ဒေါ်အောင်ဆန်းစုကြည် ဆိုင်းငံပြစ်ဒဏ် ကာလတွင်နေအိမ်အကျယ်ချုပ်ဖြင့် ၁၈ လနေ ရမည်
၁၁ သြဂုတ် ရန်ကုန် ၊                       ၊တင်ကျော်ကျော်စိုး
Myanmar’s Aung San Suu Kyi gets 18 months under house arrest
မေလ ၂၀ ရက်နေ့ ကတရားရုံးချိန်းတွင်တွေ့ ရသည့် ဒေါ်အောင်ဆန်းစုကြည်
မေလ ၂၀ ရက်နေ့ ကတရားရုံးချိန်းတွင်တွေ့ ရသည့် ဒေါ်အောင်ဆန်းစုကြည်
အင်းစိန်ထောင်တွင်း နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာ့ ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား တရားရုံး မှ အလုပ်ကြမ်းဖြင့် ထောင်ဒဏ်
သုံး နှစ် ချမှတ် ခဲ့သည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည် ဆိုင်းငံပြစ်ဒဏ် ကာလတွင်နေအိမ်အကျယ်ချုပ်ဖြင့် ၁၈ လနေ ရမည်”
ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် နေ့ အာရုံတက်ချိန် တွင် ငလျှင်လှုပ်ခတ်မှုဖြစ်ပွား
၁၁ သြဂုတ် ရန်ကုန် ၊                       ၊ယူကွန်
Earth Quake Hit Rangoon and Delta Region
အင်အားအသင့်အတင့်ရှိ ငလျှင်လှုပ်ခတ်မှုကြောင့် အနည်းငယ်ပျက်စီးသွားခဲ့သည့် ပန်းဆိုးတန်းလမ်းရှိ ဗဟိုတရားရုံးချုပ် ဓာတ်ပုံ-အေပီ
အင်အားအသင့်အတင့်ရှိ ငလျှင်လှုပ်ခတ်မှုကြောင့် အနည်းငယ်ပျက်စီးသွားခဲ့သည့် ပန်းဆိုးတန်းလမ်းရှိ ဗဟိုတရားရုံးချုပ် ဓာတ်ပုံ-အေပီ
သြဂုတ် လ ၁၁ ရက်နေ့ နံနက် နှစ်နာရီခွဲ အချိန်ခန့်က ရစ်ခ်ျတာစကေး အင်အား ၇.၆ အဆင့် ရှိသော မြေငလျှင်တစ်ခုမှာဘင်္ဂလားပင်လယ်အော်ထဲရှိအက်ဒမန်ကျွန်းမြောက်ဘက်(ကိုကိုးကျွန်းအ
နောက်တောင်ဘက်)နေရာကို ဗဟိုပြု၍လှုပ်ခတ်သွားကြောင်းသိရသည်။ Continue reading “ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့် နေ့ အာရုံတက်ချိန် တွင် ငလျှင်လှုပ်ခတ်မှုဖြစ်ပွား”
ယက်တောဆေးရုံ ကဆင်းပြီ
၁၁ သြဂုတ် ရန်ကုန် ၊                 ၊စံပယ်ထွန်း
Yettaw Leaves Hospital
သြဂုတ်လ၈ရက်နေ့ က အင်းစိန်ထောင်ရှေ့မြင်ကွင်း
သြဂုတ်လ၈ရက်နေ့ က အင်းစိန်ထောင်ရှေ့မြင်ကွင်း ဓာတ်ပုံ-အေပီ
ဝက်ရူးပြန် ရောဂါကြောင့် အင်းစိန်ထောင်တွင်းရှိဆေးရုံမှရန်ကုန်ဆေးရုံကြီး ဦးဏှောက် နှင့် အာရုံကြောဌာန သို့ တက်ရောက်ကုသခံနေရသည့်အမေရိကန်နိုင်ငံသားဂျွန်ဝီလျှံယက်တောမှာကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်သဖြင့် တနင်္လာနေ့ ည ရှစ်နာရီအချိန်ခန့် က ဆေးရုံမှ ဆင်းကာ အင်းစိန် ထောင် သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ Continue reading “ယက်တောဆေးရုံ ကဆင်းပြီ”
The Street အမည်ရှိ မြန်မာ ဟစ်ဟောပ်မဂ္ဂဇင်း စတင်ထုတ်ဝေ
၁၀ သြဂုတ် ရန်ကုန် ၊                     ၊ယူကွန်
First Myanmar Hip Hop Magazine Launch
အသစ်ထွက်ရှိလာအုံးမည့် The Street အမည်ရှိ ဟစ်ဟောပ်မဂ္ဂဇင်း
အသစ်ထွက်ရှိလာအုံးမည့် The Street အမည်ရှိ ဟစ်ဟောပ်မဂ္ဂဇင်း
မြန်မာ နိုင်ငံ၏ ပထမဦးဆုံး ဟစ်ဟောပ်ဂီတ နှင့် ပတ်သက်၍ ဖေါ်ပြမည့် မဂ္ဂဇင်း တစ်စောင်ဖြစ်သည့်
The Street အမည်ရှိ မဂ္ဂဇင်း ကို သြဂုတ် လ ၂၁ ရက် နေ့ တွင် ဖြန့် ချီတော့မည် ဖြစ်ကြောင်းထို မဂ္ဂဇင်း ကိုစီစဉ် သည့် ရက်(ပ) အဆိုတော် အာဘွိုင်းက ဆီဒိုးနား ဟိုတယ် မင်းတုန်းခန်းမတွင်
ပြုလုပ် သည့် မဂ္ဂဇင်း မိတ်ဆက်ပွဲ အခမ်းအနားတွင်ပြောသည်။ Continue reading “The Street အမည်ရှိ မြန်မာ ဟစ်ဟောပ်မဂ္ဂဇင်း စတင်ထုတ်ဝေ”
မြန်မာနိုင်ငံရေပိုင်နက် အနီးတွင်တွေ့ရှိသော မြောက်ကိုရီးယား သင်္ဘောကို အိန္ဒိယရေတပ် မှ ဖမ်းဆီးထား
၈ သြဂုတ် ရန်ကုန် ၊                          ၊စထရိတ် တိုင်း(မ)
India detains N. Korean ship
ဖမ်းဆီးထားသော သင်္ဘောပေါ်တွင် တွေ့ ရသည့် အိန္ဒိယရေတပ် နှင့် မြောက်ကိုရီးယား သင်္ဘောသားများ
ဖမ်းဆီးထားသော သင်္ဘောပေါ်တွင် တွေ့ ရသည့် အိန္ဒိယရေတပ် နှင့် မြောက်ကိုရီးယား သင်္ဘောသားများ
အိန္ဒိယ ကမ်းရိုးတန်းအရှေ့တောင်ဘက် ရေပြင်အနီးတွင် မသင်္ကာဖွယ်ရာတွေ့ ရှိရသည့် မြောက်ကိုရီးယား ပင်လယ်ကူး သင်္ဘောတစ်စီးကို အိန္ဒိယ ရေတပ် ကယနေ့ မနက် အစောပိုင်းကဖမ်းဆီးထားကြောင်း အိန္ဒိယ ကမ်းရိုးတန်း အစောင့် တပ်က သတင်းထုတ်ပြန်သည်။ Continue reading “မြန်မာနိုင်ငံရေပိုင်နက် အနီးတွင်တွေ့ရှိသော မြောက်ကိုရီးယား သင်္ဘောကို အိန္ဒိယရေတပ် မှ ဖမ်းဆီးထား”
ရှစ်လေးလုံး အကြိုသတင်းစာ ရှင်းလင်းပွဲတွင် ခင်ရီက မဲဆောက်ရှိ မြန်မာ အတိုက်အခံတို့ ကို အကြမ်းဖက်သမား များအဖြစ် ပုံဖေါ်
၈ သြဂုတ် ရန်ကုန် ၊                      ၊တင်ကျော်ကျော်စိုး
Burma Police Arrest Bomb Plotters
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲအချို့ ကို ယက်တော ၀င်ရောက်သည် ကိုမသိမှုဖြင့်အရေးယူထားသည် ဟုပြောနေသော ခင်ရီ
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲအချို့ ကို ယက်တော ၀င်ရောက်သည် ကိုမသိမှုဖြင့်အရေးယူထားသည် ဟုပြောနေသော ခင်ရီ
နှစ်ဆယ့် တစ်နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံ နေ့ မတိုင်ခင် တစ်ရက် အလို ဉ် ကျင်းပခဲ့သည့်  သတင်းစာ ရှင်းလင်း ပွဲ တွင် မြန်မာ နိုင်ငံကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း လာရောက် လည် ပတ်မည့် အချိန် နှင့် ဒေါ်အောင်ဆန်းစုကြည် အား ရုံးတင် စစ်ဆေးနေသော အချိန်ကာလ များတွင် ပြည်တွင်း သို့ အကြမ်းဖက်သမားများစေလွှတ်
၍ ဖောက်ခွဲမှုများပြုလုပ် ရန် မဲဆောက် ရှိ အတိုက်အခံ အဖွဲ့ များက ညွှန်ကြားထားကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ခင်ရီ ကစွပ်ဆွဲ ပြောကြားခဲ့သည်။
အဆို ပါ သတင်းစာရှင်းလင်းပွဲ သို့ တက်ရောက်ခဲ့သည့် လူငယ် သတင်းထောက် တစ်ဦးက မဲဆောက်က နာမည် ကြီး မြန်မာ အတိုက်အခံတွေ ရဲ့ နာမည်တွေကို ဖောဖောသီသီ သုံးသွားပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတာပါ ဘာမှ မထူးပါဘူး ယက်တော လည်း မဲဆောက် ကလာတယ်။ဗုံး လည်း မဲဆောက် ကလာတယ် ဒါပဲ ”ဟု ထိုလူငယ် သတင်းထောက် က Freedom News Group သို့ ပြောသည်။ Continue reading “ရှစ်လေးလုံး အကြိုသတင်းစာ ရှင်းလင်းပွဲတွင် ခင်ရီက မဲဆောက်ရှိ မြန်မာ အတိုက်အခံတို့ ကို အကြမ်းဖက်သမား များအဖြစ် ပုံဖေါ်”
A/H1N1 တုပ်ကွေး ကူးစက်ခံရသူ ၁၅ ဦးအထိရှိလာ
၈ သြဂုတ် ရန်ကုန် ၊                      ၊ပလန်းနက် သတင်း(www.planet.com.mm)
15 A(H1N1) in Burma (Report)
A/H1N1
A/H1N1တုပ်ကွေး ကူးစက်ခံထားရသူ နောက်ထပ်တစ်ဦးအား တွေ့ရှိပြီးနောက် မြန်မာနိုင်ငံတွင် ယင်းရောဂါဖြစ်ပွားမှုနှင့် ကြုံခဲ့ရသူ (၁၅)ဦးထိ ရှိလာပြီဖြစ်သည်။ Continue reading “A/H1N1 တုပ်ကွေး ကူးစက်ခံရသူ ၁၅ ဦးအထိရှိလာ”
ကြက်ဥအတု ရေရှည်စားသုံးက မှတ်ဥာဏ်ချို့ယွင်းစေနိုင်
၈ သြဂုတ် ရန်ကုန် ၊                 ၊ပလန်းနက် သတင်း(www.planet.com.mm)
Artificial Chicken Egg Damage Memorizing System
ကြက်ဥအတု ရေရှည်စားသုံးက မှတ်ဥာဏ်ချို့ယွင်းစေနိုင်
မြန်မာနိုင်ငံ နယ်စပ်ဒေသများမှတစ်ဆင့် ပြည်တွင်းသို့ ဓာတုဗေဒနည်းဖြင့် စီမံပြုလုပ်ထားသော ကြက်ဥအတုများဝင်ရောက်လျက်ရှိရာ ထိုကြက်ဥ၌အလန်းခေါ်ဓာတုဗေဒပစ္စည်းတစ်မျိုးပါဝင်သည့်အတွက် စားသုံးသူအား ဦးနှောက်မှတ်ဥာဏ်ချို့ယွင်းမှုရောဂါကိုဖြစ်စေနိုင်ကြောင်း၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဗဟိုဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းကပြောသည်။ Continue reading “ကြက်ဥအတု ရေရှည်စားသုံးက မှတ်ဥာဏ်ချို့ယွင်းစေနိုင်”
အင်္ဂါဂြိုလ် နှင့် ကမ္ဘာ နီးကပ်မည့် သတင်း ကြောင့် လူထုက တိုင်းပြည်အရေး ရတက်မအေးကြ
၅ သြဂုတ် မန္တလေး၊                       ၊ညွန့် သက်ထားဦး
Mystery of Mars Near Planet Earth
moon-mars_brennanမားစ် ခေါ် အင်္ဂါဂြိုလ် နှင့် ကမ္ဘာဂြိုလ် တို့ နီးကပ် မှုဖြစ်စဉ်တစ်ခု ကို သြဂုတ်လ ၂၇ ရက်နေ့  နှင့် ၂၈
ရက်နေ့ များတွင် တွေ့ မြင်နိုင်မည့် သတင်းအတွက် ဂြိုလ် နက္ခတ် တို့ က လှုမှုဘ၀ ကိုစိုးမိုးသည် ဟု
အစွဲ အလန်းကြီးလှသော မြန်မာပြည်သူများ အနေဖြင့် ရတက်မအေး ဖြစ်နေကြသည် ဟုသိရသ
ည်။
စစ်မက်ဖြစ်ပွားမှု နှင့် သွေးထွက်သံယို ၊အဓိကရုန်း ဖြစ်ပေါ်မှုများ ကို ပေါ်ပေါက်စေတတ်သည့် အ
စွမ်းရှိသည့် အင်္ဂါဂြိုလ် သည် ကမ္ဘာ နှင့် အနီးဆုံး အနေ အထားဉ် ရှိနေချိန်တွင် ညအချိန်ကောင်းကင်
တွင် လနှစ်စင်းထွန်း လင်းသာ သလို ဖြစ်နေသည် ကို မြင်ရမည် ဟု သော ဗေဒင် သတင်း ၀ဘ်ဆိုတ်
တစ်ခုတွင် ဖေါ်ပြထားသည်။ Continue reading “အင်္ဂါဂြိုလ် နှင့် ကမ္ဘာ နီးကပ်မည့် သတင်း ကြောင့် လူထုက တိုင်းပြည်အရေး ရတက်မအေးကြ”
အမျိုးသားစာ ကြည့်တိုက် အဆောက်အဦအား ဦးပိုင်မှ သိမ်းပိုက်
၆ သြဂုတ် ရန်ကုန် ၊                    ၊တင်ကျော်ကျော်စိုး
Where’s National Libraries in Burma ?
အမျိုးသားစာကြည့်တိုက် အဆောက်အဦ Photo:MMTHINKER Blog
အမျိုးသားစာကြည့်တိုက် အဆောက်အဦ Photo:MMTHINKER Blog
နီယမ် အဆောက်အဦ တစ်ခု ကို လာမည့် ငါးနှစ်အတွင်း အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
အမျိုးသားစာကြည့်တိုက် အဆောက်အဦ နှင့် မြေနေရာ ကို မူလတန်ဖိုး ထက် နှစ်ဆယ့် ငါးရာခိုင်နှုန်း လျှော့၍ ကျပ်ငွေ သန်း ကိုးသောင်း ကျော်ဖြင့် စီးပွားရေး ဦးပိုင် ကရရှိသွားခြင်းဖြစ်သည်။ Continue reading “အမျိုးသားစာ ကြည့်တိုက် အဆောက်အဦအား ဦးပိုင်မှ သိမ်းပိုက်”
ကျော်သူသရုပ်ဆောင်ထားသည့် ရုပ်ရှင်ကားလူကြိုက်များ
၅ သြဂုတ် ရန်ကုန် ၊                       ၊ယူကွန်
Moviegoers Watch Veteran Actor Kyaw Thu Plays Movie
2880916386_7555c03a29သမ္မတ ၊သွင် နှင့် မင်္ဂလာ ရပ်ရှင် ရုံများတွင် ရုံတင် ပြသနေသည့် သရုပ်ဆောင် ကျော်သူ ပါဝင်သရုပ်
ဆောင်ထားသော အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်းမရှိစေရ ဆိုသည့် ရုပ်ရှင် ကားမှ အထူးပင်လူကြိုက်များလှကြောင်း မင်္ဂလာ ရုပ်ရှင်ရုံ ၀န်ထမ်းတစ်ဦး က Freedom News Group သို့ ပြောသည်။ Continue reading “ကျော်သူသရုပ်ဆောင်ထားသည့် ရုပ်ရှင်ကားလူကြိုက်များ”
မြန်မာညူကလီယား ဓာတ်ပေါင်းဖိုကို ဂြိုလ်တုမှရိုက်ကူးထားသောပုံ
၅ ဇူလိုင် ဘန်ကောက် ၊                        ၊စံပယ်ထွန်း
What’s Burma building in there?
အိုလံပစ်ပြိုင်ပွဲများတွင် အသုံးပြုသောရေကန်ကြီး နှင့် ဆင်ဆင်တူသည့် မြန်မာညူကလီးယား ဓာတ်ပေါင်းဖို Photo@http://www.armscontrolwonk.com/2407/big-odd-myanmar-box
အိုလံပစ်ပြိုင်ပွဲများတွင် အသုံးပြုသောရေကန်ကြီး နှင့် ဆင်ဆင်တူသည့် မြန်မာညူကလီးယား ဓာတ်ပေါင်းဖို Photo@http://www.armscontrolwonk.com/2407/big-odd-myanmar-box
ယနေ့ ထုတ် အမေရိကန် မဂ္ဂဇင်းတစ်စောင် ဖြစ်သည့် နိုင်ငံခြားရေးရာ မူဝါဒ စာစောင် (Foreign Policy) တွင်ဂူးဂယ် အတ်မှ တစ်ဆင့် မြန်မာညူကလီယား ဓာတ်ပေါင်းဖို ကိုဖေါ်ပြခဲ့သည့်။စနေ နေ့ က သြစတေးလျှ နိုင်ငံထုတ် ဆစ်ဒနီ မောနင်း ဟယ်ရယ် တွင် ပါရှိခဲ့သည့် မြန်မာ နိုင်ငံ၏ ညူကလီယား လက်နက် ကို ငါးနှစ်အတွင်း ထုတ်လုပ် နိုင်တော့ မည် ဆိုသည့်သတင်းကြောင့် နိုင်ငံတကာ အနူမြူလက်နက် စောင့်ကြည့် ရေး အဖွဲ့ များက လည်း စစ်အစိုးရ အပေါ်မေးခွန်း
ထုတ်နေကြသည်။ Continue reading “မြန်မာညူကလီယား ဓာတ်ပေါင်းဖိုကို ဂြိုလ်တုမှရိုက်ကူးထားသောပုံ”
မဲဆောက်ရှိမြန်မာအတိုက်အခံတို့ ကို နအဖ က ပုံစံသစ်ဖြစ် စစ်ဆင်ရေးစတင်နေ
၅ သြဂုတ် မဲဆောက် ၊                       ၊စပယ်ထွန်း
Maesot Under Attacks
စစ်အစိုးရသူလျှို၊ဒလန်များက ချစ်ကြည်ရေးတံတားဝဲယာရှိ ခိုးကူးဂိတ်များမှ ၀င်ရောက်လာလေ့ရှိ Photo@Freedom News Group
စစ်အစိုးရသူလျှို၊ဒလန်များက ချစ်ကြည်ရေးတံတားဝဲယာရှိ ခိုးကူးဂိတ်များမှ ၀င်ရောက်လာလေ့ရှိ Photo@Freedom News Group
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ ရှိမြန်မာ့ ဒီမိုကရေစီ  အတိုက်အခံတို့ ကို စစ်အစိုးရက ဗျူဟာသစ်သုံး၍ ထိုးနှက်တိုက်ခိုက်မှုများရှိလာခဲ့သည်။“အရင်တုန်းက ဆိုရင် လုပ်ကြံတာ တို့  ကားပေါ်မေ့ဆေး နဲ့ ခေါ်ပြီး မြန်မာ ဘက်ကမ်းကိုဖမ်းသွားတာ မျိုးတွေရှိတယ် လေ အခု တော့ထိုင်း ဥပဒေ နဲ့ ညိစွန်းတဲ့ ပစ္စည်းတွေ ကို အတိုက်အခံတွေ စီးတဲ့ကား၊ဆိုင်ကယ် နဲ့ နေအိမ်ဝင်းထဲ ပစ်ချပြီး ထိုင်းရဲလက် ကိုတို့ လိုက်တာ တို့ လုပ်နေကြပြီ အခုအတော် သတိ ထားနေရတယ် လို့ မဲဆောက်ရှိ ဗကသ နိုင်ငံခြားရေးရာကော်မတီ အဖွဲ့ ဝင်တစ် ဦးက Freedom News Group သို့ ပြောသည်။ Continue reading “မဲဆောက်ရှိမြန်မာအတိုက်အခံတို့ ကို နအဖ က ပုံစံသစ်ဖြစ် စစ်ဆင်ရေးစတင်နေ”
သမ္မတဟောင်း ဘီကလင်တန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် နှင့်ပြုံးယမ် တွင်တွေ့ဆုံ
၎  ဇူလိုင် ဘန်ကောက် ၊                           ၊အေပီသတင်း
Clinton to talk Nuke and Journalists in North Korea Prison
မြောက်ကိုရီးယား ပြုံးယမ်လေဆိပ်တွင်တွေ့ ကျောင်းသူလေးတစ်ဦး၏ ပန်းစည်းကိုလက္ခံရယူနေသည့် အမေရိကန် သမ္မတဟောင်းဘီကလင်တန်
မြောက်ကိုရီးယား ပြုံးယမ်လေဆိပ်တွင်တွေ့ ကျောင်းသူလေးတစ်ဦး၏ ပန်းစည်းကိုလက္ခံရယူနေသည့် အမေရိကန် သမ္မတဟောင်းဘီကလင်တန်
အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်တို့ နှစ်ဦး မြို့တော် ပြုံးယမ် တွင်တွေ့ ဆုံခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနမှ ယနေ့ ကြေညာခဲ့သည်။
သမ္မတ ဟောင်းစီးနင်းလိုက်ပါလာသော လေယာဉ် ပြုံးယမ်လေဆိပ် သို့ ရောက်ရှိချိန်တွင် နိုင်ငံခေါင်းဆောင် တစ်ဦးကဲ့သို့ ကြိုဆိုခဲ့ပြီး လေယာဉ်ပေါ်မှဆင်းလာသော ကလင်တန်ကို ကျောင်းသူလေးများက ပန်းဆီးပေးအပ်ကြပြီး ဒုနိုင်ငံခြားရေးဝန်ကြီး ကင်ကျယ်ဂွမ်က လာရောက်ကြိုဆိုခဲ့သည်။ Continue reading “သမ္မတဟောင်း ဘီကလင်တန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ် နှင့်ပြုံးယမ် တွင်တွေ့ဆုံ”