၂၅ ဇွန် တီဟီရန်၊ ၊စီအန်အန်။လော့(စ်)ဂျလိစ် တိုင်း နှင့် အီရန်ဘလောက်သတင်းများ
Women in Iran’s protests: head scarves and rocks
မငြိမ်သက် မှု များ၏ နောက်တွင် တော်လှန်ရေး နှင့် အစိုးရဖြုတ်ချရေးက ကျွဲကူးရေပါ ဆိုသကဲ့သို့ ပါလာမည် ကို မသိပဲ ဘယ်အစိုးရတက်တက် အတူတူပဲ ဟူသော မှတ်ချက်ဖြင့် ကနဦး ဆန္ဒပြပွဲများ ကို ထောက်ခံမှု မပေးခဲ့သည့် အိုဘားမားမှာ ရွေးကောက်ပွဲ မတိုင်ခင်က အီရန် ခေါင်းဆောင် ဆီသို့  ပေးပို့ ခဲ့သည့် ဆက်ဆံရေးတိုးမြှင့် ကြရအောင် ဟူသော စာကြောင့် ပြည်တွင်း ပြည်ပတွင် ဝေဖန်မှု များ နှင့် ကြုံတွေ့ နေ
ဗုဒ္ဓဟူးနေ့ က အီရန် ဆန္ဒပြ သူ တွေ ဟာ ပါလီမန် ရှေ့မှာ စုဝေးခဲ့ပြီးအစိုးရ နှုတ်ထွက်ပေးရေးလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးရေး စတဲ့ ကြွေးကျော် သံတွေ အော်ဟစ်ပြီး ဆန္ဒပြ တောင်းဆို ခဲ့ပါတယ်။အီရန် စစ်တပ် နဲ့ ရဲ အဖွဲ့ ကလည်း ဒီဆန္ဒပြမှု တွေ ကို မျက်ရည် ယို ဗုံးတွေ ၊နံပါတ် တုတ်တွေသုံးပြီး ဖြိုခွဲ ပေမယ့် အီရန် ကျောင်းသာပြည်သူ တွေ ဟာ ဖြိုခွဲ ခံရ လို့  မိနစ် လေးဆယ် ကြာမြင့်တိုင်းအခြား တစ်နေ ရာ မှာ ပြန်စုနိုင်ခဲ့ လို့ ဆန္ဒပြ မှုတွေ ကို နှိမ် နှင်း ဖို့ အလွန် ခက် နေကြောင်း တီဟီရန်ကလာတဲ့ လော့(စ်) အိန် ဂျလိစ် တိုင်း သတင်းတစ်ပုဒ် မှာ ဖေါ်ပြထားပါတယ်။
အီရန် တော်လှန် ရေးအစောင့်တပ်က လေ့ကျင့်ပေးထားတဲ့ ဘဆဂျစ်(Basisji) လို့ ခေါ်တဲ့ပြည်သူ့ စစ်တွေ နဲ့  ရဲ အစောင့် အဖွဲ့ တွေ ဟာ တီဟီရန်မြို့ ရဲ့ လမ်းတိုင်းမှာ စောင့်ကြပ်နေ ပေမယ့် ဆန္ဒပြသူတွေ ဟာ အီရန် အစိုးရ အဖွဲ့ တွင်းက ရာထူးကြီးမားစွာ ရယူထားတဲ့ သူတွေ ရဲ့ အကူအညီ ကိုရတာကြောင့် သူတို့ တွေဟာ အာဏာရှင် အစိုးရ တစ်ရပ် ကို ဖြုတ်ချဖို့ အဆင်သင့် ဖြစ်နေကြပြီ လို့ ဆိုပါတယ်။
စီအန်အန် သတင်းဌာနက ရထားတဲ့ အီရန် ဆန္ဒပြပွဲ ဓာတ်ပုံ တစ်ပုံမှာ တော့ အီရန် နိုင်ငံရဲ့ အာဏာရှိ အဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ ဥသျှောင်အဖွဲ့ အစည်းက မူလာ လို့ ခေါ်တဲ့ ဘာသာရေး ဆရာတစ်ယောက်ကတောင် ဆန္ဒပြပွဲ တွေ မှာ ဦးဆောင် ပါဝင်ပါတယ်။ Continue reading “ဆန္ဒပြမှုများတွင် အာဏာပိုင်အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်များ ပါဝင်သဖြင့် အီရန် အစိုးရအဖွဲ့ အတွင်းပြိုကွဲစပြုလာ”
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်