ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမည် ဟု မိသားစုဝင်များမျှော်လင့်

Junta Prepare to release Political Prisoners

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ

မြန်မာစစ်အစိုးရမှ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား များပြန်လွှတ်မည် ဆိုသည့် သတင်း
သည် သင်္ကြန်ကာလ မတိုင်ခင်ကတည်းက နိုင်ငံရေး အကျဉ်းသား မိသားစု များ၏ သတင်းရပ်
ကွက်တွင် ပေါ်ထွက်နေ ခဲ့သည်။ Continue reading “ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမည် ဟု မိသားစုဝင်များမျှော်လင့်”

နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ ကို နိုင်ငံရေး အလို့ ငှာယူငင် သုံးစွဲခြင်းမပြုရန် တောင်းဆို

နိုင်ငံရေး(စစ်အစိုးရ ဆန့် ကျင်ရေး)  နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ နှင့် မိမိ ရိုက်ကူးထားခြင်း
မဟုတ်သော ဓာတ် ပုံများ အား နိုင်ငံရေး အလို့ ငှာယူငင်သုံးစွဲ ခြင်း မပြုရန် ကာယကံ ရှင် နှင့်
ရန်ကုန်မြို့ ရှိ နိုင်ငံခြား သတင်း ထောက် တစ်ဦး တို့ က Freedom News Group သို့ ပြောသည်။

မဟာသင်္ကြန် အကြို  နေ့ မတိုင်ခင်က ရန်ကုန်မြို့ ရှိ လူငယ်များ ပန့် ခ် ဖက်ရှင်ဆန်းများဖြင့်
ဆင်မြန်းကာ လည်ပတ်နေ သည့် ဓတ်ပုံ အား အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံရေး
သမား တစ်ဦး၏ ဘလောက်တွင် စစ်အစိုးရ ဆန့် ကျင်ရေး အာဘော်များ နှင့် ယှဉ်တွဲပြီးဖော်
ပြ ထားခဲ့သဖြင့် ထိုလူငယ်များ အား အာဏာပိုင်များ က ယမန်နေ့ က စုံစမ်းစစစ်ဆေးမှု ပြု
လုပ်ခဲ့သည် ဟု သတင်းရရှိသည်။ Continue reading “နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ ကို နိုင်ငံရေး အလို့ ငှာယူငင် သုံးစွဲခြင်းမပြုရန် တောင်းဆို”

ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ

ဧပြီလ ၁၅ ရက်နေ့ ညနေ သုံးနာရီ ရန်ကုန် မြို့ ကန်တော်ကြီး အနီးရှိ သင်္ကြန်ရေကစား နေသည့်
မဏ္ဍပ် တစ်ခု အနီးတွင် ဗုံးပေါက်ကွဲမှုသည် နယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်လွတ်
မြောက်နယ်မြေ ၊NCUB ၊မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ် တပ်ဦး(ABSDF)
နှင့် အမျိုးသား ညွှန့် ပေါင်းအစိုးရ တို့ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာ တွင် စွပ်ဆွဲ ဖော်
ပြထားသည်။ Continue reading “ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ”

မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့(ဗီဒီယို)

BBC 2 ၏ Tropic of Cancer အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် မှာ မြန်မာ နိုင်ငံ အနောက်မြောက်
ပိုင်း ချင်းပြည်နယ် သို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီးနောက် အောင်မြင်စွာဖြင့် ပြန်လည် ထွက်ခွာ နိုင်သည်
ဟု သတင်းရရှိသည်။

ဆိုင်မွန် ရိဗ် သည် ချင်းပြည်နယ် တွင်း ဉ် ရက်အတန်ကြာ စခန်းချနေထိုင်စဉ် မြန်မာ စစ်တပ် စစ်ကြောင်း
တစ်ခု နှင့် နီးကပ်လာချိန်တွင် ပြန်လည် ထွက်ခွာခဲ့သည် ။ဆိုင်မွန် ရိဗ် သည်  အာဖရိက ၊မက္ကဆီ ကို နိုင်ငံ
များ တွင် သက်စွန့် ဆံဖျား ဗီဒီယို မှတ် တမ်းတင်ပြီး Tropic of Cancer အစီအစဉ် ကို တင်ဆက်ခဲ့သူဖြစ်
သည် ။၎င်း သည် ချင်းပြည်နယ် အတွင်း ၀င်ရောက် စဉ် ထန်တလန် နှင့် ဟားခါး မြို့ နား ထိရောက်ခဲ့သည်
ဟု သိရသည်။ Continue reading “မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့(ဗီဒီယို)”

မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ

VOA News

Bomb blasts rock China JV hydro power site in Myanmar

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။ Continue reading “မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ”

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်စေရန် ငါးလွှတ်ဆုတောင်း

တင်ကျော်ကျော်စိုး
၁၃၇၁ ခုနှစ် မြန်မာ နှစ်ဆန်းတစ်ရက် ကဆုန်လဆန်း ၅ ရက်နေ့  ၂၀၁၀ ခုနှစ် ဧပြီလ ၁၇ ရက် ညနေ ၅ နာရီ ၄၈ မိနစ်
တွင် နှစ်သစ် သို့ ကူးပြောင်းမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ယနေ့ မနက် ငါးလွှတ် ဆုတောင်းပြုနေသူများ ဓာတ်ပုံ-ရိုက်တာ

နှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းရန်ကုန် မြို့ အင်လျှားကန် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ နှင့် ပြည်သူများက
ငါးလွှတ်ဆုတောင်းပွဲများကျင်းပကြပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ ဟု ကျွေးကျော်
ဆုတောင်း ခဲ့ကြသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်စေရန် ငါးလွှတ်ဆုတောင်း”

မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးရွာသွန်း နိုင်

ဧပြီ လ ၁ရက်နေ့ မနက် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အတွင်း စတင်နေသည့်
လေဖိအားနည်းရပ်ဝန်း သည်နောက် နှစ်ရက် အတွင်း မြောက်ပိုင်း သို့ တဖြည်းဖြည်းချင်းရွှေ့ လျှား
လာက ထိုလေဖိအားနည်း ရပ်ဝန်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်မှု အဆင့်အရ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း
နှင့် မွန်ပြည်နယ်တွင် ဧပြီလ ၂၂ ရက်နေ့ မှ စ၍ လေးရက်ခန့် မိုးရွာသွန်း နိုင်သည် Freedom Weather
Forecast  မှ သတင်းထုတ်ပြန်ထားသည်။ Continue reading “မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးရွာသွန်း နိုင်”

နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ

ယူကွန် ၊   ၊ သင်္ကြန်ကာလ အတွင်း ၎င်းရေးသားထားသည့် သီချင်းများအား အဆိုတော်များက ခွင့်မတောင်း
ပဲ သီဆိုခြင်း များရှိနေသည် ဟု သတင်းရသဖြင့် ကန်တော်ကြီးစောင်းတွင် ရုပ်ဖျက်၍ တီးဝိုင်းပါ
သော မဏ္ဍပ်များ အား လိုက်လံ ချောင်းမြောင်း သည့် နာမည်ကျော်တေးရေးဆရာ တစ်ဦးသည်
ဗုံးပေါက်ကွဲမှု မှ ကံအားလျှော်စွာ လွတ်မြောက်သွားသည် ဟု သတင်းရရှိသည်။

ဗုံးပေါက်ကွဲမှု မတိုင်ခင်က ထိုတေးရေးဆရာမှာ X2O မဏ္ဍပ် အရှေ့က ဖြတ်သွားပြီး
အထက်ပန်းဆိုးလမ်း ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် သို့ အသွား ထိုမဏ္ဍပ် မှ နှစ်
ခုကျော်ရှိ Black Culture မဏ္ဍပ် အရောက်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည် ဟုသိရသည်။ Continue reading “နာမည်ကျော် တေးရေးဆရာ ကံကောင်း၍ မသေ”

မန္တလေးမြို့ တွင် မိုးသက် လေပြင်းတိုက်သောကြောင့် မဏ္ဍပ်များ ပြိုလဲ ၊ရန်ကုန်တွင် ၁၉ လောင်းပြိုင် အသုဘ အခမ်းအနား ရေဝေး သုသာန် တွင် ကျင်းပ

ယမန်နေ့ က ဗုံးပေါက်ကွဲခဲ့သော်လည်း အသင်္ကြန် အတက်နေ့ ကပြန်လည်ရေကစားနေသည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ
ယမန်နေ့ က ဗုံးပေါက်ကွဲခဲ့သော်လည်း အသင်္ကြန် အတက်နေ့ ကပြန်လည်ရေကစားနေသည့် X20 မဏ္ဍပ် ဓာတ်ပုံ-ရိုက်တာ

5:40 PMခါးသီးသော အာဏာရှင်စနစ်ကြောင့် ပြည်သူများက  ဒူးနဲ့ မျက်ရည် သုတ်ပြီး ကြိုဆိုရသည့်
မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ဤတွင်ပြီး၏

5:30 PMပူဆွေး၊၀မ်းနည်းရမှု ၊သောကဗျာပါဒ တို့ ဖြင့် မြန်မာ့ သမိုင်းတစ်လျှောက် ပြည်သူတို့ ပျော်ရွှင် မှု ကင်းမဲ့ရသည့် သွေးစွန်းသော အတာ သင်္ကြန် နှစ်သစ်ကူးသည် ပြီး ဆုံးပြီး ဖြစ်သည်။

5:15PM ယမန်နေ့ ကသေဆုံးခဲ့သူများ၏ ရုပ်အလောင်းများ ကို ရေဝေးသုဿာန် သို့ ပို့ ဆောင် သဂြိုလ်

3:20 PMရန်ကုန်မြို့ ရှိနေ ရာအချို့ တွင် ဗုံးလန့် မှုများရှိ

မန္တလေးမြို့ တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်

မန္တလေး မြို့ တွင် လေပြင်း တိုက်ခတ်သောကြောင့် မဏ္ဍပ် များ ပြို လဲ (Source : Weekly Eleven)

အတက်နေ့ နေ့ လည် ကန်ပတ်လမ်းတွင် ပြန်လည် ရေကစားသူများရှိသော်လည်း ယခင်နေ့ များကဲ့သို့ လမ်းလုံး
ပြည့်မျှ မရှိတော့

(ယမန်နေ့ က ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူများကို ၀မ်းနည်းသည့် အထိမ်းအမှတ်အဖြစ် လည်ပတ်
သူများမှာ အနက်ရောင် ဖက်ရှင်များ ဆင်မြန်းထားကြသည်)

ယမန်နေ့ က ဗုံးပေါက်ကွဲမှု ကြောင့် လူနှစ်ဆယ်ကျော်သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာပြင်းထန်စွာ
ရရှိသော် လည်း ယနေ့  သင်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် လည်ပတ်သူများဖြင့် ပြန်
လည်စည်ကားလာသည် ဟု သိရသည်။ Continue reading “မန္တလေးမြို့ တွင် မိုးသက် လေပြင်းတိုက်သောကြောင့် မဏ္ဍပ်များ ပြိုလဲ ၊ရန်ကုန်တွင် ၁၉ လောင်းပြိုင် အသုဘ အခမ်းအနား ရေဝေး သုသာန် တွင် ကျင်းပ”

ပြည်တွင်း ဂျာနယ် များမှ သတင်းထောက် သုံးဦး နှင့် လူ တစ်ရာကျော် ကိုဖမ်းဆီးထား

ဗုံးဖောက်ခွဲ သူများကို အမေရိကန် အစိုးရ အပြစ်တင် U.S. Condemns Myanmar Blasts

ဗုံးပေါက်ကွဲမှု အပြီး လုံခြုံရေးတာဝန်ယူ နေသည့် ရဲတပ်ဖွဲ့ ဝင်များ ဓာတ်ပုံ -DPA

သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင်
လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်
ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။

ဗုံးပေါက်ကွဲခဲ့သည့် X2O မဏ္ဍပ်ရှိရာနေရာသို့ သွားရောက်ကြည့် ရှုသူများ နှင့် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမှု
ပြုသူများကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ပြည်တွင်း ဂျာနယ်များမှ သတင်းထောက် သုံးဦးလည်း ပါဝင်သည်
ဟု သိရသည်။ Continue reading “ပြည်တွင်း ဂျာနယ် များမှ သတင်းထောက် သုံးဦး နှင့် လူ တစ်ရာကျော် ကိုဖမ်းဆီးထား”

မြန်မာ နှစ်သစ်ကူး အတာသင်္ကြန် ကာလ အတွင်း ဗုံးပေါက်ကွဲ၍ လူ သုံးဆယ် ကျော် သေဆုံး

Myanmar New Year Fatal  Grenade Attack Kill 30 (ဗုံးကွဲ မှု မှာ စစ်အစိုးရလက်ချက်ဟုရန်ကုန် မြို့ ခံတို့ ယူဆ)
ဗုံးမှာ လက်ပစ် ဗုံးသုံးလုံး ဖြင့် လူအုပ်ထဲ သို့ ပစ်ထည့် ခြင်းဖြစ်သည် ဟု  မျက်မြင်တွေ့ ရှိသူ တစ်ဦးကပြောသည်။

ဗုံပေါက်ကွဲမှု ဖြစ်သည့် X20 မဏ္ဍပ် အား ဗုံးပေါက်ကွဲမှု မဖြစ်ခင် ငါးနာရီ အလိုက ရေပက်ကစားသူများနှင့်ပျော်ရွှင်နေပုံ ကို Freedom News Group မှ မှတ်တမ်းတင်ထားစဉ်

ဗုံးပေါက်ကွဲမွှုအပြီး ရန်ကုန်ဆေးရုံကြီး ၅/၆ အရေးပေါ် ကုသ ဆောင် အရှေ့တွင် မိမိတို့ ၏ ဆွေမျိုးသားချင်း များ ကို စောင့်ကြည့်နေ သူများ ဓာတ်ပုံ-CNN
Revellers Enjoys X20 pavilions Before Bomb Blast

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ ဖြစ်သည့် သင်္ကြန် အကြတ်နေ့ ညနေ သုံးနာရီကျော်အချိန်တွင် ရန်ကုန်မြို့ 
ကန်တော်ကြီး ကန်ပတ်လမ်းရှိ အောက်စီဂျင် ရေကစားမဏ္ဍပ် တွင် ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိ
သည်။ဗုံးပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိသွားသည်။ရန်ကုန် ဆေးရုံကြီး တာဝန်ကျ ဆရာ
ဝန် တစ်ဦးက သေဆုံးသူမှာ နှစ်ဆယ်ကျော်ပြီ ဖြစ်သည် ဟု ပြောသည်။

ဗုံးပေါက်ကွဲမှု ကြောင့် မြန်မာ စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရေကစားမဏ္ဍပ်များ ကို ချက်ခြင်းပိတ်ခိုင်းပြီး အတာသ
င်္ကြန်နောက်ဆုံးနေ့ ဖြစ်သည့် အတက်နေ့ တွင် ရန်ကုန် မြို့ ဉ် လည်း ရေကစားခွင့်များ ပိတ်မည် ဟု မဏ္ဍပ် စီစဉ်သူ တစ်ဦး
က Freedom News Group သို့ ပြောသည်။ Continue reading “မြန်မာ နှစ်သစ်ကူး အတာသင်္ကြန် ကာလ အတွင်း ဗုံးပေါက်ကွဲ၍ လူ သုံးဆယ် ကျော် သေဆုံး”

ရန်ကုန် သင်္ကြန် အကြတ်နေ့ ကြက်ပျံမကျ စည်ကား (သင်္ကြန် ဓာတ်ပုံ)

မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် အကြတ်နေ့ ဖြစ်သည့် ကြသပတေးနေ့ တွင် ရန်ကုန် မြို့ ဉ် လည်ပတ်သူများ ပိုမို များပြားလာပြီး စတုဒီသာ လှုဒါန်း မှု များ နှင့် အတူ ရပ်ကွက်များဉ် အခမဲ့ ရေပက် မဏ္ဍပ် များ ဉ်လည်း လူငယ်များ လာရောက်ပျော်ရွှင်စွာ ဆော့ကစားကြသည်။
သင်္ကြန်အကြတ်နေ့ မနက်ပိုင်းတွင် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ် တစ်ခုမှ ပျော်ရွှင်စွာ ရေဆော့ကစားနေသည့် လူငယ်များ
ကမ္ဘာအေးဘုရားလမ်းရှိ ရေပက်မဏ္ဍပ် တစ်ခုတွင် ဖျော်ဖြေနေသည့် အဆိုတော် တစ်ဦး

Continue reading “ရန်ကုန် သင်္ကြန် အကြတ်နေ့ ကြက်ပျံမကျ စည်ကား (သင်္ကြန် ဓာတ်ပုံ)”

ရန်ကုန် သင်္ကြန် အကျနေ့  လည်ပတ်သူများ ဖြင့် တိုးမပေါက် အောင် စည်ကား (သင်္ကြန် ဓာတ်ပုံ)

မြန်မာ့ ယဉ်ကျေးမှု နှင့် မကိုက်ညီသော်လည်း မြန်မာ့ ရာသီဥတု နှင့် ကိုက်ညီသည့် ဖက်ရှင် ဖြင့် တွေ့ ရသည့် ရေကစားမဏ္ဍပ် ထိုင် အမျိုးသမီးငယ်များ
ကန်တော်ကြီး ကန်ပတ် လမ်းရှိ မဏ္ဍပ် တစ်ခု တွင် ရေပက်ခံထွက်သူများ ရေပက်သူများ ဖြင့် စည်ကားလျှက်ရှိသည် သင်္ကြန် အကျနေ့ က ဤသို့ တွေ့ ရသည်
ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေပက်ခံထွက် လည်ပတ်နေသူများ
အတာသင်္ကြန်အကျနေ့ ရေပက်ခံထွက်နေသူများ
ယနေ့ မဟာသင်္ကြန် အကျနေ့ တွင် ရန်ကုန် မြို့ လမ်းမတော်၊ရေကျော်၊ကန်တော်ကြီး နှင့် ပြည်လမ်း တစ်ဝိုက်မှာ ရေပက်ခံထွက်သူများ သင်္ကြန် မဏ္ဍပ် များ ဖြင့် စည်ကားလျှက် ရှိသည် ကို တွေ့ ရသည်။ဓာတ်ပုံ-အေပီ

Continue reading “ရန်ကုန် သင်္ကြန် အကျနေ့  လည်ပတ်သူများ ဖြင့် တိုးမပေါက် အောင် စည်ကား (သင်္ကြန် ဓာတ်ပုံ)”

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် မြန်မာ နိုင်ငံလာမည်

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် သည် ဧပြီ လ၂၂ ရက်နေ့ မှ ဧပြီ လ ၂၅ ရက်နေ့ အထိ မြန်မာ နိုင်ငံ အပါအ၀င် ဘရူနိုင်း၊အင်ဒို နီးရှား နိုင်ငံများ သို့ သွားရောက် မည် ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန က သတင်း ထုတ် ပြန်သည်။ မြန်မာ နိုင်ငံသို့ ရောက်ရှိစဉ် အတွင်း စစ်အစိုးရ ၏ ၂၀၁၀ ရွေးကောက် ပွဲ တွင် အတိုက်အခံ များ ပါဝင် လှုပ်ရှား ခွင့် အား ဆွေးနွေးဖွယ်ရှိသည် ဟု နိုင်ငံရေး သုံးသပ် သူ အချို့ က ထင်ကြေးပေး ကြသည်။ Continue reading တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် မြန်မာ နိုင်ငံလာမည်

Rate this: