြ၀တီ ရုပ်သံလွှင့်ထုတ်မှုတွင် ပါရန် အတွက် သင်္ကြန်ယိမ်းအဖွဲ့ များမှာ
လာဘ်ထိုးမှ ထုတ်လွှင့်ပေးသည် ဟုသိရသည်။ထိုသို့ လာဘ်ပေးမှ လွှင့်ထုတ်မှုတွင် တစ်ဦးချင်းနှင့်ပုဂ္ဂလိက၊ကုမ္ပဏီ အဖွဲ့ အစည်းများသာမက ၀န်ကြီးဌာန များက ပါလာဘ်ပေးရသည် ဟုသိရသည်။ Continue reading “မြ၀တီ ရုပ်သံတွင် ပါရန် အတွက် သင်္ကြန် ယိမ်းအဖွဲ့ များလာဘ်ထိုးရ”

မဏ္ဍပ် စစ်ဆေးရေးအဖွဲ့  ရန်ကုန်မြို့ တွင်း မဏ္ဍပ်များကိုလိုက်စစ်

၁၀ ဧပြီ ရန်ကုန်၊               ၊ယူကွန်
စည်ပင် ယာ-အုံ(အင်ဂျင်နီယာဌာန အဆောက်အအုံ) က ရန်ကုန်မြို့ တွင်းရှိ အတာသင်္ကြန်ရေပက်
မဏ္ဍပ်များကို လိုက်လံစစ်ဆေးသည့် အခါ မဏ္ဍပ်တာဝန်ခံများက မဏ္ဍပ်တစ်ခုစီလျှင် ကျပ်ငါးသောင်း ခန့် လက်ဖက်ရည်ဖိုးခေါ်စစ်ဆေးခပေးရသည် ဟုသိရသည်။

ယာ-အုံ ဌာနမှ ခွင့်ပြုချက် ရမှ ရေပိုက်သွယ်တန်းခွင့်ရမည့် အတွက် မဏ္ဍပ်တာဝန်ခံများက မပေးမဖြစ်ပေးရသည်ဟုသိရသည်။အင်းလျှားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်နေသူ တစ်ဦးက“မပေးလို့ မရဘူးလေ သူတို့ ရစ်ထားရင် ရေသွယ်လို့ မရဘူး လက်ဖက်ရည်ဖိုးပေးလိုက်ရင်တော့ ဘာပြဿနာမှ မရှိတော့ဘူး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ပြီးတော့ မဏ္ဍပ် အောက်မှာ ရေမ၀ပ်စေ နဲ့ လို့ ပြောသွားတယ် ဒီလောက်ပဲ”ဟု Freedom News Group သို့ ပြောသည်။
Continue reading “မဏ္ဍပ် စစ်ဆေးရေးအဖွဲ့  ရန်ကုန်မြို့ တွင်း မဏ္ဍပ်များကိုလိုက်စစ်”

လေဖိအားနည်း ရပ်ဝန်း သတင်းကြောင့် သင်္ကြန် အတွင်းချောင်းသာ ငွေဆောင်သွားမည့်ခရီးစဉ်များထက်ဝက် ကျဆင်း

၉ ဧပြီ ရန်ကုန်၊                 ၊ယူကွန်

ချောင်းသာကမ်းခြေဟိုတယ်
ချောင်းသာကမ်းခြေဟိုတယ

ချောင်းသားတွင်ရှိနေသော နောက်ပြန်ဆွဲလှိုင်း
(Rip Tide)များကို အပန်းဖြေသူများသတိပြုသင့်

မနှစ် ကတိုက် ခတ်သွားသောဆိုင်ကလုန်းနာဂစ် မုန်တိုင်း ဒဏ်ကြောင့် သင်္ကြန်ကာလအတွင်းဧရာဝတီတိုင်းရှိ ချောင်းသာ ငွေဆောင် သို့ သွားရောက်မည့်သူများနည်းပါး
ရသည့် အထဲ ဂျာနယ်များက ဧပြီလလယ်လောက်မှာပင် ဘင်္ဂလားပင်လယ်အော် ဉ်လေဖိအားနည်း ရပ်ဝန်းအစပျိုးနေသည် ဆိုသည့် သတင်းကြောင့် သွားရောက်ရန် စီစဉ် ပြီးထားသူများပင် ခရီးစဉ်
ဖျက်သိမ်းသွားကြောင်း သိရှိရသည်။

ချောင်းသာကမ်းခြေတွင်ဟိုတယ်ဖွင့်လှစ်ထားသူတစ်ဦးက“ဂျာနယ်တွေမှာလေမုန်တိုင်းသတိပေး
ချက် လိုလို ဧပြီလလယ်လောက် ကတည်းက ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအစပျိုး နေတတ်တယ် ဘာညာနဲ့ ရေးထားတော့ ဘွတ်ကင်လုပ်ထားသူတွေတောင် အဲဒီသတင်း
ဘွတ်ကင်ပြန်ဖျက်သွားတယ်” လို့ Freedom News Group သို့ ပြောသည်။

Continue reading “လေဖိအားနည်း ရပ်ဝန်း သတင်းကြောင့် သင်္ကြန် အတွင်းချောင်းသာ ငွေဆောင်သွားမည့်ခရီးစဉ်များထက်ဝက် ကျဆင်း”