ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စု မြန်မာ နိုင်ငံ အဖွဲ့ အမည်ခံ ကိုရဲထွန်းတို့ အဖွဲ့ ၏ လိုဂို နှင့် အလံ အား ယနေ့ ထုတ် ကြေးမုံသတင်းစာတွင် ကန့် ကွက် နိုင်ကြောင်း ကြေညာထားစဉ်
တုပထားခဲ့သည့် ကိုအေးလွင် ဦးဆောင်သည့်  ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ( ပြည်ထောင်စု မြန်မာ နိုင်ငံ)ဆိုသည့်
အဖွဲ့ သည် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ အလံ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
များ အဖွဲ့ ချုပ်၏ အလံတို့ ကို ဆင်တူယိုးမှာ ပြုလုပ်၍ မှတ်ပုံတင်ရန် စီစဉ်နေသည် ကို ကန့် ကွက် နိုင်ကြောင်း ယနေ့ ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြထားသည်။ Continue reading “ကိုအေးလွင် ညီ ရဲထွန်း တို့ အဖွဲ့  ၎င်းတို့ ၏ တံဆိပ် နှင့် အလံ အတွက် NLD နှင့် ဗကသ အလံအား ဆင်တူယိုးမှားလုပ်”
ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ
သီရိထက် ၃၀ ဧပြီ ၊                      ၊ဘော်စတွန်
Burmese Most Viewed Video on You Tube
ခောတ်လွန် စင်မြင့် ဆင်ယဉ်မှု နှင့် ဖက်ရှင်  ဒီဇိုင်းများ ဖြင့် သူမ ၏ သီဆိုပွဲ များ ကို ဖျော်ဖြေတတ်သည့်
အဆိုတော် လေဒီဂါဂါ ၏ 2009 ခုနှစ် ထုတ် The Fame Monster အယ်(လ)ဘမ်ထဲမှ
တေးသီချင်း တစ် ပုဒ်ဖြစ်သည့် Bad Romance ဂီတ ဗီဒီယို က ကြည့်ရှုသူပေါင်း ၁၉၃ သန်း
ကျော်ဖြင့် ပထမနေ ရာ ကို သိမ်းပိုက်နိုင်ခဲ့သည် ။(မြန်မာ နိုင်ငံမှ လူကြည့် အများ ဆုံး ဗီဒီယို လည်းပါဝင်သည်)
ဒုတိယနေရာ အား အသက် လေး နှစ်သား ချာလီ  လက်ညှိုးကို ထပ်ကိုက်ပြန်ပြီ ဆိုသည့်
ံHome Made ဗီဒီယို က ကြည့်ရှုသူ ၁၈၄ သန်းကျော်ဖြင့် လေဒီဂါဂါ ၏ နောက်မှ ထပ်ကြပ်မကွာ
လိုက်ပါသည်။ Continue reading “ယူတု တွင် လူကြည့် အများဆုံး ဗီဒီယို အဖြစ် လေဒီဂါဂါ၏ Bad Romance နှင့် မီလေး ဆိုင်းရပ်(စ) Party in the USA တို့ ရွေးချယ်ခံရ”
အဆိုတော်မျိုး ကျော့မြိုင် ၊သရုပ်ဆောင် ဒေါက်တာ သွင်ပပအောင် နှင့် လက်ထပ်ထိမ်းမြား
Myo Kyawt Myaing Tie With Knot Thwin Pa Pa Aung
မျိုးကျော့မြိုင် နှင့် သွင် ပပအောင် ဓာတ်ပုံ- လျှပ်တပြက်
ဧပြီ ၂၉ ရက်နေ့ တွင် အသက် ၃၆ နှစ်ရှိပြီ ဖြစ်သည့် ရက်(ပ)အဆိုတော် မျိုးကျော့မြိုင်သည်
အသက် ၃၃ နှစ် အရွယ်ရှိ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ သွင်ပပ
အောင် နှင့် ဧပြီလဆန်းက တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီး နှစ်လ အတွင်း လက်ထပ်
မင်္ဂလာ အခမ်းအနားကို ကျင်းပမည် ဟု သတင်းရရှိသည်။ Continue reading “အဆိုတော်မျိုး ကျော့မြိုင် ၊သရုပ်ဆောင် ဒေါက်တာ သွင်ပပအောင် နှင့် လက်ထပ်ထိမ်းမြား”
နာမည်ဆိုး ကြံ့ဖွံ့ ရွေးကောက်ပွဲ ၀င်ရန် ပါတီ အဖြစ်မှတ်ပုံတင်
ဒီပဲယင်း အရေးအခင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီ
လိုလားသူများအား သတ်ဖြတ်ရန်စီစဉ်ခဲ့သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကြံဖွံ့ က ရွေးကောက်
ပွဲ ၀င် ရန် အတွက် ပါတီ အဖြစ်မှတ်ပုံတင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်
ပြထားသည်။ Continue reading “နာမည်ဆိုး ကြံ့ဖွံ့ ရွေးကောက်ပွဲ ၀င်ရန် ပါတီ အဖြစ်မှတ်ပုံတင်”
ဒီတစ်ပတ် အယ်ဒီတာ့ စိတ်ကြိုက် (မိုးမခ အင်တာနက် စာမျက်နှာမှ)
ပြည်သူ အပေါ်ညှာတာ ထောက်ထားမှု ကင်းမဲ့ရာ တွင် အမေရိကန် ရှိ GOP (Grand Old Party) ဟု
ခေါ်သည့် ရီပတ်ဘလစ် ကန် ပါတီ နှင့် မြန်မာ စစ် အစိုးရ တို့ မှာ ကုလားကြီး နှင့် အရာကြီးသား ကွာ
သည် ဟု အမေရိကန် နိုင်ငံတွင် နှစ်ပေါင်း လေးဆယ်ခန့် ဆရာဝန် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့်
ညူးယောက် ပြည်နယ်မှ ဒေါက်တာ ဦးသိန်းထွန်း က Freedom News Group သို့ ပြောဖူးပါသည်။
ရွေးကောက်ပွဲ အကြွေးများ ဆပ်၍ မကြေသေးသည့် ၂၀၀၈ အောင်ဖျာလိပ် ဆီနိတ်တာ မက္ကိန်း တို့ အရီ
ဇိုးနား ပြည်နယ် မှ လူဝင်မှု ဥပဒေသစ်  ထွက် လာပြန်တော့ ပရင်စတန် တက္ကသိုလ် ပါမောက္ခချုပ် က
ဘုရား……ဘုရား ….အလိုလေး ..အမေရိကန် မှ ဟုတ်ပါလေစ ဟု ညည်းတွားရသည် အထိ ဖြစ်ခဲ့သည်။
တစ်ချိန်က ကမ္ဘာ လှည့် ခရီးသွားများဖြင့် စည်ကာခဲ့သည့်  ဂရင်း ကင်ညွှန် ချောက်ကမ်းပါး၊တောတောင်
အလှများသည် ၎င်း တို့ ၏ ဥပဒေသစ်ကြောင့် အထီးကျန် ရတော့ မည် ဖြစ်သည် ဟု Homeland Security
မှ ဂျက်နက် နပိုလီက ပြောသည်။ဖိနစ် မြို့ မှ ကရင် ဒုက္ခသည် များ ကို ကူညီနေ သည့် အမေရိကန် နိုင်ငံသား
ရပ်(စ)တင်က ဒုက္ခသည် များ အပြင် ထွက် လျှင် အိုင်ဒီ ဆောင် သွားရန် PAPER PLEASE  ဟု ပြောလျှင်
လည်း ID ကို ပြခိုင်းသည် ကို ပြောခြင်းဖြစ်ပြီး အသာတကြည် ထုတ်ပြရန် နှင့် ထွက်မပြေးရန် လိုက်လံသင်
ကြားပေးနေရသည်။
သို့ ဆိုလျှင် …လတ်တလော အမေရိကန် အခြေအနေများ ကို ရောင်ပြန် ဟပ်နေသည့် မိုးမခ မှ မောင်ရစ်၏
၂၀၁၀ ခုနှစ် ပထမ ၄ လပတ် အမေရိကန်ပြည်တွင်းရေး ပဋိပက္ခများ ကိုဖတ်ကြည့်ပါအုံး…
မောင်ရစ်
ဧပြီ ၃၀၊ ၂၀၁၀
ဟဲ ဟဲ …။ ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် လျောက်ရေးတာပါဗျာ။ ပြီးတော့ စာသားတွေက မဖြစ်စလောက် ချိုမိုင်မိုင် က သလိုမျိုး အပေါစားတွေ ရေးမှာပါ။ အရေးကြီးတာက စာခေါင်းစဉ်လောက်ဖတ်ပြီး ဆက်မဖတ်ကြရင် စာဖတ်သူတွေ စိတ်ထဲမှာ အမေရိကန်ပြည်ကြီးမှာ ပြည်တွင်းရေးပြဿနာတွေ ရှိနေပြီ ပဋိပက္ခတွေ ဖြစ်နေပြီလို့ မသိစိတ်က စွဲမှတ်သွားရင် မောင်ရစ် စာရေးရတာ အောင်မြင်ပြီ။ Continue reading “ဒီတစ်ပတ် အယ်ဒီတာ့ စိတ်ကြိုက် (မိုးမခ အင်တာနက် စာမျက်နှာမှ)”
ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ
Yangon Street Racer Rival Clash
ကားအလှဆင်ပွဲတစ်ခုဉ်မော်တော်ကားတစ်စီးကိုစမ်းသပ်မောင်းနှင်နေသည့် နေရွှေသွေးအောင်
ဟိန်းခိုင်ထွန်း၊    ၊လွန်ခဲ့သည့် နှစ်နှစ်ခန့် မှ စ၍ ရန်ကုန်မြို့ တွင် ထင်ရှားလာသည့် ပြိုင်ကား အလှဆင် မောင်းသူများ ၏ အုပ်စု
လိုက် ဂိုဏ်းဖွဲ့ တိုက်ခိုက်မှု များ မှာ ရန်ကုန်မြို့ ၏ ညဘက်များတွင် ပိုမို များပြားလာသည် ဟု စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ တွင် ပြိုင်ကား နှင့် ကားအလှဆင် မောင်းသူများ မှာ ခြောက်ရာကျော်ခန့် ရှိပြီး ထင်ရှားသော ဂိုဏ်း
ရှစ်ဂိုဏ်း ခန့် ရှိသည် ဟု သိရသည်။ Continue reading “ပြိုင်ကားဂိုဏ်းဝင်များ ရန်ကုန်မြို့ တွင် အုပ်စုဖွဲ့ တိုက်ခိုက်မှုများရှိ”
လွိုင်ကော် ရဲစခန်း ဗုံးကွဲခြင်းသည် အဖမ်းခံပြီး မှ အသေခံ ဗုံးခွဲခြင်း ဟု ယူဆ
Suicide Bomb Blast in Eastern Burma Police Station
ဗုံးကွဲပြီးနောက် စစ်တပ်ရောက်ရှိလာပြီ စခန်းတွင်းမှရဲဝန်ထမ်းများအားအကျယ် ချုပ်ချထားသည် ဟု သိရသည်။ ပုံတွင် အသေခံ ဗုံးခွဲသူ တစ်ဦး အား စစ်သား တစ်ဦးက ကြည့်ရှုနေစဉ် ဓာတ်ပုံ- Hanthawady Sky News
ယမန်နေ့ က ကယားပြည်နယ်  လွိုင်ကော် ရဲစခန်း တွင် ဗုံးပေါက်ကွဲမှု သည် အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်နိုင်ကြောင်း ထိုမြို့ မှ
အမည် မဖော်လိုသည့် တရားရေး  ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။
မြို့ မဈေးထဲ တွင် ဗုံးခွဲမည့် သူအား ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီး ပြီးနောက် စခန်းတွင်  စစ်ဆေးမေးမြန်း နေစဉ် ၎င်း၏ ခန္တာကိုယ်ထဲဉ်
အသင့်ပါလာသည့် ဆပ်ပြာဗူး အရွယ် ပစ္စည်း လေးများ အား ရဲလက် သို့ အပ်မည့် ပုံစံ ပြုလုပ်ပြီးနောက် ပေါက်ကွဲခြင်း ဖြစ်သည်
ဟု လွိုင်ကော် ရဲစခန်း နှင့် နီးစပ် သည့် သူ တစ်ဦး ကပြောသည်။ Continue reading “လွိုင်ကော် ရဲစခန်း ဗုံးကွဲခြင်းသည် အဖမ်းခံပြီး မှ အသေခံ ဗုံးခွဲခြင်း ဟု ယူဆ”
ဗုံးခွဲမည့် သူအား ရဲစခန်းတွင် ဖမ်းဆီးထားစဉ် စနက်တံဖြုတ်ပြီး သေကြောင်းကြံ
ကယားပြည်နယ် လွိုင်ကော်မြို့  ဈေးကြီးထဲ ဉ် ဗုံးထောင်ရန် ကြံစည် နေသူ တစ်ဦး ကို မသင်္ကာသဖြင့်
ရဲတပ်ဖွဲ့ က ဖမ်းဆီးပြီး ဒီမောဆို ရဲစခန်း တွင် ဖမ်းဆီးထားစဉ် စနက်တံ ဖြုတ်ပြီးနောက် မိမိကိုယ်ကို သေကြောင်းကြံမှု
ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။
ရဲစခန်း တွင်း ဗုံးခွဲသေကြောင်းကြံမှု ကြောင့် စခန်းမှုး အပါအ၀င် ရဲတပ်ဖွဲ့ ဝင်လေးဦး နှင့် အရပ်သား တစ်ဦး
ဒဏ်ရာရရှိသည်။ ဗုံးခွဲမည့် သူဟု သံသယရှိသူ မှာ ထိုရဲစခန်း တွင်း ဉ်ပင် သေဆုံးသွားခဲ့သည်။ Continue reading “ဗုံးခွဲမည့် သူအား ရဲစခန်းတွင် ဖမ်းဆီးထားစဉ် စနက်တံဖြုတ်ပြီး သေကြောင်းကြံ”
ယူကရိန်း အမတ် များ လွှတ်တော်တွင်း လက်သီးစွမ်းပြ(ဗီဒီယို)
ပင်လယ်နက် အတွင်း ရှရှား ရေတပ် ဆက်လက်ထားရှိရေး ၊မထားရှိရေး နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့ က မဲခွဲ ဆုံးဖြတ်ကြရာ မှ လွှတ်တော် အမတ် များ  ငြင်းခုံမှု ဖြစ်ပြီး အပြန် အလှန် ထိုးကြိတ်ကြပုံဖြစ်သည်။ ဓာတ်ပုံ-Huntington Post
ပင်လယ်နက် အတွင်း ရှရှား ရေတပ် ဆက်လက်ထားရှိရေး ၊မထားရှိရေး နှင့် ပတ်သက်၍ ဧပြီလ ၂၇ ရက်နေ့ က မဲခွဲ ဆုံးဖြတ်ကြရာ မှ လွှတ်တော် အမတ် များ ငြင်းခုံမှု ဖြစ်ပြီး အပြန် အလှန် ထိုးကြိတ်ကြပုံဖြစ်သည်။ ဓာတ်ပုံ-Huntington Post
Continue reading “ယူကရိန်း အမတ် များ လွှတ်တော်တွင်း လက်သီးစွမ်းပြ(ဗီဒီယို)”
ရွေးကောက် ပွဲ တွင် ပါဝင်ရန် အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ယောက် လက်ရှိ ရာထူးမှ နှုတ်ထွက်
စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ဦး ကရွေးကောက်ပွဲ တွင် ပါ
ဝင် နိုင်ရန် အတွက် လက်ရှိရာထူးများမှ နှုတ်ထွက် ကာ အရပ် ၀တ် လဲ ခဲ့ကြ သည် ဟု အေအက်(ဖ)
ပီ သတင်းတွင် ဖော်ပြ ထားသည်။ Continue reading “ရွေးကောက် ပွဲ တွင် ပါဝင်ရန် အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် ၀န်ကြီး ၂၂ ယောက် လက်ရှိ ရာထူးမှ နှုတ်ထွက်”
အကြတ်နေ့ ဗုံးပေါက် ကွဲမှု အိုစာမာဘင် လာဒင် တည်ထောင် သည့် အယ်ကာယီဒါး လက်ချက် ဟု စစ်အစိုးရ အရာရှိ တစ်ဦး ပြော
ဟိန်းခိုင်ထွန်း
ဗုံးကွဲမှု ဖြစ်ပွားခဲ့သည့် အနီးတွင်ရှိ သည့် X2O မဏ္ဍပ်အား ပေါက်ကွဲမှု ဖြစ်ပြီး မိနစ်အနည်းငယ် အကြာတွင် Freedom News Group မှ မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ဧပြီလ ၁၅ ရက်နေ့ သင်္ကြန် အကြတ် နေ့ က ဗုံးပေါက်ကွဲခဲ့ခြင်းသည် အာဖဂန် နစ္စတန် လျှို မြောင်တောင်ကြား
များ တွင် အခြေစိုက်ပြီး နိုင်ငံတကာသို့ ကွန်ယက်ဖြန့် လုပ်ကိုင်သည့် အယ်ကာယီးဒါး အကြမ်းဖက် အဖွဲ့ ၏
လက်ချက် ဖြစ်သည် ဟု သူယူဆကြောင်း စစ်အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦးက စနေနေ့ က ၀န်ထမ်းများ
နှင့် တွေ့ ဆုံပွဲ ကို နေပြည်တော် တွင် ပြုလုပ် စဉ် ပြောကြား လိုက်သည် ဟု Freedom News Group
ကသတင်းရရှိသည်။ Continue reading “အကြတ်နေ့ ဗုံးပေါက် ကွဲမှု အိုစာမာဘင် လာဒင် တည်ထောင် သည့် အယ်ကာယီဒါး လက်ချက် ဟု စစ်အစိုးရ အရာရှိ တစ်ဦး ပြော”
ဘန်ကောက်မြို့ ၏ နက္ခတ် သည် ဆင်ဖြူရှင် မင်း အယုဒ္ဒယ သိမ်းချိန်က နက္ခတ် နှင့် တိုက်ဆိုင်နေ
တင်ကျော်ကျော်စိုး
ချသုခြာ ပန်းခြံတွင်း မှ အစိုးရ လိုလားသည့် တန်ပြန် ဆန္ဒပြပွဲများ
ယနေ့ မနက် မိုးလင်းမှ စ၍ ဘန်ကောက် မြို့ 
သူမြို့ သားတို့ က ထိုင်း နိုင်ငံအနေဖြင့် ဆိုရွားသည့်
အဖြစ်အပျက်များ နှင့် ကြုံတွေ့ ရတော့မည် ဟု
ထင်မြင် နေကြသည်။ထို ကဲ့သို့  မကောင်းသောဘေး
မကောင်းသော ကပ်များ မှ လွတ်မြောက် နိုင်ရန်
အတွက် မြဘုရား အပါအ၀င် တန်ခိုးကြီး စေတီ ၊ပုထိုး
များဉ် ယနေ့ မနက် ကတည်းက ဆုတောင်း မှု
ပြုခဲ့ကြသည်။
ဧပြီလ ၂၅ ရက်နေ့ သည့် ထိုင်းရာဇ၀င် တွင်
ထင်ရှားသည့် ဘုရင် နရဲစွမ် ၏ မွေးနေ့ ဖြစ်သည်။
ဘုရင့်နောင် မင်းတရား ကြီး ပိဿလောက်
(ယခု ဖိစနု လောခ်) ကို စစ်နိုင်သည့် အခါ ဘုရင်
သမရာချာ(ဓမ္မရာဇာ) ၏ သားဖြစ်သူ အသက် ခုနှစ်နှစ် အရွယ် သားတော် နရဲစွမ် (ဗြနရာဇ်) အား ဟံသာဝတီ နေပြည်တော် သို့ ခေါ်ဆောင်လာခဲ့သည်။ Continue reading “ဘန်ကောက်မြို့ ၏ နက္ခတ် သည် ဆင်ဖြူရှင် မင်း အယုဒ္ဒယ သိမ်းချိန်က နက္ခတ် နှင့် တိုက်ဆိုင်နေ”
ရွေးကောက်ပွဲ အတွက် နှစ်ဖက် အဖြေရှာဖို ဥရောပ သမဂ္ဂ က မြန်မာ နိုင်ငံသို့ မစ်ရှင် စေလွှတ်မည်
EU to urge Myanmar junta to accept pre-election mission
မြန်မာ နိုင်ငံသို့ လာမည့် အီတလီ တရားရေး ၀န်ကြီး ဟောင်း ပီယာရို ဖက်ဆီနို
ဥရောပ သမဂ္ဂ (E.U) က မြန်မာ နိုင်ငံသို့ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စုံစမ်းလေ့လာ အဖြေရှာ
ရေး ကော်မရှင် တစ်ခု ကို မကြာခင် စေလွှတ်မည် ဖြစ်ကြောင်း နှင့် ထိုမစ်ရှင် အဖွဲ့ ကို မြန်မာ စစ်
အစိုးရ အနေဖြင့် လက်သင့်ခံရန် အီးယူ သံတမန် တစ်ဦးက AFP သတင်းဌာန သို့ ပြောသည်။
အငြင်းပွဲဖွယ်ရာ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာ ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က
ရွေးကောက်ပွဲ မ၀င် ဟု ဆုံးဖြတ်ခဲ့ပြီး နောက် အီးယူက ယခုကဲ့သို့ စီစဉ် ခြင်းဖြစ်သည်။ Continue reading “ရွေးကောက်ပွဲ အတွက် နှစ်ဖက် အဖြေရှာဖို ဥရောပ သမဂ္ဂ က မြန်မာ နိုင်ငံသို့ မစ်ရှင် စေလွှတ်မည်”