ဘန်ကောက် ဗုံးကွဲ မှု သြစတေးလျှ လူမျိုး ရန်ကုန် ပညာဒါန ကျောင်းဆရာ တစ်ဦး ထိခိုက်ဒဏ်ရာရ
Rangoon Volunteer Teacher Wounded Bomb Blast in Bangkok
ဧပြီလ ၂၂ ရက်နေ့ ည ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ဆလာဒန်း ဘူတာရုံ ဗုံးပေါက်ကွဲမှု တွင် ရန်ကုန်
မြို့ရှိ အင်္ဂလိပ်စာ သင်တန်းကျောင်း တစ်ခုဉ် နိုင်ငံခြား ဘာသာစကား သင်ကြားပေးနေသည့်
အသက် ၂၆ နှစ် အရွယ်ရှိ သြစတေးလျှ လူမျိုး ဆရာ တစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိ
သွားသည်။
မစ္စတာ ရီုဆီ သည် ရန်ကုန်မြို့  တွင် နေထိုင်ခွင့် ဗီဇာ သက်တမ်းတိုးရန် အတွက် ဘန်ကောက်မြို့ ရှိ မြန်မာ သံရုံးသို့ 
ထိုနေ့ က ဗီဇာ သွားရောက် တိုးအပြီး အပြန် ဆလာဒင် ဘူတာရုံ တွင် မိုးပျံရထား အား စောင့်ဆိုင်းနေစဉ် ဗုံးပေါက်
ကွဲခဲ့ ခြင်းဖြစ်သည်။သူသည် ယနေ့ ည မြန်မာနိုင်သို့ ထွက်ခွာရန် စီစဉ်ထားခြင်းဖြစ်သည်။ Continue reading “ဘန်ကောက် ဗုံးကွဲ မှု သြစတေးလျှ လူမျိုး ရန်ကုန် ပညာဒါန ကျောင်းဆရာ တစ်ဦး ထိခိုက်ဒဏ်ရာရ”
နေပြည်တော် တွင် ဗုံးလန့် 
ယနေ့ ညနေ ၅နာရီ ခန့် က နေပြည်တော် ရှိ မြို့ မဈေးတွင် ဗုံးလန့် မှု တစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့်
ဈေးသူဈေးသား များ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ဟု သတင်းရရှိသည်။ ဗုံးလန့် သည့် မြို့ မဈေး
သို့ ချက်ခြင်း ပင် စစ်အစိုးရလုံခြုံရေး တပ်ဖွဲ့ များ ရောက်ရှိလာသည်။ Continue reading “နေပြည်တော် တွင် ဗုံးလန့် ”
၂၃ လမ်းတွင် ဆောက်လုပ်ဆဲ လေးထပ်တိုက် ငြမ်းပြိုကျမှု လမ်းသား များ ဗုံးပေါက် သည် ထင် ၍ ထိတ်လန့် 
၁၁း၁၄ သောကြာနေ့ 
ရန်ကုန် မြို့ လသာ မြို့ နယ် ၂၃ လမ်း အထက်ဘလောက် အိမ်အမှတ် ၁၁၆ – ၁၂၀ တွင် ယနေ့ မနက် ၁၁ နာရီခန့် က
ဆောက်လုပ်ဆဲ လေးထပ်တိုက်တစ်လုံး၏ ငြမ်း ပြို ကျမှု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။ငြမ်းပြိုကျမှု ကြောင့်
တန်ဖိုးကြီး လန်ခရူဆာ ကား တစ်စီး ပျက်စီးသွားပြီး ၊အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိသွားသည် ဟု သိရသည်။
Continue reading “၂၃ လမ်းတွင် ဆောက်လုပ်ဆဲ လေးထပ်တိုက် ငြမ်းပြိုကျမှု လမ်းသား များ ဗုံးပေါက် သည် ထင် ၍ ထိတ်လန့် ”
ဘန်ကောက်တွင် ဗုံးပေါက်ကွဲ သုံးဦးသေ ရ၅ ဦးဒဏ်ရာရ
ဗုံးပေါက်ကွဲရာ ဆလာဒန်း ဘူတာ အား ဗုံးမပေါက်ကွဲခင် ညနေ ၆ နာရီက Freedom News Group မှ မှတ်တမ်း တင်ထားပုံ ဖြစ်သည်။ ဓာတ်ပုံ - ကိုဦး (ဘန်ကောက်) FNG
ပေါက်ကွဲမှု မဖြစ်ခင် ဧပြီလ ၂၂ ရက်နေ့ ညနေ က ဆလာဒန်း ဘူတာ အား Freedom News Group မှ ရိုက်ကူးထားခြင်းဖြစ်သည်။
ဘန်ကောက်မြို့ လည် စီးပွားရေး အချက်အချာကျသည့် နေရာ များတွင် ယနေ့ ည ဗုံးပေါက်ကွဲမှု
ကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးပြီး ၇၅ ဦးဒဏ်ရာရရှိခဲ့သည်။လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု
ကြောင့် ထိခိုက်ပေါက်ကွဲ မှု ရှိခဲ့သည့် နေရာများ မှာ စလာဒန်း လမ်းဆုံအနီး မိုးပျံရထားဘူတာရုံ ၊ဒူဆစ်
ဌာနေ ဟိုတယ် ၊ချာရိုယန် လယ်ယာ စီးပွားရေး ကုမ္ပဏီ ရုံးနှင့် ဆီလုံ လမ်းမ နှစ်နေရာ တွင် ဖြစ်သည်။ Continue reading “ဘန်ကောက်တွင် ဗုံးပေါက်ကွဲ သုံးဦးသေ ရ၅ ဦးဒဏ်ရာရ”
ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမည် ဟု မိသားစုဝင်များမျှော်လင့်
Junta Prepare to release Political Prisoners
နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့်  ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ
မြန်မာစစ်အစိုးရမှ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား များပြန်လွှတ်မည် ဆိုသည့် သတင်း
သည် သင်္ကြန်ကာလ မတိုင်ခင်ကတည်းက နိုင်ငံရေး အကျဉ်းသား မိသားစု များ၏ သတင်းရပ်
ကွက်တွင် ပေါ်ထွက်နေ ခဲ့သည်။ Continue reading “ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာမည် ဟု မိသားစုဝင်များမျှော်လင့်”
အနီဝတ် များ က အာဏာဖီဆန်ပွဲထပ်မံပြုလုပ် ဖို့ အရှိန် ယူနေ
အနီဝတ် များ စခန်းချ နေရာယူထားသည့် လုမ္မဏီ ပန်းခြံ
ထိုင်း နိုင်ငံ ဘန်ကောက်မြို့ က လုမ္မဏီ ပန်းခြံတ၀ိုက် နဲ့ ပသုဝန် ချုလာလောင်ကွန်း ဆေးရုံ အနီးကနေ ပသိုနမ်
ကုန် တိုက်ထိပ် ထိ မော်တော်ကား တာယာများ ၀ါးလုံး များ ကို ရစ်ဖွဲ့ ပြီး ၀ါးလုံးခံတပ် လုပ်ထားပါတယ်။
ဒီဝါးလုံး ခံတပ် ဟာ နိမိတ် မကောင်းဘူးလို့ ယုံကြည်တာကြောင့် ဒေသခံ ပသုဝန် နဲ့ ဘန်ကောက်သား အချို့က
ဖျက်ဆီး ဖို့ လုပ်တဲ့ အတွက် မနေ့ ညက အနီဝတ် အချို့ နဲ့ ဘန်ကောက် ဒေသခံတွေ ခိုက်ရန်ဖြစ်ပွားကြပါ
တယ်။ Continue reading “အနီဝတ် များ က အာဏာဖီဆန်ပွဲထပ်မံပြုလုပ် ဖို့ အရှိန် ယူနေ”
နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ ကို နိုင်ငံရေး အလို့ ငှာယူငင် သုံးစွဲခြင်းမပြုရန် တောင်းဆို
နိုင်ငံရေး(စစ်အစိုးရ ဆန့် ကျင်ရေး)  နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ နှင့် မိမိ ရိုက်ကူးထားခြင်း
မဟုတ်သော ဓာတ် ပုံများ အား နိုင်ငံရေး အလို့ ငှာယူငင်သုံးစွဲ ခြင်း မပြုရန် ကာယကံ ရှင် နှင့်
ရန်ကုန်မြို့ ရှိ နိုင်ငံခြား သတင်း ထောက် တစ်ဦး တို့ က Freedom News Group သို့ ပြောသည်။
မဟာသင်္ကြန် အကြို  နေ့ မတိုင်ခင်က ရန်ကုန်မြို့ ရှိ လူငယ်များ ပန့် ခ် ဖက်ရှင်ဆန်းများဖြင့်
ဆင်မြန်းကာ လည်ပတ်နေ သည့် ဓတ်ပုံ အား အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံရေး
သမား တစ်ဦး၏ ဘလောက်တွင် စစ်အစိုးရ ဆန့် ကျင်ရေး အာဘော်များ နှင့် ယှဉ်တွဲပြီးဖော်
ပြ ထားခဲ့သဖြင့် ထိုလူငယ်များ အား အာဏာပိုင်များ က ယမန်နေ့ က စုံစမ်းစစစ်ဆေးမှု ပြု
လုပ်ခဲ့သည် ဟု သတင်းရရှိသည်။ Continue reading “နိုင်ငံရေး နှင့် မသက်ဆိုင်သည့် ဓာတ်ပုံများ ကို နိုင်ငံရေး အလို့ ငှာယူငင် သုံးစွဲခြင်းမပြုရန် တောင်းဆို”
အမျိုးသား ညီညွှတ်ရေး ကို ပြိုကွဲစေမည့် နိုင်ငံရေး အကျပ်အတည်း အား ထိုင်းဘုရင် ကြားဝင်ဆောင် ရွက်ပေးရန် ချာဗလစ် နှင့် ဆွမ်ချိုင်း တို့ က တောင်းဆို
ထိုင်းဝန်ကြီးချုပ် ဟောင်းချာဗလစ် ယောင်ချိုင်ယု Photo : The Nation
ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်း ဆောင်ခဲ့ဖူးသည့် ချာဗလစ် ယောင်ချိုင်ယု နှင့် ဆွမ်ချိုင်း ဝေါင်
ဆ၀တ် တို့ နှစ်ဦးက အနီဝတ် (အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး ) နှင့် အဘီဆစ် ၏ ညွှန့် ပေါင်း
အစိုးရကြား ဖြစ်ပွားနေသည့် မပြီးဆုံးသေးသည့် သွေးမြေကျ ပြဿနာ များ ကို တော်ဝင် မိသားစု အနေဖြင့်
ဝင်ရောက်ဖြေရှင်း ပေးရန် ယနေ့ တောင်း ဆိုလိုက်သည်။ Continue reading “အမျိုးသား ညီညွှတ်ရေး ကို ပြိုကွဲစေမည့် နိုင်ငံရေး အကျပ်အတည်း အား ထိုင်းဘုရင် ကြားဝင်ဆောင် ရွက်ပေးရန် ချာဗလစ် နှင့် ဆွမ်ချိုင်း တို့ က တောင်းဆို”
မလေးရှားတွင် တစ်လအတွင်း ဒုတိယမြောက် မြန်မာ တစ်ဦး အသတ်ခံရ
မလေးရှား UNHCR မှ ထုတ်ပေးထားသည့် ဒုက္ခသည် အဖြစ် အသိအမှတ် အသက် ၄၀ နှစ် အရွယ်ရှိ
မြန်မာ အလုပ်သမား ကိုမြင့်ဆွေ ဆိုသူသည် ဂျလန် တီလောခ် ဘာတူ ရှိ သေတ္တာ တစ်ခုထဲတွင် ယမန်
နေ့ မနက်က သေဆုံးလျှက်တွေ့  ရှိရသည် ဟု ရှမ် အလန် ရဲဌာန မှ တာဝန်ရှိသူ တစ်ဦးက မလေးရှား
သတင်းစာ တစ်စောင်သို့ ပြောသည်။
Continue reading “မလေးရှားတွင် တစ်လအတွင်း ဒုတိယမြောက် မြန်မာ တစ်ဦး အသတ်ခံရ”
ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ
ဧပြီလ ၁၅ ရက်နေ့ ညနေ သုံးနာရီ ရန်ကုန် မြို့ ကန်တော်ကြီး အနီးရှိ သင်္ကြန်ရေကစား နေသည့်
မဏ္ဍပ် တစ်ခု အနီးတွင် ဗုံးပေါက်ကွဲမှုသည် နယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်လွတ်
မြောက်နယ်မြေ ၊NCUB ၊မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ် တပ်ဦး(ABSDF)
နှင့် အမျိုးသား ညွှန့် ပေါင်းအစိုးရ တို့ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာ တွင် စွပ်ဆွဲ ဖော်
ပြထားသည်။ Continue reading “ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ”
အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)
ကလန်သံဗျင်
မီဒီယာ၊                   ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။
ဗိုလ်ချုပ်မှုးကြီး၊      ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့ ပဲကြည့်တယ်လေ
ဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်။  ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ
မီဒီယာ၊                  ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီး
ဗိုလ်ချုပ်မှုးကြီး၊        ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့် လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။ Continue reading “အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)”
မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့(ဗီဒီယို)
BBC 2 ၏ Tropic of Cancer အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် မှာ မြန်မာ နိုင်ငံ အနောက်မြောက်
ပိုင်း ချင်းပြည်နယ် သို့ တရားမ၀င် ၀င်ရောက် ခဲ့ပြီးနောက် အောင်မြင်စွာဖြင့် ပြန်လည် ထွက်ခွာ နိုင်သည်
ဟု သတင်းရရှိသည်။
ဆိုင်မွန် ရိဗ် သည် ချင်းပြည်နယ် တွင်း ဉ် ရက်အတန်ကြာ စခန်းချနေထိုင်စဉ် မြန်မာ စစ်တပ် စစ်ကြောင်း
တစ်ခု နှင့် နီးကပ်လာချိန်တွင် ပြန်လည် ထွက်ခွာခဲ့သည် ။ဆိုင်မွန် ရိဗ် သည်  အာဖရိက ၊မက္ကဆီ ကို နိုင်ငံ
များ တွင် သက်စွန့် ဆံဖျား ဗီဒီယို မှတ် တမ်းတင်ပြီး Tropic of Cancer အစီအစဉ် ကို တင်ဆက်ခဲ့သူဖြစ်
သည် ။၎င်း သည် ချင်းပြည်နယ် အတွင်း ၀င်ရောက် စဉ် ထန်တလန် နှင့် ဟားခါး မြို့ နား ထိရောက်ခဲ့သည်
ဟု သိရသည်။ Continue reading “မြန်မာနိုင်ငံတွင်း သို့ လှို့ ဝှက် ၀င်ရောက် သွားခဲ့သည့် ဘီဘီစီ အစီအစဉ် တင်ဆက်သူ ဆိုင်မွန် ရိဗ် ဘေးမသီရန်မခ ဘဲ ပြန်လည် ထွက်ခွာ နိုင်ခဲ့(ဗီဒီယို)”
ဒီတစ်ပတ် နိုင်ငံတကာသတင်း ဓာတ်ပုံ နှင့် ဗီဒီယို
မန္တလေးသင်္ကြန် တွင် စိုင်းစိုင်းခမ်းလှိုင် သီဆို ဖျော်ဖြေစဉ်
မန္တလေး သင်္ကြန်တွင် သီဆိုဖျော်ဖြေနေသည့် မိုးယုစံ
အိုက်လန်းကျွန်းတောင်ဘက်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် မီးခိုးများမှာ အင်္ဂလန် အပါအ၀င် ဥရောပ မြောက်ပိုင်း တစ်ခု လုံးကို ဖုံးလွှမ်းနေသဖြင့် ဥရောပ လေကြောင်းခရီးစဉ် များမှာ ရပ်နားထားရသည်။မီးခိုးများသည် မိုင် တစ်ထောင်ကျော် အထိ ပျံနှံနေပြီး မီးတောင် မှာ မှုတ်ထုတ်သည့် မီးခိုများမှာ ပေသုံးသောင်း အမြင့်ရှိသည် (AP Photo/Arnar Thorisson/Helicopter)
Eyjafjallajokull မီးတောင်ပေါက်ကွဲမှုမှ ချော်ရည်များ
လေယာဉ်ပျက်ကျပြီးကွယ်လွန်သွားသည့် ပိုလန်သမ္မတ နှင့် ဇနီးဖြစ်သူတို့ ၏ ရုပ်အလောင်း
သက်ဆင် ပိုင်ဆိုင်သည့် SC Park ဟိုတယ်မှာကြိုးဖြင့်တွယ်ဆင်း၍ လွတ်မြောက်လာ သည့် ထိုင်းနာမည်ကျော် အဆိုတော် နှင့် အနီဝတ်ခေါင်းဆောင် အရစ်မာ ပွန်ဂရွန်ဂေါင် သူ၏ သီချင်းများ ကို မြန်မာ အဆိုတော် များက ပြန်လည် သီဆိုထားကြသည်။
ရှရှား နိုင်ငံသို့ အသွား လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သည့် ပိုလန် သမ္မတ လက်ကာဇင်စကီးနှင့် နိုင်ငံ ခေါင်းဆောင်များ၏ ဈာပန ထိုဈာပန သို အမေရိကန် သမ္မတ အပါအ၀င် နိုင်ငံခေါင်းဆောင်များ မှာ မီးတောင် ပေါက်ကွဲ မှုကြောင့် လေယာဉ်ပျံသန်း မှု အခက် အခဲကြောင့် တက်ရောက် နိုင်ခြင်းမရှိချေ
မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲ ပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာမည် ဟု ထင်ကြေးပေးခံနေသည့် ဗြိတိန် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် ဒေးဗစ်ကင်မရွန်
ပူလစ်ဇာ ဆုရ ဓာတ်ပုံ Photo by Mary Chind/The Des Moines Register
ဓာတ်ပုံများအားဆက်လက်ကြည့်ရှုရန် ဤနေရာတွင် ကလစ် နှိပ်ပါ.
Continue reading “ဒီတစ်ပတ် နိုင်ငံတကာသတင်း ဓာတ်ပုံ နှင့် ဗီဒီယို”
မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ
VOA News
Bomb blasts rock China JV hydro power site in Myanmar
ကချင်ပြည်နယ် မြစ်ဆုံရေကာတာ တည်ဆောက်ရေးလုပ်ငန်းကို အကောင်အထည် ဖော်နေတဲ့ Asia World ကုမ္ပဏီရုံးမှာ ဒီကနေ့မနက် အစောပိုင်းက အနည်းဆုံး ဗုံး ၄ လုံးလောက် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးနဲ့ မော်တော်ယာဉ်အချို့ ပျက်ဆီးခဲ့ပါတယ်။ ဒေသခံတွေကတော့ သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ လည်းပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲခဲ့တာကတော့ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ် လောက်မှာ ကချင်ပြည်နယ်တွင်းမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ ဒီတပတ်အတွင်း မြန်မာပြည်မှာ ဒုတိယအကြိမ်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲတဲ့ နေရာကတော့ မေခနဲ့မလိခ မြစ်ဆုံဒေသမှာ အခြေစိုက်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေတဲ့ Asia World ကုမ္ပဏီရုံးအဆောက်အဦမှာ ဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက အခုလိုပြောပါတယ်။ Continue reading “မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ”