မြန်မာ ကားများထိုင်းမြေတွင်ဥဒဟိုပြေးဆွဲနေခြင်းကိုမကျေနပ်၍ မဲဆောက်လိုင်းကားများက ချစ်ကြည်ရေးတံတားကိုပိတ်ဆို့ ဆန္ဒပြ

၅ မတ် မဲဆောက် ၊တခ်
မဲဆောက်တွင်ရှိသောထိုင်းခရီးသည်တင်လိုင်းကားအစီး ၁၅၀ ခန့် က ယမန်နေ့ ညသန်းခေါင်ယံအချိန်ကတည်းက ထိုင်းဘက်သို့ အ၀င် မြ၀တီ–မဲဆောက်ချစ်ကြည်ရေးတံတားကို ပိတ်ဆို့ ဆန္ဒပြလိုက်သည်ဟု
သိရသည်။
မြန်မာဘက်မှခရီးသည်တင်တောင်းအေ့(စ်)အမျိုးအစားလိုင်းကားအစီး ၈၀
ကျော်ကနေ့ စဉ်နယ်စပ်ချစ်ကြည်ရေးတံတားကိုဖြတ်ကာ မဲဆောက်မြို့ ထဲသို့ အိမ်တိုင်ရာရောက်ပြေးဆွဲနေသောကြောင့် မဲဆောက်ခရီးသည်တင်လိုင်းကားများတွင်နစ်နာမှုရှိသောကြောင့်
ထိုသို့ ပိတ်ဆို့ ဆန္ဒပြရခြင်းဖြစ်သည်ဟု ခရီးသည်တင်လိုင်းကားတစ်စီးကို ပြေးဆွဲနေသောထိုင်းလူမျိုး ကျလန် က Freedom News Group သို့ ပြောသည်။
Continue reading “မြန်မာ ကားများထိုင်းမြေတွင်ဥဒဟိုပြေးဆွဲနေခြင်းကိုမကျေနပ်၍ မဲဆောက်လိုင်းကားများက ချစ်ကြည်ရေးတံတားကိုပိတ်ဆို့ ဆန္ဒပြ”






