မန္တလေး နှစ် ၁၅၀ ပြည့် အတွက် တင်ဆက်မည့် အစီအစဉ် အချို့အား အာဏာပိုင်တို့ ကတားမြစ်မှုပြုလုပ်
၂၇ ဧပြီ မန္တလေး၊ ၊ညွန့် သက်ထားဦး

မန္တလေး မြို့ သူမြို့ သားများ နှစ်၁၅၀ ပြည့်တွင်ပျော်ပျော် ပါးပါး ပါဝင်နိုင်ရန် တင်ဆက်ထားသောအစီအစဉ် တစ်ခု ကို အာဏာပိုင် တို့ က တားမြစ်မှု ကြောင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် စိတ်ပျက်ရသည် ဟု ကျင်းပရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။
ပွဲတော် ကျင်းပရေးတာဝန်ရှိ သူများက အများပြည်သူများပါ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်းထားသည့်“အောက်မေ့ဘွယ် မန္တလေး ”အမည်ရှိ ၀ါသနာရှင် ပရိသတ်များက စင်ပေါ်တက်၍ မန္တလေး နှင့် ပတ်သက်သော ကျပမ်းသရုပ်ဆောင် မှု အစီအစဉ် ကို ဧပြီလ ၂၄ ရက်နေ့ က တိုင်းမှုးကထည့်သွင်းခြင်းမပြုရန် တားမြစ်လိုက်သည် ဟုသိရသည်။
Continue reading “မန္တလေး နှစ် ၁၅၀ ပြည့် အတွက် တင်ဆက်မည့် အစီအစဉ် အချို့အား အာဏာပိုင်တို့ ကတားမြစ်မှုပြုလုပ်”


အော်စကာ ဆုကဲ့ သို့ ပင် ရုပ်ရှင် ၀ါသနာအိုးများ


ကယ် မက်ကာဖေးမှာ Washington Globe သတင်းစာမှ သတင်းထောက် ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ်သက်သည့် စုံစမ်းထောက်လှမ်း သတင်းတင်ပြမှုတွင် တိကျသေချာမှုဖြင့် ပြီးပြည့်စုံအောင် တင်ပြနိုင်သော်လည်း ရှေးဆန်လွန်းပြီး နည်းပညာကမ္ဘာတွင် ဘေးထွက်တဦး ဖြစ်သည်။ ဘလော့ဂ်ဂါများကို အလွန်မုန်းပြီး (တခါတရံတွင် ဘလော့သတင်းများကို သူ့သတင်းရင်းမြစ်များအတွက် အသုံးပြုသည်)၊ အင်တာနက်မှ သတင်းများကို လူအများ စိတ်ဝင်စားနေမှုကို မကြိုက်သူ ဖြစ်သည်။ 




