မတရား အပြစ်ပေးခြင်း၊ ကလေးများအား ဖမ်းဆီးနှိပ်စက်ခြင်း
ငြိမ်းချမ်းငြိမ်း၊ ၊တနင်္လာနေ့၊ မေလ ၂၅ ရက် ၂၀၀၉ ခုနှစ် ၂၁ နာရီ ၀၃ မိနစ်
ခရစ်စတင်း ကောလင်း ဆိုသည့် တကိုယ်ရည်သားသည် မိခင်တဦးသည် သားပျောက်ရသည့်အထဲ လော(စ်)ဇင်းဂျလိ(စ်) ရဲဌာနမှ ရဲမှူး ကပ္ပတိန် ဂျုံးက သူမကို ဝတ္တရား နှောင့်ယှက်မှုဖြင့် မတရားဖမ်းဆီးကာ အရူးထောင်တွင် ထိန်းသိမ်းထားသည်။ တကယ်တော့ သူမတွင် အပြစ် လုံးဝမရှိပါ။ ၉ နှစ်အရွယ် သား ဖြစ်သူ ဝေါ်လ်တာ ကောလင်း ပျောက်ဆုံးမှုအတွက် ရတက်မအေး ဖြစ်နေရသော မိခင်တဦးသာ ဖြစ်သည်။ Continue reading “မတရား အပြစ်ပေးခြင်း၊ ကလေးများအား ဖမ်းဆီးနှိပ်စက်ခြင်း”
အော်စကာဆုရ ဇာတ်ကား No Country For Old Men
ငြိမ်းချမ်းငြိမ်း
ရုပ်ရှင်ပြသချိန် ပြီးသွား၍ ရုံထဲမှပြန်ထွက်လိုက်သည်နှင့် ရင်ထဲတွင် ဘာမှမကျန်ရစ်ခဲ့သော
ရုပ်ရှင်ဇာတ်ကားများ ရှိသလို၊ ပဟေဠိပေါင်း များစွာ၊ အတွေးပေါင်းများစွာ၊ မေးခွန်းပေါင်းများစွာ
ဖြင့် နောက်တခါ ပြန်ကြည့်ဖြစ်ချင်အောင် ပရိသတ်ရင်ကို စွဲနစ်စေခဲ့သည့် ဇာတ်ကားပေါင်း များစွာလည်း ရှိခဲ့ပါသည်။ ဒါရိုက်တာ စတီဗင်စတီးဘာ(ဂ်) ၏ Schindler’s list  ဇာတ်ကားဆိုလျှင် စစ်အစိုးရမှ
ရုံတင်ပြသခွင့်မပြုခဲ့သည့် အပြင် ပြင်ပအခွေ အငှားဆိုင်များတွင်လည်း ငှားရမ်းပြသခြင်း
မပြုရန် တားမြစ်ခဲ့သည်။ Continue reading “အော်စကာဆုရ ဇာတ်ကား No Country For Old Men”
၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏အမြင်သဘောထား
မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသောအချက်များ
ရေးသားသူ-ကျော်ဝင်း ဘာသာပြန်သူ-ကျော်လင်းဦး
ဤဘာသာပြန်ဆောင်း ပါးမှာ Freedom News Group ၏ မူပိုင်ဖြစ်သော်လည်း Freedom
News Group ၏အာဘော် မဟုတ်ပါ။ ဝေဖန်ပိုင်းခြားနိုင်ရန် နှင့် ဆင်ခြင်သုံးသပ် နိုင်ရန်ဖြစ်
ပါသည်။မူရင်းမှာ အင်္ဂလိပ်ဘာသာ ဖြစ်ပါသည်။
က။ လက်ရှိအခြေအနေ
လက်ရှိအခြေအနေအောက်မှာ-
၁၊ အဓီက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ နိုင်ငံရေးအရရှေ့မတိုးနိုင်ပဲ သေနေတဲ့ အနေအထားကိုရင်ဆိုင်နေရပါတယ်။ သူတို့အနေနဲ့ ရေရှည်မှာ တရားဝင်ရပ်တည်ဖို့ဆိုရင် စစ်အစိုးရရဲ့ ရွေးကောက် ပွဲ ကိုဝင်ရုံ  မှ တပါးအခြားမရှိပါ။
၂၊ စစ်အုပ်စုလည်း အကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ အဲဒါက ဘာလဲဆိုယင် ၂၀၁၀ ရွေးကောက်ပွဲရဲ့တရားဝင်မှု ဟာ အတိုက်အခံအုပ်စု၊ အထူးသဖြင့် NLD ပါတီ ရွေးကောက်ပွဲဝင်၊ မ၀င်ဆိုတဲ့အပေါ်မှာ တည်မှီနေလို့ပါ။ ဒါပေမယ့် NLD ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စစ်အုပ်စုကတော့ သူတို့ဆုံးဖြတ်ထားတဲ့အတိုင်း သူတို့ရဲ့ လမ်းပြမြေပုံကို ဆက် ပြီးအကောင်အထည်ဖေါ်သွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဟာဗျူဟာဆိုင်ရာပြဿနာမ ဟုတ်ပဲ၊ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ ပြဿနာသာဖြစ်ပါတယ်။ နိုင်ငံရေးမှာ ကျင့်ဝတ်သိက္ခာဆိုတာ မဟာဗျူဟာ မြောက်လိုအပ်ချက် ရဲ့ လက်အောက်ခံအဖြစ်သာ တည်ရှိပါတယ်။ သဘောကတော့ မဟာဗျူဟာက ကျင့်ဝတ်သိက္ခာ ထက် ပို အခယာ ကျပါတယ်။ Continue reading “၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာရေးဆရာကျော်ဝင်း၏အမြင်သဘောထား”
အရက်ကြော်ငြာ များပြန်လည်ခွင့်ပြုရာမှ ပြည်တွင်းမီဒီယာကြီး နှစ်ခု တရားတဘောင်ဖြစ်နိုင်ချေရှိ
၂၄ မတ် ရန်ကုန်၊        ၊ညွန့်သက်ထားဦး
ဆင်တူရိုးမှားပြုထားသည်ဆိုသည့် အဲလဗင်းဝီစကီ နှင့် အဲလဗင်းမီဒီယာ၏ လိုဂို
ဆင်တူရိုးမှားပြုထားသည်ဆိုသည့် အဲလဗင်းဝီစကီ နှင့် အဲလဗင်းမီဒီယာ၏ လိုဂို
ကြော်ငြာတစ်ခုကြောင့် တိုင်းပြည်၏ စတ္ထုထမဏ္ဍိုင်ကြီး ဖြစ်သော မီဒီယာနှစ်ခုအချင်း
မများကြစေလို ဟု ၀ါရင့်သတင်းစာဆရာကြီး တစ်ဦးပြော
ရန်ကုန်တိုင်းဂျာနယ် နှင့် ဖလားဝါးနယူး(စ်)ဂျာနယ် တို့ ကိုထုတ်ဝေသော ရန်ကုန်မီဒီယာ ဂရုပ်၏
မကြာသေးခင်ကမှ ထပ်မံထုတ်ဝေ ထားသည့် ဂျာနယ်အသစ်တစ်စောင်ဖြစ်သည့် 8 days a week ဂျာနယ်အပါအ၀င် ၎င်းတို့ ထုတ်ဝေသော ဂျာနယ်သုံးစောင် စလုံးဉ်ဖေါ်ပြ ပါရှိသော
ကြော်ငြာတစ်ခုဖြစ်သည့် Lucky Eleven ၀ီစကီကြော်ငြာကြောင့် ၀ီကလီ အဲလဗင်းဂျာ
နယ်ကို ထုတ်ဝေသည့် အဲလဗင်းမီဒီယာအုပ်စု မှ ရန်ကုန်မီဒီယာဂရုပ်ကို တရားစွဲဆိုရန်
ပြင်ဆင်ထားသည်ဟု သတင်း ရရှိသည်။ Continue reading “အရက်ကြော်ငြာ များပြန်လည်ခွင့်ပြုရာမှ ပြည်တွင်းမီဒီယာကြီး နှစ်ခု တရားတဘောင်ဖြစ်နိုင်ချေရှိ”
ဇာဂနာ မိခင်ဒေါ်ကြည်ဦး၏ ဈာပနသို့ ပြည်တွင်းစာနယ်ဇင်း နှင့် စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များပါ လိုက်ပါပို့ ဆောင်
ရှေ့ဆုံး မှဓာတ်ပုံကိုင်ဆောင်ထားသူ ပေါ်ပြုလာနယူး(စ်)ဂျာနယ်နှင့် မုခ မဂ္ဂဇင်း အယ်ဒီတာ ကိုမျိုး(မြန်မာစာ)ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လွမ်းသူ့ ပန်းခြင်းကိုသရုပ်ဆောင် ကိုကျော်သူ ကိုင်ထားသည်။ ဓာတ်ပုံ-မိုးမခ www.moemaka.com
ရှေ့ဆုံး မှဓာတ်ပုံကိုင်ဆောင်ထားသူ မှာပေါ်ပြုလာနယူး(စ်)ဂျာနယ်နှင့် မုခ မဂ္ဂဇင်း အယ်ဒီတာ ကိုမျိုး(မြန်မာစာ)ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လွမ်းသူ့ ပန်းခြင်းကိုသရုပ်ဆောင် ကိုကျော်သူ ကိုင်ထားသည်။ ဓာတ်ပုံ-မိုးမခ http://www.moemaka.com
၂၁ မတ် ရန်ကုန်၊        ၊တင်ကျော်ကျော်စိုး
မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားတက်ကြွသူ ဟာသပညာရှင် ကို ဇာဂနာ ၏ မိခင်ဖြစ်သူ ဒေါ်ကြည်ဦး ၏ ဈာပနသို့  မြန်မာ့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များသာမ က မြန်မာစာပေနယ်မှ
ပုဂ္ဂိုလ်များလည်း တက်ရောက်ကြသည်ဟု သတင်းရရှိသည်။
မတ်လ ၂၀ရက်နေ့ ည ၈း၃၀ အချိန်တွင် သည်းခြေအိတ်ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့သည့် ဆရာ နန်းညွန့် ဆွေ ၏  ဇနီးဖြစ်သူ ဆရာမကြီးဒေါ်ကြည်ဦး ၏ ဈာပနသို့ နာရေးကူညီ မှုအသင်းမှ သရုပ်ဆောင် ကိုကျော်သူ က ကိုယ်တိုင်နာရေးကူညီ မှုကားမောင်းပို့ သလို အမျိုးသားဒီမို ကရေစီ
အဖွဲ့ ချုပ်မှ ဆရာကြီးဦးဝင်းတင် အပါအ၀င် အဖွဲ့ ဝင်များ စာရေးဆရာဆရာ မများ စာနယ်ဇင်းဆရာဆရာ မများနှင့် သရုပ်ဆောင် အချို့လည်း လိုက်ပါပို့ ဆောင်ကြသည်။ Continue reading “ဇာဂနာ မိခင်ဒေါ်ကြည်ဦး၏ ဈာပနသို့ ပြည်တွင်းစာနယ်ဇင်း နှင့် စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များပါ လိုက်ပါပို့ ဆောင်”
မြန်မာ့ကြယ် ငါးပွင့် သင်္ဘောအလကားရသည့်တိုင် ပြန်လည်ပြင်ဆင်စရိတ် မတတ်နိုင်သေး
Continue reading မြန်မာ့ကြယ် ငါးပွင့် သင်္ဘောအလကားရသည့်တိုင် ပြန်လည်ပြင်ဆင်စရိတ် မတတ်နိုင်သေး
Rate this:
မြန်မာ တယ်လီပို့ က ပြုပြင်ရန်ရှိသည့်အတွက် အင်တာနက်ချိတ်ဆက်မှုများ မတ် ၂၅ ထိ နှေးကွေးမည်ဟုသတင်းထုတ်ပြန်
၂၀ မတ် ရန်ကုန်၊         ၊ ယူကွန်
မြန်မာတယ်လီပို့ ၏အင်တာနက်လိုင်များနှေးကွေးတော့မည်ဆိုသည့် သတိပေးချက်
မြန်မာတယ်လီပို့ ၏အင်တာနက်လိုင်များနှေးကွေးတော့မည်ဆိုသည့် သတိပေးချက်
International Internet Backbone Fiber Optic Cable ပြင်ဆင်ရန်အတွက် အင်တာနက်
ချိတ်ဆက်မှုများ နှေးကွေးသွားစေမည် ဟူဆိုသည့် မြန်မာတယ်လီပို့ ၏ သတိပေးချက်တစ်ရပ်မှာ
ယနေ့ ရန်ကုန်မြို့ ရှိ အင်တာနက်သုံး စွဲသူများကြားတွင် အထိတ်တလန့် ဖြစ်ခဲ့ရသည်။
ငါးရက်ကြာမည့် ထိုနှေး ကွေးမှုကို မြန်မာတယ်လီပို့ က SEA-ME-WE3 ပြုပြင်ရန် အတွက်ဟုအကြောင်းပြသော် လည်း ပြည်တွင်းနိုင်ငံရေး မငြိမ်မသက်မှုများနှင့် မတ်လ ၂၇ ရက်တော်လှန်ရေးအခမ်းအနား နီးကပ်လာသောကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ Continue reading “မြန်မာ တယ်လီပို့ က ပြုပြင်ရန်ရှိသည့်အတွက် အင်တာနက်ချိတ်ဆက်မှုများ မတ် ၂၅ ထိ နှေးကွေးမည်ဟုသတင်းထုတ်ပြန်”
နှစ်ရှည်ထောင် ဒဏ်ချမှတ်ခြင်းခံထားရသည့် ဇာဂနာ ၏ မိခင် ဒေါ်ကြည်ဦး အသက် ၈၄ နှစ်တွင် ကွယ်လွန်
၂၀ မတ် ရန်ကုန်။          ။တင်ကျော်ကျော်စိုး၊ဟိန်းမင်း
နိုင်ငံကျော်လူ ရွှင်တော်တစ်ယောက်ဖြစ်သောကြောင့်မိခင်ကြီး၏ ဈာပနကို လိုက်ပါပို့ ဆောင်ခွင့်ရ ရန်ဇာဂနာ အခွင့်အရေးရ မရမှာမသေချာသေး
မြစ်ကြီးနားထောင် တွင်ထောင်ဒဏ် နှစ်ရှည်ချမှတ်ခြင်းခံထား ရသည့် လူရွှင်တော် ဇာဂနာ ၏ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦး မှာ ယနေ့  ည ၈း၄၅ မိနစ် အချိန် ခန့် က အသက်၈၄ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့သည် ဟု သတင်းရရှိသည်။
လွန်ခဲ့ သည့်လအနည်းငယ် ကပင်ကျန်းမာရေးချို့ ယွင်းနေသည့် ဒေါ်ကြည်ဦးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သည်းခြေအိတ်ကင်ဆာရောဂါကြောင့် ယခုလ ၆ ရက်နေ့ တွင်ဗဟိုရ် စည်ဆေးရုံဉ်တက်ရောက် ကုသခံခဲ့ရသည်။ Continue reading “နှစ်ရှည်ထောင် ဒဏ်ချမှတ်ခြင်းခံထားရသည့် ဇာဂနာ ၏ မိခင် ဒေါ်ကြည်ဦး အသက် ၈၄ နှစ်တွင် ကွယ်လွန်”
အင်္ဂလန် မှာ အောင်မြင်နေပြီးဟောလိဝုဒ်ဇာတ်ကားတွေမှာ သရုပ်ဆောင်တော့မယ့် မြန်မာမလေး ခရစ်ဆီဝဏ္ဏ
The Star သတင်းစာမျက်နှာဖုံးတွင် ဟောလိဝုဒ်စတား ပါရီဟီလ်တန် နှင့် အတူဖေါ်ပြ ထားစဉ်
The Star သတင်းစာမျက်နှာဖုံးတွင် ဟောလိဝုဒ်စတား ပါရီဟီလ်တန် နှင့် အတူဖေါ်ပြ ထားစဉ်
ကမ္ဘာ့ ဖျော်ဖြေရေး ဇာတ်ခုံတွင် ကြယ်တစ်ပွင့်ဖြစ်လာတော့မည့် ခရစ်ဆီ ၀ဏ္ဏ
ကမ္ဘာ့ ဖျော်ဖြေရေး ဇာတ်ခုံတွင် ကြယ်တစ်ပွင့်ဖြစ်လာတော့မည့် ခရစ်ဆီ ၀ဏ္ဏ
အင်္ဂလန် နိုင်ငံက ITV 2 ရုပ်သံအစီအစဉ်မှာ ဇန်န၀ါရီလ ၉ ရက်နေ့ ကတည်းက စပြီး တင်ဆက်ပြသနေ ရာမှာ လူကြိုက်များတဲ့ “Paris Hiltons British Best Friend” အစီအစဉ်မှာ
နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ပါရီဟီလ် တန် နဲ့ အတူ ပါဝင်သရုပ်ဆောင်နေ သူတစ်ယောက် ဖြစ်ပါတယ်။
Continue reading “အင်္ဂလန် မှာ အောင်မြင်နေပြီးဟောလိဝုဒ်ဇာတ်ကားတွေမှာ သရုပ်ဆောင်တော့မယ့် မြန်မာမလေး ခရစ်ဆီဝဏ္ဏ”
လက်ဖက် ဂယက်သည် အခွန်ကိစ္စများနှင့်လည်းပတ်သက်နေပြီးမကြာခင် သရက်သီးသနပ် နှင့်ဇီးယိုများဖက် သို့မျှားဦးလှည့်လာအုံးမည် ဟုပြောနေကြပြန်ရာ(ဓာတ်ပုံသတင်း)
Continue reading လက်ဖက် ဂယက်သည် အခွန်ကိစ္စများနှင့်လည်းပတ်သက်နေပြီးမကြာခင် သရက်သီးသနပ် နှင့်ဇီးယိုများဖက် သို့မျှားဦးလှည့်လာအုံးမည် ဟုပြောနေကြပြန်ရာ(ဓာတ်ပုံသတင်း)
Rate this:
ကိုယ်တွေ့ကြုံရ မီးရထားခရီးသည်ဘ၀(ခရီးသွား ဆောင်းပါး)
မီးရထားဝန်ထမ်းတို့ ၏ မောက်မာ ဆိုးယုတ်မှုမီးရထားဝန်ထမ်းတို့ ၏ မောက်မာ ဆိုးယုတ်မှုဒဏ်ကို ခရီးသွားပြည်သူ တို့ ခါးစီးခံရ
မီးရထားဝန်ထမ်းတို့ ၏ မောက်မာ ဆိုးယုတ်မှုဒဏ်ကို ခရီးသွားပြည်သူ တို့ ခါးစီးခံရ
ကလန်သံဗျင် ရေးပို့ သည်
Freedom News မှာ သတင်းလေးတွေ့လို့ သတိရသွားမိတာလေး တစ်ခုကို ပြန်ရေးဖြစ်တာပါ..။ မီးရထားနဲ့ ပတ်သတ်ပြီး လူတွေတော်တော်များများ လက်ရှောင်ကြတာကို ဘာလို့လည်းလို့ကျွန်တော်လည်း နားမလည်မိပါဘူး..။ ရန်ကုန်ကနေသွားရင် နေပြည်တော်ဆို တရားဝင်လက်မှတ်ခက ရိုးရိုးတန်း ၉၀၀၊ အထက်တန်း ၁၈၀၀ ပဲရှိပါတယ်…။ မန္တလေးကို အထက်တန်းမှ ၂၀၀၀ ကျော်လား ၃၀၀၀ ကျော်လားမသိဘူး။ အဲ့လောက်ပါပဲ။ ကားခဟာ ရန်ကုန်-နေပြည်တော် အနည်းဆုံး ၅၀၀၀ ရှိပါတယ်.။ ဒါဟာ တလောလေးကမှ ဆီဈေးတွေကျလို့ အသံတွေထွက်လာပြီး တရားဝင်လျှော့ပေးလိုက်တဲ့ ဈေးနှုန်းပါ.။
ရထားနဲ့သွားရတာ ကြမ်းပိုးတွေကိုက်ပြီး တွဲစောင့်တွေက တင်ချင်သလိုတင်တဲ့ ရိုးရိုးတန်းကလွဲရင် သက်တောင့်သက်သာရှိပါတယ်။
Express ကားတွေမှာ အရပ်ရှည်တဲ့ ကျွန်တော့်အတွက် ထိုင်ရပြုရတာ အဆင်မပြေပါဘူး..။ အစားအသောက်အတွက်ကလွဲရင် ရထားနဲ့သွားရတာ ကျွန်တော့်အတွက်တော့ အဆင်အပြေဆုံး ခရီးသွားခြင်းပါပဲ။ ထိုင်ခုံတွေလည်းကျယ်တယ်.. ညောင်းရင်လည်း ခြေဆန့်လက်ဆန့်လျှောက်လို့ရတယ်..။ Continue reading “ကိုယ်တွေ့ကြုံရ မီးရထားခရီးသည်ဘ၀(ခရီးသွား ဆောင်းပါး)”
FEC ၅၀ တန် ဂျီအက်(စ)အမ် ဆင်းကဒ်များထုတ် ဝေရောင်းချတော့မည်
၂၀ မတ် ရန်ကုန်၊        ၊ဟိန်းမင်း
လူကြိုက်များသော တစ်ခါသုံးဂျီအက်(စ)အမ် ဆင်းကဒ်များ
လူကြိုက်များသော တစ်ခါသုံးဂျီအက်(စ)အမ် ဆင်းကဒ်များ
၂၀၀၈ ခုနှစ် ဒီဇင်ဘာလက စ၍ အက်(ဖ)အီးစီ တစ်ဆယ်တန် နှင့် နှစ်ဆယ်တန် ဂျီအက်(စ)အမ် ဆင်းကဒ်များကို ထုတ်ဝေဖြန့် ချိခဲ့ပြီးနောက်
ဧပြီလ ဆန်းမှစ၍ အက်(ဖ)အီးစီ ၅၀ တန် ဂျီအက်(စ)အမ် ဆင်းကဒ်များကို ထုတ်ဝေဖြန့် ချိတော့ မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအရာ
ရှိများ နှင့်နီးစပ် သူများမှ တစ်ဆင့် သတင်းရရှိသည်။
ဒီဇင်ဘာ လတွင် စတင်ဖြန့် ချိစဉ် ကတည်းက တစ်ဆယ် တန် ၊နှစ်ဆယ် တန် နှင့် သုံးဆယ် ကျပ်တန် တို့ ကို ထုတ် ဝေဖြန့် ချိရန် စီစဉ်ထားသော်
လည်း ၅၀ ကျပ်တန် မှာ နည်းစနစ် ပိုင်းရာချို့ ယွင်းခြင်း ကြောင့် ၎င်း (သို့ မဟုတ်) ဈေးကွက် အနေအထား အရ ၎င်း ထုတ်ဝေ ဖြန့် ချိမည်ဟု ကြေ
ငြာပြီး မှ ပြန် လည် ရွှေ့ ဆိုင်းခဲ့ ခြင်းဖြစ်သည်။ Continue reading “FEC ၅၀ တန် ဂျီအက်(စ)အမ် ဆင်းကဒ်များထုတ် ဝေရောင်းချတော့မည်”
ရထားဖြင့် တန်ဆာကုန်ပစ္စည်းပို့ရာတွင် ပျောက်ဆုံးမှုများရှိနေ
၂၀ မတ် ရန်ကုန်၊          ၊ညွန့် သက်ထားဦး
မြန်မာ့မီးရထားတွင် တန်ဆာကုန်ပစ္စည်းများပျောက်၊လက်မှတ်စစ်များကလည်း မချေငံ ၊မှောင်ခို လက်မှတ် ကလည်း တစ်ဖက် မို့ သင်္ကြင်္န်နယ်ပြန်မည့် မည့် သူများ သတိရှိရန်လို
ရန်ကုန်-မန္တလေး အပါအ၀င် ရထားဖြင့်တစ်နေရာမှ တစ်နေရာသို့ ကုန်စည် ပို့ ဆောင်ရာတွင် တန်ဆာ ဟုခေါ်သည့် ကုန်စည်ပစ္စည်းပျောက်ဆုံးမှုများရှိလာသည်ဟု မန္တလေး မှ ရန်ကုန်သို့  တရုတ်ပြည် လုပ်ဖုဝန သွားတိုက် ဆေးများတင်ပို့ သည့် လုပ်ငန်းရှင်တစ် ဦးက Freedom NewsGroup သို့ ပြောသည်။
ထိုကဲ့သို့ ရန်ကုန်-မန္တလေး ကုန်ပစ္စည်းတင်ပို့ ရာတွင် ပစ္စည်းပျောက်ဆုံးမှုများ မှာ ၂၀၀၈ နှောင်းပိုင်းကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီးကုန်ပစ္စည်းပိုင်ရှင် များက ဘူတာမှ တာဝန်ရှိသူ များကိုသတင်းပို တိုင်ကြားသော် လည်း ဟို ဘူတာ မှာ သည်ဘူတာ လွှဲချပြီး ခေါင်းရှောင် နေမှု များသာရှိကြောင်းသိရသည်။
Continue reading “ရထားဖြင့် တန်ဆာကုန်ပစ္စည်းပို့ရာတွင် ပျောက်ဆုံးမှုများရှိနေ”
ထီးတော်တင် ပွဲတွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို အနီးကပ် ရိုက်ထားသော ဗီဒီယို ခွေ ရန်ကုန်တွင် တိုးတိုးတိတ်တိတ် ပျံနှံ့
၁၉ မတ် ရန်ကုန်၊            ၊ညွန့် သက်ထားဦး
ဟန်းဖုန်း ကင်မရာဖြင့် ရိုက်ကူးထားသော ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် မိသားစု များ ၏မတ်လ ၉ရက် နေ့ က နေပြည်တော်ရှိ ဥပ္ပာတသျှန်တိ စေတီတော် ထီးတင်ပွဲ အခမ်းအနား တွင်
ပန်းရထားကို ကြိုးဆွဲနေစဉ် ရိုက်ကူးထားသော ၈ မိနစ်ကျော်ကြာ ဗီဒီယို ခွေမှာ ရန်ကုန်မြို့ တွင် အီးမေးများမှ တစ်ဆင့်ပျံ့  နှံနေသည် ဟုသိရသည်။ကင် မရာအယူအဆအရ
ဟန်းဖုန်းကင် မရာဖြင့်ရိုက်ကူးထားသော်လည်း ကြည်လင်ပြတ်သား မှုရှိခြင်းကြောင့် တန်ဖိုးကြီး ဟန်းဖုန်းကင် မရာဖြစ်နိုင်ကြောင်း ထိုဗီဒီယို ခွေကို ကြည့်ရှုခဲ့ရသည့်  သူတစ်
ဦးက Freedom News Group သို့ပြောသည်။
Continue reading “ထီးတော်တင် ပွဲတွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို အနီးကပ် ရိုက်ထားသော ဗီဒီယို ခွေ ရန်ကုန်တွင် တိုးတိုးတိတ်တိတ် ပျံနှံ့”