Social Network တွေကို မြန်မာ တွေ ဘာကြောင့်သုံး

ဟိန်းခိုင်ထွန်း ၊          ၊အင်တာနက် ကနေ တစ်ဦးနဲ့ တစ်ဦးပြောဆိုဆက်သွယ် လို့ ရတဲ့ ဂျီတော(ခ်)ဆိုတာ ပေါ်လာပြီးတဲ့ နောက်မှာ မြန်မာ လူငယ်တစ်ချို့ရဲ့ နေ့ စဉ်ဘ၀ က အလွန်ပြောင်းလဲသွား ပါတယ်။ အရင် က ချတ်တင် ဖိုရမ်တွေ ကို သုံးတဲ့ လူငယ်တွေ က ဂျီတောခ် ကိုပြောင်း လဲ သုံးစွဲလာကြ ပါတယ်။ ဂျီတော(ခ်)ရဲ့ သာလွန် ကောင်းမွန်တဲ့ အချက် တွေ က တစ်ခါမှ အင်တာနက် နဲ့ မနီးစပ် ခဲ့ သူတွေ ကို တောင် ကွန်ပျူတာ ဖန်သားပြင် အရှေ့ မှာသူ့  ရဲ့ ဘ၀ကို မြုပ်နှံ ထားဖို့ စွဲဆောင် စေနိုင်ခဲ့ ပါတယ်။ ဂျီတော(ခ်)ရဲ့ ကျေးဇူးကြောင့်လည်း ၂၀၀၆ ခုနှစ်လောက်မှာ ရန်ကုန်မှာ အင်တာနက်ဆိုင် တွေမှိုလို ပေါက်ခဲ့ပြီး … Continue reading Social Network တွေကို မြန်မာ တွေ ဘာကြောင့်သုံး

Rate this:

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ပြည်တွင်းရှိ NGO များကို နိုင်ငံရေးနှင့် ခပ်ခွာခွာနေ ထိုင်ရန် စစ်အစိုး ရညွှန် ကြားထား

၁၇ မတ် မြောင်းမြ ၊ဟိန်းမင်း

NGO များ နိုင်ငံရေးလှုံဆော် မှုများ မဖြစ်အောင် ရွေးကောက်ပွဲကို မထိခိုက်အောင်နေရမည်
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်အ ထိ ပြည်တွင်း NGO အကူအညီပေးရေးအဖွဲ့ အ
စည်းများကို နိုင်ငံရေး နှင့် ပတ်သက်မှုမရှိအောင် နေထိုင်ရန် နှင့် သိုသိပ်ကျစ်လစ်စွာနေထိုင် ရန် စစ်အစိုးရမှ ညွှန်ကြားထားကြောင်းသတင်း ရရှိသည်။
NGO များအနေ ဖြင့်သတင်းထုတ် ပြန်ချက်များကို ချမှတ်ထားသည့် တည်ဆဲဥပဒေ များပေါ်တွင် လိုက်နာ ၍သတိထား ထားထုတ်ပြန် ရန်ညွှန်ကြားထားသည်။
Continue reading “၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ပြည်တွင်းရှိ NGO များကို နိုင်ငံရေးနှင့် ခပ်ခွာခွာနေ ထိုင်ရန် စစ်အစိုး ရညွှန် ကြားထား”

Valentino:The Last Emperor(Movie Guide)

သမ္မတ ကတော်ဂျက်ကလင်း ကနေဒီ ကြိုက်နှစ်သက်ခဲ့သည့် ဗယ်လင်တီနို၏နာမည် ကျော် အနီရောင်ဖက်ရှင်
သမ္မတ ကတော်ဂျက်ကလင်း ကနေဒီ ကြိုက်နှစ်သက်ခဲ့သည့် ဗယ်လင်တီနို၏နာမည် ကျော် အနီရောင်ဖက်ရှင်နှင့် ဖန်တီးရှင် ဗယ်လင်တီနို
၁၉၅ရ ခုနှစ်တွင် သူ၏ဒီဇိုင်းများကို ပြသရန်အတွက် အခန်းငှားစရာမရှိသည့်ဘ၀မှ  ယနေ့ နိုင်ငံပေါင်း၆၀ တွင် ပြခန်းပေါင်း ၂၀၀ကျော် ဖွင့်လှစ်ထားသည့် ဗယ်လင်တီနိုကိုစူပါမော် ဒယ်များနှင့် အတူတွေ့ရစဉ်
၁၉၅ရ ခုနှစ်တွင် သူ၏ဒီဇိုင်းများကို ပြသရန်အတွက် အခန်းငှားစရာမရှိသည့်ဘ၀မှ ယနေ့ နိုင်ငံပေါင်း၆၀ တွင် ပြခန်းပေါင်း ၂၀၀ကျော် ဖွင့်လှစ်ထားသည့် ဗယ်လင်တီနိုကိုစူပါမော် ဒယ်များနှင့် အတူတွေ့ရစဉ်

ကမ္ဘာကျော် အီတလီ အ၀တ်အထည် အမှတ်တံဆိပ်တစ်ခု ဖြစ်သော ဗယ်လင်တီနို ကို ဖန် တီး ခဲ့ သည့် ဒီဇိုင်းပညာရှင် ဗယ်လင်တီနို ဂရာဗာနီ ၏ ဘ၀ ဇာတ်ကြောင်းကို မှတ်တမ်းရုပ်
ရှင် (Documentary)အနေဖြင့် ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။

Valentino အမှတ်တံဆိပ်ကို မသိသူမရှိရလေအောင် စွမ်းဆောင်ခဲ့သော သူ့ဘ၀ဇာတ်ကြောင်းအပြင် နှစ်ပေါင်း ၅၀ တွဲလက်မဖြုတ်ခဲ့သည့် ချစ်သူလည်းဖြစ် မိတ်ဆွေလည်းဖြစ် စီးပွားဖက်လည်းဖြစ်သူငယ်ချင်းကောင်းလည်းဖြစ် သည့် ဂီယန်ကာလို ဂီယန်မက်တီ တို့၏ နှလုံးသားရေး ကိုလည်းတင်ဆက်ပြထားသည်။
Continue reading “Valentino:The Last Emperor(Movie Guide)”

ရုရှား အရှေ့ဖျား ဗလာဒီဗော့စတော့ တွင်လူ တစ်ထောင်ကျော် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ

ဗလာဒီ ဗော့စတော့ခ် ၊ရုရှား ရိုက်တာ

ရုရှားနိုင်ငံ အရှေ့ဖျား ရှိဆိပ်ကမ်းမြို့ဖြစ်သော ဗလာဒီ ဗော့စတော(ခ်)တွင်လူထောင်ပေါင်းများစွာက
စနေ နေ့ မှစ၍ အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲ တစ်ရပ်ကို စတင်နေကြောင်း မော်စကိုမှ လာသောရိုက်တာ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။ Continue reading “ရုရှား အရှေ့ဖျား ဗလာဒီဗော့စတော့ တွင်လူ တစ်ထောင်ကျော် အစိုးရဆန့်ကျင်ရေး ဆန္ဒပြ”

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်(ဖ)ကို နေအိမ်တွင်အကျယ်ချုပ် ဖြင့်ထိန်းသိမ်း ပါကစ္စတန်တွင် လူဖမ်းပွဲ ကြီးကျင်းပနေ

၁၅ မတ် လာဟို  ပါကစ္စတန် ၊ အေအက်(ဖ)ပီ သတင်း

ဆန္ဒပြသူ တစ်ဦးကို ရဲများက ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးစဉ်
ဆန္ဒပြသူ တစ်ဦးကို ရဲများက ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးစဉ်

Updated 12:30 pm (BST)၊    ၊နာဝပ်ရှရစ် ကို နေအိမ် အကျယ်ချုပ် ဖြင့်ထိန်းသိမ်းထားသည်
ဆိုသောကြောင့်ဒေါသ ထွက်နေသော ပြည်သူလူထု သည် လမ်းပေါ်ထွက် ၍ဆန္ဒပြရာမှ ရဲများနှင့် အဓိက ရုဏ်းဖြစ် ပြီး ရဲတို့က ပစ်ခတ်သောကြောင့် ဒဏ်ရာရမှုများ ရှိသည်။(အေပီ)

Updated 7:30 pm(BST) ၊      ၊ ပါကစ္စတန် တွင် ဆန္ဒပြသူ များကို ရဲ ကမျက်ရည် ယိုဗုံး သုံး၍ နှိမ်နှင်း အုံကြွမှုများတစ်နိုင်လံသုံးသို့ ပျံနှံ လာဟို နှင့် အစ္စမ်လမ်မာဘတ်တွင် အဆိုးဆုံးဖြစ်

အကျယ်ချုပ် ထိန်းသိမ်းခံထားရသည့် န၀ပ်ရှရစ်တို့ ညီအကို နှစ်ဦး
အကျယ်ချုပ် ထိန်းသိမ်းခံထားရသည့် န၀ပ်ရှရစ်တို့ ညီအကို နှစ်ဦး
ပါကစတန်တွင် ဖြစ်ပွားနေသည့်မငြိမ် မသက် မှုများ
ပါကစတန်တွင် ဖြစ်ပွားနေသည့်မငြိမ် မသက် မှုများ
ဇဒါရီ၏ အစိုးရ အဖွဲ့ တွင်းမှ နှုတ်ထွက် သွားသည့် ပြန်ကြားရေးဝန်ကြီး မစ်ရာမန်
ဇဒါရီ၏ အစိုးရ အဖွဲ့ တွင်းမှ နှုတ်ထွက် သွားသည့် ပြန်ကြားရေးဝန်ကြီး မစ်ရာမန်

ယခင်ဝန်ကြီး ချုပ်ဟောင်း နှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် နာဝပ်ရှာရစ် ကို ရဲတို့ က ယနေ့ အာရုဏ်တက် အချိန်တွင် ၎င်းနေ ထိုင်ရာ ပါကစ္စတန် နိုင်ငံ လာဟို မြို့ရှိနေ အိမ်တွင် အကျယ်
ဖမ်းဆီးထိန်းသိမ်းထားသည် ဟု အေအက်(ဖ)ပီ သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်။

ထိုသို့ ဖမ်းဆီး ထိန်းသိမ်းထားခြင်းသည် ယနေ့ ၎င်း၏နေ အိမ်ရှေ့ဉ် ကျင်းပမည့် သူ့ အားထောက်ခံ
သူများအား တရားဟောပြောပွဲ မတိုင်ခင်ဖမ်း ဆီးထိန်းသိမ်း လိုက်ခြင်းဖြစ်သည်။ ပါကစ္စတန်တွင် ဖြစ်ပွားနေသော ရှေ့နေ များ၏ ဆန္ဒပြပွဲတွင် နှင့် တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လှုံဆော်သည်
ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းဖြစ်သည်။

တနင်္ဂနွေနေ့  မနက်အာရုံတက် မတိုင်ခင် နိုင်ငံရေးလှုပ်ရှားသူ ၂၀၀ ခန့် ကို နိုင်ငံတ၀ှမ်းတွင်တပြိုင်
နက်ဖမ်းဆီးပြီး ရှေ့နေ လှုပ်ရှားမှု၏ ခေါင်းဆောင် အိုင်ဇက် အာဇန်ကို ပါ နေအိမ် အကျယ်ချုပ်ချ
ထားသည်ဟု ရ၀ါပင်ဒီမှလာသောရိုက်တာ သတင်းတွင် ဖေါ်ပြထားသည်။

ယနေ့ မနက် လာဟိုတွင် ပြုလုပ်မည့် အစိုးရ ဆန့် ကျင် ရေးလမ်းလျှေက် ဆန္ဒပြပွဲကို လည်း ရဲနှင့်
ပြည်သူ့ စစ်များက အတားအဆီးများချကာ အင်အားသုံးပြီးတားဆီး ပိတ်ဆို့ ထားသည်။ Continue reading “ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်(ဖ)ကို နေအိမ်တွင်အကျယ်ချုပ် ဖြင့်ထိန်းသိမ်း ပါကစ္စတန်တွင် လူဖမ်းပွဲ ကြီးကျင်းပနေ”

ကနေဒါ ရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် ၏ ခြောက်နိုင်ငံလှည့်လည် အပူဇော်ခံခရီးစဉ်တွင် မြန်မာ နိုင်ငံလည်းပါဝင်

မြန်မာနိုင်ငံ သို့လှည့်လည် အပူဇော်ခံမည့် ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်ကြီး
မြန်မာနိုင်ငံ သို့လှည့်လည် အပူဇော်ခံမည့် ကမ္ဘာ့ အကြီးဆုံးကျောက်စိမ်းဗုဒ္ဓရုပ် ပွားတော်ကြီး

ဥာဏ်တော်အမြင့် ၃.၅ မီတာ အရှည်ရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်၏ နိုင်ငံတကာလှည့်လည် အပူဇော်ခံ ခရီးစဉ်တွင် ဗီယက်နမ်၊ထိုင်ဝမ်၊အင်ဒိုနီးရှား၊
နယူးဇီလန်၊အမေရိကန် ခရီးစဉ်တွင် မြန်မာနိုင်ငံလည်းပါဝင်သည်ဟု ဗီယက်နမ်
သတင်းဝဘ်ဆိုတ်တစ်ခုဖြစ်သော VOV News တွင် ဖေါ်ပြထားသည်။

တရုတ်ပြည်ရှိ ဗုဒ္ဓမြတ် စွယ်တော်မြန်မာပြည်သို့ လှည့်လည်အပူဇော်ခံစဉ်က ပထမ အကြိမ်တွင် ဗိုလ်ချုပ်တင်ဦး လုပ်ကြံခံရပြီး ဒုတိယ အကြိမ်တွင် စွယ်တော် မင်္ဂလာဒုံ လေဆိပ်
ဆိုက်ရောက်စဉ် မှာ နိုင်ငံအနှံ့ အုံကြွ ခဲ့သော
ကျောင်းသားလှုပ်ရှားမှုပေါ်ပေါက်ခဲ့သည်။

Continue reading “ကနေဒါ ရှိ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော် ၏ ခြောက်နိုင်ငံလှည့်လည် အပူဇော်ခံခရီးစဉ်တွင် မြန်မာ နိုင်ငံလည်းပါဝင်”

မြန်မာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဘန်ကောက်တွင် ထိုင်းနှင့်မြန်မာများက လှုံ့ဆော်

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် ဘန်ကောက်တွင် လှုပ်ရှားမှုများ
နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် ဘန်ကောက်တွင် လှုပ်ရှားမှုများ
အခမ်အနားအတွက် ပြင်ဆင်နေကြစဉ်
အခမ်အနားအတွက် ပြင်ဆင်နေကြစဉ်

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နှင့်  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံတကာလှုံ
ဆော်ပွဲတရပ်ကို ယမန်နေ့ညနေ ၆နာရီခွဲအချိန်ခန့်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ International Art & Culture Centre တွင်ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

ထိုအခမ်းအနားတွင် ဗမာ(ထိုင်းအသံထွက်ဖြင့် ဖမာ့) ဟူသောစကားကို ထိုင်းဘာသာဖြင့်ရေး
ထားသော တီရှပ်ကို ၀တ်ဆင်ထားသည့် ထိုင်းလူမျိုးများက လည်း မြန်မာနိုင်ငံရေးအကျဉ်းသား
များလွတ်မြောက်ရေး အတွက်ပါဝင်ဆန္ဒပြခဲ့သည်ဟု သိရသည်။ထို အခမ်းအနာကို ဦးဆောင်
ကျင်းပသည့် Peace for Burma အဖွဲ့မှ ကိုကျော်လင်းဦး က “အကျဉ်းသားဝတ်စုံတွေ ခြေကျင်း
တွေခတ်ပြီး ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေ ကို သရုပ်ဖေါ်ပြတယ်။နောက်
ဖယောင်းတိုင် မီးတွေ စင်တာအရှေ့မှာ ထွန်းပြီး နိုင်ငံရေး အကျဉ်းသားတွေလွတ်ဖို့ ဆုတောင်း
တယ်” ဟု Freedom News Group သို့ပြောသည်။ Continue reading “မြန်မာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဘန်ကောက်တွင် ထိုင်းနှင့်မြန်မာများက လှုံ့ဆော်”

လျှပ်စစ် ၀န်ထမ်းတို့ ထောက်လှမ်းရေးစတိုင် အရပ်ဝတ်ဖြင့်သာ ရုံးတက်ရတော့မည်

နေပြည်တော်ရှိအမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
နေပြည်တော်ရှိအမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

၁၃ မတ် နေပြည်တော် ညွန့်သက်ထားဦး
ယူနီဖေါင်းဝတ် လျှပ်စစ်ဝန်ထမ်းမျာကို မြင်လျှင် ပြည်သူတို့ အမျက်ဒေါသ ထွက်ပြီးဝတ္တရားနှောင့်
ယှက်ရာမှ မလိုလားအပ်သည့် ကိစ္စများ ပေါ်မည်စိုး၍ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူး
ကြီးဇော်မင်း က လျှို့ဝှက် အမိန့်ထုတ်ပြန်ထားသည်ဟုသိရသည်။
Continue reading “လျှပ်စစ် ၀န်ထမ်းတို့ ထောက်လှမ်းရေးစတိုင် အရပ်ဝတ်ဖြင့်သာ ရုံးတက်ရတော့မည်”

နာဂစ်ဆိုင်ကလုံးဒဏ်ခံရသည့်ဒေသများတွင် နော်ဝေက အိမ်အလုံးပေါင်း ၆၀၀၀ ဆောက်လုပ်မည့် စီမံချက် စစ်အစိုးရနှင့်နီးစပ်သူများသာ ကန်ထရိုက်ရ

နာဂစ်ဒဏ်ခံလပွတ္တာ မှမိသားစု ကိုတွေ့ရစဉ်
နာဂစ်ဒဏ်ခံလပွတ္တာ မှမိသားစု ကိုတွေ့ရစဉ်

၁၃ မတ် ရန်ကုန် ၊တင်ကျော်ကျော်စိုး
နာဂစ်ဆိုင်ကလုံးဒဏ်ခံရသည့်ဒေသများတွင်နော်ဝေအစိုးရလူသားချင်းစာနာထောက်ထားမှုအ
ကူအညီအရ အိမ်အလုံးပေါင်း ၆၀၀၀ ဆောက်လုပ်မည့် စီမံချက် စစ်အစိုးရနှင့်နီးစပ်သူများသာ ကန်ထရိုက်ရသည် ဟုရန်ကုန်မြို့ရှိနာမည်ကျော်ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမှ
မန်နေဂျာတစ်ဦးက Freedom News Groupသို့ ပြောသည်။

နော်ဝေက လပွတ္တာဒေသတွင် တည်ဆောက်မည့် ထိုစီမံကိန်းတွင် ကနဦးအိမ်အလုံး ပေါင်း၃၀၀
နှင့် အထက်တန်းကျောင်း ၁၀ကျောင်းကိုတည်ဆောက်ပြီးဖြစ်သည်။ နော်ဝေ၏ အိမ်အလုံးပေါင်း၆၀၀၀ စီမံကိန်းအတွက်အဓိက ကန်ထရိုက်ရသည့် ကုမ္ပဏီမှာ ဧဒင်ဆောက်လုပ်ရေးနှင့် အေးရှားဝေါလ် နှင့် ယုဇန ကုမ္ပဏီတို့ကသာ ကန်ထရိုက်လုပ်ငန်းအများစုကို ရရှိသွားကြောင်းသတင်းရရှိသည်။ Continue reading “နာဂစ်ဆိုင်ကလုံးဒဏ်ခံရသည့်ဒေသများတွင် နော်ဝေက အိမ်အလုံးပေါင်း ၆၀၀၀ ဆောက်လုပ်မည့် စီမံချက် စစ်အစိုးရနှင့်နီးစပ်သူများသာ ကန်ထရိုက်ရ”

ကိုရီးယားရုပ်ရှင်ကား Missing (Movie Guide)

 Missing le lieu de tournage du film coréen
Missing le lieu de tournage du film coréen

photo81197photo81224
ဒါရိုက်တာ ကင်ဆွန်းဟွန်း ရိုက်ကူးသော ဇာတ်ကားဖြစ်ပြီး ယခုလ ၁၉ ရက်နေ့ တွင်ကိုးရီးယား
တစ်နိုင်ငံလုံးတွင်ပြသမည်ဖြစ်သည်။မြန်မာ ပရိသတ်နှင့်ရင်းနှီးပြီးသောနာမည်ကျော်ကိုရီးယား
သရုပ်ဆောင်များဖြစ်သည့် မင်းသမီး ချိုဂျေဟူး၊ဂျုဆီဟောင်းနှင့် မင်းသား အိုဆန်ဆွန်းနှင့် မွန်
ဆွန်းဂူတို့ ပါဝင်သည်။ Continue reading “ကိုရီးယားရုပ်ရှင်ကား Missing (Movie Guide)”

ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံမည်

မြန်မာဒုက္ခသည်စခန်းသို့သွားရောက်လည်ပတ်မည့် ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး ရာမာယာဒီ(Rama Yade)ကို ၂၀၀၇ ခုနှစ်နိုဝင်ဘာလ ၂၂ ရက်က စင်္ကာပူရှိမြန်မာဘုန်းတော်ကြီးကျောင်းသို့သွားရောက်လည်ပတ်စဉ် AFP PHOTO/ROMEO GACAD
မြန်မာဒုက္ခသည်စခန်းသို့သွား ရောက်လည်ပတ်မည့် ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး ရာမာယာဒီ(Rama Yade)ကို ၂၀၀၇ ခုနှစ်နိုဝင်ဘာလက စင်္ကာပူရှိမြန်မာဘုန်းတော်ကြီး ကျောင်းသို့သွားရောက်လည်ပတ် စဉ် AFP PHOTO/ROMEO

ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး နှင့်လူ့အခွင့်အရေးဝန်ကြီးရာမာ ယာဒီသည်ထိုင်းနိုင်ငံတွင်သုံးရက်ကြာလည်ပတ်စဉ်
အတောအတွင်း မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံ
မည်ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိမြန်မာ ဒုက္ခ
သည်စခန်းတစ်ခု ဖြစ်သည့် ဘန်မဲနယ်ဆန် ဒုက္ခ
သည်စခန်းကိုလည်း သွားရောက်လည်ပတ် မည်
ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်း သတင်းစာ
တွင် ဖေါ်ပြထားသည်။

မြန်မာနယ်စပ်နှင့် ၂ ကီလိုမီတာသာ ဝေး၍ ထိုင်းနိုင်ငံ
မဲဟောင်ဆန်ခရိုင်အတွင်းရှိထိုစခန်းတွင် ဒုက္ခသည်
နှစ်သောင်း ကျော်နေကြပြီးကရင်နီ ဒုက္ခသည်အများစုဖြစ်သည်။
ထိုစခန်းသို့ ပြီးခဲ့သည့်ဖေဖေါ်ဝါရီလ ၅ ရက်နေ့ ကလည်း
ဟောလီဝုဒ် သရုပ်ဆောင် အန်ဂျလီနာဂျိုလီ နှင့် ဘရက်
ပစ်တို့ လာရောက်လည်ပတ်ခဲ့သည်။ Continue reading “ပြင်သစ်နိုင်ငံခြာရေးဝန်ကြီး မြန်မာဒုက္ခသည်များနှင့်တွေ့ ဆုံမည်”

အ၀ါရောင် တားမြစ်ဆေးအသုံးပြုထားသော အရံသင့်လက်ဖက်လုပ်ငန်း ၄၃ ခုကို အစိုးရကဓါတုဆေးဝါးများ သုံးစွဲထားကြောင်းသတင်းထုတ်ပြန် နာမည်ကျော် အရီးတောင်း လက်ဖက်လည်းပါဝင်

၁၂ မတ် ရန်ကုန် ၊ ဟိန်းမင်း

ယနေ့ သတင်းစာများတွင်ဖေါ်ပြထားသော အ၀ါရောင်ဆိုးဆေးအသုံးပြုထားသည့်လက်ဖက်ထုတ်လုပ်သူများစာရင်း
ယနေ့ သတင်းစာများတွင် ဖေါ်ပြထားသော အ၀ါရောင်ဆိုး ဆေးအသုံးပြုထား သည့်လက်ဖက် ထုတ်လုပ်သူများ စာရင်း
စာရင်း ၂
စာရင်း ၂
မြန်မာမှုတွင် မပါလျှင်မဖြစ်သည့် လက်ဖက်
မြန်မာမှုတွင် မပါလျှင်မဖြစ်သည့် လက်ဖက်

နာမည်ကျော်အရီးတောင်း နှင့်ပင်ပျိုရွက်နု လက်ဖက်လုပ်ငန်းများအပါအ၀င် လက်ဖက်လုပ်ငန်း
၄၃ ခုအား ၎င်းတို့ထုတ်လုပ်သောလက်ဖက် များတွင် စားသုံးသူကို ဘေးဥပါဒ်ဖြစ်စေသော Auramine O ခေါ်အ၀ါရောင်ဆိုးဆေးများသုံးထားသောကြောင့် စားသုံးရန်မသင့်ကြောင်း သတိ
ပေး နှိုးဆော်ချက်များကို ယနေ့ ထုတ် အစိုးရအာဘော်ကြေးမုံ နှင့် မြန့်မာ့အလင်းသတင်းစာများတွင်ဖေါ်ပြထားသည်။

Auramine Oအမည်ရှိအ၀ါရောင်ဆိုးဆေးမှာချည်ထည်၊သိုးမွေး၊ပိုးထည်၊စက္ကူ၊သားရေစသည့်
ပစ္စည်းများအရောင်တင် ရာတွင် အသုံးပြုသော ဆိုးဆေးဖြစ်ပြီး လတ်တလောလူကို အန္တရယ် မပြုနိုင်သော် လည်း ကာလကြာရှည်လာသည့် အခါ အသည်း၊ကျောက်ကပ်၊ကင်ဆာ နှင့် ခန္တာကိုယ်ကြီးထွားမှုတို့ကိုထိခိုက်စေနိုင်ကြောင်း ဖေါ်ပြထားသည်။
Continue reading “အ၀ါရောင် တားမြစ်ဆေးအသုံးပြုထားသော အရံသင့်လက်ဖက်လုပ်ငန်း ၄၃ ခုကို အစိုးရကဓါတုဆေးဝါးများ သုံးစွဲထားကြောင်းသတင်းထုတ်ပြန် နာမည်ကျော် အရီးတောင်း လက်ဖက်လည်းပါဝင်”

ရန်ကုန်မြို့သားများ သောက်ရေသန် ကိုပင်ချိုးရေအဖြစ် သုံးစွဲနေရ

၁၁ မတ် ရန်ကုန် ၊ ယူကွန်

လူကြီးမင်းများကပွဲခံနေသော် လည်းရန်ကုန်ရေပြဿနာက လူမှုရေးပေါက်ကွဲမှုဆီတွန်းပို့နိုင်
လူကြီးမင်းများကပွဲခံနေသော် လည်းရန်ကုန်ရေပြဿနာက လူမှုရေးပေါက်ကွဲမှုဆီတွန်းပို့နိုင် ဓာတ်ပုံ - ကြေးမုံ

ရန်ကုန်မြို့ တွင်မီးမလာသည့်အတွက် ရေတင်၍လုံးဝမရဖြစ်နေသည်မှာ တစ်လခန့် ကြာမြင့်နေပြီ ဖြစ်သော်လည်း ထိုကိစ္စအတွက်လမ်းသူလမ်းသားများမှာကိုယ့်အားကိုယ် ကိုး၍ပင်ဖြေရှင်း နေရသည်။ ရန်ကုန်မြို့လယ်တွင်မူ ရေတင်၍မရပါက ရပ်ကွက်များကဲ့သို့ ရေစည်လှည်းနှင့်ရေထမ်းသမားခေါ် ၍မရသောကြောင့် ရေသန့်ဗူးမှရေကိုပင်ချိုးရေ အဖြစ် သုံးစွဲနေကြရသည်။မြို့ထဲ ရှိအချို့အိမ်များက မူရေသည်ဗောက်ဆာကားကြီးများခေါ်ယူ၍ ဖြည့်ကြရာထို ကားများမှာတစ်စီးလျှင် တစ်သောင်းမှ နှစ်သောင်းထိအကွာအဝေးပေါ်မူတည်၍ပေးရသည်။ Continue reading “ရန်ကုန်မြို့သားများ သောက်ရေသန် ကိုပင်ချိုးရေအဖြစ် သုံးစွဲနေရ”