ဈေးမီးလောင်မှု ဖြင့် ဆိုင်ပိုင်ရှင် သုံးဦးကိုဖမ်း

မေလ ၂၄ ရက်နေ့ က ရန်ကုန် မြို့ မင်္ဂလာ ဈေး မီးလောင် မှု တွင် အဓိက တာဝန် ရှိသည့် ဆိုင်ရှင် သုံးဦးကို
မင်္ဂလာ တောင်ညွှန့် ရဲ စခန်း မှ ဖမ်းဆီး၍ အမှု ဖွင့် အရေးယူထားသည် ဟု ယနေ့ ထုတ်ကြေးမုံ သတင်းစာတွင်
ဖော်ပြထားသည်။ Continue reading “ဈေးမီးလောင်မှု ဖြင့် ဆိုင်ပိုင်ရှင် သုံးဦးကိုဖမ်း”

စစ်ရိပ် ၊ စစ်ငွေ့ သမ်း နေ သည့် ကိုရီးယား ကျွန်းဆွယ် တွင် နှစ်ဖက်တပ်လှန့် ထားမှု ကြောင့် နိုင်ငံခြား အလုပ်သမားများ ပြည်တော်ပြန်

Tensions are rising on Korean peninsula

Analysis: North Korea tests U.S. policy of ‘strategic patience’

မတ်လ ၂၆ ရက်နေ့ က တောင်ကိုးရီးယား စစ်သဘောင်္နစ် မြုပ်ခဲ့ရခြင်း သည် ကွန်မြူနစ် မြောက်ကိုရီးယား
၏ လက်ချက် ဖြစ်သည် ဟု စုံစမ်း စစ်ဆေး ချက် များ ထွက် ပေါ်လာပြီး ကိုရီးယား ကျွန်း ဆွယ်တွင် စစ်ရေး
တင်းမာ မှု များ ပေါ်ပေါက်လာ သည် ဟု ဆိုလ်းမြို့ ရှိ စားသောက်ဆိုင် တစ်ခု တွင် မန်နေဂျာ အဖြစ် လုပ်ကိုင်
သည့် ကိုထွန်းထွန်း က Freedom News Group သို့ ပြောသည်။

တောင်ကိုရီးယား နိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေ များ နှင့် ပတ်သက်၍ ကိုထွန်းထွန်းက
နှစ်ဖက် စလုံး စစ်ရေး အသင့် ပြင်ထားကြတယ် ဘယ်လို ဖြစ်လာမလဲ တော့ မသိဘူး ။လမ်းတွေ မှာ တော့ အရေးပေါ် သတိပေးတဲ့ ဥသြ တွေ ကို ပြန်ပြင် နေတယ်။ ဖိလစ်ပိုင်၊ဗီယက်နမ် နဲ့  မလေး က လာ အလုပ်လုပ်
တဲ့ သူ တွေ တော့ ပြန်ကုန် ပြီ “ဆိုလ်း မြို့ ၏ အခြေအနေနှင့် ပတ်သက်၍ သူက ပြောသည်။

မြောက်ကိုရီးယား နိုင်ငံ ကမူ ထို သဘောင်္နစ်မြုပ်မှု သည် ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားသော်
လည်း လွန်ခဲ့သည့် သီတင်းပတ် မှ စ၍ နှစ်နိုင်ငံ နယ်စပ်ရှိ ၎င်း တို့  ၏ ပန်မွန်ဂျုံ အပါအ၀င် နှစ် နိုင်ငံ နယ်စပ်
တွင် စစ်ရေး တိုး မြှင့် လုပ်ဆောင် မှု များ ပြုခဲ့သည်။ Continue reading “စစ်ရိပ် ၊ စစ်ငွေ့ သမ်း နေ သည့် ကိုရီးယား ကျွန်းဆွယ် တွင် နှစ်ဖက်တပ်လှန့် ထားမှု ကြောင့် နိုင်ငံခြား အလုပ်သမားများ ပြည်တော်ပြန်”

ကဗျာဆရာ ကိုစောဝေ အကျဉ်းထောင်မှ လွတ်မြောက်

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား ကဗျာ ဖြင့် သရော်ခဲ့သည့် ကဗျာဆရာ စောဝေ
သည် ယနေ့ မနက် အစောပိုင်း က ရမည်းသင်း အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း
ကိုစောဝေ ၏ ဇနီးဖြစ်သူ မနန်းစန်းစန်းအေး က ပြောသည်။ သူညနေ လောက် အိမ်ကို ပြန်ရောက် လာလိမ့်
မယ် ။အခုတော့ လွတ်တာ သေချာ သွားပြီ။ သူနဲ့ တယ်လီဖုန်းပြောပြီး ပြီ ဟု ပြောသည်။ Continue reading “ကဗျာဆရာ ကိုစောဝေ အကျဉ်းထောင်မှ လွတ်မြောက်”

မီးလောင်မှု ကြောင့် ဆုံးရှုံးခဲ့ရသည့် ပစ္စည်း တန်ဖိုးများ ပြန်လည်ပေးလျှော်ခြင်း နှင့် ယခုလက်ရှိ နေရာနှင့် အနီးတ၀ိုက် တွင် ပင် ယာယီဈေးအား ချက်ခြင်းနေရာ ချထားပေးမှု မပြုပါ က မင်္ဂလာဈေးသူ၊ဈေးသား တို့ ဆန္ဒပြမည် ဟု သတင်းရရှိ

ဟိန်းခိုင်ထွန်း

မေလ ၂၄ နှင့် ၂၅ နေ့ များ တွင် နှစ်ရက်ဆက်တိုက် မီးလောင်မှု ကြောင့် ဆုံးရှုံးခဲ့မှု နှင့် ကြုံတွေ့ ခဲ့ရသည့်
မင်္ဂလာ ဈေး၊ဈေးသူ ဈေးသား များ အနေဖြင့် ၎င်း တို့ ၏ ဆုံးရှုံးမှု တန် ဖိုး ကို အစိုးရ က ပြန်လည်ပေးလျှော်
ရန် တောင်းဆိုမည့် လှုပ်ရှားမှု တစ်ခု ပြုလုပ်မည် ဟု သတင်းရရှိသည်။ Continue reading “မီးလောင်မှု ကြောင့် ဆုံးရှုံးခဲ့ရသည့် ပစ္စည်း တန်ဖိုးများ ပြန်လည်ပေးလျှော်ခြင်း နှင့် ယခုလက်ရှိ နေရာနှင့် အနီးတ၀ိုက် တွင် ပင် ယာယီဈေးအား ချက်ခြင်းနေရာ ချထားပေးမှု မပြုပါ က မင်္ဂလာဈေးသူ၊ဈေးသား တို့ ဆန္ဒပြမည် ဟု သတင်းရရှိ”

Protected: ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်ခဲ့သည့် ထက်ထက်မိုးဦး အား တရားရုံးမှ မှန်ကန်စွာ ဖြေရှင်းမှု မပြုလျှင် ဆန္ဒထုတ် ဖော်မည် ဟု စာနယ်ဇင်း သမား တို့ ပြော

This content is password-protected. To view it, please enter the password below.

မင်္ဂလာ ဈေးမီး ၂၄ နာရီ ကျော်ကြာလောင်ကျွမ်းခဲ့ပြီး နောက် ကုန်ဈေးနှုန်းများ စတင်တက်

မီးလောင်ကျွမ်းမှု အား ည ၈ နာရီခန့် ကတွေ့ ရစဉ် ဓာတ်ပုံ - ရိုက်တာ

မေလ ၂၄ ရက်နေ့ နံနက် ၈း ၃၀ မိနစ် အချိန် ကတည်းက စတင်လောင်ကျွမ်းနေသည့်  ရန်ကုန် မြို့ မင်္ဂလာ
တောင်ညွန့် မြို့ နယ် မအူကုန်း လမ်းဆုံရှိ မင်္ဂလာ ဈေးမီးသည် ယနေ့ နံနက် ၈း၃၀ အချိန် ခန့် မှ မီးစွယ်ကျိုး
သွား သဖြင့် ရန်ကုန် မြို့ ၏ မီးလောင် မှု သမိုင်း တွင် အဆိုးရွားဆုံး စာရင်း ၀င်ခဲ့သည်။ လွန်ခဲ့သည့် နှစ် နှစ်
ဆယ်ခန့် က တာမွေ အိုးစု နှင့် မြောက်ဥက္ကလာ နှစ် ရက်ဆက် တိုက် မီးလောင်မှု များသည် နာရီ ခြောက်ဆယ်
ကျော် ထိ ကျွမ်းလောင်ခဲ့သည် ။ Continue reading “မင်္ဂလာ ဈေးမီး ၂၄ နာရီ ကျော်ကြာလောင်ကျွမ်းခဲ့ပြီး နောက် ကုန်ဈေးနှုန်းများ စတင်တက်”

မင်္ဂလာ ဈေး မီးလောင်ကျွမ်းမှု အား နိုင်ငံခြား သတင်းဌာနများမှ ဖော်ပြထားသည့် ဓာတ်ပုံများ

Huge fire at Myanmar market
Continue reading “မင်္ဂလာ ဈေး မီးလောင်ကျွမ်းမှု အား နိုင်ငံခြား သတင်းဌာနများမှ ဖော်ပြထားသည့် ဓာတ်ပုံများ”

မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား(ဗီဒီယို)

အချိန် နှင့် တပြေးညီ တင်ဆက်မှုများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်

အချိန် နှင့် တပြေးညီ တင်ဆက်ထားသည့် ဓာတ်ပုံများ ကို ဤနေရာမှာ လည်း ကြည့် ရှု နိုင်သည်

ရှုထောင့် ပေါင်းစုံမှ ရိုက်ကူးထားသော ပုံများ ကို ဤနေရာတွင် လည်း ကြည့်ရှု နိုင်သည်

Updates ၂၄း ၃၀ မီးသတ်သမား ဈေးအတွင်း သို့ စတင်ဝင်ရောက် နိုင် မီးလောင်ကျွမ်းမှု မရပ်သေး

Updates ၂၁း ၀၀ တမြေ့မြေ့ လောင်ကျွမ်းနေ သည့် မီးအား တဖွဲဖွဲ လာရောက်ကြည့်ရှုသူများ ယခု အချိန်ထိရှိနေဆဲ ၊လမ်းကျယ် ၊ကန်တော် လေး နှင့် မအူ ကုန်း တွင် လျှပ်စစ်မီးများ ဖြတ်တောက်ထား

Updates ၂၀း ၅၀ ယနေ့ နံနက် ၈း၃၀ တွင် လေးထပ် မှ ၀ါယာ ရှောခ် ဖြစ်၍ မီးလောင်ကျွမ်းခြင်းဖြစ်သည်
ဟု အတည်ပြုပြောကြားသည်။ မီးစတင် လောင်ကျွမ်း ချိန် တွင် ဈေးသူ၊ဈေးသား များ ပစ္စည်း သယ်ရန် အချိန်ရ
သော် လည်း မီးသတ် ဌာန မှ မီးဆက်လက် မလောင်ရန် တာဝန် ယူသည် ဟု ဆိုကာ ပစ္စည်း များ သယ်ဆောင်ခြင်း
ခွင့်မပြု ဟု သိရသည်။

မီးလောင်ကျွမ်းရာ မှ ထွက်ပေါ်နေသည့် မီးခိုးများ အား နေ့ လည် ၁၂ နာရီ အချိန် တွင် တွေ့ ရစဉ်

Updates ၂၀း ၃၀ ဈေး၏ အနောက်ဘက်ခြမ်း လေးထပ် နေရာမှ ကွန်ကရစ်များ ပြိုကျ ညဘက်ထိ မီးလောင်ကျွမ်းမှု ဆက်လက် ငြိမ်းသတ်နေရဆဲ

Updates ၁၉း ၃၀ ည ၈ နာရီ အချိန် ထိ မီးလောင်ကျွမ်းနေဆဲ ဖြစ်ပြီး မီးသတ် သမား နှစ်ဦးအပါအ၀င် ၃၆ ဦးဒဏ်ရာပြင်းထန် စွာရ၍ ဆေးရုံ သို့ ပို့ ဆောင် ရ

Updates ၁၆း ၃၀ မီးလောင်ကျွမ်းခဲ့သည့် အဆောက် အဦ နေရာ အချို့ တွင် ပြိုကျ မှုဖြစ်ပွား Continue reading “မင်္ဂလာဈေး မီးလောင်၊ဆုံးရှုံးမှု များပြား(ဗီဒီယို)”

ဒီတစ်ပတ် သတင်းဓာတ်ပုံ

ရန်ကုန်တိုင်း ဒလ မြို့ နယ်တွင် ပေါ်ပေါက်နေသည့် ဒေသခံပြည်သူများ၏ သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲ
သောက်သုံးရေ ပြတ်တောက်မှု ကြုံတွေ့ နေရသည့် ဒလမြို့
ရေပြတ်လပ်မှု ဘေးဒုက္ခ ကြုံနေရသည့် ပြည်သူများအား စစ်အစိုးရ က လျှစ်လျှူရှု ထားမှု ကြောင့် ပြည်သူများ ရေရရှိရေး အတွက်ည စေတနာရှင် ပြည်သူများက လာရောက်လှုဒါန်းသည် ကို တွေ့ ရစဉ်
မီးလောင်၍ ပြိုကျပျက်စီးသွားသည့် ဘန်ကောက်မြို့ ရှိ Central World Shopping ပလာဇာ
၆၃ ကြိမ်မြောက် ကန်း(စ)ရုပ်ရှင်ပွဲတော်တွင် Palm d' Or ခေါ် အကောင်းဆုံးဇာတ်ကားဆုအား ထိုင်း ဇာတ်ကား Uncle Boonmee Who Can Recall His Past Lives မှ ရရှိသွားသည်။ ထိုဇာတ်ကားသည့် ထိုင်းလူမျိုး တို့ ၏ ကိုးကွယ် ယုံကြည်မှု ရိုးရာ ဓလေ့ နှင့် တမလွန် အယူအဆ များ ကို ရိုက်ကူးပြထားခြင်း ဖြစ်သည်။ ပုံတွင် ဆုတက်ရောက် လက်ခံ ယူသည့် ထိုဇာတ်ကား ၏ ဒါရိုက်တာ Apichatpong Weerasethakul အား မင်းသမီးချားလော့ ဂရန်းဘဂ် နှင့် အတူတွေ့ ရစဉ်
လုံမဏီ ပန်းခြံ အတွင်း နှင့် အနီဝတ် တို့ စွန့် ခွာသွားသည့် နေရာများမှ သိမ်းဆည်းရမိသည် ဆိုသည့် လက်နက် ခဲယမ်း များ ကို စနေနေ့ က ထိုင်း အစိုးရ က နိုင်ငံခြား သတင်းထောက် များ၊သံတမန် များ ရှေ့ ဉ် သတင်းစာရှင်း လင်းပွဲ ပြုလုပ်နေစဉ် ထို သတင်းစာရှင်း လင်းပွဲ သို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် လည်းတက်ရောက်ခဲ့သည် ဟု သတင်းရရှိသည်။

Continue reading “ဒီတစ်ပတ် သတင်းဓာတ်ပုံ”

ဒီတစ်ပတ် သီချင်းသစ်များ နှင့် ဖျော်ဖြေရေး

ရီဟားနား ရဲ့ Rock Star 101 Feat : Slash (ယခင် Guns ‘N’ Roses အဖွဲ့ မှ ဂီတာသမား)

ကက်ရှာ ရဲ့ သီချင်းသစ် Your Love is My Drug

၂၀၁၀ ကမ္ဘာ့ ဖလား အတွက် ရွေးချယ်ခြင်းခံရသည့် ဆိုမာလီ အဆိုတော် ကနန်း နှင့် စပန်းနစ်ရှ် ပေါပ်စတား ဒေးဗစ် ဘစ်ဘဲလ်  ရဲ့ Waving Flag (MTV karaoke Version)language Somalian ,English,Spanish (ထိုသီချင်းသည် ကမ္ဘာ့ ဖလားပွဲ ၏ အဖွင့် သီချင်းအဖြစ် သီဆိုမည် ဖြစ်သည်)

ဒေးဗစ် ဂတ်တာ ၊ဖာဂီ ၊ခရစ်ဝီလီ နှင့် LMFAO တို့ ရဲ့ Getting Over You
Electro -House  ,Electro – Hop , Dance

နာမည်ကျော် အမေရိကန် မျက်နှာဖုံးစွပ် အက အဖွဲ့  ဂျက်ဘာဝေါ ကိဇ် (Jabbawockeez)

Continue reading “ဒီတစ်ပတ် သီချင်းသစ်များ နှင့် ဖျော်ဖြေရေး”

သခင် စိုးမြင့် ဈာပန အခမ်းအနား လိုက်ပါ ပို့ ဆောင် နှုတ်ဆက်သူများဖြင့်စည်ကား

သခင် စိုးမြင့် ၏ နောက်ဆုံးခရီး Photo : FNG

ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ ဥက္ကဌနှင့် ဗဟို လယ်သမားများ အဖွဲ့ခေါင်းဆောင် သခင် စိုးမြင့် ၏ ဈာပန အခမ်းအနားကို ယနေ့ ကျင်းပရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်အဖွဲ့ ဝင်များ၊ ၀ါရင့် နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် များ ၊ကျောင်းသား ပြည်သူ အချို့ နှင့် နိုင်ငံခြား သံရုံးများ
မှ သံတမန် များ လိုက်ပါ ပို့ ဆောင်ကြသည်။ Continue reading “သခင် စိုးမြင့် ဈာပန အခမ်းအနား လိုက်ပါ ပို့ ဆောင် နှုတ်ဆက်သူများဖြင့်စည်ကား”

ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ် အား တွေ့ မြင်ရ

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ထောက်ကြံမြို့ နယ်မှ တွေ့ ရစဉ် ယခင် သီတင်းပတ် က သောကြာကြယ် နှင့် လ တို့ နီးကပ်မှု ဖြစ်စဉ် ကြောင့် မြန်မာ နိုင်ငံတွင်
အုတ်အော် သောင်း နင်း ဖြစ်ပြီး နောက် ထိုင်း နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် ယနေ့ မနက် ၁၁
နာရီ ခန့် က နေထီး ဆောင်းမှု ဖြစ်စဉ် ကို တစ်နာရီ ခန့် တွေ့ မြင်ရသည် ဟု မော်လမြိုင်မြို့ မှ
ဆရာ မ တစ်ဦး က Freedom News Group သို့ ပြောသည်။

နေထီးဆောင်းမှု ဖြစ်စဉ် အား ရန်ကုန် မြို့ ရှိ လှည်းတန်း ၊ ရန်ကုန် မြို့ လည် နှင့် ကြည့်မြင်တိုင်
စသည့် နေရာ အချို့ တွင် တွေ့ မြင်ရမှု မရှိ ဟု သိရသည်။ Continue reading “ထိုင်းနိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ တွင် နေထီးဆောင်းမှု ဖြစ်စဉ် အား တွေ့ မြင်ရ”

ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်

Source : Weekly 11 Journal

ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက်တစ်ဦးအား အင်တာဗျူးမေးမြန်းမှုအပေါ် မကျေနပ်မှုနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

7 Days News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင်ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင် ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည် ချိန်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Days News သတင်းဂျာနယ်မှ သတင်းထောက်မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ Continue reading “ထက်ထက်မိုးဦးက သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်”

သတင်းအကျဉ်း နှင့် ဓာတ်ပုံများ

Visual Journalism   ဒီမိုကရေစီ အရေချုံထားသည့် အောက်စဖို့ ဘွဲ့ ရ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဆင်းရဲသားပြည်သူများ ၏ ဒီမိုကရေစီ ရေး တောင်းဆိုမှု ကို ရက်စက်စွာဖြိုခွင်းမှု အားဤနေရာမှ တစ်ဆင့် ကလစ်နှိပ်၍ ကြည့်ရှု နိုင်သည် Continue reading သတင်းအကျဉ်း နှင့် ဓာတ်ပုံများ

Rate this: