သတင်းလွတ်လပ်ခွင့်မရသောမြန်မာနိုင်ငံနှင့် မေလသုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့
၃ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

မေလ သုံးရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် နေ့ တွင် အမေရိကန် သမ္မတ အိုဘားမားက “မေလ သုံးရက် နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ သည် လွတ်လပ်မှု အတွက် အသက်တမျှ အရေးကြီးကြောင်း”ပြောကြားသွားသည်။လွတ်လပ်စွာ သတင်းရေးသားမှု အတွက် ၎င်းတို့ ၏မိခင် နိုင်ငံများမှာတွင် ပင် ထောင်သွင်းဖမ်းဆီးခြင်းအပစ်ပေးခံနေရသည့် သတင်းလွတ်လပ်ခွင့် အတွက် တိုက်ပွဲ ၀င်နေသူများအတွက်လည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားသည်။
မေလ သုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့အတွက် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် မူမည်သည့် အထိမ်းအမှတ် အခမ်းအနားမှ ကျင်းပခွင့်မရ ဟု သိရှိရသည်။ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ တွင် ပြည်တွင်း သတင်းဂျာနယ် တစ်ခုမှ အယ်ဒီတာ တစ်ဦးကမူ “သတင်းလွတ်လပ် ခွင့် ဆိုတာ မြန်မာ နိုင်ငံမှာ ရှိသင့်နေပြီ ”ဟု Freedom News Group သို့ ပြောသည်။
Continue reading “သတင်းလွတ်လပ်ခွင့်မရသောမြန်မာနိုင်ငံနှင့် မေလသုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့”



လွန်ခဲ့သည့် တစ်နှစ်က နာဂစ် မုန်တိုင်း ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအား ရည်စူး၍ သိုသိပ်စွာ ပြုလုပ်ရသည့် အောက်မေ့ဆုတောင်းပွဲ တစ်ရပ်တွင် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြည်သူများ ၏ စား ၀တ် နေရေး အကျပ်အတည်း များမှာ ပိုမို ကြီးမား လာသဖြင့် အထွေထွေ မကျေ နပ်ချက် များဖြစ် လာကာ ထိုကိစ္စသည် အုံကြွမှု တစ်ခု အနှေး နှင့် အမြန် ဖြစ်လာ နိုင်ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

