အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံရေးအကျဉ်းသား များ၏ သားသမီးများ အား ပညာသင်ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ
ဦးတင်ဦး က ပါတီဝင်များ အား ပိုမိုစည်းလုံးကြရန် နှင့် ပါတီသည် မြန်မာ့ နိုင်ငံရေး သမိုင်း တွင် ဘယ်တော့ မှာ ပျောက်ပျက်သွားမည် မဟုတ်ကြောင်း မှာကြားနေစဉ် (AP Photo/)
မတ်လ ၂၉ ရက်နေ့ က စစ်အစိုးရ၏ ရွေးကောက်ပွဲကို မ၀င်ရန် ဆုံးဖြတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ် ၏ တရားဝင် ရပ်တည်ခြင်း နောက်ဆုံး အခမ်းအနားကို ယနေ့  အဖွဲ့ ချုပ်ရုံးဉ် ကျင်းပသည် ဟု
သတင်းရရှိသည်။
ထိုအခမ်းအနားတွင် အဖွဲ့ ချုပ် ဒုတိယ ဥက္ကဌ သူရဦးတင်ဦး နှင့် ဦးဝင်းတင် တို့ က အမှာ စကားပြောကြား
ပြီးနောက် နိုင်ငံရေး အကျဉ်းသား များ၏ သားသမီး  များ ကို ပညာ သင် ထောက်ပံ့ကြေးဆုများ ချီးမြှင့်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဦးဝင်းတင် က နိုင်ငံရေး အကျဉ်းသား များ ၏ သားသမီးများ အား ပညာ သင်ထောက်ပံ့ကြေးပေးအပ်စဥင်္ (AP Photo)
Continue reading “အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် နိုင်ငံရေးအကျဉ်းသား များ၏ သားသမီးများ အား ပညာသင်ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ”
ငြိမ်းချမ်းရေး ချိုးငှက် ပိုစတာများ လိုက်လံကပ်သည့် အမေရိကန် နိုင်ငံသား တစ်ဦး နှင် ထုတ်ခံရ
ငြိမ်းချမ်းရေး ပိုစတာ ဝေငှ သဖြင့် နှင်ထုတ်ခံရသူ အမေရိကန် နိုင်ငံသား Garrett Kostin
အမေရိကန်နိုင်ငံသား Garrett Kostin ဆိုသူသည် ယနေ့ မေလ ၃ ရက်နေ့တွင်
မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရ သည်ဟု သိရသည်။ သူ၏ မြန်မာနိုင်ငံအတွင်း
လှည့်လည်သွားလာနိုင်သော ဗီဇာသက်တမ်းမှာ မေလ ၁၀ ရက်နေ့မှ ပြည့်မည်ဖြစ်သည်။
သတင်းအရ ယနေ့နံနက်ပိုင်းတွင် သူ့ကို သူတည်းခိုရာ ဟိုတယ်မှ
ထောက်လှမ်းရေးရဲနှင့်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ
မန္တလေးလေဆိပ်သို့ခေါ်ဆောင်သွားခဲ့ပြီး ထိုမှနေပြည်တော်(ကြပ်ပြေး)၊ ထိုမှ
ရန်ကုန်လေဆိပ်၊ ထိုမှ ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
Continue reading “ငြိမ်းချမ်းရေး ချိုးငှက် ပိုစတာများ လိုက်လံကပ်သည့် အမေရိကန် နိုင်ငံသား တစ်ဦး နှင် ထုတ်ခံရ”
ပါကစ္စတန် တာလီဘန် အဖွဲ့ မှ ညူးယောက် တိုင်း စကွဲ ကားဗုံးခွဲ ရန် စီစဉ်ခဲ့သည် ဟု ထုတ်ဖော်ပြောဆို
(Updates)Time Square Bomb Plot has No Connection with Big Terrorist Group
Pakistan Taliban group claims NY bomb attempt in video: SITE
ကားဗုံးတွေ့ ရှိခဲ့သည့် နေရာအား လုံခြုံရေးအရ လမ်းများပိတ်ထားစဉ် REUTERS/Cary Horowitz (UNITED STATES – Tags: CRIME LAW POLITICS) Original Filename: 2010-05-02T024428Z_01_NYK00_RTRMDNP_3_TIMESSQUARE-EVACUATION.JPG
သီရိထက် ၊၊မေလ ၁ ရက်နေ့ ည အရှေ့ဘက် ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ ညူးယောက်
တိုင်းစကွဲရင် ပြင် အမှတ် ၇ ရိပ်သာလမ်း အနီးက  မာရီယော့ မာကွီး ဟိုတယ် အနီးမှာ ကားဗုံးထောင်
ဖောက်ခွဲ ဖို့ ကြိုးပမ်းခဲ့တာ ဟာ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့ အစည်း တစ်ခု ဖြစ်တဲ့ 
Tarik-e-Taliban က ၎င်းတို့ ရဲ့ လက်ချက်ဖြစ်ကြောင်း ယူတု ဗီဒီယို ကနေ ပြောကြားခဲ့သည်။
Tarik-e-Taliban တာလီဘန် အဖွဲ့ က ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကာရီ ဟူစိန် မက်ဆော့ဒ် က
က ထိုကဲ့သို့ ဗုံးခွဲရန် စီစဉ် ရခြင်း မှာ ပြီးခဲ့သည့် သီတင်း နှစ်ပတ် ကျော် က အီရတ် အခြေစိုက်
အယ်(လ)ကာယီဒါး ခေါင်းဆောင် Abu Omar al-Baghdadi and Abu Ayub al-Masri  နှင့်
အာဖဂန် နစ္စတန် ရှိ ၎င်း တို့ ၏ ခေါင်းဆောင် များ အမေရိကန် ၏ တိုက်ခိုက် မှု ကြောင့် သေဆုံးခဲ့
ခြင်း ကို ပြန်လလည် လက် စား ချေခြင်းဖြစ်သည် ဟု ပြောကြားသွားသည်။ Continue reading “ပါကစ္စတန် တာလီဘန် အဖွဲ့ မှ ညူးယောက် တိုင်း စကွဲ ကားဗုံးခွဲ ရန် စီစဉ်ခဲ့သည် ဟု ထုတ်ဖော်ပြောဆို”
ရန်ကုန် ၊မန္တလေး နှင့် နေပြည်တော် တွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ သုံးဆယ် ကျော်ရှိ
ဟိန်းခိုင်ထွန်း၊                    ၊  မေ ၂ ရန်ကုန်
ဝမ်းပျက် ၀မ်းလျှော ရောဂါ များ စတင် ဖြစ်ပွားနေသည့် ရန်ကုန် မြို့ တွင် အပူချိန်လွန် ကဲ မှုကြောင့် ၊အပူရှပ်၍
သေဆုံးသူ ပေါင်း ဆယ့်လေး ဦးခန့် ရှိပြီး ၊နေ ပြည်တော်တွင် ခြောက်ဦး နှင့် မန္တလေး တိုက် တွင် ဆယ်ယောက်
ကျော်သည် ဟု စုံစမ်းသိရှိရသည်။ Continue reading “ရန်ကုန် ၊မန္တလေး နှင့် နေပြည်တော် တွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ သုံးဆယ် ကျော်ရှိ”
ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စု မြန်မာ နိုင်ငံ အဖွဲ့ အမည်ခံ ကိုရဲထွန်းတို့ အဖွဲ့ ၏ လိုဂို နှင့် အလံ အား ယနေ့ ထုတ် ကြေးမုံသတင်းစာတွင် ကန့် ကွက် နိုင်ကြောင်း ကြေညာထားစဉ်
တုပထားခဲ့သည့် ကိုအေးလွင် ဦးဆောင်သည့်  ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)ဆိုသည့်
အဖွဲ့ သည် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ အလံ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
များ အဖွဲ့ ချုပ်၏ အလံတို့ ကို ဆင်တူယိုးမှာ ပြုလုပ်၍ မှတ်ပုံတင်ရန် စီစဉ်နေသည် ကို ကန့် ကွက် နိုင်ကြောင်း ယနေ့ ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြထားသည်။ Continue reading “ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်”
အဆိုတော်မျိုး ကျော့မြိုင် ၊သရုပ်ဆောင် ဒေါက်တာ သွင်ပပအောင် နှင့် လက်ထပ်ထိမ်းမြား
Myo Kyawt Myaing Tie With Knot Thwin Pa Pa Aung
မျိုးကျော့မြိုင် နှင့် သွင် ပပအောင် ဓာတ်ပုံ- လျှပ်တပြက်
ဧပြီ ၂၉ ရက်နေ့ တွင် အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည့် ရက်(ပ)အဆိုတော် မျိုးကျော့မြိုင်သည်
အသက် ၃၃ နှစ် အရွယ်ရှိ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ သွင်ပပ
အောင် နှင့် ဧပြီလဆန်းက တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီး နှစ်လ အတွင်း လက်ထပ်
မင်္ဂလာ အခမ်းအနားကို ကျင်းပမည် ဟု သတင်းရရှိသည်။ Continue reading “အဆိုတော်မျိုး ကျော့မြိုင် ၊သရုပ်ဆောင် ဒေါက်တာ သွင်ပပအောင် နှင့် လက်ထပ်ထိမ်းမြား”
နာမည်ဆိုး ကြံ့ဖွံ့ ရွေးကောက်ပွဲ ၀င်ရန် ပါတီ အဖြစ်မှတ်ပုံတင်
ဒီပဲယင်း အရေးအခင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီ
လိုလားသူများအား သတ်ဖြတ်ရန်စီစဉ်ခဲ့သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကြံဖွံ့ က ရွေးကောက်
ပွဲ ၀င် ရန် အတွက် ပါတီ အဖြစ်မှတ်ပုံတင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်
ပြထားသည်။ Continue reading “နာမည်ဆိုး ကြံ့ဖွံ့ ရွေးကောက်ပွဲ ၀င်ရန် ပါတီ အဖြစ်မှတ်ပုံတင်”
ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ
Yangon Street Racer Rival Clash
ကားအလှဆင်ပွဲတစ်ခုဉ်မော်တော်ကားတစ်စီးကိုစမ်းသပ်မောင်းနှင်နေသည့် နေရွှေသွေးအောင်
ဟိန်းခိုင်ထွန်း၊    ၊လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စု
လိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း
ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။ Continue reading “ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ”
လွိုင်ကော် ရဲစခန်း ဗုံးကွဲခြင်းသည် အဖမ်းခံပြီး မှ အသေခံ ဗုံးခွဲခြင်း ဟု ယူဆ
Suicide Bomb Blast in Eastern Burma Police Station
ဗုံးကွဲပြီးနောက် စစ်တပ်ရောက်ရှိလာပြီ စခန်းတွင်းမှရဲဝန်ထမ်းများအားအကျယ် ချုပ်ချထားသည် ဟု သိရသည်။ ပုံတွင် အသေခံ ဗုံးခွဲသူ တစ်ဦး အား စစ်သား တစ်ဦးက ကြည့်ရှုနေစဉ် ဓာတ်ပုံ- Hanthawady Sky News
ယမန်နေ့ က ကယားပြည်နယ်  လွိုင်ကော် ရဲစခန်း တွင် ဗုံးပေါက်ကွဲမှု သည် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်နိုင်ကြောင်း ထိုမြို့ မှ
အမည် မဖော်လိုသည့် တရားရေး  ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။
မြို့ မဈေးထဲ တွင် ဗုံးခွဲမည့် သူအား ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီး ပြီးနောက် စခန်းတွင်  စစ်ဆေးမေးမြန်း နေစဉ် ၎င်း၏ ခန္တာကိုယ်ထဲဉ်
အသင့်ပါလာသည့် ဆပ်ပြာဗူး အရွယ် ပစ္စည်း လေးများ အား ရဲလက် သို့ အပ်မည့် ပုံစံ ပြုလုပ်ပြီးနောက် ပေါက်ကွဲခြင်း ဖြစ်သည်
ဟု လွိုင်ကော် ရဲစခန်း နှင့် နီးစပ် သည့် သူ တစ်ဦး ကပြောသည်။ Continue reading “လွိုင်ကော် ရဲစခန်း ဗုံးကွဲခြင်းသည် အဖမ်းခံပြီး မှ အသေခံ ဗုံးခွဲခြင်း ဟု ယူဆ”
ဗုံးခွဲမည့် သူအား ရဲစခန်းတွင် ဖမ်းဆီးထားစဉ် စနက်တံဖြုတ်ပြီး သေကြောင်းကြံ
ကယားပြည်နယ် လွိုင်ကော်မြို့  ဈေးကြီးထဲ ဉ် ဗုံးထောင်ရန် ကြံစည် နေသူ တစ်ဦး ကို မသင်္ကာသဖြင့်
ရဲတပ်ဖွဲ့ က ဖမ်းဆီးပြီး ဒီမောဆို ရဲစခန်း တွင် ဖမ်းဆီးထားစဉ် စနက်တံ ဖြုတ်ပြီးနောက် မိမိကိုယ်ကို သေကြောင်းကြံမှု
ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။
ရဲစခန်း တွင်း ဗုံးခွဲသေကြောင်းကြံမှု ကြောင့် စခန်းမှုး အပါအ၀င် ရဲတပ်ဖွဲ့ ဝင်လေးဦး နှင့် အရပ်သား တစ်ဦး
ဒဏ်ရာရရှိသည်။ ဗုံးခွဲမည့် သူဟု သံသယရှိသူ မှာ ထိုရဲစခန်း တွင်း ဉ်ပင် သေဆုံးသွားခဲ့သည်။ Continue reading “ဗုံးခွဲမည့် သူအား ရဲစခန်းတွင် ဖမ်းဆီးထားစဉ် စနက်တံဖြုတ်ပြီး သေကြောင်းကြံ”
ရွေးကောက် ပွဲ တွင် ပါဝင်ရန် အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ယောက် လက်ရှိ ရာထူးမှ နှုတ်ထွက်
စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ဦး ကရွေးကောက်ပွဲ တွင် ပါ
ဝင် နိုင်ရန် အတွက် လက်ရှိရာထူးများမှ နှုတ်ထွက် ကာ အရပ် ၀တ် လဲ ခဲ့ကြ သည် ဟု အေအက်(ဖ)
ပီ သတင်းတွင် ဖော်ပြ ထားသည်။ Continue reading “ရွေးကောက် ပွဲ တွင် ပါဝင်ရန် အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ယောက် လက်ရှိ ရာထူးမှ နှုတ်ထွက်”
အကြတ်နေ့ ဗုံးပေါက် ကွဲမှု အိုစာမာဘင် လာဒင် တည်ထောင် သည့် အယ်ကာယီဒါး လက်ချက် ဟု စစ်အစိုးရ အရာရှိ တစ်ဦး ပြော
ဟိန်းခိုင်ထွန်း
ဗုံးကွဲမှု ဖြစ်ပွားခဲ့သည့် အနီးတွင်ရှိ သည့် X2O မဏ္ဍပ်အား ပေါက်ကွဲမှု ဖြစ်ပြီး မိနစ်အနည်းငယ် အကြာတွင် Freedom News Group မှ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ဧပြီလ ၁၅ ရက်နေ့ သင်္ကြန် အကြတ် နေ့ က ဗုံးပေါက်ကွဲခဲ့ခြင်းသည် အာဖဂန် နစ္စတန် လျှို မြောင်တောင်ကြား
များ တွင် အခြေစိုက်ပြီး နိုင်ငံတကာသို့ ကွန်ယက်ဖြန့် လုပ်ကိုင်သည့် အယ်ကာယီးဒါး အကြမ်းဖက် အဖွဲ့ ၏
လက်ချက် ဖြစ်သည် ဟု သူယူဆကြောင်း စစ်အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦးက စနေနေ့ က ၀န်ထမ်းများ
နှင့် တွေ့ ဆုံပွဲ ကို နေပြည်တော် တွင် ပြုလုပ် စဉ် ပြောကြား လိုက်သည် ဟု Freedom News Group
ကသတင်းရရှိသည်။ Continue reading “အကြတ်နေ့ ဗုံးပေါက် ကွဲမှု အိုစာမာဘင် လာဒင် တည်ထောင် သည့် အယ်ကာယီဒါး လက်ချက် ဟု စစ်အစိုးရ အရာရှိ တစ်ဦး ပြော”
နေပြည်တော် တွင် ဗုံးလန့် 
ယနေ့ ညနေ ၅နာရီ ခန့် က နေပြည်တော် ရှိ မြို့ မဈေးတွင် ဗုံးလန့် မှု တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့်
ဈေးသူဈေးသား များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ဟု သတင်းရရှိသည်။ ဗုံးလန့် သည့် မြို့ မဈေး
သို့ ချက်ခြင်း ပင် စစ်အစိုးရလုံခြုံရေး တပ်ဖွဲ့ များ ရောက်ရှိလာသည်။ Continue reading “နေပြည်တော် တွင် ဗုံးလန့် ”
၂၃ လမ်းတွင် ဆောက်လုပ်ဆဲ လေးထပ်တိုက် ငြမ်းပြိုကျမှု လမ်းသား များ ဗုံးပေါက် သည် ထင် ၍ ထိတ်လန့် 
၁၁း၁၄ သောကြာနေ့ 
ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆ – ၁၂၀ တွင် ယနေ့ မနက် ၁၁ နာရီခန့် က
ဆောက်လုပ်ဆဲ လေးထပ်တိုက်တစ်လုံး၏ ငြမ်း ပြို ကျမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။ငြမ်းပြိုကျမှု ကြောင့်
တန်ဖိုးကြီး လန်ခရူဆာ ကား တစ်စီး ပျက်စီးသွားပြီး ၊အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိသွားသည် ဟု သိရသည်။
Continue reading “၂၃ လမ်းတွင် ဆောက်လုပ်ဆဲ လေးထပ်တိုက် ငြမ်းပြိုကျမှု လမ်းသား များ ဗုံးပေါက် သည် ထင် ၍ ထိတ်လန့် ”