အမေရိကန်သံရုံးမှ ကောင်စစ်ဝန် ကိုညီညီအောင် နှင့် တွေ့ ခွင့်ရ

မတ်လ ၁၂ ရက်နေ့ က ပြည်မြို့ အကျဉ်းထောင်တွင် အမေရိကန် သံရုံးမှ ကောင်စစ်ဝန် Mr. Colin P.Furst နှင့်အဖွဲ့ဝင်တစ်ဦးတို့်  မြန်မာအစိုးရ က မတရားဖမ်းဆီး ထားသည့် နိုင်ငံရေး လှုပ်ရှားသူ ကိုညီညီအောင် နှင့် တစ်နာရီ ကျော်ကြာတွေ့ ဆုံခွင့် ပေးသည် ဟု သတင်းရရှိသည်။ Continue reading အမေရိကန်သံရုံးမှ ကောင်စစ်ဝန် ကိုညီညီအောင် နှင့် တွေ့ ခွင့်ရ

Rate this:

ထိုင်းဘုရင့်သမီးတော် ရွှေတိဂုံစေတီအား သွားရောက်ဖူးမြော်

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိ နေသည့် ထိုင်း
ဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံ မင်းသမီးသည် ယနေ့ ရွှေတိဂုံ စေတီသို့ 
သွားရောက်ဖူးမြော်ကြည်ညိုသည် ဟု ရန်ကုန်မှာလာသည့် ရိုက်တာ သတင်းတစ်ရပ်တွင်
ဖော်ပြထားသည်။

ထိုင်းဘုရင့် သမီးတော်အား  မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နေပြည်တော်တွင်
လက်ခံတွေ့ ဆုံခဲ့သည်။ ဓာတ်ပုံ-အေပီ၊ရိုက်တာ

Continue reading “ထိုင်းဘုရင့်သမီးတော် ရွှေတိဂုံစေတီအား သွားရောက်ဖူးမြော်”

ပြည်တွင်းထုတ် Computer Virus Cleaner CD ထွက်ရှိ

ပြည်တွင်းမှ ပရိုဂရမ်မာ ၃ ဦးစုပေါင်း၍ ကိုယ်တိုင်ရေးဆွဲထားသော Computer Virus Cleaner CD ထွက်ရှိလာကြောင်းသိရသည်။ အဆိုပါစီဒီတွင်ပါရှိသော Virus Cleaner Software ကို OK Virus Cleaner အဖွဲ့မှ ဖန်တီးထားခြင်းဖြစ်ပြီး ယင်း Software အပြင် USB နှင့်ပတ်သက်သည့် လုံခြုံရေး Software များနှင့် Recovery Software များကိုပါ အပိုထည့်သွင်းပေးထားကြောင်း သိရသည်။ Continue reading “ပြည်တွင်းထုတ် Computer Virus Cleaner CD ထွက်ရှိ”

ဆယ်တန်းဖြေဆိုဆဲ ကျောင်းသူ လေး သေဆုံးခဲ့ရသည့် ရန်ကုန် တိုက်ပြိုကျမှု သတင်းမှတ်တမ်း ဓာတ်ပုံများ

Continue reading ဆယ်တန်းဖြေဆိုဆဲ ကျောင်းသူ လေး သေဆုံးခဲ့ရသည့် ရန်ကုန် တိုက်ပြိုကျမှု သတင်းမှတ်တမ်း ဓာတ်ပုံများ

Rate this:

နှစ်များစွာစည်ကားခဲ့သည့် အင်းလျှားလမ်း တွင် မဏ္ဍပ်အနည်းအကျဉ်းသာဆောက်လုပ်ခွင့်ပြုမည်

ယူကွန်

လွမ်းမောဖွယ်ရာ အင်းလျှားလမ်း သင်္ကြန် မဏ္ဍပ်များ

ယခင် နှစ်များက တိုးမပေါက် အောင်စည်ကားခဲ့သည့် အင်းလျှားလမ်း တွင် မဏ္ဍပ် အနည်းငယ် ကိုသာ တည်ဆောက်
ခွင့်ရရှိတော့ မည်ဟု အင်းလျှားလမ်း တွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ရန် အတွက် သွားရောက် လျှောက်ထားခဲ့သူ တစ်
ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့ ရန်ကုန် တက္ကသိုလ် အနောက်ရှိ အင်းလျှားလမ်း တွင် အများပြည်သူများကို ရေကစားခွင့် မပေးတော့ကြောင်း
ကမာရွတ်မြို့ နယ် မယက ရုံးမှာ တာဝန်ရှိသူ တစ်ဦးက မဏ္ဍပ် လာရောက်လျှောက်ထားသူများကို ပြောသည်။

အင်းလျှားလမ်း တွင်ပြည်သူများ မဏ္ဍပ် ဆောက်ခွင့် မရသော် လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖြစ်သူ နေရွှေ
သွေးအောင် အပါအ၀င် မြန်မာ အခွင့်ထူးခံ အချို့ မှာ မူ မဏ္ဍပ် ဆောက်လုပ်ခွင့်ရကြသည် ဟု စုံစမ်းသိရှိရသည်။ Continue reading “နှစ်များစွာစည်ကားခဲ့သည့် အင်းလျှားလမ်း တွင် မဏ္ဍပ်အနည်းအကျဉ်းသာဆောက်လုပ်ခွင့်ပြုမည်”

ဖို့ ဝန်းရှိမြန်မာ မ၀င်ရ ဆိုင်းဘုတ် အတွက် ဆိုင်ရှင်ကတောင်းပန်

အကြွေစေ့ဖြင့် အ၀တ်လျှော် ရသည့်  Ricker Oil Co.’sကို တည်ထောင်ထားသူ နှင့် ဥက္ကဌ ဖြစ်သူ Jay Ricker က ထိုဆိုင်းဘုတ် အတွက် မြန်မာ များကိုတောင်းပန်ကြောင်း အေပီသတင်း ဌာန ကို ပြောကြားခဲ့ပြီး ယူတုဘ် တွင် လည်း သူ၏ တောင်းပန်စကား ဗီဒီယို ကို တင်ထားသည်။ အမေရိကန် နိုင်ငံအင်ဒီယားနားပြည်နယ် ဖို့ ဝန်းတွင် မြန်မာ ဒုက္ခသည် ငါးထောင်ခန့် အခြေချနေ ထိုင်သည်။ Continue reading ဖို့ ဝန်းရှိမြန်မာ မ၀င်ရ ဆိုင်းဘုတ် အတွက် ဆိုင်ရှင်ကတောင်းပန်

Rate this:

မုံရွာတွင် ပြင်းအား ၅.၄ အဆင့်ရှိသည့် ငလျှင် လှုပ်၍ဒေသခံများ ထိတ်လန့် 

Moderate quake hits Myanmar: USGS

ပြင်းအား ၅.၄ အဆင့်ရှိသည့် ငလျှင် တစ်ခု မြန်မာ နိုင်ငံအနောက် မြောက်ဘက် မုံရွာမြို့ ကို ဗဟိုပြု
၍လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့ US Geological Survey က သတင်း
ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ် က စစ်အစိုးရ ရုံးစိုက်ရာနေပြည်တော်တွင် အင်အားအသင့်အတင့်ရှိ ငလျှင်
လှုပ်ခတ်ပြီးနောက် သီတင်း တစ်ပတ် အတွင်း ဒုတိယမြောင်ငလျှင် ဖြစ်သည် ဟု ရန်ကုန် စာနယ်
ဇင်းသမား တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “မုံရွာတွင် ပြင်းအား ၅.၄ အဆင့်ရှိသည့် ငလျှင် လှုပ်၍ဒေသခံများ ထိတ်လန့် ”

နိုင်ငံတကာ ဂေါက်သီးရီုက်ပြိုင်ပွဲ ကို ပုဂံ လေကြောင်း လိုင်းက စီစဉ်

ယူကွန်

ဂေါက်သီးရီုက်ချံပီယံကြည်လှဟန်

Myanmar Open 2010 ဟု အမည်ပေးထားသည့် အာရှအဆင့် ဂေါက်သီးရိုက် ပြိုင်ပွဲ ကို ဧပြီလ ၈ ရက်မှာမြန်မာ သင်္ကြန် အကြိုနေ့ မတိုင်ခင် နှစ်ရက် အလို ထိကျင်းပမည် ဟု မတ်လ ၆ ရက်နေ့ က ဆီဒိုနား ဟိုတယ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

Myanmar Open သည် ၁၉၉၆ ခုနှစ်တွင် စတင်ကာ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် ထိရပ်နားခဲ့သည်။ယခုပြန်လည်စတင်မည့် ပွဲစဉ်တွင် ဆုကြေးငွေ ဒေါ်လာသုံးသိန်း အသုံးပြုမည် ဖြစ်ကြောင်း နှင့် ပထမ ဆုရရှိသူသည်ဒေါ်လာ ငါးသောင်းဆုချီးမြှင့် ခံရမည်ဖြစ်သည် ပြိုင်ပွဲတွင် ဆုရရှိသူများကိုသင်္ကြန်ချိန်ခါ  နိုင်ငံတ၀ှမ်း လည်ပတ်နိုင်ရန်  အဲ ပုဂံ က စီစဉ်ပေးမည် ဖြစ်သည်။ Continue reading “နိုင်ငံတကာ ဂေါက်သီးရီုက်ပြိုင်ပွဲ ကို ပုဂံ လေကြောင်း လိုင်းက စီစဉ်”

ဘဏ် ငွေစာရင်း ခိုးယူမှုများ ဖြစ်ပွားလာခြင်းကြောင့် မိမိ၏ ငွေစာရင်းကို ပြန်လည် စစ်ဆေးရန်လို

သီရိထက်

အမေရိကန်နိုင်ငံ၏အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်သည့်Wells Fargo ဘဏ်၏ ဘဏ်ခွဲတစ်ခု

မတ်လ ၁၀ ရက်နေ့ မှ စ၍ အမေရိကန် နိုင်ငံတွင် ဘဏ်ငွေစာရင်း ဖွင့် ထားသူများမှာ မိမိ၏ ငွေစာရင်း အား အခြားတစ်ယောက်ယောက် မှ ခိုးယူသုံးစွဲ မှု များ ဖြစ်ပေါ်ခဲ့ကြောင်း Freedom News မှ စုံစမ်း သိရှိရသည်။

ထိုသို့ ငွေစာရင်းခိုးယူမှု များသည် အွန်လိုင်း တွင် အရောင်းအ၀ယ် နှင့် ငွေချေးခြင်း (Online Bill Payment)ပြုလုပ်နေသူများ တွင် အများဆုံး ဖြစ်ပွားပြီး အထူးသဖြင့် ဒေသန္တရ ဘဏ် (Local Bank ) နှင့် Credit Unionများ တွင် စုဆောင်းငွေ (Saving Acc) နှင့် စာရင်းရှင် (Checking Acc) ဖွင့်ထားသူများ တွင် အများဆုံးဖြစ်ပွားခြင်းဖြစ်သည်။ Continue reading “ဘဏ် ငွေစာရင်း ခိုးယူမှုများ ဖြစ်ပွားလာခြင်းကြောင့် မိမိ၏ ငွေစာရင်းကို ပြန်လည် စစ်ဆေးရန်လို”

ရန်ကုန်တွင် စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေကို မကျေနပ်မှု များရှိ

Burmese  Outrage Junta ‘s Election Law Unfair ရန်ကုန်အပါအ၀င်နယ်မြို့ များဉ် တနင်္လာနေ့ ကထုတ်ပြန်သည့် စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေ ကို  ပြည်သူများက မကျေနပ်မှု ပိုမိုများပြားလာသည် ဟု သတင်းရရှိသည်။ ထိုဥပဒေသည် စစ်အစိုးရ ၏ လက်တစ်လုံးခြား ကလိန်ကျမှု နှင့် မတရားမှု ပင်ဖြစ်ကြောင်းပြည် သူတို့ ကသုံးသပ်သည်။ထိုအသစ်ထွက်ရှိလာသည့် ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ခေါင်းဆောင် အချို့ ကိုပါဝင်ခွင့်မပေးသဖြင့် ပြည်သူများက မကျေနပ်ခြင်းဖြစ်သည်။ Continue reading ရန်ကုန်တွင် စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေကို မကျေနပ်မှု များရှိ

Rate this:

စစ်အစိုးရ ကောင်းမှု သတင်းစာနှင့် ဂျာနယ် ရောင်းသူများအရှုံးပေါ်

ဟိန်းခိုင်ထွန်း
အခုတော့ ဒီသတင်းစာထုတ်ကြီးရော ဘယ်လိုလုပ်မလဲ ရောင်းရမယ် ထင်လို့ ဟု ပြောသူမှာ
သင်္ဃန်းကျွန်းမြို့ နယ်မှ သတင်းစာ၊ဂျာနယ် လက်ပွေ့ ရောင်းသူ တစ်ဦးဖြစ်သည်။သူက ဆက်ပြီး
သားအကြီးကောင် ဆယ်တန်းဖြေမှာမို့ အနီးကပ်လေးထားလို့ ရပြီ ဆိုပြီးရင်းလိုက်တာ အခုတော့
လေးစောင်ပဲ ပိုရောင်းရတယ် ဟု သူ က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ ပါရှိသည် ဆိုသည့်
သတင်းစာ ပုံကြီး ကိုကြည့်ကာ မျက်ရည်လေး တစ်ရှုံရှုံ့ ဖြင့်ပြောသည်။ Continue reading “စစ်အစိုးရ ကောင်းမှု သတင်းစာနှင့် ဂျာနယ် ရောင်းသူများအရှုံးပေါ်”

စစ်တပ်ထဲတွင် ပြည့်တန်ဆာ ခန်းများဖွင့်

ယူကွန် ၊                     ၊အင်္ဂါနေ့  ၇း ၃၅
ရန်ကုန် နှင့် နယ်မြို့ များရှိ စစ်တပ် အခြေစိုက် စခန်းများတွင် ကာရာအိုကေဆိုင် များ ၊ဗြူတီဆလွန်းများ
နှင့် တွဲဖက်၍  ပြည့်တန်ဆာရုံများပါတွဲဖက်ဖွင့် လာသည်ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ဘောက်ထောက်ရှိယခင် တပ်မတော် မှတ်တမ်းရုံး နေရာ ယခု အိမ်ထောင်သည် လိုင်းများ နေ
ရာတွင် အနှိပ် ခန်း နှင့် တွဲဖက် လုပ်ကိုင်သည့် ပြည့်တန်ဆာ ရုံနှစ် ခု ထက်မနည်းရှိကြောင်း ထိုနေရာသို့ 
သွားရောက်ဖူးသည့် ရန်ကင်း ၁၂ လုံးတန်းမှ လူငယ် တစ်ဦးက Freedom News Group သို့ ပြောသည်။ Continue reading “စစ်တပ်ထဲတွင် ပြည့်တန်ဆာ ခန်းများဖွင့်”

ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ

၁၆ : ၃၆ တနင်္လာနေ့ 

Myanmar Enacts Election Law ,But No Date For Poll
ဟိန်းခိုင်ထွန်း

ယနေ့ ညနေ လေးနာရီ အချိန် တွင် ၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲဥပဒေကို
ကြေညာလိုက်ပြီ ဖြစ်သည်။ထိုရွေးကောက်ပွဲ ဥပဒေ အသေးစိတ် ကို မနက်ဖြန် တွင်
ထွက်ရှိမည့် သတင်းစာ တွင် ဖော်ပြပေးသွားမည် ဟု ဆိုသည်။ Continue reading “ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ”