အသတ်ခံ ရသူမှာ ထောက်လှမ်းရေးကျော်ဝင်း သမီးမဟုတ်
၈ ဧပြီ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း

ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) အခန်းတွင် နေထိုင်သည့်
သင်္ဘောသားဇနီးမောင်နှံနှစ်ဦး မတ်လ ၃၀ ရက် နေ့ ကအသတ်ခံခဲ့ရရာ သေဆုံးသူ မအေးအေးဝင်းခေါ် ဒေါ်မြတ်သီရိခင်မှာ ပြည်ပ အခြေစိုက်မီဒီယာ တစ်ချို့ တွင် ဖေါ်ပြထားလို ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ်ကျော်ဝင်းသမီး မဟုတ်ကြောင်း ယခင်စစ်ထောက်လှမ်းရေး ဟောင်း တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံးမှ ဒုတိယတပ်မတော် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်း နှင့် နီးစပ်သော စာနယ်ဇင်းဆရာ တစ်ဦး ကFreedomNews Group သို့ ပြောသည်။
အချစ် ဂျာနယ် နှင့် လျှပ်တစ်ပျက် ဂျာနယ် များတွင် စွန်ရဲ ဆိုသည့် ကလောင် အမည်ဖြင့် စာများရေးနေသော ဗိုလ်ချုပ်ကျော်ဝင်း မှာ ၂၀၀၅ ခုနှစ် စစ်ထောက်လှမ်းရေးကို ဖျက်သိမ်းပြီး ခြောက်လ အကြာတွင် ဗိုလ်ချုပ် ဘ၀ ဖြင့် မသိမသာ အငြိမ်းစားယူသွားသူ ဖြစ်သည်။ယခု ဝေဇယန္တာ ရှောပင်းမော ရှိရာ သုဝဏ္ဏ အားကစား ကွင်း အနီးရှိ လူကုံ ထံများနေထိုင်သော ရိပ်သာ တစ်ခုတွင်နေ ထိုင်ပြီး သူ၏သားဖြစ်သူမှာ ကြေးအိုးဆိုင် နှင့် စံပယ်မင်း တေးထုတ်လုပ်ရေး ဇာမဏီဂျာနယ် တို့ ကို ပိုင်ဆိုင်သည် ဟု ရန်ကုန် စာနယ်ဇင်းအသိုင်း အ၀ိုင်းတွင် လူပြောများသည်။
Continue reading “အသတ်ခံ ရသူမှာ ထောက်လှမ်းရေးကျော်ဝင်း သမီးမဟုတ်”



မြန်မာနိုင်ငံ ၏ တီဘီရောဂါ တိုက်ဖျက် ရေး အတွက် အစိုးရဆေးရုံများမှ တစ်ဆင့်သာ ဆေးဝါးများကို ထောက်ပံ့ပေး နေရသည့် နိုင်ငံတကာ NGO တစ်ခုဖြစ်သော Global TB Drug Facility ၏ မြန်မာ နိုင်ငံအပေါ် ဆေးဝါးပံ့ ပိုးနေ မှုများမှာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးဆုံးတော့ မည်ဖြစ်ကြောင်း ယနေ့ ထုတ် ၀ီကလီ အဲလီဗင်း ဂျာနယ်တွင် ဖေါ်ပြထားသည်။

