ထိုင်းနိုင်ငံသို့ ပြန်လာတော့မည့် သက်ဆင်က မွေးနေ့ အထိမ်းအမှတ်ပညာသင်ဆု ၆၀၀၀ ချီးမြှင့်
၂၇ ဇူလိုင် ဘန်ကောက် ၊ ၊Freedom News Group
Thaksin to award 6,000 scholarships and plans of comeback soon

ဇူလိုင်လ ၂၆ ရက်နေ့ က ဒူဘိုင်း နိုင်ငံတွင် အသက် ၆၀ ပြည့်မွေးနေ့ ပွဲကျင်းပခဲ့သည့် ထိုင်းဝန်ကြီးချုပ် ဟောင်းသက်ဆင် က သူမကြာခင် ဇာတိနိုင်ငံသို့ ပြန်လာမည် ဆိုသည့် အံအားသင့်ဖွယ်စကားကြောင့် တနင်္လာနေ့ မနက် အစော ပိုင်းစတင်ဖွင့်လှစ် ခဲ့သော ထိုင်းစတော့ဈေးကွက်ပင် တုန် ခါသွားခဲ့ရသည်။
တနင်္ဂနွေနေ့ ကကျရောက်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အသက် ၆၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အတွက် ဆုတောင်းပွဲ ကို ထိုင်းနိုင်ငံ တ၀ှမ်းတွင် ကျင်းပရာ ပြည်သူ ထောင်ပေါင်းများစွာက ၎င်းတို့ ၏ သင်္ကေတ အနီရောင် ရှပ်အကျီများဝတ်ဆင်၍ တက်ရောက်ခဲ့ကြသည်။
သက်ဆင်အတွက် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနားတွင် သံဃာတော်များက ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ဇာတာသန့် စေရန် နှင့် အကြံအစည်
အောင်မြင်စေရန် ဆုတောင်းပေးမှု ပြုခဲ့ကြသည် ဟု ယနေ့ ထုတ်နေးရှင်း သတင်းစာတွင်ဖေါ်ပြထားသည်။ Continue reading “ထိုင်းနိုင်ငံသို့ ပြန်လာတော့မည့် သက်ဆင်က မွေးနေ့ အထိမ်းအမှတ်ပညာသင်ဆု ၆၀၀၀ ချီးမြှင့်”


















