မင်္ဂလာ ဈေးမီး ၂၄ နာရီ ကျော်ကြာလောင်ကျွမ်းခဲ့ပြီး နောက် ကုန်ဈေးနှုန်းများ စတင်တက်

မီးလောင်ကျွမ်းမှု အား ည ၈ နာရီခန့် ကတွေ့ ရစဉ် ဓာတ်ပုံ - ရိုက်တာ

မေလ ၂၄ ရက်နေ့ နံနက် ၈း ၃၀ မိနစ် အချိန် ကတည်းက စတင်လောင်ကျွမ်းနေသည့်  ရန်ကုန် မြို့ မင်္ဂလာ
တောင်ညွန့် မြို့ နယ် မအူကုန်း လမ်းဆုံရှိ မင်္ဂလာ ဈေးမီးသည် ယနေ့ နံနက် ၈း၃၀ အချိန် ခန့် မှ မီးစွယ်ကျိုး
သွား သဖြင့် ရန်ကုန် မြို့ ၏ မီးလောင် မှု သမိုင်း တွင် အဆိုးရွားဆုံး စာရင်း ၀င်ခဲ့သည်။ လွန်ခဲ့သည့် နှစ် နှစ်
ဆယ်ခန့် က တာမွေ အိုးစု နှင့် မြောက်ဥက္ကလာ နှစ် ရက်ဆက် တိုက် မီးလောင်မှု များသည် နာရီ ခြောက်ဆယ်
ကျော် ထိ ကျွမ်းလောင်ခဲ့သည် ။ Continue reading “မင်္ဂလာ ဈေးမီး ၂၄ နာရီ ကျော်ကြာလောင်ကျွမ်းခဲ့ပြီး နောက် ကုန်ဈေးနှုန်းများ စတင်တက်”

မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား(ဗီဒီယို)

အချိန် နှင့် တပြေးညီ တင်ဆက်မှုများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်

အချိန် နှင့် တပြေးညီ တင်ဆက်ထားသည့် ဓာတ်ပုံများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်

ရှုထောင့် ပေါင်းစုံမှ ရိုက်ကူးထားသော ပုံများ ကို ဤနေရာတွင် လည်း ကြည့်ရှု နိုင်သည်

Updates ၂၄း ၃၀ မီးသတ်သမား ဈေးအတွင်း သို့ စတင်ဝင်ရောက် နိုင် မီးလောင်ကျွမ်းမှု မရပ်သေး

Updates ၂၁း ၀၀ တမြေ့မြေ့ လောင်ကျွမ်းနေ သည့် မီးအား တဖွဲဖွဲ လာရောက်ကြည့်ရှုသူများ ယခု အချိန်ထိရှိနေဆဲ ၊လမ်းကျယ် ၊ကန်တော် လေး နှင့် မအူ ကုန်း တွင် လျှပ်စစ်မီးများ ဖြတ်တောက်ထား

Updates ၂၀း ၅၀ ယနေ့ နံနက် ၈း၃၀ တွင် လေးထပ် မှ ၀ါယာ ရှောခ် ဖြစ်၍ မီးလောင်ကျွမ်းခြင်းဖြစ်သည်
ဟု အတည်ပြုပြောကြားသည်။ မီးစတင် လောင်ကျွမ်း ချိန် တွင် ဈေးသူ၊ဈေးသား များ ပစ္စည်း သယ်ရန် အချိန်ရ
သော် လည်း မီးသတ် ဌာန မှ မီးဆက်လက် မလောင်ရန် တာဝန် ယူသည် ဟု ဆိုကာ ပစ္စည်း များ သယ်ဆောင်ခြင်း
ခွင့်မပြု ဟု သိရသည်။

မီးလောင်ကျွမ်းရာ မှ ထွက်ပေါ်နေသည့် မီးခိုးများ အား နေ့ လည် ၁၂ နာရီ အချိန် တွင် တွေ့ ရစဉ်

Updates ၂၀း ၃၀ ဈေး၏ အနောက်ဘက်ခြမ်း လေးထပ် နေရာမှ ကွန်ကရစ်များ ပြိုကျ ညဘက်ထိ မီးလောင်ကျွမ်းမှု ဆက်လက် ငြိမ်းသတ်နေရဆဲ

Updates ၁၉း ၃၀ ည ၈ နာရီ အချိန် ထိ မီးလောင်ကျွမ်းနေဆဲ ဖြစ်ပြီး မီးသတ် သမား နှစ်ဦးအပါအ၀င် ၃၆ ဦးဒဏ်ရာပြင်းထန် စွာရ၍ ဆေးရုံ သို့ ပို့ ဆောင် ရ

Updates ၁၆း ၃၀ မီးလောင်ကျွမ်းခဲ့သည့် အဆောက် အဦ နေရာ အချို့ တွင် ပြိုကျ မှုဖြစ်ပွား Continue reading “မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား(ဗီဒီယို)”

သခင် စိုးမြင့် ဈာပန အခမ်းအနား လိုက်ပါ ပို့ ဆောင် နှုတ်ဆက်သူများဖြင့်စည်ကား

သခင် စိုးမြင့် ၏ နောက်ဆုံးခရီး Photo : FNG

ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ ဥက္ကဌနှင့် ဗဟို လယ်သမားများ အဖွဲ့ခေါင်းဆောင် သခင် စိုးမြင့် ၏ ဈာပန အခမ်းအနားကို ယနေ့ ကျင်းပရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များ၊ ၀ါရင့် နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များ ၊ကျောင်းသား ပြည်သူ အချို့ နှင့် နိုင်ငံခြား သံရုံးများ
မှ သံတမန် များ လိုက်ပါ ပို့ ဆောင်ကြသည်။ Continue reading “သခင် စိုးမြင့် ဈာပန အခမ်းအနား လိုက်ပါ ပို့ ဆောင် နှုတ်ဆက်သူများဖြင့်စည်ကား”

ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ် အား တွေ့ မြင်ရ

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ထောက်ကြံမြို့ နယ်မှ တွေ့ ရစဉ် ယခင် သီတင်းပတ် က သောကြာကြယ် နှင့် လ တို့ နီးကပ်မှု ဖြစ်စဉ် ကြောင့် မြန်မာ နိုင်ငံတွင်
အုတ်အော် သောင်း နင်း ဖြစ်ပြီး နောက် ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် ယနေ့ မနက် ၁၁
နာရီ ခန့် က နေထီး ဆောင်းမှု ဖြစ်စဉ် ကို တစ်နာရီ ခန့် တွေ့ မြင်ရသည် ဟု မော်လမြိုင်မြို့ မှ
ဆရာ မ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ရှိ လှည်းတန်း ၊ ရန်ကုန် မြို့ လည် နှင့် ကြည့်မြင်တိုင်
စသည့် နေရာ အချို့ တွင် တွေ့ မြင်ရမှု မရှိ ဟု သိရသည်။ Continue reading “ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ် အား တွေ့ မြင်ရ”

သတင်းအကျဉ်း နှင့် ဓာတ်ပုံများ

Visual Journalism   ဒီမိုကရေစီ အရေချုံထားသည့် အောက်စဖို့ ဘွဲ့ ရ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဆင်းရဲသားပြည်သူများ ၏ ဒီမိုကရေစီ ရေး တောင်းဆိုမှု ကို ရက်စက်စွာဖြိုခွင်းမှု အားဤနေရာမှ တစ်ဆင့် ကလစ်နှိပ်၍ ကြည့်ရှု နိုင်သည် Continue reading သတင်းအကျဉ်း နှင့် ဓာတ်ပုံများ

Rate this:

ဇနီးဖြစ်သူ အား ထောင်ဝင်စာ တွေ့ နေစဉ် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံး

Burmese Human Rights Activist Dies in Jail

မြင်းခြံထောင် မှာ အကျဉ်းချထားခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကို ကျော်စိုးဟာ ဒီနေ့ မနက်က ဇနီးဖြစ်
သူ ကို ထောင်ဝင်စာ တွေ့ နေ ချိန် မှာ ပဲ ထောင်တွင်း ကျမ္မာရေး အခြေအနေ ဆိုးရွား နေမှု ကို ဆေးကု
ထောင်အာဏာပိုင်များ က လစ်လျှူ ရှုထားတဲ့ ဒဏ် ၊ပူပြင်း လွန်းတဲ့ ရာသီ ဥတု ဒဏ်တို့ ကြောင့် သေဆုံးခဲ့
တယ် လို့ သတင်းရရှိပါတယ်။ Continue reading “ဇနီးဖြစ်သူ အား ထောင်ဝင်စာ တွေ့ နေစဉ် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံး”

ဆိုင်ကလုံး လိုင်လာ ပိုမိုအားကောင်းလာ သော်လည်း မြန်မာ နိုင်ငံသို့ ဦးတည်မှု မရှိ

ယနေ့ ညနေ ရန်ကုန် နှင့်အနီး တ၀ိုက်တွင် မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်းတိုက်ခတ်နိုင်သည်။Chance 80 %

ဆိုင်ကလုံး လိုင်လာ သည် ယနေ့  ပိုမို အားကောင်းလာပြီး တမီလ် နာဒူပြည်နယ် ကို ၀င်ရောက် တိုက်ခတ်ရာ
နေအိမ်များ ပြိုကျပြီး ပျက်စီးဆုံးရှုံးမှု များ ရှိခဲ့သည်။ ပိုမို အားကောင်း လာသည့် လိုင်လာသည် အန်ဒရာ ပရာဒေရှ်
အပါအ၀င် အိန္ဒိယ အရှေ့ ဘက် ကမ်းရိုးတန်း ဒေသ များ သို့ လည်း ၀င်ရောက် တိုက်ခတ် ခဲ့သည်။ Continue reading “ဆိုင်ကလုံး လိုင်လာ ပိုမိုအားကောင်းလာ သော်လည်း မြန်မာ နိုင်ငံသို့ ဦးတည်မှု မရှိ”

ဘင်္ဂလား ပင်လယအော် အတွင်း လိုင်လာ အမည်ရှိ ဆိုင်ကလုန်း ယနေ့ ပိုမိုအားကောင်းလာ

အိန္ဒိယ နိုင်ငံ အန်ဒရာပရာဒေရှ် ပြည်နယ်၏ အရှေ့ တောင်ဘက်၊ တမီလ်နာဒူလ် ပြည်နယ် ၏ ချင်းနိုင် မြို့ ၏ အရှေ့ တောင်ဘက်
ဘင်္ဂလား ပင် လယ် အတွင်း ရှိ လိုင်လာ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့ (ဗုဒ္ဒဟူး နေ့ )မနက် တွင် ပိုမို
အားကောင်း လာသည် ဟု Freedom Weather Forecast  မှ သတင်းထုတ်ပြန်သည်။ Continue reading “ဘင်္ဂလား ပင်လယအော် အတွင်း လိုင်လာ အမည်ရှိ ဆိုင်ကလုန်း ယနေ့ ပိုမိုအားကောင်းလာ”

တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ မွမ်းမံ ပွဲ ဦးကျော်သူ အမှာ စကားပြောကြား

မန္တလေးတိုင်း မေမြို့ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာ ခန်းမ၌ တက္ကသိုလ် ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ် ၁၄ ဖွင့်ပွဲတွင် အတွင်း ရေးမှူး (၁) ကိုယ်စား ၀န်ထမ်း ရွေးချယ် လေ့ကျင့်ရေး ဥက္ကဌ ဦးကျော်သူက ထူးခြားစွာ အမှာစကား ပြောခွင့်ရသည်။

အထက်မြန်မာပြည် တက္ကသိုလ် ကောလိပ် အသီးသီးမှ ဆရာ၊ ဆရာမ ၅၃၈ ယောက်တို့ တက်ရောက်သည့် တစ်လ သင်တန်း ဖွင့်ပွဲတွင် ယခုလို ၀န်ထမ်းတွေကို ၀န်ထမ်း ဥက္ကဌက တရားဝင် စကားပြောခွင့် ရခြင်းမှာ နအဖ အစိုးရ လက်ထက် ပထမဆုံး အကြိမ် ဖြစ်သည်။ ယခင် ဆရာ ဆရာမများ၏ သင်တန်း ဖွင့်ပွဲ ပိတ်ပွဲတိုင်း အတွင်းရေးမှုး(၁) ဗိုလ်ချူပ်ကြီးများကသာ ဩ၀ါဒ တိုက်ကြွေးမြဲဖြစ်သည်။

ဦးကျော်သူမှာ ဒေါက်တာ မောင်မောင်၏ သားဖြစ်ပြီး၊ လက်ထောက်  နိုင်ငံခြားရေး ၀န်ကြီးအဖြစ်မှ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် မတည့်၍ ၀န်ထမ်း  ရွေးချယ်ရေး အဖွဲ့သို့ အရာချ ရွှေ့ပြောင်း ခံရသူ ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အသိုင်း အ၀ိုင်းမှ ပြောကြသည်။ Continue reading “တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ မွမ်းမံ ပွဲ ဦးကျော်သူ အမှာ စကားပြောကြား”

မဲဆောက် လေဆင်နှာမောင်း ပျက်စီးမှု များ၍ မြန်မာ လူမျိုး သုံးဦး နှင့် ထိုင်း လူမျိုးများ လည်းသေဆုံး

လေဆင်နှာမောင်းဒဏ်ကြောင့် မဲဆောက် ဈေးအနီး ပြိုကျပျက်စီးမှု များ

အောင်ပန် ၊   ၊ တနင်္လာနေ့ ည နေ ငါးနာရီ ခန့် က ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အင်အား စု များ နှင့် မြန်မာ
ရွှေ့ ပြောင်း လုပ်သား များ အများ ဆုံး နေထိုင်သည့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့ တွင်
မိုးသည်းထန်စွာ ရွာသွန်း ပြီးနောက် လေဆင် နှာမောင်း တိုက်ခတ် မှုကြောင့် လူနေ တိုက်တာ
အဆောက်အဦများ အမိုးများ လန်ထွက်ပြီး မြန်မာရွှေ့ ပြောင်း အလုပ်သမား သုံးဦး သေဆုံး
သွားသည် ဟု သတင်းရရှိသည်။ Continue reading “မဲဆောက် လေဆင်နှာမောင်း ပျက်စီးမှု များ၍ မြန်မာ လူမျိုး သုံးဦး နှင့် ထိုင်း လူမျိုးများ လည်းသေဆုံး”

ရေပြတ် လပ်မှု ဖြေရှင်းနေရ သဖြင့် အစိုးရ၀န်ထမ်း များ အလုပ်မဆင်းနိုင်၊ ရန်ကုန် တွင် ယနေ့  မိုးစတင်ရွာ သွန်း

ဟိန်းခိုင်ထွန်း Initial Rain Drop in Yangon
Heat Index ၁၁၂ ဒီဂရီဖာရင် ဟိုက်

၁၃း၄၅  နာရီ Updates ရန်ကုန် နေရာအနှံ နှင့် မန္တလေး နေရာကွက်ကြား မိုးစတင် ရွာသွန်း သော်လည်း အပူရှိန် မြင့်မားဆဲ
၁၂း၃၄ နာရီ Updates တောင်ဥက္ကလာ ၊မြောက် ဥက္ကလာ နှင့် သမိုင်း တွင် စတင်ရွာသွန်း စဉ် လေပြင်း တိုက်ခတ်

၁၂း၀၀ နာရီ Updates ဆူးလေ ၊ဗဟန်း ၊တာမွေ နှင့် ဘောက်ထော် တွင် မိုးစတင် ရွာသွန်း

ချိုးရေ အပြင် သောက်သုံးရေ ပြတ်လပ် မှု ပါ ကြုံတွေ့ နေရသည့် ရန်ကုန် မြို့ တွင် အစိုးရ ၀န်ထမ်း ထက်ဝက်ခန့် များ ယနေ့ အလုပ်မဆင်း
နိုင် ကြ ဟု သတင်းရရှိသည်။မြို့ တော် ခန်းမ ရှိ ရန်ကုန် စည် ပင် သာယာ ရုံးမှ အရာရှိ တစ်ဦးက ဒီနေ့ ဝန်ထမ်း တွေ မလာ နိုင်ကြ
ဘူး ခွင့် တိုင် ကြတယ် ရေ သယ်ယာဉ် ၀ယ်ထားတာ စောင့် နေတာ တို့  ရေတိုင် ကီ စောင့် နေတာ တို့  ချိုးရေ ကို လုံးဝမရှိ လို့ 
မလာ နိုင်တာ တို့ ဆိုပြီးတော့ ဟု အဆို ပါ အရာရှိ က Freedom News Group သို့ ပြောသည်။ Continue reading “ရေပြတ် လပ်မှု ဖြေရှင်းနေရ သဖြင့် အစိုးရ၀န်ထမ်း များ အလုပ်မဆင်းနိုင်၊ ရန်ကုန် တွင် ယနေ့  မိုးစတင်ရွာ သွန်း”

နိုင်ငံရေး အကျဉ်းသား မိခင် အပူဒဏ်ကြောင့် ထောင်ဝင်စာတွေ့ ပြီးအပြန်သေဆုံး ၊ အင်းစိန်ထောင် တွင်း ရေပြတ်လပ်မှု ဖြစ်ပေါ်

Today Heat index near 117 F

Water ..Water every where but not even a drop a drink !!!!!!!!!!

အင်းစိန်ထောင်တွင်း အပူဒဏ်ကြောင့် အကျဉ်းသား အချို့ သေဆုံး

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့ပြီး တာမွေ တွင် စစ်တပ်မှ ပစ်ခတ်
နှိမ်နှင်းသော သေနတ်ဒဏ်ရာ ရရှိပြီး နောက် ထိုဒဏ်ရာ ဖြင့်ပင် ထောင်ဒဏ်  ၅ နှစ် အပြစ်ပေး
ခံထားရသည့် ကိုမြသန်းထိုက် ၏ မိခင်ဖြစ်သူ မှာ စနေနေ့ က တောင်ငူထောင်တွင် သားဖြစ်သူ
အား ထောင်ဝင်စာတွေ့ ဆုံပြီးနောက် အပြန်တွင် ပရိဒေ၀ သောက အပူ၊ရာသီဥတု အပူ တို့ ကြောင့်
ရထားပေါ်တွင် သေဆုံးသွားသည် ဟု တောင်ငူထောင် မှ နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ ဖခင်
ဖြစ်သူက Freedom News Group သို့ ပြောသည်။ Continue reading “နိုင်ငံရေး အကျဉ်းသား မိခင် အပူဒဏ်ကြောင့် ထောင်ဝင်စာတွေ့ ပြီးအပြန်သေဆုံး ၊ အင်းစိန်ထောင် တွင်း ရေပြတ်လပ်မှု ဖြစ်ပေါ်”

အဆိုတော်၊စာရေးဆရာ နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် ကွယ်လွန်

Burmese  Actor  Thu Mg Demise

အသက် ၆၂ နှစ် အရွယ်ရှိ အဆိုတော်  နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် သည် ယနေ့ ည ၉ နာရီ အချိန်
ခန့် က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်း တွင် ကွယ်လွန် သွားသည် ဟု နာမည် ကျော် ဒါရိုက်တာ တစ်
ဦးက Freedom News Group သို့ အတည်ပြုပြောကြားသည်။

အဆိုတော် သုမောင် အား ၁၉၅၁ မတ်လ ၁၃ ရက်နေ့ တွင် မောင်ဗလ အမည်ဖြင့် အဘ ဦးသာဓု စာရေး
ဆရာ ဒါရိုက်တာ နှင့် အမိ ဒေါ်ခင်ညို တို့ မှ မွေးဖွားခဲ့သည်။ Continue reading “အဆိုတော်၊စာရေးဆရာ နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် ကွယ်လွန်”

နောက် ၂၄ နာရီ အတွင်း အင်အား အသင့်အတင့် ရှိသည့် မုန်တိုင်းငယ် ၀င်ရောက်မည် ၊အပူရှိန် ကြောင့် မန္တလေး တွင် တစ်ရက်တည်း အလောင်း ၂၇၀ ခန့် သဂြိုလ်ရ

ဟိန်းခိုင်ထွန်း

၁၄း၀၀ နာရီ့ Updates  မွန်ပြည်နယ် ၊ကရင်ပြည်နယ် ၊ကော့မှုး နှင့် ဧရာဝတီ တိုင်း ရှိ ဒေသ အချို့ တွင် မိုးစတင်ရွာသွန်း

၀၉း၁၀ နာရီ Updates ဧရာဝတီ တိုင်း ပြင်စလူ ၊ငပုတော နှင့် ဟိုင်းကြီးကျွန်း တွင် လေပြင်းများတိုက်ခတ်

ဘင်္ဂလားပင်လယ်အော် အတွင်းဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် အနောက်မြောက်ဘက် အရပ် သို့ မေလ ၁၆ ရက်နေ့ မနက်က ဦးတည် ရွေ့ လျှားလာစဉ်

ဘင်္ဂလား ပင်လယ်အော်တွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ယမန်နေ့ က အင်
အားနည်းသည့် မုန်တိုင်းငယ် အဖြစ် အသွင်းပြောင်း လဲပြီးနောက် တဖြည်းဖြည်း အနောက်
မြောက် အရပ် ဆီသို့ ရှေးရှုလာသည်။

ထိုမုန်တိုင်းငယ် ၏ အရှိန်ကြောင့် ဧရာဝတီ တိုင်း ရခိုင်ပြည်နယ် ဒေသအချို့ ၊ပဲခူးတိုင်း ဒေသအချို့ 
နှင့် ရန်ကုန် တိုင်း တို့ တွင် မိုးရွာသွန်း နိုင်သည် ဟု Freedom Weather Forecast မှ သတင်းထုတ်
ပြန်သည်။ Continue reading “နောက် ၂၄ နာရီ အတွင်း အင်အား အသင့်အတင့် ရှိသည့် မုန်တိုင်းငယ် ၀င်ရောက်မည် ၊အပူရှိန် ကြောင့် မန္တလေး တွင် တစ်ရက်တည်း အလောင်း ၂၇၀ ခန့် သဂြိုလ်ရ”