သရုပ်ဆောင် စည်သူမောင် တိုက်ပေါ်က ခုန်ချပြီးသေဆုံးသွားသည် ဆိုခြင်းသည် ကောလဟာလသာဖြစ် ကြောင်းကာယကံရှင်ငြင်းဆို
၂ ဧပြီ  ရန်ကုန်၊               ၊ယူကွန်
ကွယ်လွန် သွားပြီဟု ကောလဟာလ ထွက်ပေါ်ခဲ့သည့် သရုပ်ဆောင် စည်သူမောင်
ကွယ်လွန် သွားပြီဟု ကောလဟာလ ထွက်ပေါ်ခဲ့သည့် သရုပ်ဆောင် စည်သူမောင်
လူကြိုက်များနေသည့် လူငယ်သရုပ်ဆောင် သစ်တစ်ယောက် ဖြစ်သည့် စည်သူမောင် မှာ ယမန်နေ့ ကတိုက် ပေါ်မှ ခုန်ချ၍ သေဆုံးသွားသည် ဆိုခြင်းသည် ကောလဟာလ သာဖြစ်ကြောင်း
သတင်းရရှိသည်။ စည်သူမောင် ကွယ်လွန်သွားသည် ဆိုသည့် သတင်းကြောင့် အနုပညာ အသိုင်း
အ၀ိုင်းနှင့် သူ၏ ပရိသတ်များ ကြားလှုပ်လှုပ်ရှားရှား ဖြစ်သွားရုံ သာမက ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လည်း ထောင်သွင်း အကျဉ်းချခံထားရသော ကျောင်းသားခေါင်းဆောင် စည်သူ မောင် ဟု ပျံ့နှံ့ ခဲ့သည်။
သရုပ်ဆောင် စည်သူမောင် ကွယ်လွန်သည် ဆိုသည့် သတင်းကြောင့် Freedom News Group မှ စည်သူမောင်ကိုဆက်သွယ်မေးမြန်းရာတွင် “အကိုရောဆိုဒီနေ့ ကျွန်တော့် ကို လှမ်းမေးကြတာ အများကြီ်းဘဲ ကျွန်တော် ဘာမှ မဖြစ်ပါဘူး” ဟုဖြေကြားသွားခဲ့သည်။ Continue reading “သရုပ်ဆောင် စည်သူမောင် တိုက်ပေါ်က ခုန်ချပြီးသေဆုံးသွားသည် ဆိုခြင်းသည် ကောလဟာလသာဖြစ် ကြောင်းကာယကံရှင်ငြင်းဆို”
စစ်ကိုင်းတံတားအနီးရှိ ရတနာပုံတံတားသစ် ကြံ့ခိုင်မှု အားနည်းနေ၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိသည်ကို သတင်းထုတ်ပြန်မှုမပြု
၃၁ မတ် စစ်ကိုင်း၊            ၊ဟိန်းခိုင်ထွန်း
မန္တလေး ရတနာပုံတံတားသစ်ကြီး ကို မန္တလေး ဖက်ကမ်းမှတွေ့ ရစဉ်
မန္တလေး ရတနာပုံတံတားသစ်ကြီး ကို မန္တလေး ဖက်ကမ်းမှတွေ့ ရစဉ်
လေတိုက် မှုနှုန်း၊မြေအောက် ပြတ်ရွေ့များနှင့် တံတား၏ ခံနိုင်ရည်ဝန်အားတို့ ကြောင့်ထိုသို့ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ရေလည်တိုင်မြေအောက်သို့ နိမ့်ဆင်းမှုသည် ဖေဖေါ်ဝါရီလကတည်းက စတင်ဖြစ်ပေါ်နေသည် ဟုသိရသည်။ထိုသို့ နိမ့်ဆင်းမှုသည် လတ်တလော တွင်ဆိုးဆိုး ရွားရွား
မဖြစ်သေးသော် လည်း ပြုပြင်မှုနောက်ကျပါက တံတားကြိုးကျ သွားသည် ထိဖြစ်ပေါ်နိုင်သော်လည်း တံတားကို ပိတ်ထားခြင်းမရှိ ဘဲဖြတ်သန်းသွားလာနိုင်သည်။ Continue reading “စစ်ကိုင်းတံတားအနီးရှိ ရတနာပုံတံတားသစ် ကြံ့ခိုင်မှု အားနည်းနေ၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိသည်ကို သတင်းထုတ်ပြန်မှုမပြု”
အင်းလျား လမ်း သင်္ကြန်မဏ္ဍပ် များစပေါ်ငွေ ဆယ်ငါးသိန်းထိတင်ရမည်
၃၀ မတ် ရန်ကုန်၊           ၊ယူကွန်
သင်္ကြန်ကာလ အတွင်းအင်းလျှားလမ်းတွင် ရေပက်ခံသူ များဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-ရဲလွင်ဦး
သင်္ကြန်ကာလ အတွင်းအင်းလျှားလမ်းတွင် ရေပက်ခံသူ များဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-ရဲလွင်ဦး
ယခင်နှစ် က စပေါ်ငွေ ငါးသိန်းသာ တင်ရပြီး လွန်ခဲ့ သည့်နှစ် များဆီက တစ်သိန်းသာ တင်ရသည်။စပေါ်ငွေ ဆယ်ငါးသိန်း ထိမြင့် တက်သွားခြင်း ကြောင့် အင်းလျှားလမ်းတွင် မဏ္ဍပ် ထိုး၍ ရေကစားမည့်  သူတို့ စိတ်မသက် သာဖြစ်ရသည် ဟုဆို သည်။အင်းလျှားလမ်းတွင် မဏ္ဍပ်ထိုး ၍ရေကစားခွင့်  ပါမစ် အတွက် စစ်ဗိုလ်ချုပ်သားသမီးများ ကိုသာ ဦးစားပေးချထား ပေးပြီး သာမန်လူများကမူ သက်ဆိုင်ရာ ကို လာဘ်ထိုးမှ သော်လည်းကောင်း ပါမစ် ရရှိထားသော စစ်ဗိုလ်ချုပ် သားသမီးများ ကသော် လည်းကောင်း ပါမစ် များကို ဈေးတင် ၍ ပြန်ရောင်း မှ အများက ၀ယ်ယူ နိုင်ကြသည်။ Continue reading “အင်းလျား လမ်း သင်္ကြန်မဏ္ဍပ် များစပေါ်ငွေ ဆယ်ငါးသိန်းထိတင်ရမည်”
The Voice ဂျာနယ်တွင်ပါသော ဖေါ်ပြထားသော ဆရာကျော်ဝင်း ၏ စာဖတ်သူများသို့ တရားဝင်ပြန်ကြားချက်
၂၉ မတ် ရန်ကုန်၊      ၊ဟိန်းခိုင်ထွန်း “မြန်မာ နိုင်ငံရေးအတွက် အရေးကြီးသော အချက်များ ”ဟုခေါင်းစဉ် တပ်ထားပြီး Freedom News Group တွင် စတင် ဖေါ်ပြခဲ့ပြီး အခြား ဘလောက် ၊၀ဘ်ဆိုတ်၊ ဖိုရမ်၊ ကွန်မြူနတီ ၊ မေးလ် ဂရု များတွင် ဖေါ်ပြခဲ့သော အမြင် သဘောထားများနှင့် ပတ်သက်၍ှယခု တစ်ပတ် ထုတ် The Voice ဂျာနယ်တွင် ဆရာကျော်ဝင်း က ငြင်းချက် ထုတ်လိုက်သည်။ The Voice ဂျာနယ်တွင်ဖေါ်ပြထားချက်အရမူ ဆရာ ကျော်ဝင်း က ကျော်ဝင်းနာမည် တပ်ထားသောထို စာများကို မရေးရုံမျှ မက ဖတ်ပင် မကြည့် ရသေးဟုဆိုသည်။ Continue reading The Voice ဂျာနယ်တွင်ပါသော ဖေါ်ပြထားသော ဆရာကျော်ဝင်း ၏ စာဖတ်သူများသို့ တရားဝင်ပြန်ကြားချက်
Rate this:
အိန္ဒိယ မှ နာမည်ကျော် တာတာ မော်တော်ကား ကုမ္ပဏီ မြန်မာပြည် တွင် စက်ရုံ ထောင်မည်
၂၉ မတ် နယူးဒေလီ၊              ၊ဘန်ကောက်ပို့ (စ်)
တာတာ နာနိုမော်တော်ကားသစ်တစ်စီးကို မတ်လ ၂၅ ရက်နေ့ က မွမ်ဘိုင်းတွင် စမ်း သပ်မောင်းနှင် စဉ်အတွင်းဂျာနယ် လစ်များကကြည့်ရှုစစ်ဆေးစဉ် ဓာတ်ပုံ - ရိုက်တာ
တာတာ နာနိုမော်တော်ကားသစ်တစ်စီးကို မတ်လ ၂၅ ရက်နေ့ က မွမ်ဘိုင်းတွင် စမ်း သပ်မောင်းနှင် စဉ်အတွင်းဂျာနယ် လစ်များကကြည့်ရှုစစ်ဆေးစဉ် ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယ အစိုးရ ၏ ထောက်ပံ့ပေးမှုဖြင့် အိန္ဒိယ နိုင်ငံမှနာ မည်ကျော်မော်တော် ကားကုမ္ပဏီဖြစ်သောတာတာ မော်တော်ကား ကုမ္ပဏီသည် မြန်မာ နိုင်ငံဉ် မော်တော် ကား ထုတ်လုပ်တပ်ဆင် ရေးစက်ရုံတစ်ခု တည်ဆောက်မည် ဟု ယနေ့ ထုတ်ဝေသော ဘန်ကောက်ပို့ (စ်)သတင်းစာဉ်ဖေါ်ပြထားသည်။
စနေ နေ့ က အိန္ဒိယ နိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ဉ် တာတာ မော်တော်ကား
ကုမ္ပဏီ မှ စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် သူတို့ အနေဖြင့် စက်ရုံထောင်ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည် ဟုဆို သည်။ Continue reading “အိန္ဒိယ မှ နာမည်ကျော် တာတာ မော်တော်ကား ကုမ္ပဏီ မြန်မာပြည် တွင် စက်ရုံ ထောင်မည်”
တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ့ အစည်းနှစ်ခု၏ လက်ချက်ဟု စစ်အစိုးရသတင်းစာများတွင်ဖေါ်ပြ
၂၉ မတ် ရန်ကုန်၊             ၊မြန်မာ့အလင်းသတင်း
မတ်လ ၂၆ ရက် ညနေ က ရန်ကုန်မြို့ မြောက်ဥက္ကလာ တည်းခိုခန်းတစ် ခုတွင် ဗုံးပေါက်ကွဲခဲ့မှုသည် ပြည်ပအခြေစိုက် အဖွဲ့ အစည်းနှစ်ခု ဖြစ်သည့် မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး(ABSDF) နှင့် Whole Burma United Revolutionary Front (WBURF)တို့ ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ထုတ်မြန်မာ အလင်းသတင်း စာတွင် ဖေါ်ပြထားသည်။
ထိုနေ့ ကပေါက် ကွဲခဲ့ သော ဗုံးအမျိုးအစားသည် ချိန်ကိုက်ဗုံး အမျိုးအစားဖြစ်ကြောင်းနှင့် သေဆုံးသူမှာ အသက် နှစ်ဆယ် အရွယ် ခန့် ရှိပြီး ထိုဗုံး ကိုဖေါက် ခွဲရန်အတွက် တပ်ဆင်နေ စဉ် မှာပင် မတော် တဆ ဖြစ်ပြီး သေဆုံးသွားသည် ဟုဖေါ်ပြထားသည်။
Continue reading “တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ့ အစည်းနှစ်ခု၏ လက်ချက်ဟု စစ်အစိုးရသတင်းစာများတွင်ဖေါ်ပြ”
နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကဗျာဆရာ ကြည်အောင် မန္တလေး ဆေးရုံကြီးတွင် ကွယ်လွန်
၂၇ မတ် မန္တလေး၊             ၊ညွန့် သက်ထားဦး
ကဗျာဆရာကြည်အောင်
ကဗျာဆရာကြည်အောင် ဓာတ်ပုံ http://www.myanmarisp. com
ကျောင်းသားလှုပ်ရှားမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရ ဖူးသည့် ကဗျာဆရာ ကြည်အောင် မှာ ယနေ့ ညနေ သုံးနာရီ ငါးဆယ့်ငါး မိနစ် အချိန်ခန့် က မန္တလေး ပြည်သူ ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့်ကွယ်လွန်သည် ဟု သတင်းရရှိပြီး ဈာပန အခမ်းအနား ကို မတ်လ ၂၉
ရက်နေ့ တွင်ကျင်းပမည် ဖြစ်သည်။ကွယ်လွန် ချိန်တွင် အသက် ရ၂ နှစ်ရှိပြီဖြစ်သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လည်း ကဗျာဆရာ ကိုလေး အင်းဝဂုဏ်ရည် နှင့်တွဲ ၍ နိုင်ငံရေးလှုပ်
ရှားမှုများ ပြုလုပ်ခြင်းကြောင့် အကြိမ်ကြိမ်ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။မောင်သာနိုး၊မောင်စွမ်း
ရည်၊တင်မိုး တို့ နဲ့  အတူ မန္တလေး တက္ကသိုလ် ကဗျာခောတ် ကို ထူထောင် ခဲ့သူဖြစ်သည်။ Continue reading “နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကဗျာဆရာ ကြည်အောင် မန္တလေး ဆေးရုံကြီးတွင် ကွယ်လွန်”
မြောက် ဥက္ကလာ တည်းခိုခန်းတစ်ခု တွင်ဗုံးပေါက်ကွဲ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ
၂၆ မတ် ရန်ကုန်၊           ၊တင်ကျော်ကျော်စိုး
စစ်အစိုးရ က တပ်မတော်နေ့ ဟု သုံးနှုန်းသော ဖက်ဆစ်တော်လှန်ရေး နေ့  ကျင်းပရန်တစ်ရက်
အလိုတွင် ရန်ကုန်ဉ် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး  ဧည့်စာရင်းများညစဉ်ဆိုသလို စစ်ဆေး
နေသော် လည်း ယနေ့ ညနေ ၅ နာရီ အချိန်ခန့် က မြောက်ဥက္ကလာ သုဓမ္မာ လမ်းရှိ တော်ဝင်နန်း
အဆင့်မြင့် တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ Continue reading “မြောက် ဥက္ကလာ တည်းခိုခန်းတစ်ခု တွင်ဗုံးပေါက်ကွဲ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ”
အရက်ကြော်ငြာ များပြန်လည်ခွင့်ပြုရာမှ ပြည်တွင်းမီဒီယာကြီး နှစ်ခု တရားတဘောင်ဖြစ်နိုင်ချေရှိ
၂၄ မတ် ရန်ကုန်၊        ၊ညွန့်သက်ထားဦး
ဆင်တူရိုးမှားပြုထားသည်ဆိုသည့် အဲလဗင်းဝီစကီ နှင့် အဲလဗင်းမီဒီယာ၏ လိုဂို
ဆင်တူရိုးမှားပြုထားသည်ဆိုသည့် အဲလဗင်းဝီစကီ နှင့် အဲလဗင်းမီဒီယာ၏ လိုဂို
ကြော်ငြာတစ်ခုကြောင့် တိုင်းပြည်၏ စတ္ထုထမဏ္ဍိုင်ကြီး ဖြစ်သော မီဒီယာနှစ်ခုအချင်း
မများကြစေလို ဟု ၀ါရင့်သတင်းစာဆရာကြီး တစ်ဦးပြော
ရန်ကုန်တိုင်းဂျာနယ် နှင့် ဖလားဝါးနယူး(စ်)ဂျာနယ် တို့ ကိုထုတ်ဝေသော ရန်ကုန်မီဒီယာ ဂရုပ်၏
မကြာသေးခင်ကမှ ထပ်မံထုတ်ဝေ ထားသည့် ဂျာနယ်အသစ်တစ်စောင်ဖြစ်သည့် 8 days a week ဂျာနယ်အပါအ၀င် ၎င်းတို့ ထုတ်ဝေသော ဂျာနယ်သုံးစောင် စလုံးဉ်ဖေါ်ပြ ပါရှိသော
ကြော်ငြာတစ်ခုဖြစ်သည့် Lucky Eleven ၀ီစကီကြော်ငြာကြောင့် ၀ီကလီ အဲလဗင်းဂျာ
နယ်ကို ထုတ်ဝေသည့် အဲလဗင်းမီဒီယာအုပ်စု မှ ရန်ကုန်မီဒီယာဂရုပ်ကို တရားစွဲဆိုရန်
ပြင်ဆင်ထားသည်ဟု သတင်း ရရှိသည်။ Continue reading “အရက်ကြော်ငြာ များပြန်လည်ခွင့်ပြုရာမှ ပြည်တွင်းမီဒီယာကြီး နှစ်ခု တရားတဘောင်ဖြစ်နိုင်ချေရှိ”
ဇာဂနာ မိခင်ဒေါ်ကြည်ဦး၏ ဈာပနသို့ ပြည်တွင်းစာနယ်ဇင်း နှင့် စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များပါ လိုက်ပါပို့ ဆောင်
ရှေ့ဆုံး မှဓာတ်ပုံကိုင်ဆောင်ထားသူ ပေါ်ပြုလာနယူး(စ်)ဂျာနယ်နှင့် မုခ မဂ္ဂဇင်း အယ်ဒီတာ ကိုမျိုး(မြန်မာစာ)ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လွမ်းသူ့ ပန်းခြင်းကိုသရုပ်ဆောင် ကိုကျော်သူ ကိုင်ထားသည်။ ဓာတ်ပုံ-မိုးမခ www.moemaka.com
ရှေ့ဆုံး မှဓာတ်ပုံကိုင်ဆောင်ထားသူ မှာပေါ်ပြုလာနယူး(စ်)ဂျာနယ်နှင့် မုခ မဂ္ဂဇင်း အယ်ဒီတာ ကိုမျိုး(မြန်မာစာ)ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လွမ်းသူ့ ပန်းခြင်းကိုသရုပ်ဆောင် ကိုကျော်သူ ကိုင်ထားသည်။ ဓာတ်ပုံ-မိုးမခ http://www.moemaka.com
၂၁ မတ် ရန်ကုန်၊        ၊တင်ကျော်ကျော်စိုး
မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားတက်ကြွသူ ဟာသပညာရှင် ကို ဇာဂနာ ၏ မိခင်ဖြစ်သူ ဒေါ်ကြည်ဦး ၏ ဈာပနသို့  မြန်မာ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များသာမ က မြန်မာစာပေနယ်မှ
ပုဂ္ဂိုလ်များလည်း တက်ရောက်ကြသည်ဟု သတင်းရရှိသည်။
မတ်လ ၂၀ရက်နေ့ ည ၈း၃၀ အချိန်တွင် သည်းခြေအိတ်ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့သည့် ဆရာ နန်းညွန့် ဆွေ ၏  ဇနီးဖြစ်သူ ဆရာမကြီးဒေါ်ကြည်ဦး ၏ ဈာပနသို့ နာရေးကူညီ မှုအသင်းမှ သရုပ်ဆောင် ကိုကျော်သူ က ကိုယ်တိုင်နာရေးကူညီ မှုကားမောင်းပို့ သလို အမျိုးသားဒီမို ကရေစီ
အဖွဲ့ ချုပ်မှ ဆရာကြီးဦးဝင်းတင် အပါအ၀င် အဖွဲ့ ဝင်များ စာရေးဆရာဆရာ မများ စာနယ်ဇင်းဆရာဆရာ မများနှင့် သရုပ်ဆောင် အချို့လည်း လိုက်ပါပို့ ဆောင်ကြသည်။ Continue reading “ဇာဂနာ မိခင်ဒေါ်ကြည်ဦး၏ ဈာပနသို့ ပြည်တွင်းစာနယ်ဇင်း နှင့် စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များပါ လိုက်ပါပို့ ဆောင်”
မြန်မာ့ကြယ် ငါးပွင့် သင်္ဘောအလကားရသည့်တိုင် ပြန်လည်ပြင်ဆင်စရိတ် မတတ်နိုင်သေး
Continue reading မြန်မာ့ကြယ် ငါးပွင့် သင်္ဘောအလကားရသည့်တိုင် ပြန်လည်ပြင်ဆင်စရိတ် မတတ်နိုင်သေး
Rate this:
နှစ်ရှည်ထောင် ဒဏ်ချမှတ်ခြင်းခံထားရသည့် ဇာဂနာ ၏ မိခင် ဒေါ်ကြည်ဦး အသက် ၈၄ နှစ်တွင် ကွယ်လွန်
၂၀ မတ် ရန်ကုန်။          ။တင်ကျော်ကျော်စိုး၊ဟိန်းမင်း
နိုင်ငံကျော်လူ ရွှင်တော်တစ်ယောက်ဖြစ်သောကြောင့်မိခင်ကြီး၏ ဈာပနကို လိုက်ပါပို့ ဆောင်ခွင့်ရ ရန်ဇာဂနာ အခွင့်အရေးရ မရမှာမသေချာသေး
မြစ်ကြီးနားထောင် တွင်ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်းခံထား ရသည့် လူရွှင်တော် ဇာဂနာ ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦး မှာ ယနေ့  ည ၈း၄၅ မိနစ် အချိန် ခန့် က အသက်၈၄ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့သည် ဟု သတင်းရရှိသည်။
လွန်ခဲ့ သည့်လအနည်းငယ် ကပင်ကျန်းမာရေးချို့ ယွင်းနေသည့် ဒေါ်ကြည်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သည်းခြေအိတ်ကင်ဆာရောဂါကြောင့် ယခုလ ၆ ရက်နေ့ တွင်ဗဟိုရ် စည်ဆေးရုံဉ်တက်ရောက် ကုသခံခဲ့ရသည်။ Continue reading “နှစ်ရှည်ထောင် ဒဏ်ချမှတ်ခြင်းခံထားရသည့် ဇာဂနာ ၏ မိခင် ဒေါ်ကြည်ဦး အသက် ၈၄ နှစ်တွင် ကွယ်လွန်”
FEC ၅၀ တန် ဂျီအက်(စ)အမ် ဆင်းကဒ်များထုတ် ဝေရောင်းချတော့မည်
၂၀ မတ် ရန်ကုန်၊        ၊ဟိန်းမင်း
လူကြိုက်များသော တစ်ခါသုံးဂျီအက်(စ)အမ် ဆင်းကဒ်များ
လူကြိုက်များသော တစ်ခါသုံးဂျီအက်(စ)အမ် ဆင်းကဒ်များ
၂၀၀၈ ခုနှစ် ဒီဇင်ဘာလက စ၍ အက်(ဖ)အီးစီ တစ်ဆယ်တန် နှင့် နှစ်ဆယ်တန် ဂျီအက်(စ)အမ် ဆင်းကဒ်များကို ထုတ်ဝေဖြန့် ချိခဲ့ပြီးနောက်
ဧပြီလ ဆန်းမှစ၍ အက်(ဖ)အီးစီ ၅၀ တန် ဂျီအက်(စ)အမ် ဆင်းကဒ်များကို ထုတ်ဝေဖြန့် ချိတော့ မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအရာ
ရှိများ နှင့်နီးစပ် သူများမှ တစ်ဆင့် သတင်းရရှိသည်။
ဒီဇင်ဘာ လတွင် စတင်ဖြန့် ချိစဉ် ကတည်းက တစ်ဆယ် တန် ၊နှစ်ဆယ် တန် နှင့် သုံးဆယ် ကျပ်တန် တို့ ကို ထုတ် ဝေဖြန့် ချိရန် စီစဉ်ထားသော်
လည်း ၅၀ ကျပ်တန် မှာ နည်းစနစ် ပိုင်းရာချို့ ယွင်းခြင်း ကြောင့် ၎င်း (သို့ မဟုတ်) ဈေးကွက် အနေအထား အရ ၎င်း ထုတ်ဝေ ဖြန့် ချိမည်ဟု ကြေ
ငြာပြီး မှ ပြန် လည် ရွှေ့ ဆိုင်းခဲ့ ခြင်းဖြစ်သည်။ Continue reading “FEC ၅၀ တန် ဂျီအက်(စ)အမ် ဆင်းကဒ်များထုတ် ဝေရောင်းချတော့မည်”
ရထားဖြင့် တန်ဆာကုန်ပစ္စည်းပို့ရာတွင် ပျောက်ဆုံးမှုများရှိနေ
၂၀ မတ် ရန်ကုန်၊          ၊ညွန့် သက်ထားဦး
မြန်မာ့မီးရထားတွင် တန်ဆာကုန်ပစ္စည်းများပျောက်၊လက်မှတ်စစ်များကလည်း မချေငံ ၊မှောင်ခို လက်မှတ် ကလည်း တစ်ဖက် မို့ သင်္ကြင်္န်နယ်ပြန်မည့် မည့် သူများ သတိရှိရန်လို
ရန်ကုန်-မန္တလေး အပါအ၀င် ရထားဖြင့်တစ်နေရာမှ တစ်နေရာသို့ ကုန်စည် ပို့ ဆောင်ရာတွင် တန်ဆာ ဟုခေါ်သည့် ကုန်စည်ပစ္စည်းပျောက်ဆုံးမှုများရှိလာသည်ဟု မန္တလေး မှ ရန်ကုန်သို့  တရုတ်ပြည် လုပ်ဖုဝန သွားတိုက် ဆေးများတင်ပို့ သည့် လုပ်ငန်းရှင်တစ် ဦးက Freedom NewsGroup သို့ ပြောသည်။
ထိုကဲ့သို့ ရန်ကုန်-မန္တလေး ကုန်ပစ္စည်းတင်ပို့ ရာတွင် ပစ္စည်းပျောက်ဆုံးမှုများ မှာ ၂၀၀၈ နှောင်းပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီးကုန်ပစ္စည်းပိုင်ရှင် များက ဘူတာမှ တာဝန်ရှိသူ များကိုသတင်းပို တိုင်ကြားသော် လည်း ဟို ဘူတာ မှာ သည်ဘူတာ လွှဲချပြီး ခေါင်းရှောင် နေမှု များသာရှိကြောင်းသိရသည်။
Continue reading “ရထားဖြင့် တန်ဆာကုန်ပစ္စည်းပို့ရာတွင် ပျောက်ဆုံးမှုများရှိနေ”