ဒီမိုကရေစီ မကျသော ဖြေရှင်းမှု နည်းလမ်များဖြင့် ဒီမိုကရေစီ အစိုးရများ

Blaze of Glory and But Not Unbowed in Thailand

Is this  Mini – Civil War ?

Presented by Visual Journalism of Freedom News Group Updated and Commented

သင်တို့ ၏အတွေးအမြင် များ ကို  freedomnewsgroup@gmail.com သို့ ပို့ ပေးပါ။

ဘလူး ရဲ့  အတွေးအမြင်ဖြစ်ပါတယ်

အောင်ဆန်းစုကြည်နဲ့ သက်ဆင်၊ အက်ဘီဆစ်နဲ့ သန်းရွှေ တစ်ကယ်ဆိုပြောင်းပြန်ကြီးပါဗျာ… ဆန္ဒပြသူချင်းမို့ ရှပ်နီနဲ့ ရွှေဝါရောင် တူတယ်လို့ အပေါ်ယံတွေးကြတာ တွေ့လို့ပါ။ ရှပ်နီတွေက ဒီမိုကရေစီကျကျ ဆန္ဒပြတာမှန်ပေမယ့် နောက်ပိုင်းမှာ လမ်းလွဲပြီး အကြမ်းဖက်ခဲ့ကြတယ်လေ။ သေနပ်နဲ့ပြန်ပစ်ရုံ မကဘူး၊ အဆောက်ဦးပေါင်း ၄၀ လောက်မီးရှို့ခဲ့ပါတယ်။ သူတို့ဆန္ဒပြတာကလည်း အဘီဆစ် ပြုတ်ရေးသာမက သက်ဆင် ဝန်ကြီးချုပ်ပြန်ဖြစ်ရေးတွေ ပါလာလို့ အများစုက သက်ဆင့်စနစ်ဖြစ်တယ်လို့ အခိုင်အမာ ပြောကြတာဖြစ်ပါတယ်။
ရွှေဝါရောင်ကတော့ လုံးဝ ငြိမ်းချမ်းရေးပါ။ ခဲပေါက်တယ်ဆိုတာကလည်း ကြံ့ဖွံ့က အုတ်ကားသွန်ချပေးတယ်။ ကိုဆန်းသစ်တို့လို အရပ်ဝတ် စစ်သားတွေနဲ့၊ စွမ်းအားရှင်တွေက ခဲနဲ့ပေါက်ပြတယ်။ မသိနားမလည်ရှာတဲ့ လူငယ်တချို့ကလည်း လိုက်ပေါက်ကြတယ်။ ဒါဟာ ဆန္ဒပြသူတွေ အကြမ်းဖက်လို့ စစ်တပ်က ပစ်တယ်ဆိုတဲ့အကွက်ဝင်အောင် စစ်အစိုးရကလုပ်ခဲ့တာ လူတိုင်းသိပါတယ်။ ကျနော်တို့ သေနပ်နဲ့ပစ်ခံရတော့ အနီးက လှေကားထဲဝင်ပြေတာ ပြည်သူတွေကိုလိုက်ပစ်၊ လိုက်ဖမ်းတာတွေကို မြင်နေရတယ်။ စောစောက ကျနော့ရှေ့က ခဲနဲ့ပေါက်နေတဲ့ ရှပ်အဖြူဝတ်ထားတဲ့သူက ခုကျတော့ တုတ်တစ်ချောင်းနဲ့ သံဃာတွေကို လိုက်ဖမ်းနေတဲ့ စွမ်းအားရှင်ဖြစ်နေတာ အံ့သြခံပြင်းစွာ တွေ့ခဲ့ရပါတယ်။ ဘာပဲပြောပြောဗျာ… စစ်ပထွေးတွေနဲ့ စစ်ခွေးတွေ ဘယ်လောက်မျက်စိမှိတ်ပြီး အော်အော်။ ပြည်သူတွေက အသိဥာဏ်ရှိတယ်၊ အကောင်းအဆိုး သိပါတယ်။ ဘယ်မှိုင်းမှ မိလို့မဟုတ်ပါဘူး ကိုယ်တွေ့ကို သိကြတာပါ။
သက်ဆင်က အစိုးရက စခန်းဝင်စီးရင် ပြန်လည်ပစ်ဖို့၊ ခုခံကြဖို့ အနီးရှိ ကုန်တိုက်များကို ဝင်စီးဖို့ မိန့်ခွန်းတွေပြောခဲ့၊ ခိုင်းခဲ့တာတွေ ထိုင်းတီဗီတွေကနေ ပြန်လည်လွင့်ပြနေတုန်းပါ။ ပြီးသက်ဆင်က နိုင်ငံရေးအကြောင်း သိပ်မတွက်တတ်ပါဘူး။ စီးပွားရေးသမားပါ။ ဇင်းမယ်မြို့သား သာမန်ရဲတစ်ယောက် ဘဝကနေ ကမ္ဘာကျော်ဘောလုံးကလပ်တစ်ခုကိုတောင် ဒူဘိုင်းစော်ဘွားတွေနဲ့ အပြိုင်ဝယ်နိုင်တဲ့ အထိ ချမ်းသာလာတာလေ။ ပြည်သူတွေကိုလည်း စီးပွားတွက်တွက်ပြီး မဲဆွယ်ခဲ့တာပါ။ ဒါကြောင့် နယ်ကသာမန်ပြည်သူတွေက အများဆုံးထောက်ခံခဲ့ကြတာ။ သူမပြုတ်ခင်တည်းက သူတိုက်ခဲ့တဲ့ အဓိက ပစ်မှတ်က ထိုင်းဘုရင်ကိုဖြစ်ပါတယ်။ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ရတာ အဲဒါလည်း တစ်ကြောင်းဖြစ်ပါတယ်။ ပြီးတော့ သူက ထိုင်းလူမျိုးမဟုတ်ပါဘူး။ ထိုင်းမှာမွေးတဲ့တရုတ်ပါ။ သူပြုတ်ခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ဘယ်လောက်ချစ်ပါတယ် ပြောပြော ထိုင်းနိုင်ငံရဲ့ စစ်ရေး လျှိ့ဝှက်ချက်တွေ၊ အားနဲချက်တွေကို အပြင်ကနေ ဖွင့်ချခဲ့သူဖြစ်ပါတယ်။ ဒီတစ်ချက်နဲ့တင် ထိုင်းတစ်နိုင်ငံလုံးရဲ့ လက်မခံသင့်တဲ့ ရန်သူအစစ်တစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။
ဒါကြောင့် ယခုထိစစ်သံဆူးကြိုးတွေထဲမှာ နှစ် ၂၀ကျော် သည်းခံခဲ့တဲ့ ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံးဝကို မနှိုးယှဉ်အပ်တဲ့ နံ့သာဆီနဲ့ ဟိုဒင်းဖြစ်ပါတယ်။ ဆယ့်နှစ်ခြားစီမို့ မနှိုင်းကြပါနဲ့။

ကိုစောနောင် ရဲ့  အတွေးအမြင်ဖြစ်ပါတယ်

ထိုင်း အနီတော်လှန်ရေးကျဆုံးသွားတာ အကြောင်း (၃) ချက်တွေ့ပါတယ်။
(၁) negotiation ကို အသုံးမချနိုင်ခဲ့ခြင်း။ အနီ တို့အနေနဲ့ silent majority နဲ့ ထိုင်း ဘုရင်ကြီးအပေါ် လုံးဝကြည်ညိုသူ ထိုင်းပြည်သူ များစွာရှိတာကို မေ့လျော့ကာ မိမိအင်အားကြီးမားမှုကို မာန်တင်းခဲ့၍ ၀န်ကြီးချူပ်၏ ညှိနှိုင်းမှုပေါ်တွင် အလျှော့အတင်း မလုပ်နိုင်ခဲ့ခြင်း။ (သူတို့ဖက်က အနိမ့်ဆုံး လွှတ်တော်ဖျက်သိမ်းရေးနဲ့ ၀န်ကြီးချုပ်နှုတ်ထွက်ရေးကိုသာ တွင်တွင် တောင်းခဲ့ပါတယ်။ ဒါဟာ စနစ်တစ်ခုပြောင်းဖို့။ ဒီမိုကရေစီကျဖို့ လိုလားတဲ့ တောင်းဆိုချက်မဖြစ်လာလို့ ခုန ၂ ချက်ရရင် သက်ဆင်က ဘာပေးမယ်ဆိုတဲ့ မက်လုံးရှိတယ်လို့တောင် အများက ယုံကြည်လာကြပါတယ်) Continue reading “ဒီမိုကရေစီ မကျသော ဖြေရှင်းမှု နည်းလမ်များဖြင့် ဒီမိုကရေစီ အစိုးရများ”

ဇနီးဖြစ်သူ အား ထောင်ဝင်စာ တွေ့ နေစဉ် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံး

Burmese Human Rights Activist Dies in Jail

မြင်းခြံထောင် မှာ အကျဉ်းချထားခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကို ကျော်စိုးဟာ ဒီနေ့ မနက်က ဇနီးဖြစ်
သူ ကို ထောင်ဝင်စာ တွေ့ နေ ချိန် မှာ ပဲ ထောင်တွင်း ကျမ္မာရေး အခြေအနေ ဆိုးရွား နေမှု ကို ဆေးကု
ထောင်အာဏာပိုင်များ က လစ်လျှူ ရှုထားတဲ့ ဒဏ် ၊ပူပြင်း လွန်းတဲ့ ရာသီ ဥတု ဒဏ်တို့ ကြောင့် သေဆုံးခဲ့
တယ် လို့ သတင်းရရှိပါတယ်။ Continue reading “ဇနီးဖြစ်သူ အား ထောင်ဝင်စာ တွေ့ နေစဉ် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံး”

ထိုင်းနိုင်ငံ တ၀ှမ်းသို့ ဆန္ဒပြမှု၊ ပစ်ခတ်မှု၊ မငြိမ်သက်မှု၊ လုယက်မှု ၊မီးရှို့ မှု ၊ဖောက်ထွင်းမှု၊လုယက်မှု ၊ပြန်လှန်ပစ်ခတ်မှု များ ကူးစက်

Failure Of Thai Democracy ?

မြို့ ပြပျောက်ကြား စစ်များ ဆက်လက်ဖြစ်ပွား

မေတ္တာပို့ သည့် သံဃာတော် တစ်ဦးထိုင်းစစ်တပ်က လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားစဉ် (Photo credit should read PEDRO UGARTE/AFP/Getty Images)

ထိုင်းစစ်တပ်က လုံမဏီ ပန်းခြံအား ဖြိုခွင်းမှုတွင် ငါးဦးသေဆုံး၍ တစ်ရာကျော်ဒဏ်ရာရ က ဆန္ဒပြသူ နှစ်ရာ ကျော်အားဖမ်းဆီးထားသည် (Photo by Athit Perawongmetha/Getty Images)

ဘန်ကောက်မြို့ လယ်တွင် မီးရှို့ ထားစဉ် (Photo credit should read BAY ISMOYO/AFP/Getty Images)

ထိုင်းစစ်တပ် ရဲ့ တိုက်ခိုက်မှု တွေ ကို ပြန်လည် ခုခံရင်း အနီဝတ် UDD အင်အားစုတွေ မီးရှိုခဲ့တဲ့ ဘန်ကောက်
မြို့ လည် က Central World ရှော့ပင်း ပလာဇာကြီး ရဲ့ အစိတ် အပိုင်း အချို့ ဟာ ည ၁၂ ခန် မှာ ပြိုကျသွားခဲ့ပါတယ် ။နေ့ လည်က UDD အဖွဲ့ ဝင်တွေ ၀င်ရောက်ပြီး မီးရှို့ ခဲ့တဲ့ အတွက် Central World ပလာဇာ ဟာ ခြောက် နာရီ လောက် မီးစွဲ လောင် တာ ခံရပြီး နောက် ပြိုကျ သွားတာဖြစ်ပါတယ်။ Continue reading “ထိုင်းနိုင်ငံ တ၀ှမ်းသို့ ဆန္ဒပြမှု၊ ပစ်ခတ်မှု၊ မငြိမ်သက်မှု၊ လုယက်မှု ၊မီးရှို့ မှု ၊ဖောက်ထွင်းမှု၊လုယက်မှု ၊ပြန်လှန်ပစ်ခတ်မှု များ ကူးစက်”

ဆိုင်ကလုံး လိုင်လာ ပိုမိုအားကောင်းလာ သော်လည်း မြန်မာ နိုင်ငံသို့ ဦးတည်မှု မရှိ

ယနေ့ ညနေ ရန်ကုန် နှင့်အနီး တ၀ိုက်တွင် မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်းတိုက်ခတ်နိုင်သည်။Chance 80 %

ဆိုင်ကလုံး လိုင်လာ သည် ယနေ့  ပိုမို အားကောင်းလာပြီး တမီလ် နာဒူပြည်နယ် ကို ၀င်ရောက် တိုက်ခတ်ရာ
နေအိမ်များ ပြိုကျပြီး ပျက်စီးဆုံးရှုံးမှု များ ရှိခဲ့သည်။ ပိုမို အားကောင်း လာသည့် လိုင်လာသည် အန်ဒရာ ပရာဒေရှ်
အပါအ၀င် အိန္ဒိယ အရှေ့ ဘက် ကမ်းရိုးတန်း ဒေသ များ သို့ လည်း ၀င်ရောက် တိုက်ခတ် ခဲ့သည်။ Continue reading “ဆိုင်ကလုံး လိုင်လာ ပိုမိုအားကောင်းလာ သော်လည်း မြန်မာ နိုင်ငံသို့ ဦးတည်မှု မရှိ”

မဟာမိတ်တို့ နာဇီ ကို ချေမှုန်း သလို ထိုင်းစစ်တပ် က ဆန္ဒပြသူများ ကို သံချပ်ကာကားများ၊တင့်ကားများဖြင့် အလုံးအရင်း ပိတ်ဆို့ ချေမှုန်း (၁၈ မိနစ် ဗီဒီယို)

Thai Military Assault Vehicle Invade Red Shirt ‘s Heaven

Is Bangkok Burning ?

ယနေ့  ဘန်ကောက် အခြေအနေ တိုက်ရိုက် သတင်းပေးပို့ ချက်
ထပ်မံတိုးတက် ဖြစ်ထွန်း သမျှ ကို အချိန် နှင့် တပြေးညီ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

၁၂:၀၀ နာရီ အဝေးရောက် သက်ဆင်က ဆန္ဒပြပွဲ များ ကို စစ်တပ် ၏ နှိမ်နှင်း ပုံကြောင့် ပြောက်ကျားစစ်အသွင်ပြောင်းသွားနိုင်ဟု ဆို
၁၀:၁၅ နာရီ ဂက်(စ်) အိုး နှင့်တာ ယာ များ ကို မီးလောင် ဗုံး အဖြစ်တွဲ ချဉ်ထားပြီး ရှပ်နက် များ အသေခံ ဗုံးခွဲမှုကြီး ပြုလုပ်ရန်စီစဉ်(ပသုနမ် ကုန်တိုက်ရှေ့ ) အဲဒီဧရိယာတစ်ဝိုက်ကလူတွေအားလုံးကို ရဲကားများနှင့် ဘေးကင်းရာကို ပို့ပေးနေပါပြီ

Photo : Financial Times


UDD တို့ ၏ ၀ါးတာယာ စခန်းထဲသို့  သံချပ်ကာကား စတင်ဝင်ရောက်စဉ် ဓာတ်ပုံ CNN

၁၁း၀၀နာရီ နာထတ်ဝတ် ဆိုင်ကူး မှ လွဲ၍ အခြား အနီဝတ် ခေါင်းဆောင် များ ဆာလာဒင်း လမ်းဆုံအနီးရှိ လုံမဏီ ပန်းခြံ စခန်း ကို စွန့် ခွာ

၁၀း၃၀ နာရီ နိုင်ငံခြား သတင်း ထောက် သုံးဦး သေနတ် ထိမှန် အရှေ့ အလယ်ပိုင်းသတင်းဌာန တစ်ခု အတွက် လုပ်ကိုင်ပေးတဲ့ အီတလီ  ဂျာနယ် လစ် နှစ်ဦးသေဆုံး ၊ဒတ်ခ်ျဂျာနယ်လစ်ပြင်းထန်စွာ ဒဏ်ရာရ

၁၀း၀၀ နာရီ တန်ပြန်တိုက်ခိုက်မှု ကို လိုလားသည့် အမဲရောင် ၀တ် (Black Shirt) များက ကားတာယာများကို မီးရှို့ ခုခံရာမှ ဘွန်ကိုင်
အနီး ရှိ ကက်ဆီကွန် ဘဏ် မီးလောင်

၉း၃၀ နာရီ သံချပ်ကာ ကား နှစ် စီး လုံမဏီ ပန်းခြံရှိ ၀ါးတာယာ အကာအယံ များ ထိုးဖောက်  ဖြိုဖျက်ပြီး စတင်ဝင်ရောက်

THIS IS A BREAKING NEWS UPDATE. Check back soon for further information. FNG’ s earlier story is below.

၈း၀၀ နာရီ ယနေ့ မနက် လင်း အားကြီး အချိန် လောက်ကစပြီး ထိုင်းစစ်တပ်က သံချပ်ကာ ကားတွေ ၊တင့်ကားတွေ
နဲ့  အာဏာရှင်ဆန့် ကျင့် ရေး ဒီမိုကရေစီ တပ်ဦး စခန်းချရာ ဘန်ကောက် မြို့ လည် က ရာချာပရာဆောင်
တ၀ိုက် မှာ ပိတ် ဆို့ နေရာ ယူထားပါတယ်။နံနက် ၇ နှစ်နာရီ လောက်က စပြီး သက်ဆင် လိုလားတဲ့အနီ
ဝတ် ဆန္ဒပြသူတွေ စခန်းထဲက နေ ထွက်ပေး ဖို့ အမေရိကန် နိုင်ငံ လုပ် ဟမ်းဗွီး စစ်ကား တွေ ပေါ်ကနေ
အသံချဲ့ စက် နဲ့ သတိပေးနေပေမယ့် ၀ါးတာယာ ခံတပ် နောက် က ရှပ်နီ ၀တ် တွေ ကတော့ အဘီဆစ် အစိုး
ရ အလို မရှိ …စစ်သားတွေ ဘားတိုက် ပြန် …ငါ့တို့ သွေး တွေ နဲ့  ထိုင်း နိုင်ငံ ရဲ့ ရာဇ၀င် ကို ရေးမယ် ဆိုတဲ့
အသံ ဟာ ….ပသုဝမ် ဘက်ကနေ အထိ ကြားနေရတယ် လို့  Freedom News Group ရဲ့  ဘန်ကောက် အခြေ
စိုက် သတင်း ထောက် မဇင်မာထွန်း က သတင်းပေးပို့ ထားပါတယ်။

မနေ့ က အနီဝတ် တွေ ရဲ့ ဖမ်းဆီးခြင်း ကို ခံရတဲ့ မြန်မာ သတင်း ဌာန တစ်ခု ဖြစ်တဲ့ ဧရာဝတီ အပါအ၀င် ၀ါရှင်တန်ပို့ စ်၊
France 24 သတင်းဌာန တွေ ကို ဘာသာ ပြန်ဆိုပေးတဲ့  ထိုင်း အမျိုး သမီး Nice ကတော့ ဒီနေ့ သူကို ဘာသာပြန်
ပေး ဖို့ ငှားထားတဲ့ သတင်း ဌာန တွေ ကို အခြေအနေကြည့် ပြီး လုပ်ပေးရမှာ ဖြစ်တယ် လို့ Freedom News Group
ကိုပြောပါတယ်။

လွတ်လပ်ရေး ကျောက်တိုင် နဲ့ Central World တစ်ဝိုက်မှာတော့ သူနာတင်ယာဉ်တွေ ၊မီးသတ်ကား တွေ ၊
အသင့် စောင့် ဆိုင်းနေပါတယ်။ ဒီနေ့ ဘန်ကောက် ကုလ ရုံး အရှေ့ မှာတော့ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ လုပ်မှာ ဖြစ်ပြီး အဲဒီနေ ရာကို တော့ FNG ရဲ့ သတင်းထောက် ကိုဦး ကရောက်ရှိနေပါတယ်။ Continue reading “မဟာမိတ်တို့ နာဇီ ကို ချေမှုန်း သလို ထိုင်းစစ်တပ် က ဆန္ဒပြသူများ ကို သံချပ်ကာကားများ၊တင့်ကားများဖြင့် အလုံးအရင်း ပိတ်ဆို့ ချေမှုန်း (၁၈ မိနစ် ဗီဒီယို)”

ဘင်္ဂလား ပင်လယအော် အတွင်း လိုင်လာ အမည်ရှိ ဆိုင်ကလုန်း ယနေ့ ပိုမိုအားကောင်းလာ

အိန္ဒိယ နိုင်ငံ အန်ဒရာပရာဒေရှ် ပြည်နယ်၏ အရှေ့ တောင်ဘက်၊ တမီလ်နာဒူလ် ပြည်နယ် ၏ ချင်းနိုင် မြို့ ၏ အရှေ့ တောင်ဘက်
ဘင်္ဂလား ပင် လယ် အတွင်း ရှိ လိုင်လာ အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် ယနေ့ (ဗုဒ္ဒဟူး နေ့ )မနက် တွင် ပိုမို
အားကောင်း လာသည် ဟု Freedom Weather Forecast  မှ သတင်းထုတ်ပြန်သည်။ Continue reading “ဘင်္ဂလား ပင်လယအော် အတွင်း လိုင်လာ အမည်ရှိ ဆိုင်ကလုန်း ယနေ့ ပိုမိုအားကောင်းလာ”

တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ မွမ်းမံ ပွဲ ဦးကျော်သူ အမှာ စကားပြောကြား

မန္တလေးတိုင်း မေမြို့ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ရတနာ ခန်းမ၌ တက္ကသိုလ် ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်း အမှတ်စဉ် ၁၄ ဖွင့်ပွဲတွင် အတွင်း ရေးမှူး (၁) ကိုယ်စား ၀န်ထမ်း ရွေးချယ် လေ့ကျင့်ရေး ဥက္ကဌ ဦးကျော်သူက ထူးခြားစွာ အမှာစကား ပြောခွင့်ရသည်။

အထက်မြန်မာပြည် တက္ကသိုလ် ကောလိပ် အသီးသီးမှ ဆရာ၊ ဆရာမ ၅၃၈ ယောက်တို့ တက်ရောက်သည့် တစ်လ သင်တန်း ဖွင့်ပွဲတွင် ယခုလို ၀န်ထမ်းတွေကို ၀န်ထမ်း ဥက္ကဌက တရားဝင် စကားပြောခွင့် ရခြင်းမှာ နအဖ အစိုးရ လက်ထက် ပထမဆုံး အကြိမ် ဖြစ်သည်။ ယခင် ဆရာ ဆရာမများ၏ သင်တန်း ဖွင့်ပွဲ ပိတ်ပွဲတိုင်း အတွင်းရေးမှုး(၁) ဗိုလ်ချူပ်ကြီးများကသာ ဩ၀ါဒ တိုက်ကြွေးမြဲဖြစ်သည်။

ဦးကျော်သူမှာ ဒေါက်တာ မောင်မောင်၏ သားဖြစ်ပြီး၊ လက်ထောက်  နိုင်ငံခြားရေး ၀န်ကြီးအဖြစ်မှ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းနှင့် မတည့်၍ ၀န်ထမ်း  ရွေးချယ်ရေး အဖွဲ့သို့ အရာချ ရွှေ့ပြောင်း ခံရသူ ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အသိုင်း အ၀ိုင်းမှ ပြောကြသည်။ Continue reading “တက္ကသိုလ် ကောလိပ် ဆရာ ဆရာမများ မွမ်းမံ ပွဲ ဦးကျော်သူ အမှာ စကားပြောကြား”

ဧရာဝတီ သတင်း ဌာန နှင့် France 24 အတွက် စကားပြန် လုပ်ပေး သူကို အနီဝတ် တို့ တိုက်ခိုက်

အနီဝတ် အုပ်စုထဲမှ အကြမ်းဖက်လိုလားသည့် Black Shirt အုပ်စုများ က စကားပြန် အမျိုးသမီး နိုင် အား ဖမ်းဆီးလာစဉ်

ထိုင်း နိုင်ငံ အခြေစိုက် မြန်မာ သတင်းဌာန တစ်ခု ဖြစ်သည့် ဧရာဝတီ နှင့် ပြင်သစ် နိုင်ငံ France 24 သတင်းဌာန တို့ အတွက် ညှိုနိုင်း
ရေး နှင့် ဘာသာပြန် ကိစ္စများ ဆောင် ရွက် ပေးသည့် ထိုင်း အမျိုး သမီး တစ်ဦး
ဖြစ်သူ Nice အားခေတ္တထိန်းသိမ်းထားပြီးနောက် ပြန်လည် လွှတ်ပေးလိုက်သည်။ Continue reading “ဧရာဝတီ သတင်း ဌာန နှင့် France 24 အတွက် စကားပြန် လုပ်ပေး သူကို အနီဝတ် တို့ တိုက်ခိုက်”

မဲဆောက် လေဆင်နှာမောင်း ပျက်စီးမှု များ၍ မြန်မာ လူမျိုး သုံးဦး နှင့် ထိုင်း လူမျိုးများ လည်းသေဆုံး

လေဆင်နှာမောင်းဒဏ်ကြောင့် မဲဆောက် ဈေးအနီး ပြိုကျပျက်စီးမှု များ

အောင်ပန် ၊   ၊ တနင်္လာနေ့ ည နေ ငါးနာရီ ခန့် က ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အင်အား စု များ နှင့် မြန်မာ
ရွှေ့ ပြောင်း လုပ်သား များ အများ ဆုံး နေထိုင်သည့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့ တွင်
မိုးသည်းထန်စွာ ရွာသွန်း ပြီးနောက် လေဆင် နှာမောင်း တိုက်ခတ် မှုကြောင့် လူနေ တိုက်တာ
အဆောက်အဦများ အမိုးများ လန်ထွက်ပြီး မြန်မာရွှေ့ ပြောင်း အလုပ်သမား သုံးဦး သေဆုံး
သွားသည် ဟု သတင်းရရှိသည်။ Continue reading “မဲဆောက် လေဆင်နှာမောင်း ပျက်စီးမှု များ၍ မြန်မာ လူမျိုး သုံးဦး နှင့် ထိုင်း လူမျိုးများ လည်းသေဆုံး”

ရေပြတ် လပ်မှု ဖြေရှင်းနေရ သဖြင့် အစိုးရ၀န်ထမ်း များ အလုပ်မဆင်းနိုင်၊ ရန်ကုန် တွင် ယနေ့  မိုးစတင်ရွာ သွန်း

ဟိန်းခိုင်ထွန်း Initial Rain Drop in Yangon
Heat Index ၁၁၂ ဒီဂရီဖာရင် ဟိုက်

၁၃း၄၅  နာရီ Updates ရန်ကုန် နေရာအနှံ နှင့် မန္တလေး နေရာကွက်ကြား မိုးစတင် ရွာသွန်း သော်လည်း အပူရှိန် မြင့်မားဆဲ
၁၂း၃၄ နာရီ Updates တောင်ဥက္ကလာ ၊မြောက် ဥက္ကလာ နှင့် သမိုင်း တွင် စတင်ရွာသွန်း စဉ် လေပြင်း တိုက်ခတ်

၁၂း၀၀ နာရီ Updates ဆူးလေ ၊ဗဟန်း ၊တာမွေ နှင့် ဘောက်ထော် တွင် မိုးစတင် ရွာသွန်း

ချိုးရေ အပြင် သောက်သုံးရေ ပြတ်လပ် မှု ပါ ကြုံတွေ့ နေရသည့် ရန်ကုန် မြို့ တွင် အစိုးရ ၀န်ထမ်း ထက်ဝက်ခန့် များ ယနေ့ အလုပ်မဆင်း
နိုင် ကြ ဟု သတင်းရရှိသည်။မြို့ တော် ခန်းမ ရှိ ရန်ကုန် စည် ပင် သာယာ ရုံးမှ အရာရှိ တစ်ဦးက ဒီနေ့ ဝန်ထမ်း တွေ မလာ နိုင်ကြ
ဘူး ခွင့် တိုင် ကြတယ် ရေ သယ်ယာဉ် ၀ယ်ထားတာ စောင့် နေတာ တို့  ရေတိုင် ကီ စောင့် နေတာ တို့  ချိုးရေ ကို လုံးဝမရှိ လို့ 
မလာ နိုင်တာ တို့ ဆိုပြီးတော့ ဟု အဆို ပါ အရာရှိ က Freedom News Group သို့ ပြောသည်။ Continue reading “ရေပြတ် လပ်မှု ဖြေရှင်းနေရ သဖြင့် အစိုးရ၀န်ထမ်း များ အလုပ်မဆင်းနိုင်၊ ရန်ကုန် တွင် ယနေ့  မိုးစတင်ရွာ သွန်း”

လက်ဖြောင့် သေနတ် သမား လက်ချက်ဖြင့် ဦးခေါင်း ဒဏ်ရာရရှိသူ ဒုဗိုလ်ချုပ် ခတ္တိယ သေဆုံး (24 Minutes Video)

Updates 11:15 PMThai opposition leader dies after being wounded by a sniper’s bullet during protests last week.

(သေနတ် သမား ကို အံတု တဲ့ နေရာမှာ ရရာ လက်နက် တစ်ခုခု သာ ကိုင်ဆွဲ ပါ ..လက်ဗလာ ကြီးတော့ မနေလိုက်နဲ့ ဗျ …နောက်
တစ်ခုခု အကာအကွယ် ယူပါ ..သူတို့ က ခင်ဗျား လက်ထဲမှာ တစ်ခုခု ရှိပြီ ဆိုတာ နဲ့  ခင်ဗျား ဆီ အတင်း မ၀င်ရဲဘူး)
ဗိုလ်ချုပ် ခတ္တိယ မေလ ၁ ရက်နေ့ က UDD အဖွဲ့ ဝင်များ အား ပြောကြားသည့် မိန့် ခွန်း မှ ကောက်နှုတ်ချက်

မေလ ၁၄ ရက်နေ့ က သတင်းထောက်များ နှင့် တွေ့ ဆုံပြောကြားနေစဉ် လက်ဖြောင့် သေနတ် သမားက ချောင်း
မြောင်း ပစ်ခတ် မှု ကြောင့် ဦးခေါင်း တွင် သေနတ် ဒဏ်ရာရရှိခဲ့သည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရတ်တစ်
တပ်ဦးခေါင်းဆောင် နှင့် ဒုဗိုလ်ချုပ် ဟောင်း ဖြစ်သူ ခတ္တိယ ဆ၀ါဒီဖောသည် ယနေ့ မနက် ဆယ်နာရီ ခန့် တွင်
ဘန်ကောက် မြို့ ရှိ ဧရာဝဏ် အရေးပေါ် ဆေးရုံကြီး တွင် ကွယ်လွန် သွားသည် ဟု CNN သတင်းတွင် ဖော်ပြ
ထားသည်။ Continue reading “လက်ဖြောင့် သေနတ် သမား လက်ချက်ဖြင့် ဦးခေါင်း ဒဏ်ရာရရှိသူ ဒုဗိုလ်ချုပ် ခတ္တိယ သေဆုံး (24 Minutes Video)”

နိုင်ငံရေး အကျဉ်းသား မိခင် အပူဒဏ်ကြောင့် ထောင်ဝင်စာတွေ့ ပြီးအပြန်သေဆုံး ၊ အင်းစိန်ထောင် တွင်း ရေပြတ်လပ်မှု ဖြစ်ပေါ်

Today Heat index near 117 F

Water ..Water every where but not even a drop a drink !!!!!!!!!!

အင်းစိန်ထောင်တွင်း အပူဒဏ်ကြောင့် အကျဉ်းသား အချို့ သေဆုံး

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့ပြီး တာမွေ တွင် စစ်တပ်မှ ပစ်ခတ်
နှိမ်နှင်းသော သေနတ်ဒဏ်ရာ ရရှိပြီး နောက် ထိုဒဏ်ရာ ဖြင့်ပင် ထောင်ဒဏ်  ၅ နှစ် အပြစ်ပေး
ခံထားရသည့် ကိုမြသန်းထိုက် ၏ မိခင်ဖြစ်သူ မှာ စနေနေ့ က တောင်ငူထောင်တွင် သားဖြစ်သူ
အား ထောင်ဝင်စာတွေ့ ဆုံပြီးနောက် အပြန်တွင် ပရိဒေ၀ သောက အပူ၊ရာသီဥတု အပူ တို့ ကြောင့်
ရထားပေါ်တွင် သေဆုံးသွားသည် ဟု တောင်ငူထောင် မှ နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ ဖခင်
ဖြစ်သူက Freedom News Group သို့ ပြောသည်။ Continue reading “နိုင်ငံရေး အကျဉ်းသား မိခင် အပူဒဏ်ကြောင့် ထောင်ဝင်စာတွေ့ ပြီးအပြန်သေဆုံး ၊ အင်းစိန်ထောင် တွင်း ရေပြတ်လပ်မှု ဖြစ်ပေါ်”

အဆိုတော်၊စာရေးဆရာ နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် ကွယ်လွန်

Burmese  Actor  Thu Mg Demise

အသက် ၆၂ နှစ် အရွယ်ရှိ အဆိုတော်  နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် သည် ယနေ့ ည ၉ နာရီ အချိန်
ခန့် က ရန်ကုန်မြို့ သုခကမ္ဘာ ဆေးခန်း တွင် ကွယ်လွန် သွားသည် ဟု နာမည် ကျော် ဒါရိုက်တာ တစ်
ဦးက Freedom News Group သို့ အတည်ပြုပြောကြားသည်။

အဆိုတော် သုမောင် အား ၁၉၅၁ မတ်လ ၁၃ ရက်နေ့ တွင် မောင်ဗလ အမည်ဖြင့် အဘ ဦးသာဓု စာရေး
ဆရာ ဒါရိုက်တာ နှင့် အမိ ဒေါ်ခင်ညို တို့ မှ မွေးဖွားခဲ့သည်။ Continue reading “အဆိုတော်၊စာရေးဆရာ နှင့် ရုပ်ရှင် သရုပ်ဆောင် သုမောင် ကွယ်လွန်”

ဘန်ကောက် တွင် ညမထွက် ရ အမိန့် ထုတ်ပြန်

ထိုင်းစစ်တပ် က ကာဖျုး အမိန့် ကို ပြန်လည် ရုပ်သိမ်း

ကုလ ကြားဝင်စေ့စပ်ပေးလျှင် လက်ခံမည် ဆိုသည့် အဆိုကို ထိုင်းအစိုးရ ပယ်ချ

လုံမဏီပန်းခြံတွင်းရှိ UDD သပိတ်စခန်း ကို ထိုင်းစစ်တပ်က လေးဘက်လေးတန် ပိတ် ဆို့ မှု စတင်


ပြည်တွင်း စစ်ထိ ဦးတည် နေသော ထိုင်းနိုင်ငံ ဘန်ကောက် ဆန္ဒပြမှု များတွင် ဆန္ဒပြသူ  ၆၀ နီးပါးသေဆုံး
ပြီးနောက် ထိုင်းအစိုးက ယနေ့ တနင်္ဂနွေ နေ့ ညနေ တွင် ကာဖျူးမိန့် ထုတ်ပြန်လိုက်သည် ဟု ထိုင်းရုပ်သံ
အစီအစဉ်များမှ ကြေညာသွားသည်။ Continue reading “ဘန်ကောက် တွင် ညမထွက် ရ အမိန့် ထုတ်ပြန်”