အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရွေးကောက်ပွဲ မ၀င်ရန် တညီတညွှတ်ထဲဆုံးဖြတ်

၁၆း ၃၂  တနင်္လာနေ့ 

Aung San Suu Kyi’s party boycotting Burma election

ဗဟို အလုပ်အမှုဆောင် စည်းဝေးပွဲ မစတင် မှီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ ကို ပါတီ ရုံးချုပ် ဉ် တွေ့ ရစဉ် ဓာတ်ပုံ - အေပီ ၁၉၉၀ ရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ယနေ့ ကျင်းပသော
ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်ဆွေးနွေးပွဲ မှ စစ်အစိုးရ ၏ တရားမျှတမှု မရှိပဲ ရေးဆွဲ
ထားသည့် ရွေးကောက်ပွဲ ဥပဒေ ကို ဆန့် ကျင်ကန့် ကွက်သည့် အနေဖြင့် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည်
ဟု သတင်းရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ယနေ့ သမိုင်းဝင် ဆုံးဖြတ်ချက်သည် ပါတီ တစ်ခု ၏ ဂုဏ်သိက္ခာ ကို ထုတ်ဖော်ပြ
သလိုက်ခြင်း ဖြစ်ပြီး ထိုဆုံးဖြတ် ချက်အရ စစ်အစိုးရ သည် အကျပ် ရိုက်သွား နိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၏ တရားဝင်
မှုမှာ လည်း ရေစုန် မျော သွား နိုင်သည် ဟု ပြည်တွင်း ဗကသ ခေါင်းဆောင် တစ်ဦးက Freedom News Group သို့ 
ပြောသည်။

Continue reading “အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရွေးကောက်ပွဲ မ၀င်ရန် တညီတညွှတ်ထဲဆုံးဖြတ်”

ပါတီမှတ်ပုံတင်ရန် မလို ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် အများစု ဆုံးဖြတ်

ပါတီမှတ်ပုံတင်ရန် မလို ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် အများစု ကနဦး  ဆုံးဖြတ် ထားကြသည် ဟု သိရှိရသည်။ “ဦးအောင်ရွှေက ဒေါ်အောင်ဆန်းစုကြည် ဆန္ဒအတိုင်း သူလည်းရပ်တည်တယ်လို့  ပြောလိုက်ပြီဖြစ်ပါတယ် သူ စည်းဝေးပွဲ မတက်နိုင်ကြောင်း ခွင့်တိုင်ပြီး အစည်းအဝေးမှာ ဥက္ကဌရဲ့ သဘောထားပေးလိုက်တာပါ” 4: 15 PM Monday ဦးခင်မောင်ဆွေ. ဒေါက်တာသန်းငြိမ်းတို့က အစည်းဝေးကို ရွှေ့ဖို့ပြောသည် ဟု သိရသည်။ အကြောင်း မှာ ဥက္ကဌ ဦးအောင်ရွှေက မလာရောက် နိုင် သောကြောင့် ဟု သိရသည်။ ယခု ပါတီ ဆက်လက် ရှင်သန် ရေး အတွက် ဆွေးနွေးနေ သည် ၊(နေ့ လည် ၁ နာရီ) Continue reading ပါတီမှတ်ပုံတင်ရန် မလို ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် အများစု ဆုံးဖြတ်

Rate this:

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရွေးကောက်ပွဲ ၀င်ရေး နှင့် မ၀င်ရေး အစည်းအဝေး LIVE

“never accept”   because the laws are “unjust”. (Aung San Suu Kyi)   မိမိတို့ ပါတီကို ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ဆက်လက် ရပ်တည် သွားမည် ဟု သတင်းထောက်များ ကို ပြောကြားနေ သည့် ဦးဥာဏ်ဝင်း ဓာတ်ပုံ -အေပီ  လုံထိန်းကားများ ထပ်မံရောက်ရှိလာ 5:36 PM (ပါတီဆုံးဖြတ်ချက် ကြအပြီး) ယနေ့ အင်တာနက် ကော်နက်ရှင် သိပ်မကောင်း 11:29 AM Monday အကြိတ်အနယ် ဆွေးနွေးမှု အပြီး စုံညီ အစည်းအဝေး ခေတ္တ နားသည် ဟု သိရှိရသည်  11 : 55  AM Monday လူငယ် ၊ပြည်သူ နှင့် အမျိုးသမီး အဖွဲ့ ဝင် များ ကြားတောရလမ်း တစ်ဝိုက် တွင် … Continue reading အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရွေးကောက်ပွဲ ၀င်ရေး နှင့် မ၀င်ရေး အစည်းအဝေး LIVE

Rate this:

စာရွက်စာတမ်း ပုံနှိပ် ဖြန့်ချိလိုသည့် နိုင်ငံရေးပါတီများ ပုံနှိပ် ထုတ်ဝေခွင့် မှတ်ပုံတင်ကြေး အပြင် အာမခံကြေး ကျပ်ငါးသိန်း ပေးသွင်းရမည်

နိုင်ငံရေးပါတီ သစ်များစာပေစီစစ်ရေး၏ခွင့်ပြုချက်ရရှိမှသာ ပုံနှိပ်ထုတ်ဝေခွင့်ရရှိမည်ဖြစ်သည်

တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် ပါတီ၏ မူဝါဒ၊ သဘောထား

ရပ်တည်ချက်၊ မဲဆွယ်စည်ရုံးရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များ ပါရှိသော စာ

ရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်း  စာစောင်များအား ပုံနှိပ်ဖြန့်ချိလိုပါက ပုံနှိပ် ထုတ်ဝေခွင့်

သက်သေခံလက်မှတ် မှတ်ပုံတင်ကြေးကျပ်တစ်သိန်းအပြင် အာမခံကြေးငွေကျပ် ငါးသိန်းကို

ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများကြီးကြပ်မှု ဗဟို

အဖွဲ့သို့ ပေးသွင်းရမည်ဟု သက်ဆိုင်ရာက ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။ Continue reading “စာရွက်စာတမ်း ပုံနှိပ် ဖြန့်ချိလိုသည့် နိုင်ငံရေးပါတီများ ပုံနှိပ် ထုတ်ဝေခွင့် မှတ်ပုံတင်ကြေး အပြင် အာမခံကြေး ကျပ်ငါးသိန်း ပေးသွင်းရမည်”

အောက်တိုဘာ သို့ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ လုပ်မည် ဟု တရားဝင် ပြောကြား

ရွေးကောက်ပွဲ နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ ကို သတိပေး စကားပြောကြားခဲ့သည့် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ AP - Photo

အောက်တိုဘာ လ နောက်ဆုံးပတ် (သို့ မဟုတ် ) နိုဝင်ဘာ လ ပထမ ပတ် တွင်ရွေးကောက်ပွဲ ကျင်းပမည် ဟု ယနေ့ ကျင်းပသည့်
၆၅ နှစ် မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့ ) အခမ်းအနားတွင် အဆင့်မြင့် မြန်မာ စစ်ခေါင်းဆောင် တစ်ဦးက အေအက်(ဖ)ပီ
သတင်းဌာန ကိုတရားဝင်ပြောကြားသည်။ Continue reading “အောက်တိုဘာ သို့ နိုဝင်ဘာလတွင် ရွေးကောက်ပွဲ လုပ်မည် ဟု တရားဝင် ပြောကြား”

” ၀ “အမျိုးသမီး များအား စစ်ဖြစ်ပွားလာပါက မုဒိမ်းကျင့် ရန် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ ညွှန်ကြားထား

Rape em’ All : Command from Nay Pyaidaw

နေပြည်တော်တွင် ယနေ့  ကျင်းပသည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲ (AP Photo)

တင်ကျော်ကျော်စိုး ၊        ၊အကယ်၍ ထိတွေ မှု ရှိလာ ခဲ့ပါက ထိုအချိန်ကာလ နှင့် ထိုအချိန် ကာလ
မရောက်ခင် အချိန်များတွင်နယ်ခြားစောင့် တပ်ဖွဲ့ စည်းရန် ငြင်းဆိုသည့် ၀ တပ်ဖွဲ့ မှ လက်နက်ကိုင် အမျိုးသမီးများ အား မုဒိမ်းကျင့်ရန်နေပြည်တော် မှ တိုက်ရိုက် အမိန့် ပေးထားသည် ဟု ရှမ်းပြည် အရှေ့ မြောက် ပိုင်းတွင် အခြေစိုက်သည့် မြန်မာစစ်တပ် မှ အမည် မဖော်လို သည့် အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “” ၀ “အမျိုးသမီး များအား စစ်ဖြစ်ပွားလာပါက မုဒိမ်းကျင့် ရန် နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ ညွှန်ကြားထား”

စီအန်အန် သတင်းထောက်ကို စစ်အစိုးရ နှင်ထုတ်

နေပြည်တော်ရှိ တည်ဆောက်ဆဲ လွှတ်တော်သစ် March 26, 2010

ယနေ့ နေပြည်တော်တွင် ကျင်းပမည့် တပ်မတော်နေ့  အခမ်းအနားအတွက်
တရားဝင် သတင်းယူရန် ခွင့်ပြုချက်ရရှိထားသည့် အမေရိကန်
အခြေစိုက် ကမ္ဘာ့ သတင်းဌာနတစ်ခုဖြစ်သည့် CNN သတင်းဌာန မှ
သတင်းထောက် ဒန် ရေးဗား ကို မြန်မာ စစ်အစိုးရက ပြည်ဝင်ခွင့် မပေး
ပဲ ပြန်လည် နှင်ထုတ်ခဲ့သည် ဟု သတင်းရရှိသည်။

ဒန်ရေးဗား သည် ၂၀၀၈ ခုနှစ် မေလ က နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်
မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး သတင်းယူစဉ် နိုင်ငံတွင်း မှ နှင်ထုတ်
ခံရခြင်း မှတ်တမ်းရှိ သောကြောင့် ထိုကဲ့သို့ ပြည်ဝင်ခွင့် လက်မခံရခြင်း
ဖြစ်သည် ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ Continue reading “စီအန်အန် သတင်းထောက်ကို စစ်အစိုးရ နှင်ထုတ်”

လွှတ်တော် နှစ်ရပ်က အတည်ပြု ပြီးနောက် သမ္မတ မှ လက်မှတ်ရေးထိုး ၍ ဥပဒေအဖြစ် အတည်ပြု

President Sign Into Law Continue reading လွှတ်တော် နှစ်ရပ်က အတည်ပြု ပြီးနောက် သမ္မတ မှ လက်မှတ်ရေးထိုး ၍ ဥပဒေအဖြစ် အတည်ပြု

Rate this:

တရားရုံးချုပ်က NLD ၏ တရားစွဲဆိုမှုကို လက်မခံ ပယ်ချ

Burma junta rejects election law lawsuit

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးဥာဏ်ဝင်း (NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်)
၊နှင့် ဦးကြည်ဝင်းတို့၏ စစ်အစိုးရ ကို အမှုဖွင့်ရန်အတွက် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ လျှောက်ထားမှု ကို
စစ်အစိုးရ ၏ တရားရုံးက လက်မခံဘဲပယ်ချလိုက်သည် ဟု သိရသည်။ Continue reading “တရားရုံးချုပ်က NLD ၏ တရားစွဲဆိုမှုကို လက်မခံ ပယ်ချ”

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဘီကီနီ ဖက်ရှင်မယ် ပြိုင်ပွဲ ကို ငွေဆောင်ဉ် ကျင်းပမည်

ဆယ်နှစ်ပြည့်ငွေဆောင် ကမ်းခြေ ပျော်ပွဲ၊ရွှင်ပွဲ လက်ကမ်း ကြော်ငြာ

ငွေဆောင် ကမ်းခြေ ဆယ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ငွေဆောင် ဇုန် ဟိုတယ် လုပ်ငန်း ရှင်များ အသင်း
ကကြီးမှုးပြီး ငွေဆောင် ကမ်းခြေ ၁၀ နှစ် ပြည့် အထိမ်း အမှတ် အခမ်းအနား ကို မတ် ၂၅ရက်မှ ၂၈ရက်
အထိ ကျင်းပ မည်ဟု ငွေဆောင် ရှိ Myanmar Treasure Resort မှ ၀န်ထမ်းတစ်ဦးက
Freedom News Group သို့ ပြောသည်။

ဆယ်နှစ်ပြည့် အခမ်းအနားတွင်  သဲသောင်ပြင် ဘောလုံး ပြိုင်ပွဲများ၊ ဓာတ်ပုံ ပြိုင်ပွဲ များ၊ စတိတ်ရှိုး
အစီအစဉ် များအပြင် Miss Ngwe Saung 2010 အမည်ရှိ Bikini Contest  ပြိုင် ပွဲ တစ်ခုကိုလည်း
ထည့်သွင်း ကျင်းပမည် ဖြစ်သည်။ Continue reading “မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဘီကီနီ ဖက်ရှင်မယ် ပြိုင်ပွဲ ကို ငွေဆောင်ဉ် ကျင်းပမည်”

နှစ်နိုင်ငံဆက်ဆံရေး ကို အလေးထားသော အားဖြင့် ကိုညီညီအောင် ကို ပြန်လွှတ်

Junta  Needs Friendship Forever With U.S. ယနေ့ ထုတ် စစ်အစိုးရ အာဘော် သတင်းစာ နှစ်စောင်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ မေတ္တာရပ်ခံချက် အရ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားပြီး အမေရိကန် နိုင်ငံသား ခံယူထား သူ ကိုညီညီအောင် ခေါ် စန်းနိုင် အား ပြန် လွှတ်လိုက်သည် ဟု ပါရှိသည်။ မြန်မာ စစ်အစိုးရသည် ယခင်က အမေရိကန် အစိုးရ အား ငပွကြီး ဟု သုံးနှုန်းခဲ့သော်လည်း ၀ တပ်ဖွဲ့ က အာခံပြီး နောက်ပိုင်း တွင် ထို အသုံးအနှုန်း အားလျှော့ ချကာ နေ့ စဉ် သတင်းစာ များတွင် အီရတ် နှင့် အာဖဂန် နစ္စတန် တွင် ဗုံးကွဲမှု ၊ အရပ်သား နှင့် အမေရိကန် … Continue reading နှစ်နိုင်ငံဆက်ဆံရေး ကို အလေးထားသော အားဖြင့် ကိုညီညီအောင် ကို ပြန်လွှတ်

Rate this:

ရန်ကုန်မှာ ရွေးကောက်ပွဲ ဥပဒေ ဆန့် ကျင် စာများ ဝေ

Share/Bookmark
ရန်ကုန်မြို့ တွင်ဝေငှခဲ့သည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ဆန့် ကျင်စာများ၂၀၀ရ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ မှ ဦးဆောင်၍ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းရန်ကုန်
မြို့ ရှိ လူစည်ကား သောနေရာများတွင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အသက်သွင်းမည့် ၂၀၁၀ ရွေး
ကောက်ပွဲ ဥပဒေကို ဆန့် ကျင်ကြရန် လှုံဆော်သည့် စာများ လိုက်လံဝေငှခဲ့သည်။ Continue reading “ရန်ကုန်မှာ ရွေးကောက်ပွဲ ဥပဒေ ဆန့် ကျင် စာများ ဝေ”

ကိုညီညီအောင် ပြန်လည်လွတ်မြောက်

Junta frees Myanmar-American to deport him

ကိုညီညီအောင်ပြန်လာ ချိန် ကိုစောင့်မျှော်နေသည့် သူ၏ချစ်သူ မ၀ါဝါကျော်

အမေရိကန် နိုင်ငံသားခံယူထားသည့် ကိုညီညီ အောင်သည့် ယနေ့ အင်းစိန် အထောင် အကျဉ်း
ထောင်မှနေ၍ ပြန်လည် လွတ်မြောက်လာသည် ဟု သတင်းရရှိသည်။

ကိုညီညီအောင် အား စတင်ဖမ်းဆီးခဲ့သည့် စက်တင်ဘာလ သုံးရက်နေ့ တွင် ရန်ကုန် နိုင်ငံတကာ
လေဆိပ် ဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။စက်တင်ဘာလအတွင်းက ဇာတိနိုင်ငံသို့ ပြန်လာသည့်ကိုညီညီ
အောင်အား ရန်ကုန်လေဆိပ်တွင်မြန်မာစစ်အစိုးရက ဖမ်းဆီးပြီးနောက် နိုင်ငံတွင်းသို့ အကြမ်းဖက်
လှုပ်ရှားမှုများပြုလုပ်ရန်ဝင်ရောက်လာသူဟု မြန်မာ စစ်အစိုးရက စွပ်ဆွဲခဲ့သည်။ Continue reading “ကိုညီညီအောင် ပြန်လည်လွတ်မြောက်”

ပုသိမ်-ချောင်းသာကားလမ်းရှိ ကျောက်ချောင်းကြီးတံတား ပြိုကျမှုဖြစ်ပွားခဲ့

News Eleven အင်တာနက် စာမျက်နှာမှ

Share

ပြိုကျမှုဖြစ်ပွားခဲ့သည့် ပုသိမ်-ချောင်းသာကားလမ်းရှိ  ကျောက်ချောင်းကြီးတံတားပြိုကျမှုဖြစ်ပွားခဲ့သည့် ပုသိမ်-ချောင်းသာကားလမ်းရှိ ကျောက်ချောင်းကြီးတံတား

ပုသိမ်မှ ချောင်းသာသို့ သွားသည့် လမ်းပေါ်ရှိ ကျောက်ချောင်း ကြီးတံတားမှာ မတ်လ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ Continue reading “ပုသိမ်-ချောင်းသာကားလမ်းရှိ ကျောက်ချောင်းကြီးတံတား ပြိုကျမှုဖြစ်ပွားခဲ့”