ဓမ္မာစက်နှင့်အာဏာစက် ကိုတွဲဖက်သုံးရန် လိုအပ်ကြောင်းမိန့်မှာခဲ့သည့် သံဃာ့မဟာနယက ဥက္ကဌ ဘဒ္ဒ န္တကုမာရ ၀န်ကြီးတစ်ပါး ထက်ပိုအခွင့်အရေးရ ဒကာများကားပါမစ်လိုချင်လျှင်ဘုန်းကြီးဆီ အပူကပ်ရ
၁၁ မတ် နေပြည်တော် ၊ညွန့် သက်ထားဦး
မင်းလိုလိုက်၍မင်းကြိုက်ဆောင်တတ်သော နိုင်ငံတော်သံဃမဟာနယက ဥက္ကဌ ဆရာတော် ဖြစ်သည့်မကွေးဆရာတော် ဘဒ္ဒ န္တကုမာရမှာ စစ်အစိုးရ၀န်ကြီးတစ်ပါးထက်
ပင်အခွင့်အရေးပိုမိုရကြောင်း နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်မှဝန်ထမ်း
တစ်ဦးက Freedom News Group သို့ပြောသည်။
နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီကို တပေါင်းလပြည့်နေ့ ကထီးတင်ပွဲတွင် မကွေးဆရာတော်ကြီးက ဦးဆောင်ပြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ပွဲသို့ လာရာလမ်းတစ်လျှေက်တွင် ယာဉ်ထိန်းမော်တော်ဆိုင်ကယ်များက လမ်းတစ်လျှောက် ၀ဲယာခြံရံပြီးလိုက်ပါလာရာဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ကားတန်းပြီးနောက်အသျှင်
ကုမာရကားတန်းကအများဆုံးဟုသိရသည်။
ထို့ပြင် အသျှင်ကုမာရ ၏ ဒကာများအတွက် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် ကို ၎င်းတို့ စိတ်ကြိုက်ပြင်ဆင်ပေးရပြီးဘုန်းကြီး၏ဒကာများကညဘက်ဖုန်းဆက်လျှင် ဆရာတော်၊
ပါမစ်နှင့် ကားအရောင်းအ၀ယ်ကန်ထရိုက်စသည့် စကားများသာပါကြောင်း သင်္ဂဟ ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောသည်။ Continue reading “ဓမ္မာစက်နှင့်အာဏာစက် ကိုတွဲဖက်သုံးရန် လိုအပ်ကြောင်းမိန့်မှာခဲ့သည့် သံဃာ့မဟာနယက ဥက္ကဌ ဘဒ္ဒ န္တကုမာရ ၀န်ကြီးတစ်ပါး ထက်ပိုအခွင့်အရေးရ ဒကာများကားပါမစ်လိုချင်လျှင်ဘုန်းကြီးဆီ အပူကပ်ရ”







