ရန်ကုန်မြို့ အပူချိန် ၁၂၀ ဒီဂရီ ဖာရင် ဟိုက် သို့ ရောက်ရှိ ၊ကျောက်ဆည် မြို့ နယ် တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် အိမ်ခြေတစ်ရာကျော်ပျက်စီး

ဟိန်းခိုင်ထွန်း

ဒလမြို့ တွင် သောက်သုံးရေ အခက်အခဲ ကြုံနေရသည့် ပြည်သူများ ဓာတ်ပုံ - အေပီ

မြန်မာ နိုင်ငံ တွင် သစ်တော များပြုန်းတီး ပြီး သဘာဝ တရား ၏ ဖောက်ပြန်မှု များကြောင့် ဧပြီလ ၁၈
ရက်နေ့ နောက် ပိုင်းမှာ စ၍ အပူချိန် လွန်ကဲလာရာ နိုင်ငံတ၀ှမ်း လုံး တွင် နေ့ စဉ် သေဆုံးသူ များ
တစ်ရက် လျှင် ခြောက် ဆယ် ထက်မနည်း ရှိသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။

ယနေ့ နေ့ လည် ၁၂ နာရီ ရွှေပြည်သာ တွင် တိုင်းထွာချက် အရ ရန်ကုန် မြို့ ၏ အပူချိန်မှာ ၁၂၀ ဒီဂရီ
ဖာရင် ဟိုက် ထိရောက်ရှိသွားပြီ ဖြစ်သည်။ Continue reading “ရန်ကုန်မြို့ အပူချိန် ၁၂၀ ဒီဂရီ ဖာရင် ဟိုက် သို့ ရောက်ရှိ ၊ကျောက်ဆည် မြို့ နယ် တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် အိမ်ခြေတစ်ရာကျော်ပျက်စီး”

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ် (အောက်မြန်မာ နိုင်ငံ တွင် နောက် နှစ်ရက်မှ သုံးရက် အတွင်း မိုးရွာသွန်းမည်)

မေလ ၁၅ ၁၂း၁၀့ Updates လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ် အဖြစ်ပြောင်းလဲသွားပြီး
ပုသိမ် မြို့  ၏ အနောက် မြောက် ဘက် မိုင် ၂၅၀ ခန့် အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်

မေလ ၁၅ ၁၀း၀၅ Updates နာဆာ ဂြိုလ် တုမှ ရန်ကုန် တောင်ပိုင်း မြို့ နယ်များ နှင့် ဧရာဝတီ တိုင်း ဒေသ အချို့ တွင် ယနေ့ 
စနေနေ့ ညနေ မိုးစတင် ရွာသွန်း နိုင်သည် ဟု ခန့် မှန်းသည်။

မေလ ၁၅ ၀၆း၅၅ Updatesမေလ ၁၇ ရက်နေ့  တနင်္လာနေ့ နေ့ လည် မှ အင်္ဂါနေ့ နံနက် အတွင်း အောက်မြန်မာ နိုင်ငံတွင်
မိုး စတင်ရွာသွန်းမည်။ အင်အားအသင့် အတင့် ရှိသော မုန်တိုင်း ငယ်သည် မုတ်သုံမိုး နှင့်
ဆက်သွားနိုင်ပြီး နောက်ထပ် လေဖိအားနည်း ရပ်ဝန်း များသည် ကနဦး မုန်းတိုင်း ငယ်ထက်
ကို ပိုမို အားကောင်းလာမည်။

El Nino ends, a strong La Nina may follow

မေလ ၁၄ ရက်နေ့ သတင်း ဘင်္ဂလားပင်လယ်အော်အတွင်း မေလ ၁၄ ရက်နေ့ မှ စတင်ကာ  လေဖိအားနည်း ရပ်ဝန်း
တစ်ခုစတင် ဖြစ်ပေါ်နေပြီ ထို လေဖိအား နည်းရပ်ဝန်းသည် တဖြည်းဖြည်း အနောက်မြောက်
အရပ် ဆီ သို့ ရွှေ့ လျှား လာနိုင်သည် ဟု Freedom Weather Forecast မှ သတင်းထုတ်
ပြန်သည်။ Continue reading “ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ် (အောက်မြန်မာ နိုင်ငံ တွင် နောက် နှစ်ရက်မှ သုံးရက် အတွင်း မိုးရွာသွန်းမည်)”

စံချိန်တင် ရွှေဈေးမြင့်တက်

ရန်ကုန် အခေါက် ရွှေ ဈေးနှုန်း တစ်ကျပ်သား မှာ ယနေ့ နံနက် ရွှေ ဈေးကွက် ဖွင့်ချိန် တွင် တစ်
ကျပ်သား လျှင် ၆၃၀ , ၀၀၀ ကျပ်ထိ ဈေးပေါက်သည် ဟု သိရှိရသည်။ ရွှေဈေးမှာ ထပ်မံမြင့်တက်
ဖွယ်ရှိပြီး ယခု ဈေးနှုန်း မှာ တစ်ပတ် အတွင်း သုံးသောင်း ကျော် အထိ သိသိသာသာ မြင့်တက်
သွားခြင်း ဖြစ်သည်။

မြန်မာ့ အခေါက် ရွှေဈေးမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက စံချိန် တင် မြင့်ခဲ့ရာ တွင် ခြောက်သိန်း
ငါးထောင် ကျပ် သာရှိသည်။သင်္ကြန်ကာလ ပြီးနောက် မီးလင်းရွှေဈေးမှာ ငါးသိန်း ကိုးသောင်း
ကျပ် ၀န်းကျင်သာရှိခဲ့ရာ မှ ယခု ကဲ့သို့ ထိုးတက် သွားခြင်းဖြစ်သည်။ Continue reading “စံချိန်တင် ရွှေဈေးမြင့်တက်”

မြန်မာ နိုင်ငံတွင် အပူချိန် လွန်ကဲမှု ကြောင့် နိုင်ငံတ၀ှမ်း သေဆုံးသူ သုံးရာ ကျော်ရှိ

Updates မေလ ၁၃ ရက်နေ့ နေ့ လည် ဆယ့်နှစ်နာရီ

မေလ ၁၃ ရက်နေ့ နေ့ လည် ၁၂ နာရီ ရန်ကုန် မြို့ အပူချိန် ၁၁၅ ဒီဂရီ ဖာရင်ဟိုက်

ယနေ့ ည ရန်ကုန် မြို့ အပူချိန် ၁၀၉ ဒီဂရီ ဖာရင်ဟိုက် ညနေ ၁၁၅ ဒီဂရီ ဖာရင်ဟိုက်

ကျန်းမာရေး ၀န်ကြီးဌာန မှ အပူဒဏ် ကြောင့် သတိလစ် မေ့မြောမှု အရေးပေါ် ကုသပေးသည့် ဌာန
သို့  တစ်ပတ် အတွင်း လူနာ လေးရာကျော် တက်ရောက်  (ရန်ကုန်)

အပူချိန် အလွန်မြင့်မားသည့် ဒဏ်ကြောင့် အင်းစိန်ထောင်၊မြောင်းမြထောင် ၊ပုသိမ်ထောင်၊
ပဲခူးထောင် ၊သရက်ထောင် နှင့် သာယာသတီ ထောင် တွင်းရှိ အကျဉ်းသား များ သတိလစ် မေ့မျော
မှု များ ဖြစ်ပွား

ဟိန်းခိုင်ထွန်း

ရန်ကုန် မြို့ တွင် နေ့ အပူချိန် မြင့် တက်မှု ဒဏ် မခံ နိုင်၍ သေဆုံးရသူ ပေါင်းမှာ ၁၀၀ ကျော်ရှိပြီး နေပြည်တော် ၊မြေလတ်ဒေသ
နှင့် မန္တလေး တွင် နှစ်ရာ ကျော်ရှိပြီ ဖြစ်ကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

ပဲခူးမြို့ တွင် ရေတွင်း၊ရေကန် များ လုံးဝ ခမ်းခြောက်လျှက် ရှိပြီး ဧရာဝတီ တိုင်း မြောင်းမြ နှင့် လပွတ္တာ မြို့ နယ်တွင် ရေရှားပါးမှု
ကြောင့် ၀မ်းလျှော နှင့် ၀မ်းပျက် ရောဂါများ လည်း ဖြစ်ပွားနေ သည် ဟု မြောင်း မြမြို့ မှ ဆရာဝန် တစ်ဦး က Freedom News
Group သို့ ပြောသည်။ Continue reading “မြန်မာ နိုင်ငံတွင် အပူချိန် လွန်ကဲမှု ကြောင့် နိုင်ငံတ၀ှမ်း သေဆုံးသူ သုံးရာ ကျော်ရှိ”

မြောက်ကိုရီးယား မှ လက်နက် တင်သွင်းမှု နှင့် ပတ်သက်၍ မြန်မာကို အမေရိကန် သတိပေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အား အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆက်လက်ထောက်ခံသွားမည် ဆိုသည့် အကြောင်း ဒေါ်အောင်ဆန်းစုကြည် အား လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကပြော ဆိုခဲ့သည်။ Photo : Freedom News Group / U.S. Embassy

ကုလသမဂ္ဂ နှင့် အမေရိကန် နိုင်ငံတို့ မှ ဒဏ်ခတ် အရေးယူထားသည့် ဆိုးသွမ်း နိုင်ငံများ စာရင်းဝင်
မြောက်ကိုရီးယား နိုင်ငံမှ လက်နက် များ တရား မ၀င် တင်သွင်းနေ သည့် မြန်မာ နိုင်ငံအား အာရှ နှင့်
ပိစိဖိတ် ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး က သူ ၏ နှစ်ရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း
ပြင်းထန် စွာ သတိပေးသွားသည် ။ Continue reading “မြောက်ကိုရီးယား မှ လက်နက် တင်သွင်းမှု နှင့် ပတ်သက်၍ မြန်မာကို အမေရိကန် သတိပေး”

သင်္ကြန် ဗုံးကွဲမှု အပြစ် မရှိသူများ ကို ဖမ်းဆီးထား

မေလ ၆ ရက်နေ့ က ပြုလုပ်ခဲ့သည့် စစ်အစိုးရ သတင်းစာရှင်းလင်း ပွဲတွင် ဧပြီ လ ၁၅ ရက်နေ့ 
ကန်တော်ကြီးစောင်းတွင် ဗုံးပေါက် ကွဲ မှု နှင့် စွပ်ဆွဲထားသည့် ကိုဖြိုးဝေအောင် သည် ထိုဗုံး
ပေါက်ကွဲ မှု နှင့် မည်သို့ မှ သက်ဆိုင်ခြင်း မရှိကြောင်း သူ၏ မိသားစု ၀င် တစ်ဦးက Freedom
News Group သို့ ပြောသည်။ Continue reading “သင်္ကြန် ဗုံးကွဲမှု အပြစ် မရှိသူများ ကို ဖမ်းဆီးထား”

ဒေါ်အောင်ဆန်းစုကြည် နှင့် ကတ်ကမ်းဘဲလ် တွေ့ ဆုံ

U.S. Envoy Meets Burmese Democracy Icon

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန် သံရုံးယာယီတာဝန်ခံ တို့ နှစ်ဦး ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံစဉ် Freedom News Group /US Embassy )

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အာရှ နှင့် ပိစိဖိတ်
ရေးရာဆိုင်ရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် သည် မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ယနေ့ နေ့ လည် တစ်နာရီ တွင် ရန်ကုန်
မြို့ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာဉ် တွေ့ ဆုံခဲ့ ဟု သတင်းရရှိသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် နှင့် ကတ်ကမ်းဘဲလ် တွေ့ ဆုံ”

ရန်ကုန်မြို့ ၏ ယနေ့ အပူချိန် ၁၁၆ ဒီဂရီဖာရင် ဟိုက်သို့ ရောက်ရှိ

ရန်ကုန် မြို့ နှင့် နိုင်ငံတ၀ှမ်းရှိ အပူချိန်သည် နေ့ စဉ် နှင့် အမျှ ပူပြင်းလာရာ ယနေ့ ရန်ကုန် မြို့ တွင် နံနက် ၁၁ နာရီ
ရွှေပြည်သာတွင် တိုင်းထွာချက် အရ ၁၁၄ ဒီဂရီဖာရင် ဟိုက် ရှိပြီး ဒဂုံ တက္ကသိုလ် အနီး တွင် တိုင်းထွာချက် အရ
၁၁၆ ဒီဂရီဖာရင် ဟိုက်ထိရှိသည် ဟု Freedom Weather Forecast မှ သတင်းထုတ်ပြန်သည်။ Continue reading “ရန်ကုန်မြို့ ၏ ယနေ့ အပူချိန် ၁၁၆ ဒီဂရီဖာရင် ဟိုက်သို့ ရောက်ရှိ”

သမိုင်းဝင် ဒေါင်း အလံအား အလွဲသုံးစားလုပ်သူ အေးလွင် နှင့် ရဲထွန်း တို့ တားမြစ်ခံရ

မြန်မာနိုင်ငံ၏ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံနှင့် မြန်မာလွတ်လပ်ရေး တိုက်ပွဲတွင် ဗမာ့ကာကွယ်ရေးတပ်
မတော် တို့ က အသုံးပြုခဲ့သည့် သမိုင်းဝင် ဒေါင်း အလံတို့ကို ထပ်တူနီးပါး ကူးယူသုံစွဲထားသည့် ပြည်ထောင်စု
မြန်မာ နိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ ချုပ် နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာ နိုင်
ငံ) တို့ အား ပါတီ ၏ အလံ နှင့် တံဆိပ် အမှတ် အသား တို့ ကို  လက်ရှိ အသုံးပြုရန် ရည်ရွယ်ထားသည့် တံဆိပ်
အမှတ် အသား တို့ မှ ပြောင်းလဲပစ်ရန် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် မှ ညွှန်ကြားစာ ထုတ်ပြန်လိုက်
သည် ဟု သတင်းရရှိသည်။ Continue reading “သမိုင်းဝင် ဒေါင်း အလံအား အလွဲသုံးစားလုပ်သူ အေးလွင် နှင့် ရဲထွန်း တို့ တားမြစ်ခံရ”

ကတ်ကမ်းဘဲလ် မြန်မာ နိုင်ငံသို့ ရောက်ရှိ

အာရှ နှင့် ပိစိဖိတ် ရေး ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး သည် သူ၏ အရှေ့တောင်
အာရှ ခရီးစဉ် အတွင်း ခရီး တစ်ထောက် အဖြစ် ယနေ့ မြန်မာစံတော်ချိန် နေ့ လည် ၁၂ နာရီ အချိန် တွင်
နေပြည်တော် သို့ ဆိုက်ရောက်သည် ဟု သတင်းရရှိသည်။ Continue reading “ကတ်ကမ်းဘဲလ် မြန်မာ နိုင်ငံသို့ ရောက်ရှိ”

ရွေးကောက်ပွဲ ၀င်မည့် ဒီမိုကရတ်တစ် ပါတီ ဒုဥက္ကဌ ဦးရဲထွန်း ကွယ်လွန်

ဥက္ကဌ အဖြစ် ဦးသုဝေ ဆောင် ရွက်နေ သည့် ဒီမိုကရတ် ပါတီ တွင် ဒုဥက္ကဌ အဖြစ်ဆောင်ရွက်နေသူ
ဦးရဲထွန်း သည် မေလ ၇ ရက်နေ့ က  အသက် ၇၄ နှစ် အရွယ်တွင် ပန်ဆီ တိုပီနီယား ခေါ် သွေးဖြူဥ
နည်း သည့် ရောဂါ ကြောင့် ကွယ်လွန် သွားပြီ ဖြစ်သည်။ Continue reading “ရွေးကောက်ပွဲ ၀င်မည့် ဒီမိုကရတ်တစ် ပါတီ ဒုဥက္ကဌ ဦးရဲထွန်း ကွယ်လွန်”

ရွေးကောက်ပွဲ ၀င်မည့် အုပ်စု NLD ပါတီ မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု အမည်ဖြင့် သီးခြား ပါတီထောင်

ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ သခင်လှဦး၊ ဒေါက်တာဝင်းနိုင် နှင့် ဒေါက်တာ သန်းငြိမ်း စသည့်
ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်ဟောင်း CEC အချို့ နှင့် လွှတ်တော် အမတ်ဟောင်းများဖြင့်
National DemocraticForce အမည်ဖြင့် ပါတီ ထူထောင် လိုက် ကြ ခြင်းဖြစ် NLD ပါတီ အတွင်း ရွေးကောက်
နှင့် ပတ်သက်၍သဘောထား ကွဲပြား မှု မှ သည် သီခြား ပါတီ တစ်ရပ် အနေဖြင့် ဖြစ်ထွန်း ပေါ်ပေါက်လာ
ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ Continue reading “ရွေးကောက်ပွဲ ၀င်မည့် အုပ်စု NLD ပါတီ မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု အမည်ဖြင့် သီးခြား ပါတီထောင်”

ခွပ်ဒေါင်းအလံ အသုံးပြုမှု နှင့် ပတ်သက်၍ ဆန့် ကျင်ကန့် ပွဲ တစ်ခုပြုလုပ်မည်

Updateနောက်ဆုံး ရရှိသည့် သတင်းများ အရ ခွပ်ဒေါင်း အလံ အား အသုံးပြုမှု နှင့် ပတ်သက်၍ နိုင်ငံရေး
လှုပ်ရှားသူ များ နှင့် ကျောင်း သား များ အတွင်း သာ မက ပြည်သူများ ကြားတွင် ပါ မကျေနပ်မှု ကြီး
ထွားနေသည် ဟု သတင်းရရှိသည်။

ထိုသို့ မကျေနပ်မှုများမှ သည် လူထု အုံကြွမှု ထိ ဖြစ်သွား နိုင်ကြောင်း ရန်ကုန် မြို့ ရှိ ၂၀၀၇ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် တစ်ဦး က Freedom News Group သို့ ပြောသည်။၎င်း တို့ အဖွဲ့ သည် ခွပ်ဒေါင်း အလံအား ရဲထွန်း
တို့ ညီအကို အဖွဲ့ မှ အသုံးပြုခြင်း နှင့် ပတ် သက်ပြီး ယနေ့ ဆန့် ကျင် ကန့် ကွက်စာ များ ဝေသွားမည် ဟု ပြောသည်။ Continue reading “ခွပ်ဒေါင်းအလံ အသုံးပြုမှု နှင့် ပတ်သက်၍ ဆန့် ကျင်ကန့် ပွဲ တစ်ခုပြုလုပ်မည်”

သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှု ပြည်ပ အတိုက်အခံများ၏ လက်ချက် ဟု စွပ်ဆွဲ

Myanmar police accuse exile group over Yangon blasts

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အနီးတွင် ရှိသည့် X20 သင်္ကြန် မဏ္ဍပ် အား သင်္ကြန် အကြတ်နေ့ နေ့ လည် ၁၁ နာရီခန့် က Freedom News Group မှ မှတ်တမ်းတင်ထားစဉ်

သင်္ကြန် အကြတ်နေ့  ကန်တော်ကြီး စောင်း X20 သင်္ကြန် ရေကစား မဏ္ဍပ် အနီး ဗုံးပေါက်ကွဲမှုသည် စွမ်းအားမြှင့်
မြန်မာ ကျောင်းသား စစ်သည်တော် များ အဖွဲ့  (Vigorous Burma Student Warrior) အဖွဲ့ ၏ လက်ချက်ဖြစ်
ကြောင်း ယနေ့  နေပြည်တော်ဉ် ကျင်းပသည့် သတင်းစာရှင်း လင်းပွဲ တွင် ရဲချုပ်ခင်ရီ က ပြည်တွင်း နှင့် နိုင်ငံခြား
သတင်းထောက်များ ကို အထက်ပါ အတိုင်း ပြောကြားလိုက်သည်။

သင်္ကြန် တွင်း ဗုံးဖောက်ခွဲမှု တွင် ပါဝင်သူ တစ်ဦး ကိုဖမ်းဆီးထားမိပြီး ကျန်ရှိသူများမှာ နယ်စပ်လမ်းကြောင်းများကို
အသုံးပြု၍ ပြန်လည် ထွက်ပြေးလွတ်မြောက်သွားကြကြောင်း ပြောကြားခဲ့သည်။VBSW အဖွဲ့ ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့်
လူဆယ်ဦး သေဆုံးသည် ဟု ပြောကြားသည်။ Continue reading “သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှု ပြည်ပ အတိုက်အခံများ၏ လက်ချက် ဟု စွပ်ဆွဲ”