ဒဏ်ခတ်ခံလွတ်လပ်မှု (အတွေးအမြင်)
မောင်ကြည်သစ်
ပြင်သစ် ဒဿန ပညာရှင်ကြီး ယန်း ပေါဆတ် နှင့် နှစ်ပေါင်းမျာစွာလက်တွဲ ခဲ့သူ စာရေးဆရာမ ဆီမွန်ဒီဘူးဗွား
ပြင်သစ် ဒဿန ပညာရှင်ကြီး ယန်း ပေါဆတ် နှင့် နှစ်ပေါင်းမျာစွာလက်တွဲ ခဲ့သူ စာရေးဆရာမ ဆီမွန်ဒီဘူးဗွား
”မိန်းမပျိုတစ်ဦးသည် မိမိအား စိတ်ဝင်စားချဉ်းကပ်နေသူ အမျိုးသားတစ်ဦးနှင့်အပြင်ထွက်၍လည် ပတ်ကြ၏။ သူမအနေဖြင့် ထိုသူ၏ ရည်ရွက်ချက်ကိုအသေအချာရိပ်စား မိ၏။ မကြာမတင်ကာလတွင် သူ့ အပေါ်တစ်ခုခု တိတိကျကျဆုံးဖြတ် ရတော့မည်ကိုလည်းသိထား၏။ ထို စဉ်. . .ယောက်ျားပျိုက မိမိ၏လက် ကိုဆုပ်ကိုင်ပြီး ပွတ်သပ်ချော့မြူလာ ၏။ မိမိဘယ်လိုဆုံးဖြတ်၍ ဘာလုပ် ရမည်နည်း။ မိမိ၏လက်ကို ဆက် လက်ဆုပ်ကိုင်ထားခွင့်ပြုရမည်လား။ သို့တည်းမဟုတ် မိမိလက်ကို ရုန်း ကန်၍ ရုပ်လိုက်ရမည်လား။ သူ ပွတ်သပ်ချော့မြူနေသည်ကို ဆက် လက်ခွင့်ပြုထားလျင်အခွင့်အရေးပေး လွန်းရာကျသွားမည်။ မိမိလက်ကို ရုပ်လိုက်လျင် သူနှင့်မိမိတို့၏ ဆက် ဆံရေးသည် ဤနေရာတွင်ပင် တစ် ခန်းရပ်သွားနိုင်သည်။ ဘာလုပ်ရ မည်နည်း။ Continue reading “ဒဏ်ခတ်ခံလွတ်လပ်မှု (အတွေးအမြင်)”
၁၃၇၁ သို့ ကူးပြောင်းမည့် အတာသင်္ကြန် သွေးထွက်သံယို မှုများရှိလာ နိုင်ဟု ဗေဒင်ဂိုဏ်းတစ်ခုက သတင်းထုတ်ပြန်
၂ ဧပြီ မန္တလေး၊             ၊ဟိန်းခိုင်ထွန်း
အင်္ဂလန်ထုတ် ရာသီခွင်တွက် သည့် samehoro sftware ပရိုဂရမ် အလိုအရ ၁၃၇၁ ခုနှစ်သည် အကြီးအမှုးတို့ တွင် ကမ္ဘာ နှင့် အ၀ှမ်းအညံ့ရှိသည် ဟုဆိုသည်။
မြန်မာနှစ် ၁၃၇၀ ခုနှစ် မှ ၁၃၇၁ ခုနှစ် သို့ ကူးပြောင်းမည့် မဟာ သင်္ကြန်သည် မြန်မာနှစ် ၁၃၇၀ ပြည့်နှစ် ၊ နှောင်းတန်ခူး လပြည့်ကျော် (၇) ရက် ၊ ခရစ် နှစ် ၂၀၀၉ ခု ၊ ဧပြီလ (၁၆) ရက် ၊ ကြာသပတေးနေ့  ၊ မြန်မာစံတော်ချိန် နံနက်စက် (၇) နာရီ (၂၀) မိနစ် (၁၈) စက္ကန့်  အချိန်တွင် သင်္ကြန်တက်ပြီး ၁၃၇၁ ခုနှစ်သို့  ကူးပြောင်းမည်ဖြစ်ပြီး ထိုနေ့ အချိန်အခါ ၏ မိဿ ရာသီ ၏ဂြိုဟ်သခင် ဖြစ်သည့် အင်္ဂါ ဂြိုဟ် သည် သွာတိ နက္ခတ် နှင့် ယှဉ် နေခြင်းကြောင့် ကံကြွင်း၊ကံ
ဟောင်းတို့ အကျိုးပေးမှုကြောင့် အညံရှိသောသူ များသည် ခန္တာအိမ်ပျက်စီးခြင်းထိ ဖြစ်ကိန်းရှိ
သည် ဟု ဗေဒင် ဂိုဏ်းတစ်ခုမှ အသိပေးချက် တစ်ခု ကို Freedom News Group မှ သိရသည်။
ထို့ ပြင် အမည်မဖေါ်လိုသော ထိုဗေဒင် ဂိုဏ်း၏ အဟောအရ မြန်မာနှစ် ၁၃၇၁ နှစ်ခုနှစ် အတွင်း စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ကို ကျင်းပမည် မှာ မဖြစ်နိုင်ကြောင်း ဂြိုလ်စီးဂြိုလ် နင်းတွင်
အကြီးအမှုး ဖြစ်သော တနင်္ဂနွေ ဂြိုလ်ကို ကိတ် နှင့် ရာဟု ဂြိုလ်တို့ ယှဉ်နေခြင်း
ကြောင့် ဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
Continue reading “၁၃၇၁ သို့ ကူးပြောင်းမည့် အတာသင်္ကြန် သွေးထွက်သံယို မှုများရှိလာ နိုင်ဟု ဗေဒင်ဂိုဏ်းတစ်ခုက သတင်းထုတ်ပြန်”
သရုပ်ဆောင် စည်သူမောင် တိုက်ပေါ်က ခုန်ချပြီးသေဆုံးသွားသည် ဆိုခြင်းသည် ကောလဟာလသာဖြစ် ကြောင်းကာယကံရှင်ငြင်းဆို
၂ ဧပြီ  ရန်ကုန်၊               ၊ယူကွန်
ကွယ်လွန် သွားပြီဟု ကောလဟာလ ထွက်ပေါ်ခဲ့သည့် သရုပ်ဆောင် စည်သူမောင်
ကွယ်လွန် သွားပြီဟု ကောလဟာလ ထွက်ပေါ်ခဲ့သည့် သရုပ်ဆောင် စည်သူမောင်
လူကြိုက်များနေသည့် လူငယ်သရုပ်ဆောင် သစ်တစ်ယောက် ဖြစ်သည့် စည်သူမောင် မှာ ယမန်နေ့ ကတိုက် ပေါ်မှ ခုန်ချ၍ သေဆုံးသွားသည် ဆိုခြင်းသည် ကောလဟာလ သာဖြစ်ကြောင်း
သတင်းရရှိသည်။ စည်သူမောင် ကွယ်လွန်သွားသည် ဆိုသည့် သတင်းကြောင့် အနုပညာ အသိုင်း
အ၀ိုင်းနှင့် သူ၏ ပရိသတ်များ ကြားလှုပ်လှုပ်ရှားရှား ဖြစ်သွားရုံ သာမက ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် လည်း ထောင်သွင်း အကျဉ်းချခံထားရသော ကျောင်းသားခေါင်းဆောင် စည်သူ မောင် ဟု ပျံ့နှံ့ ခဲ့သည်။
သရုပ်ဆောင် စည်သူမောင် ကွယ်လွန်သည် ဆိုသည့် သတင်းကြောင့် Freedom News Group မှ စည်သူမောင်ကိုဆက်သွယ်မေးမြန်းရာတွင် “အကိုရောဆိုဒီနေ့ ကျွန်တော့် ကို လှမ်းမေးကြတာ အများကြီ်းဘဲ ကျွန်တော် ဘာမှ မဖြစ်ပါဘူး” ဟုဖြေကြားသွားခဲ့သည်။ Continue reading “သရုပ်ဆောင် စည်သူမောင် တိုက်ပေါ်က ခုန်ချပြီးသေဆုံးသွားသည် ဆိုခြင်းသည် ကောလဟာလသာဖြစ် ကြောင်းကာယကံရှင်ငြင်းဆို”
တစ်လအတွင်းလှုပ်ခတ်မှုရှိဆုံးသတင်း(မတ်လ)
Freedom News Group သည်၂၀၀၉ခုနှစ်ဆန်းမှစ၍တစ်လအတွင်းထူးခြားမှုအရှိဆုံးသော
သတင်းတစ်ပုဒ်အားလစဉ်ဖေါ်ပြပေးခဲ့ပြီးဖြစ် ပါသည်။ထိုသို့ ဖေါ်ပြရာတွင်နိုင်ငံရေး သတင်းများသာမက မည်သည့်နယ်ပယ်မှသတင်းမဆိုအတွေးပွားစရာနှင့် ဆွေးနွေးစရာ ရှုထောင့်အမြင်ကွဲပျားခြားနားစရာများဖြစ်က ရွေးချယ်၍ဖေါ်ပြပေးသွားခဲ့ပြီးဖြစ် သလို ပြည်သူတို့ 
၏ ဘ၀ နှင့်ဆက် စပ်နေသော သတင်းများကို လည်း ရွေးချယ်ဖေါ်ပြမည် ဖြစ်ပါသည်။
ထိုသို့ ဖေါ်ပြရာတွင်အဆိုပါသတင်းသည်ပရိသတ်စိတိဝင်စားမှုအရှိဆုံး
သတင်းဖြစ်ရမည့်ပြင်အများပြည်သူကြားထဲနှိုက်အလှုပ်ခတ်ဆုံးသတင်းဖြစ်ရမည်ဆိုသော
မူကိုအခြေခံ၍ရွေးချယ်ခြင်းဖြစ်ပါသည်။
ယခုလအတွက် NEWS OF THE MONTH အဖြစ် မြန်မာပြည်တွင်းအပတ်စဉ် ထုတ်ဝေသောTheVoice ဂျာနယ်မှ သတင်းအင်တာဗျူး တစ်ပုဒ်ဖြစ်သည့် “အရီးတောင်းလက် ဖက်ကဆေးဆိုးမှ ရောင်းရတာ မဟုတ်ပါဘူးဆို သည့် သတင်း”ကို ရွေးချယ်လိုက် ပါသည်။
The Voice ဂျာနယ်ပါ အရီးတောင်းမိသားစုနှင့် အင်တာဗျူး (CLICK Enlarge)
The Voice ဂျာနယ်ပါ အရီးတောင်းမိသားစုနှင့် အင်တာဗျူး (CLICK Enlarge)
လက်ဖက် ဂယက် နှင့် ပတ်သက် ၍ အမျိုးမျိုး အထွေထွေပြော ကြသော် လည်း နောက်ဆုံးတွင်
နိုင်ငံခြားဝင် ငွေ ပါ ထိခိုက် လာရပြီဖြစ်သည်။အချို့ ကလည်း ၂၀၁၀ ရွေးကောက်ပွဲ တွင်ရှမ်းတောင်တန်း မှ ပါဝင်လာစေ ရန်စစ်အုပ် စု မှ အကြို သတိပေး မှု တစ်ခုဟု သုံးသပ်သူ များလည်းရှိသည် ။
မည်သို့ ပင်ဖြစ် ပစေ ထို လက်ဖက် ဂယက် မှာ အိမ်နီးနား ချင်းနိုင်ငံများသို့ ပါရိုက် ခတ်ပြီး တိုင်းတစ်ပါးနိုင်ငံ များတွင် မြန်မာ လက်ဖက် မှာ ဆေးခြောက်၊ ဘိန်းဖြူရောင်း သကဲ့သို့ ခိုးဝှက် ၍ရောင်းချနေ ရ သည် မြန်မာ စစ်အစိုးရ ၏ အမြော်အမြင် နည်းမှုများမှ ရလာဒ် တစ်ခု ဖြစ်ပါသည်။ Continue reading “တစ်လအတွင်းလှုပ်ခတ်မှုရှိဆုံးသတင်း(မတ်လ)”
၂၀၁၀ ရွေးကောက်ပွဲ နှင့် ကျနော် ၏ အမြင်(အတွေးအမြင်)
၂၀၁၀ ရွေးကောက်ပွဲ နှင့် ကျနော် ၏ အမြင်
ကျော်လင်းဦး
၂၀၁၀ ရွေးကောက်ပွဲနားကို ချည်းကပ်လာတာနဲ့အမျှ ပြည်တွင်းပြည်ပ အသံမျိုးဆုံးထွက်လာပါတယ်။ ရွေးကောက်ပွဲ ကို ထောက်ခံတယ်၊ မခံဘူး၊ ရွေးကောက်ပွဲမှာ ၀င်သင့်တယ်၊ မ၀င်သင့်ဘူး၊ ရွေးကောက်ပွဲဟာ တရားဝင်တယ်၊ မ၀င် ဘူး စသည်အားဖြင့် ငြင်းခုံနေတာတွေကြားနေရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲပြီးယင် ပေါ်ပေါက်လာမယ့် အစိုးရ အသစ်အတွက်တော့ အမြင်သဘောထားတွေ နည်းလွန်းပါသေးတယ်။ လက်ရှိ နိုင်ငံရေးပြဿနာတွေဟာ နိုင်ငံရေးမှာ စစ်တပ် ပါဝင်ခြင်း မပါဝင်ခြင်းပြဿနာထက် တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုနောက်ကျနေရတဲ့ အဓိကပြဿနာသာဖြစ်ပါတယ်။ Continue reading “၂၀၁၀ ရွေးကောက်ပွဲ နှင့် ကျနော် ၏ အမြင်(အတွေးအမြင်)”
The Curious Case of Binjamin Button (ရုပ်ရှင်အညွှန်း)
ငြိမ်းချမ်းငြိမ်း
ဘရက်ပစ်နှင့် ကိတ်ဘလွန်ရှေးတို့ သရုပ်ဆောင်ထားသည့် The Curious Case of Benjamin Button ဆိုသည့် ဇာတ်ကားမှာ ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲတွင် ဆုပေါင်း ၁၃ ဆု လျာထားခံရပြီး၊ ဆု ၃ ဆု ဆွတ်ခူးခဲ့သည်။ ရုပ်ရှင်ဝေဖန်ရေး ဆရာတို့ကမူ သာမန် ရုပ်ရှင်ဝါသနာအိုးများ အကြိုက်ဖြစ်သည့် Slumdog Millionaire ဇာတ်ကားနှင့်သာ Benjamin Button ဇာတ်ကားက မယှဉ်ပြိုင်ရဘူးဆိုပါက ထိုဇာတ်ကားသည် အနည်းဆုံး ၅ ဆုထက်မနည်း ဆွတ်ခူးနိုင်သည်ဟု ရေးကြကုန်သည်။ Continue reading “The Curious Case of Binjamin Button (ရုပ်ရှင်အညွှန်း)”
စစ်ကိုင်းတံတားအနီးရှိ ရတနာပုံတံတားသစ် ကြံ့ခိုင်မှု အားနည်းနေ၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိသည်ကို သတင်းထုတ်ပြန်မှုမပြု
၃၁ မတ် စစ်ကိုင်း၊            ၊ဟိန်းခိုင်ထွန်း
မန္တလေး ရတနာပုံတံတားသစ်ကြီး ကို မန္တလေး ဖက်ကမ်းမှတွေ့ ရစဉ်
မန္တလေး ရတနာပုံတံတားသစ်ကြီး ကို မန္တလေး ဖက်ကမ်းမှတွေ့ ရစဉ်
လေတိုက် မှုနှုန်း၊မြေအောက် ပြတ်ရွေ့များနှင့် တံတား၏ ခံနိုင်ရည်ဝန်အားတို့ ကြောင့်ထိုသို့ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ရေလည်တိုင်မြေအောက်သို့ နိမ့်ဆင်းမှုသည် ဖေဖေါ်ဝါရီလကတည်းက စတင်ဖြစ်ပေါ်နေသည် ဟုသိရသည်။ထိုသို့ နိမ့်ဆင်းမှုသည် လတ်တလော တွင်ဆိုးဆိုး ရွားရွား
မဖြစ်သေးသော် လည်း ပြုပြင်မှုနောက်ကျပါက တံတားကြိုးကျ သွားသည် ထိဖြစ်ပေါ်နိုင်သော်လည်း တံတားကို ပိတ်ထားခြင်းမရှိ ဘဲဖြတ်သန်းသွားလာနိုင်သည်။ Continue reading “စစ်ကိုင်းတံတားအနီးရှိ ရတနာပုံတံတားသစ် ကြံ့ခိုင်မှု အားနည်းနေ၍ စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိသည်ကို သတင်းထုတ်ပြန်မှုမပြု”
အင်းလျား လမ်း သင်္ကြန်မဏ္ဍပ် များစပေါ်ငွေ ဆယ်ငါးသိန်းထိတင်ရမည်
၃၀ မတ် ရန်ကုန်၊           ၊ယူကွန်
သင်္ကြန်ကာလ အတွင်းအင်းလျှားလမ်းတွင် ရေပက်ခံသူ များဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-ရဲလွင်ဦး
သင်္ကြန်ကာလ အတွင်းအင်းလျှားလမ်းတွင် ရေပက်ခံသူ များဖြင့်စည်ကားလျှက်ရှိစဉ် ဓာတ်ပုံ-ရဲလွင်ဦး
ယခင်နှစ် က စပေါ်ငွေ ငါးသိန်းသာ တင်ရပြီး လွန်ခဲ့ သည့်နှစ် များဆီက တစ်သိန်းသာ တင်ရသည်။စပေါ်ငွေ ဆယ်ငါးသိန်း ထိမြင့် တက်သွားခြင်း ကြောင့် အင်းလျှားလမ်းတွင် မဏ္ဍပ် ထိုး၍ ရေကစားမည့်  သူတို့ စိတ်မသက် သာဖြစ်ရသည် ဟုဆို သည်။အင်းလျှားလမ်းတွင် မဏ္ဍပ်ထိုး ၍ရေကစားခွင့်  ပါမစ် အတွက် စစ်ဗိုလ်ချုပ်သားသမီးများ ကိုသာ ဦးစားပေးချထား ပေးပြီး သာမန်လူများကမူ သက်ဆိုင်ရာ ကို လာဘ်ထိုးမှ သော်လည်းကောင်း ပါမစ် ရရှိထားသော စစ်ဗိုလ်ချုပ် သားသမီးများ ကသော် လည်းကောင်း ပါမစ် များကို ဈေးတင် ၍ ပြန်ရောင်း မှ အများက ၀ယ်ယူ နိုင်ကြသည်။ Continue reading “အင်းလျား လမ်း သင်္ကြန်မဏ္ဍပ် များစပေါ်ငွေ ဆယ်ငါးသိန်းထိတင်ရမည်”
The Voice ဂျာနယ်တွင်ပါသော ဖေါ်ပြထားသော ဆရာကျော်ဝင်း ၏ စာဖတ်သူများသို့ တရားဝင်ပြန်ကြားချက်
၂၉ မတ် ရန်ကုန်၊      ၊ဟိန်းခိုင်ထွန်း “မြန်မာ နိုင်ငံရေးအတွက် အရေးကြီးသော အချက်များ ”ဟုခေါင်းစဉ် တပ်ထားပြီး Freedom News Group တွင် စတင် ဖေါ်ပြခဲ့ပြီး အခြား ဘလောက် ၊၀ဘ်ဆိုတ်၊ ဖိုရမ်၊ ကွန်မြူနတီ ၊ မေးလ် ဂရု များတွင် ဖေါ်ပြခဲ့သော အမြင် သဘောထားများနှင့် ပတ်သက်၍ှယခု တစ်ပတ် ထုတ် The Voice ဂျာနယ်တွင် ဆရာကျော်ဝင်း က ငြင်းချက် ထုတ်လိုက်သည်။ The Voice ဂျာနယ်တွင်ဖေါ်ပြထားချက်အရမူ ဆရာ ကျော်ဝင်း က ကျော်ဝင်းနာမည် တပ်ထားသောထို စာများကို မရေးရုံမျှ မက ဖတ်ပင် မကြည့် ရသေးဟုဆိုသည်။ Continue reading The Voice ဂျာနယ်တွင်ပါသော ဖေါ်ပြထားသော ဆရာကျော်ဝင်း ၏ စာဖတ်သူများသို့ တရားဝင်ပြန်ကြားချက်
Rate this:
အိန္ဒိယ မှ နာမည်ကျော် တာတာ မော်တော်ကား ကုမ္ပဏီ မြန်မာပြည် တွင် စက်ရုံ ထောင်မည်
၂၉ မတ် နယူးဒေလီ၊              ၊ဘန်ကောက်ပို့ (စ်)
တာတာ နာနိုမော်တော်ကားသစ်တစ်စီးကို မတ်လ ၂၅ ရက်နေ့ က မွမ်ဘိုင်းတွင် စမ်း သပ်မောင်းနှင် စဉ်အတွင်းဂျာနယ် လစ်များကကြည့်ရှုစစ်ဆေးစဉ် ဓာတ်ပုံ - ရိုက်တာ
တာတာ နာနိုမော်တော်ကားသစ်တစ်စီးကို မတ်လ ၂၅ ရက်နေ့ က မွမ်ဘိုင်းတွင် စမ်း သပ်မောင်းနှင် စဉ်အတွင်းဂျာနယ် လစ်များကကြည့်ရှုစစ်ဆေးစဉ် ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယ အစိုးရ ၏ ထောက်ပံ့ပေးမှုဖြင့် အိန္ဒိယ နိုင်ငံမှနာ မည်ကျော်မော်တော် ကားကုမ္ပဏီဖြစ်သောတာတာ မော်တော်ကား ကုမ္ပဏီသည် မြန်မာ နိုင်ငံဉ် မော်တော် ကား ထုတ်လုပ်တပ်ဆင် ရေးစက်ရုံတစ်ခု တည်ဆောက်မည် ဟု ယနေ့ ထုတ်ဝေသော ဘန်ကောက်ပို့ (စ်)သတင်းစာဉ်ဖေါ်ပြထားသည်။
စနေ နေ့ က အိန္ဒိယ နိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ဉ် တာတာ မော်တော်ကား
ကုမ္ပဏီ မှ စစ်အစိုးရ အုပ်ချုပ်သော မြန်မာပြည်တွင် သူတို့ အနေဖြင့် စက်ရုံထောင်ခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည် ဟုဆို သည်။ Continue reading “အိန္ဒိယ မှ နာမည်ကျော် တာတာ မော်တော်ကား ကုမ္ပဏီ မြန်မာပြည် တွင် စက်ရုံ ထောင်မည်”
တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ့ အစည်းနှစ်ခု၏ လက်ချက်ဟု စစ်အစိုးရသတင်းစာများတွင်ဖေါ်ပြ
၂၉ မတ် ရန်ကုန်၊             ၊မြန်မာ့အလင်းသတင်း
မတ်လ ၂၆ ရက် ညနေ က ရန်ကုန်မြို့ မြောက်ဥက္ကလာ တည်းခိုခန်းတစ် ခုတွင် ဗုံးပေါက်ကွဲခဲ့မှုသည် ပြည်ပအခြေစိုက် အဖွဲ့ အစည်းနှစ်ခု ဖြစ်သည့် မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး(ABSDF) နှင့် Whole Burma United Revolutionary Front (WBURF)တို့ ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ထုတ်မြန်မာ အလင်းသတင်း စာတွင် ဖေါ်ပြထားသည်။
ထိုနေ့ ကပေါက် ကွဲခဲ့ သော ဗုံးအမျိုးအစားသည် ချိန်ကိုက်ဗုံး အမျိုးအစားဖြစ်ကြောင်းနှင့် သေဆုံးသူမှာ အသက် နှစ်ဆယ် အရွယ် ခန့် ရှိပြီး ထိုဗုံး ကိုဖေါက် ခွဲရန်အတွက် တပ်ဆင်နေ စဉ် မှာပင် မတော် တဆ ဖြစ်ပြီး သေဆုံးသွားသည် ဟုဖေါ်ပြထားသည်။
Continue reading “တော်လှန်ရေး နေ့ အကြိုဗုံးပေါက် ကွဲမှုသည် ပြည်ပအဖွဲ့ အစည်းနှစ်ခု၏ လက်ချက်ဟု စစ်အစိုးရသတင်းစာများတွင်ဖေါ်ပြ”
နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကဗျာဆရာ ကြည်အောင် မန္တလေး ဆေးရုံကြီးတွင် ကွယ်လွန်
၂၇ မတ် မန္တလေး၊             ၊ညွန့် သက်ထားဦး
ကဗျာဆရာကြည်အောင်
ကဗျာဆရာကြည်အောင် ဓာတ်ပုံ http://www.myanmarisp. com
ကျောင်းသားလှုပ်ရှားမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရ ဖူးသည့် ကဗျာဆရာ ကြည်အောင် မှာ ယနေ့ ညနေ သုံးနာရီ ငါးဆယ့်ငါး မိနစ် အချိန်ခန့် က မန္တလေး ပြည်သူ ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့်ကွယ်လွန်သည် ဟု သတင်းရရှိပြီး ဈာပန အခမ်းအနား ကို မတ်လ ၂၉
ရက်နေ့ တွင်ကျင်းပမည် ဖြစ်သည်။ကွယ်လွန် ချိန်တွင် အသက် ရ၂ နှစ်ရှိပြီဖြစ်သည်။
၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လည်း ကဗျာဆရာ ကိုလေး အင်းဝဂုဏ်ရည် နှင့်တွဲ ၍ နိုင်ငံရေးလှုပ်
ရှားမှုများ ပြုလုပ်ခြင်းကြောင့် အကြိမ်ကြိမ်ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။မောင်သာနိုး၊မောင်စွမ်း
ရည်၊တင်မိုး တို့ နဲ့  အတူ မန္တလေး တက္ကသိုလ် ကဗျာခောတ် ကို ထူထောင် ခဲ့သူဖြစ်သည်။ Continue reading “နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကဗျာဆရာ ကြည်အောင် မန္တလေး ဆေးရုံကြီးတွင် ကွယ်လွန်”
ပြည်သူများကို အင်တာနက်သုံးစွဲ ခွင့်မပေး ပြင်ဆင်ရန် ဟု အကြောင်းပြပြီး ၎င်း တို့ ကမူ စိတ်တိုင်းကျသုံးစွဲ နေ၍ အများစု က ထိုကိစ္စသည် အုံကြွမှုတစ် ခုဆီသို့ တွန်းပို့ နိုင်သည် ဟုခန့်မှန်း
၂ရ မတ် ရန်ကုန်၊           ၊ ဟိန်းခိုင်ထွန်း
စစ်အစိုးရ ချုပ်ကိုင်ထားသော မြန်မာတယ်လီပို့ မှ မတ်လ ၂၁ ရက်နေ့ ကတည်းက ဖိုင်ဘာရေ
အောက်ဆက်ကြောင်း ပြုပြင်ရန် ရှိသည် ဟု အကြောင်းပြကာ ၂၅ ရက်နေ့ ထိ အင်တာနက် ဆက်သွယ် မှုလိုင်းများဖြတ်တောက်ထားပြီး ၂၅ ရက် နေ့ တွင် ထပ်မံထုတ်ပြန်သောကြေငြာချက်ဖြင့် ဧပြီလ ၁ ရက် နေ့ ထိဟု ထပ်မံတိုးမြှင့်ခဲ့သည်။
မတ်လ ၂၁ ရက် နေ့ မှစ၍ အများပြည်သူများ မှာ အင်တာနက်စာ မျက်နှာ များကို ကြည့်ရှုခွင့်မရရှိသော်လည်း ဌာနဆိုင်ရာရုံးများ မြန်မာအင်ဖို တက် အာဏာပိုင်တို့ ၏ မိသားစု အိမ်များတွင် အင်တာနက်ဆက် သွယ်မှု နှုန်းများမှာ နှေးကွေးမှုမရှိပဲ ပုံမှန်အတိုင်း သုံးစွဲ နိုင်ကြသည် ဟုသိရသည်။
Continue reading “ပြည်သူများကို အင်တာနက်သုံးစွဲ ခွင့်မပေး ပြင်ဆင်ရန် ဟု အကြောင်းပြပြီး ၎င်း တို့ ကမူ စိတ်တိုင်းကျသုံးစွဲ နေ၍ အများစု က ထိုကိစ္စသည် အုံကြွမှုတစ် ခုဆီသို့ တွန်းပို့ နိုင်သည် ဟုခန့်မှန်း”
မြောက် ဥက္ကလာ တည်းခိုခန်းတစ်ခု တွင်ဗုံးပေါက်ကွဲ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ
၂၆ မတ် ရန်ကုန်၊           ၊တင်ကျော်ကျော်စိုး
စစ်အစိုးရ က တပ်မတော်နေ့ ဟု သုံးနှုန်းသော ဖက်ဆစ်တော်လှန်ရေး နေ့  ကျင်းပရန်တစ်ရက်
အလိုတွင် ရန်ကုန်ဉ် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး  ဧည့်စာရင်းများညစဉ်ဆိုသလို စစ်ဆေး
နေသော် လည်း ယနေ့ ညနေ ၅ နာရီ အချိန်ခန့် က မြောက်ဥက္ကလာ သုဓမ္မာ လမ်းရှိ တော်ဝင်နန်း
အဆင့်မြင့် တည်းခိုခန်းတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ Continue reading “မြောက် ဥက္ကလာ တည်းခိုခန်းတစ်ခု တွင်ဗုံးပေါက်ကွဲ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ”