Global TB Drug Facility ပံ့ပိုးမှုပြီးဆုံးလျှင် မြန်မာနိုင်ငံရှိ တီဘီ ရောဂါရှင်များအတွက် အခက်အခဲဖြစ်နိုင်
၆ ဧပြီ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
မြန်မာနိုင်ငံ ၏ တီဘီရောဂါ တိုက်ဖျက် ရေး အတွက် အစိုးရဆေးရုံများမှ တစ်ဆင့်သာ ဆေးဝါးများကို ထောက်ပံ့ပေး နေရသည့် နိုင်ငံတကာ NGO တစ်ခုဖြစ်သော Global TB Drug Facility ၏ မြန်မာ နိုင်ငံအပေါ် ဆေးဝါးပံ့ ပိုးနေ မှုများမှာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးဆုံးတော့ မည်ဖြစ်ကြောင်း ယနေ့ ထုတ် ၀ီကလီ အဲလီဗင်း ဂျာနယ်တွင် ဖေါ်ပြထားသည်။
မြန်မာ နိုင်ငံသို့ ၂၀၀၃ ခုနှစ်တည်း က တီဘီ ဆေးဝါးများထောက်ပံ့မှု ပေးခဲ့သည့် Global TB Drug Facility ၏ပံ့ ပိုးမှုများ ပြီးဆုံးတော့ မည်ဆို ခြင်းကြောင့် မြန်မာ ကျန်းမာရေး ၀န်ကြီးဌာန မှာ တီဘီရောဂါ တိုက်ဖျက် ရေးရံပုံ ငွေ အပူတပြင်း ရှာလျှက် ရှိကြောင်းသိရသည်။၂၀၀၅ ခုနှစ်ကမြန်မာ နိုင်ငံမှ ထွက်ခွာသွား သည့် Global Fund ထံမှ လည်း ရံပုံငွေ ပြန်လည်ရရှိရန် မြန်မာ စစ်အစိုးရ ကအဆို ပြု ချက်များရေးတင် နေသည်ဟု သတင်းရရှိသည်။ Continue reading “Global TB Drug Facility ပံ့ပိုးမှုပြီးဆုံးလျှင် မြန်မာနိုင်ငံရှိ တီဘီ ရောဂါရှင်များအတွက် အခက်အခဲဖြစ်နိုင်”
ထောက်လှမ်းရေး နှင့်အဆက်အသွယ်ရှိသော အင်တာနက်ဆိုင် တွင်သွားရောက်သုံးစွဲရာမှ တက်ကြွလှုပ်ရှား သူလူငယ်များ အဖမ်းခံရ
၆ ဧပြီ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
မြန်မာပြည်တွင်း အင်တာနက် ဆက်သွယ်မှု လိုင်းများနှေးကွေးသောကြောင့် ပရောက်ဆီ ဆော်(ဖ်)
ဝဲများတပ်ထားသော ဆိုင်တွင် သွားရောက် အသုံးပြုရင်း ထိုဆိုင်များရှိ ကွန်ပျုတာများတွင်ထည့်
သွင်း ထားသော လှို့ ဝှက်စာများကို မှတ်သား နိုင်သည့် ကွန်ပျုတာပရိုဂရမ် အကူအညီ ကြောင့် အ
မျိုးသမီးတစ် ဦး၊ဘလောက်ဂါ တစ်ဦး အပါအ၀င် အခြားလူငယ်လေး ဦးကို ၎င်းတို့ ပြည်ပ အခြေစိုက် များနှင့် ဆက်သွယ်ပြောဆို ထားသည့် အထောက်အထားများနှင့် တကွ ဖမ်းဆီးနိုင်ခဲ့
သည် ဟုသတင်းရရှိသည်။ Continue reading “ထောက်လှမ်းရေး နှင့်အဆက်အသွယ်ရှိသော အင်တာနက်ဆိုင် တွင်သွားရောက်သုံးစွဲရာမှ တက်ကြွလှုပ်ရှား သူလူငယ်များ အဖမ်းခံရ”
လူကြိုက် များနေတဲ့ Fast and Furious ရုပ်ရှင်ကားသစ်
ယခုတစ် ပတ် box office တွင်ထိပ်ဆုံးရောက်နေ သည့်ဇတ်ကားမှာမြန်မာပရိသတ်တို့ နှစ်ခြိုက်သည့် Fast and Forious ဆိုသည့်မော်တော်ကားမောင်း
နှင်နိုင် မှုစွမ်းရည် ကိုအသုံးချပြီး ဂိုဏ်းဂဏဖွဲ့ ရာဇ၀တ်မှု ကျူးလွန်သည့် ဇာတ်ကားဖြစ်သည်။ကတုံးမင်းသား ဗင်ဒီဇယ်၊မီရှယ်ရောဒီကွေဇ် နှင့်ပေါ်လ်ဝေါ်လ်ကာတို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာဂျပ်စတင်လင်းဖြစ်သည်။The fast and The furious :Tokyo
Drift ဇာတ်ကားကို လည်း ဒါရိုက်တာ ဂျပ်စတင်လင်းပင်ရိုက်ကူးထား ခြင်းဖြစ်သည်။ Continue reading “လူကြိုက် များနေတဲ့ Fast and Furious ရုပ်ရှင်ကားသစ်”
ဗိုလ်ချုပ်မှုးကြီးတို့ မြေးအဖိုးစီးပွားရှာအရမ်းကောင်း မြေးဖြစ်သူက သူ့ မဏ္ဍပ်ထိုင် လျှင် FEC ၂၀၀ဖြင့် ရေပက်ခဈေးအကြီးဆုံးမဏ္ဍပ် စံချိန်တင်
၅ ဧပြီ ရန်ကုန်၊ ၊ယူကွန်

ယခင် နှစ်က နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ပိုင် ဆိုင်သော တက္ကသိုလ်ရိပ်သာ လမ်းရှိ BME အမည်ရှိ မဏ္ဍပ် တွင်ရေပက် ကစားရင်း မူးယစ်ဆေးဝါးစွဲခဲ့သော စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်မှာ ယခုနှစ် သင်္ကြန်တွင် ၎င်းကိုယ်ပိုင် မဏ္ဍပ်တစ်ခု
ကို အင်းလျှားလမ်း စီးပွားရေးတက္ကသိုလ် ရှေ့တွင် စတင်ဆောက် လုပ်နေပြီဟု သိရသည်။
Caterpillar ၀န်ချီစက်ဖြင့်ပင် ဆောက်လုပ်နေ သောထို မဏ္ဍပ်မှာ အင်းလျှားလမ်းတွင် အကြီးဆုံး
မဏ္ဍပ်တစ်ခု ဖြစ်နိုင်ဖွယ်ရှိပြီး အခြားမဏ္ဍပ် လေးခုစာလောက် ကျယ်ဝန်းသည် ဟုသိရသည်။ထို
မဏ္ဍပ်တွင် ရေပက် ကစားချင်သူများ အနေဖြင့် ယောင်္ကျားလေး FEC ၂၀၀ ကျသင့်မည်ဖြစ်ပြီး မိန်းကလေး FEC ၁၅၀ ကျသင့်မည် ဖြစ်သည်။ Continue reading “ဗိုလ်ချုပ်မှုးကြီးတို့ မြေးအဖိုးစီးပွားရှာအရမ်းကောင်း မြေးဖြစ်သူက သူ့ မဏ္ဍပ်ထိုင် လျှင် FEC ၂၀၀ဖြင့် ရေပက်ခဈေးအကြီးဆုံးမဏ္ဍပ် စံချိန်တင်”
စာပေစီစစ်ရေးမိသားစုများ သင်္ကြန်ပျော်ပါးနိုင်ရန် ဂျာနယ်တစ်စောင်လျှင် နှစ်သောင်းအနည်းဆုံးထည့်ရ အကြိုနေ့ မတိုင်ခင်ရုံးနောက်ဆုံးနေ့ ဖျော်ဖြေပွဲတွင်လည်း အဆိုတော်များကိုလည်း အလကားလာဆိုခိုင်း
၅ ဧပြီ ရန်ကုန်၊ ၊ညွန့် သက်ထားဦး
နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံ ၏ စာပေဆင်ဆာဘုတ်ဖြစ်သည့် စာပေစီစစ်ရေး ရုံးအဖွဲ့ ဝင်မိသားစု များ၏ သင်္ကြန်အကြိုနေ့ မတိုင်ခင် ရုံးတွင်းစတုဒီသာ အလှု လုပ်ရန် နှင့် သင်္ကြန်ကာလ
အတွင်းပျော်ပါး နိုင်ရန် အတွက် ဂျာနယ်များကို တရားဝင် အလှုကောက်ခံခြင်းပြုရာ ဂျာနယ်တစ်
စောင် လျှင် အနည်းဆုံး နှစ်သောင်းမှ တစ်သိန်း ထိထည့် ၀င်ရသည်ဟု ဆိုသည်။
ဗဟန်းဝင်္ကပါလမ်းရှိ စာပေစီစစ်ရေးရုံးတွင် အကြိုနေ့ မတိုင်ခင် စတုဒီသာ ကျွေးမွေးပွဲ နှင့် ဖျော်ဖြေပွဲ
အတွင် ဂျာနယ် မဂ္ဂဇင်း များကလည်း ရံပုံ ငွေ ထည့်ဝင် ရသလို ထိုနေ့ ဖျော်ဖြေပွဲ အတွက် အဆိုတော် များကလည်း အခမဲ့လာ ရောက် ဖျော်ဖြေရမည် ဟုသိရသည်။နာမည်ကျော် လူငယ် ပေါ(ပ်) အဆိုတော် တစ်ဦးက “သမီးတို့ လည်း သင်္ကြန်နဲ့ မအားရတဲ့ ထဲမှာ ဘယ်ဆိုချင်ပါ့ မလဲ၊ဒါပေမယ့် သူတို့ ကလာဆို ပေါ့ခေါ် တော့လည်း သွားဆိုရတာ ပေါ့ သမီးတို့ သီချင်းစာ သား
တွေဆင်ဆာ ကျဖို့ ကသူတို့ လက်ထဲမှ ပဲ ရှိတာ ဆိုတော့ ဘယ်တတ် နိုင် မလဲ” ဟုFreedom News
Group သို့ ပြောသည်။ Continue reading “စာပေစီစစ်ရေးမိသားစုများ သင်္ကြန်ပျော်ပါးနိုင်ရန် ဂျာနယ်တစ်စောင်လျှင် နှစ်သောင်းအနည်းဆုံးထည့်ရ အကြိုနေ့ မတိုင်ခင်ရုံးနောက်ဆုံးနေ့ ဖျော်ဖြေပွဲတွင်လည်း အဆိုတော်များကိုလည်း အလကားလာဆိုခိုင်း”
မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးစတင်
၅ ဧပြီ တိုကျို၊ ၊ရိုက်တာ၊NHK

The rocket, a Taepodong 2, was launched at around 11:30 a.m. local time Sunday (2:30 a.m. GMT) at a base in the northeastern part of the country. Officials in Washington, D.C., confirmed early Sunday that the rocket cleared Japan.
တနင်္ဂနွေ နေ့ မနက်အစောပိုင်းက ဂျပန်နိုင်ငံပေါ် ဖြတ်၍ မြောက်ကိုရီးယား ၏ တာဝေးပစ်ဒုံးကျဉ်
ပစ်လွှတ် မှုကြောင့် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာ၏ ရှုံချခြင်းကိုခံရပြီး ဒုံးပျံပစ်လွှတ် မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင် စီတွင် အရေးပေါ်အစည်းအဝေး စတင်နေပြီးဟု တိုကျို မှလာ သော ရိုက်တာ သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။
မြောက်ကိုရီးယား အစိုးရအာဘော် သတင်းဌာန က ဆက်သွယ်ရေးဂြိုလ်တု ကိုတင်ဆောင်ထား
သောဒုံးပျံ ကို ကမ္ဘာပတ် လမ်းကြောင်း တွင်းသို့ အောင်မြင်စွာပစ် လွှတ်နိုင်ပြီဟု ကြေငြာပြီးနောက်ရေဒီယိုတွင် တော်လှန်ရေးသီချင်းများ ဖွင့်၍ အောင်ပွဲ ခံကြသည်ဟု သိရသည်။
Continue reading “မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးစတင်”
တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)
စနေငချွတ်

သင်္ကြန်ရောက်တော့မည်ဆိုတိုင်း ကျွန်တော် ရင်ခုန်လာစမြဲဖြစ်သည်..။ ရန်ကုန်သား သိပ်စစ်သွားလို့လားမသိ ရန်ကုန်သင်္ကြန်မှာပဲပျော်သည်..
မန္တလေးသင်္ကြန် ဘယ်လိုစည်တယ် ပြောပြော.. စိတ်ကိုမ၀င်စား ကလေးဘ၀က ကားနှင့်အမြဲလည်ခဲ့သည်..။ နည်းနည်းလေး မြီးကောင်ပေါက်ချင် လာတော့ မဏ္ဍပ်ပေါ်တက်ကဲသည်..။ သင်္ကြန်ပါးဝလာတော့ မဏ္ဍပ်တွေဘာတွေမှာ Organizer ၀င်လုပ်သည်။ အဆင်ပြေ သလို နည်းအမျိုးမျိုးနဲ့ ကဲဖြစ်ခဲ့သည်။
Continue reading “တူးပို့ တူးပို့…..နဲ့ ပျော်မည် (သင်္ကြန် ဆောင်းပါး)”
ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု အထွတ်အထိပ်ဖြစ်နေ ပြုံးယမ် ကမကြာခင် အချိန်အတွင်း ဒုံးပျံပစ် လွှတ်တော့ မည် ဟုသတင်း ထုတ်ပြန်
၎ ဧပြီ ကိုရီးယားကျွန်းဆွယ်၊ ၊အေအက်(ဖ)ပီ

ကိုရီးယား ကျွန်းဆွယ်တွင် အားပြိုင်မှုမှာ ဒုတိယ ပင်လယ်ကွေ့ စစ်ပွဲပြီးကတည်း က ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံ တွင် ကြည့်အကောင်းဆုံးပွဲ ဖြစ်နေ ၊ဆရာကြီး အိုဘာမား ၏ Soft Power ခေါ်အချိုသပ် အပျော့ ဆွဲ ၀ါဒ အစမ်းသပ် ခံနေရပြီလား
ဧပြီလ ၄ ရက်နေ့ မှ ၈ရက် နေ့ အတွင်းပစ်လွှတ် မည်ဟုကြေညာထားသော ၎င်းတို့ ၏ဆက်သွယ်ရေး
ဂြိုလ်တုကို တပ်ဆင်ထားသော ဒုံးပျံကို ပစ်လွှတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သဖြင့် မကြာခင်ပစ်လွှတ်
တော့မည်ဟု မြောက်ကိုရီးယား သတင်းဌာန မှ ကြေငြာခဲ့သည်။ Continue reading “ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှု အထွတ်အထိပ်ဖြစ်နေ ပြုံးယမ် ကမကြာခင် အချိန်အတွင်း ဒုံးပျံပစ် လွှတ်တော့ မည် ဟုသတင်း ထုတ်ပြန်”
ကရင် အဖွဲ့ တစ်ခု နှင့် ငြိမ်းချမ်းရေး ရပြီဟု သတင်းစာ များတွင်ဖေါ်ပြ
၎ ဧပြီ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
ယနေ့ ထုတ်မြန်မာ သတင်းစာများတွင် ကရင် လက်နက်ကိုင် အဖွဲ့ တစ်ခုနှင့် ငြိမ်းချမ်းရေးတည်
ဆောက် နိုင်ပြီဟု ဖေါ်ပြထားသည်။ နာမည်ကျော် ကရင်တော် လှန်ရေးခေါင်းဆောင် တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ သားဖြစ်သူ စောနေစိုးမြ အပါအ၀င် ၎င်း၏ လက်နက်ကိုင် နောက်လိုက်နောက် ပါ ၇၁ ယောက် နှင့် အတူ ၎င်းတို့ ၏ မိသားစု ၀င် ၈၈ ယောက် တို့ မှာ အစိုးရ၏ လမ်းပြမြေပုံ အပေါ် ယုံကြည် သက်ဝင်မှု ရှိပြီး နှစ်ထောင်တစ်ဆယ်တွင် ကျင်းပတော့ မည့် ရွေးကောက် ပွဲတွင် လည်း ပြည်သူများ နှင့် အတူပူးပေါင်းပါ ၀င်လိုသောကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြစ်ကြောင်း ဖေါ်ပြထားသည်။ Continue reading “ကရင် အဖွဲ့ တစ်ခု နှင့် ငြိမ်းချမ်းရေး ရပြီဟု သတင်းစာ များတွင်ဖေါ်ပြ”
သင်္ကြန် အတွက် ဖိနှိပ်ရေး ယန္တရားသစ် တစ်ခုအနေဖြင့် သင်္ကြန်တရားရုံးကို ဖွင့်မည်
သင်္ကြန်ကာ လ အတွင်း ရန်ကုန်မြို့ ရှိ မြို့ နယ်တိုင်းဉ် မနက် ၉ နာရီမှ ညနေ ၄ နာရီထိ တရားရုံးများဖွင့် လှစ်ထားရှိ မည်ဟုသတင်းရရှိသည်။
စစ်အစိုး ရပိုင်သတင်းစာများတွင် ထိုတရားရုံးသို့ သင်္ကြန် ကာလ အတွင်းပေါ်ပေါက်သောအမှုအခင်းများ
အတွက်လာ ရောက်တိုင်ကြား နိုင်သည် ဟု ဖေါ်ပြထားသည်။
ထိုသတင်းနှင့် ပတ်သက်၍ Freedom News Group မှ ဥပဒေ ပညာရှင် တစ်ယောက်လည်းဖြစ်သည့် စာရေးဆရာတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့် ရာ “ဘယ်သူမှ အချိန်ကုန်ခံပြီးလာတိုင်မှာမဟုတ်ဘူး မြန်မာလူမျိုးတွေ က တရားရုံးတွေ ရဲစခန်းတွေ နဲ့ သိပ်မပတ် သက်ချင် ဘူးလေ Continue reading “သင်္ကြန် အတွက် ဖိနှိပ်ရေး ယန္တရားသစ် တစ်ခုအနေဖြင့် သင်္ကြန်တရားရုံးကို ဖွင့်မည်”
ပိုက်ဆံရှိသူတွေ အာဏာရှိသူတွေ သာရေကစားနိုင်တော့ မယ့်အင်းလျှားလမ်း သင်္ကြန်မဏ္ဍပ် များ
၃ ဧပြီ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး

စီးပွားရေးလုပ်ငန်းရှင်များစီး ပွားကျနေ ၍ သင်္ကြန်မဏ္ဍပ် များအတွက် ယခင်နှစ်ကလို စပွန်ဆာမပေးနိုင် ၊အာဏာရ အသိုင်းအ၀ိုင်း မှ မဏ္ဍပ် များ စပွန်ဆာ လာတောင်းလျှင် မပေးမဖြစ် ပေးရ
အခြားမဏ္ဍပ်များဆောက်လုပ်ခွင့် ပါမစ်မကျသေးသော်လည်း မြန်မာပြည် ၏ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ ဖြစ်သူ မိုက်ကယ်မိုးမြင့် ၏ သားဖြစ်သူ စည်သူမိုးမြင့်
၏ YGN အမည် ရှိမဏ္ဍပ် ကို ၎င်း၏ အဖေဖြစ်သူ ဦးစီးနေ သည့်မြန်မာ နိုင်ငံ ရွက်လှေ အသင်း ရှိရာ အင်းလျှားလမ်းတွင် တည်ဆောက်နေသည် ကို တွေ့ ရသည်။
စီးပွားရေးလုပ် ငန်းရှင် ဦးတေဇ ၏မဏ္ဍပ် ကို လည်း သူ့  အိမ်ရှိရာ တက္ကသိုလ် ရိပ်သာလမ်းထောင့် နှင့် အင်းလျှားလမ်းထောင့် တွင် တည်ဆောက် နေသည် ဟု သိရသည်။ဦးတေဇ က Air Bagan အတွက် မဏ္ဍပ် ကိုမူ ပြည်လမ်းတွင် ဆောက်နေသည် ဟု သိရသည်။ ယခင်ရန်ကုန်တိုင်း တိုင်းမှုး ဗိုလ်ချုပ်မြင့်ဆွေ ၏ သားသမီးများ မဏ္ဍပ်ကို မူ အင်းလျှားလမ်းတွင် ပင် အခြားမဏ္ဍပ် သုံးခု စာနေရာ
ကို ယူ၍ တည်ဆောက်နေ ပြီဖြစ်သည်။ ထိုမဏ္ဍပ် အတွက် လိုအပ်သောဆောက် လုပ်ရေးပစ္စည်းမျာကို စစ်ကားဖြင့်လာ ချပေးပြီး ညဘက်တွင် လည်း ကမာရွတ် ရဲစခန်းနှင့် စစ်ဒေသ မှ လုံခြုံ ရေးယူပေးရသည် ဟုသတင်းရရှိသည်။ Continue reading “ပိုက်ဆံရှိသူတွေ အာဏာရှိသူတွေ သာရေကစားနိုင်တော့ မယ့်အင်းလျှားလမ်း သင်္ကြန်မဏ္ဍပ် များ”
အမေရိကန်က နာဂစ်ရှင်ကျန်ရစ်သူများအတွက်ဆန် လှု
၂ ဧပြီ လပွတ္တာ မြန်မာ၊ ၊ရိုက်တာ
စစ်အစိုးရ အုပ်ချုပ်သော မြန်မာ နိုင်ငံ ရှိ ဆိုင်းကလုန်း ဒုက္ခသည် များအတွက် အမေရိကန် က ဆန်တန်ချိန် တစ်သောင်းခြောက် ထောင်ကျော်လှုဒါန်းသည် ဟု တရားဝင် သတင်းထုတ် ပြန်ချက်တစ် ခုကို ကိုးကားပြီး ရိုက်တာ သတင်းဌာန တွင် ဖေါ်ပြထားသည်။
ယခု လှုဒါန်းသော ဆန်များသည် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ် ရိက္ခာ အစီအစဉ် မှတစ်ဆင့် လှုဒါန်းခြင်း ဖြစ်ပြီး နာဂစ်ဒုက္ခသည် များအတွက် အမေရိကန် က လှုဒါန်းမည် ဟုသတ်မှတ်ထားသော ဒေါ်လာ နှစ်ဆယ့် ရှစ်သန်း ဖိုးရှိ ကူညီထောက်ပံ့ ရေးအစီအစဉ် များထဲ
မှ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ Continue reading “အမေရိကန်က နာဂစ်ရှင်ကျန်ရစ်သူများအတွက်ဆန် လှု”
The Waves မဂ္ဂဇင်း(မတ်လ စာအုပ်အညွှန်း)

လလည် လောက်မှ ထွက်လေ့ ရှိသော ဆရာကျော်ဝင်း ဦးစီးသည့်  မတ်လ ထုတ် The Waves မဂ္ဂဇင်း တွင် ဆရာ ၀င်းနောင် ရေးသားသည့် ဆောင်းပါးရှည် တစ်ပုဒ်ဖြစ်သည့် “ကားလ်မတ် ၀ိညာဉ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် တက်ခြင်းမှာ စီးပွားရေးတွင် နှောင်ကြိုးမဲ့ခြင်း ဆိုသည့် လေဆယ်ဖယ်ယား အယူအဆ မှာ ယနေ့  ကမ္ဘာ့ စီးပွားရေးပျက် ကပ်တွင် ပြန်လည် ဆန်းစစ်ရန်လိုပြီ ဖြစ်ကြောင်း တပ်လှန့် ထားသော အယူအဆ တစ်ခု ဟုထင်မိပါသည်။(ယနေ့ အချိန် ကာလ် မတ်ကိုတိုင် ပင်သက်ရှိ ထင်ရှားရှိ ပါက ခောတ်သစ် စစ်ပွားရေး ၏ စတော့ရှယ်ယာ နှင့် အက်ဆက် များကို နားလည် နိုင်မည် မဟုတ်ချေ)။ Continue reading “The Waves မဂ္ဂဇင်း(မတ်လ စာအုပ်အညွှန်း)”
