တကျော့ပြန်အီရန်ဆန္ဒပြပွဲများ အစိုးရယန္တယားကိုကိုင်လှုပ်
၁၀ ဇူလိုင် တီဟီရန်၊ ၊အီရန် ဘလောက်သတင်းများ နှင့် နယူးယောက် တိုင်း မ်
Protesters Look To Restart Street Protest in Iran

ဇူလိုင်လ ၉ ရက် နေ့ ကစပြီး အီရန် နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေ နဲ့  လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ဟာ တကျော့ပြန်ဖြစ် ပေါ်လာခဲ့တာ ကြောင့် ဘာဆစ် လက်နက်ကိုင်အဖွဲ့ နဲ့  ရဲတပ်ဖွဲ့ ဝင်တွေ ကဒီဆန္ဒပြသူတွေ ကို မျက်ရည်ယို ဗုံးတွေ နံပါတ်တုတ်တွေ သုံးပြီး အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။
မနေ့ က ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် ဆန္ဒပြပွဲတွေ ကို ဇွန်လအတွင်းက ဆန္ဒပြပွဲတွေ မှာ ဖမ်းဆီး
ထိန်းသိမ်းခံရပြီး နောက် ဇူလိုင်လ ၉ ရက် နေ့  ကမှ ပြန်လည် လွတ်မြောက်လာကြတဲ့ အီရန်တက္ကသိုလ် ကျောင်းသားကျောင်းသူ တွေ က နှစ်ဆယ့် လေးနာရီ အတွင်းစီစဉ်ခဲ့
ကြတာဖြစ်ပါတယ်။ Continue reading “တကျော့ပြန်အီရန်ဆန္ဒပြပွဲများ အစိုးရယန္တယားကိုကိုင်လှုပ်”


မြန်မာ နိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက် ရှိရာ ဖားကန့် မြို့အနီးရှိ လုံးခင်းကျောက် စိမ်းတွင်းတွင် ယခု သီတင်းပတ် အတွင်း မိုးသည်းထန် စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် လူ သုံးဆယ် ထက်မနည်း သေဆုံးသည် ဟု ရန်ကုန် မှာ လာသော ရိုက်တာ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။ 





